top of page
Search

အဘိဓမ္မာနှင့်သုတ္တန်တရားတော်များ_Page 4

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Oct 20, 2021
  • 22 min read

Updated: Dec 15, 2021

တိဟိတ် ဒွိဟိတ် နှင့် တရားထူး


လူသားတွေဟာ ကိုယ့်ဆိုင်ရာဆိုင်ရာ ပဋိသန္ဓေစိတ်တွေနဲ့ လူ့ဘဝကို ရလာကြပါတယ်။ အသိဉာဏ်မပါတဲ့ ပုဂ္ဂိုလ်က ဉာဏ်စွမ်းအားထက်မြက်မှု အားပျော့ပြီးတော့ အသိဉာဏ်ပါတဲ့ ပုဂ္ဂိုလ်က ထက်ထက်မြက်မြက် ရှိတယ်ပေါ့။


ဒီနေရာမှာ ဟိတ်ဆိုတာ အကြောင်းတရားကို ခေါ်ပါတယ်။ အကုသိုလ်ဘက်မှာလည်း လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်လို့ အကြောင်း ၃-မျိုး ရှိပါတယ်။ကုသိုလ်ဘက်မှာလည်း အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်လို့ အကြောင်း ၃-မျိုး ရှိပါတယ်။


အလောဘဟိတ်ဆိုတာ မလိုချင် မတပ်မက်ခြင်းတည်းဟူသော အကြောင်း၊ အဒေါသဟိတ်ဆိုတာ စိတ်မဆိုး စိတ်မပျက်ခြင်းတည်းဟူသော အကြောင်း၊ အမောဟဟိတ်ဆိုတာ မတွေဝေခြင်း ရှင်းရှင်းလင်းလင်း သိခြင်းဟူသော အကြောင်းလို့ ဆိုပါတယ်။


ဒါကြောင့် အမောဟဆိုတာ အသိဉာဏ်ကို ဆိုလိုတာပါ။


ဒွိဟိတ်ပဋိသန္ဓေ တိဟိတ်ပဋိသန္ဓေလို့ သုံးနှုန်းရာမှာ တစ်ဘဝရဲ့ အစဆုံး ပဋိသန္ဓေစိတ် ဖြစ်ခိုက်မှာ အသိဉာဏ်ဖြစ်တဲ့ အမောဟဟိတ် မပါဘဲ အလောဘ အဒေါသ ဟိတ်နှစ်ပါးနဲ့သာ ပဋိသန္ဓေစိတ်ဖြစ်ခဲ့ရင် အဲဒီပုဂ္ဂိုလ်ကို ဟိတ်နှစ်ပါးနဲ့ ပဋိသန္ဓေနေလို့ ဒွိဟိတ်ပဋိသန္ဓေနေသူလို့ ခေါ်ပါတယ်။ ဒါကိုပဲ လွယ်အောင် ဒွိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်လိုက်ကြပါတယ်။


နောက်တစ်ယောက်ကတော့ ပဋိသန္ဓေစိတ်ဖြစ်စဉ်အခါမှာ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃-ပါးလုံး ပါဝင်တဲ့အတွက် ဟိတ် ၃-ပါးနှင့် ပဋိသန္ဓေနေလို့ တိဟိတ်ပဋိသန္ဓေနေသူလို့ ခေါ်ပါတယ်။ ဒါကို လွယ်ကူအောင် တိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ဒီ တိဟိတ်ပုဂ္ဂိုလ်ဟာ ပဋိသန္ဓေနေစဉ်က အမောဟဟိတ် ခေါ်တဲ့ ဉာဏ်ပါလို့ ဉာဏ်ထက်မြက်သူ ဖြစ်ပါတယ်။


ဒွိဟိတ်ပုဂ္ဂိုလ်ကတော့ ပဋိသန္ဓေစိတ်ဖြစ်စဉ်က အမောဟဟိတ် ခေါ်တဲ့ ဉာဏ်မပါလို့ ဉာဏ်ထက်မြက်မှု မရှိပါဘူး။ ဒွိဟိတ်ပုဂ္ဂိုလ်ဟာ မဂ်တရား ဖိုလ်တရား ရနိုင်လောက်အောင် ဉာဏ်မထက်မြက်တဲ့အတွက် တရားအားထုတ်တဲ့အခါမယ် ဒီဘဝမှာတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရနိုင်ပါဘူး။


သို့သော် သူရဲ့ လုံ့လ ဝီရိယနဲ့ အားထုတ်တဲ့ အချိန် အနည်းအများအလိုက် ထိုက်သင့်သလောက် ဝိပဿနာဉာဏ်များတော့ သူ့သန္တာန်မှာ ဖြစ်ပွားနိုင်ပါတယ်။


တိဟိတ်ပုဂ္ဂိုလ်ကတော့ သူ့ရဲ့ လုံ့လ ဝီရိယနဲ့ အချိန် ပြည့်စုံ လုံလောက်ရင် ဒီဘဝမှာပဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရနိုင်ပါတယ်။


မြန်မာပြည်မှာ အရင်တုန်းက တရားအားထုတ်တဲ့အခါမှာ လူတွေက စဉ်းစားလေ့ရှိကြတယ်။ “တိဟိတ်ပုဂ္ဂိုလ်မှ တရားထူး တရားမြတ် ရနိုင်တယ်”လို့။ ဆိုပါစို့ -ဉာဏသမ္ပယုတ် ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်မှ ဒီဘဝမှာ ထူးခြားတဲ့အဆင့်မြင့်တဲ့ တရားဓမ္မတွေကို မျက်မှောက်ပြုနိုင်တယ်ပေါ့။ ဉာဏဝိပ္ပယုတ်နဲ့ ပဋိသန္ဓေနေလာလို့ ရှိရင်တော့ အဆင့်မမှီဘူး၊ အဆင့်မမှီဘူးဆိုတာ တရားထူးတရားမြတ် ရလောက်အောင်ထိကို မဖြစ်ဘူးတဲ့၊ သို့သော် အလဟဿ ဖြစ်တာတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုအထိတော့ ရတယ်ပေါ့။


အဲဒါကို ဓမ္မဘေရီဆရာတော်ကြီးအမေးအဖြေကဏ္ဍမှာလည်း ထည့်မေးထားကြတာတွေ့သလို ကျနော့် မက်ဆင်ဂျာမှာလည်း ဓမ္မမိတ်ဆွေတစ်ဦးက မေးမြန်းလာတာရှိပါတယ်။ သူ့မေးခွန်းကို ဖော်ပြပေးလိုက်ပါတယ်။ (၁) တိဟိတ်လား၊ ဒွိဟိတ်လားဆိုတာ ဘယ်လိုသိနိုင်ပါသလည်းတဲ့။ (၂) ဒီဘဝမှာ တိဟိတ်မဟုတ်ခဲ့ယင် နောက်ဘဝတွေမှာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်အောင် ဘယ်လိုကုသိုလ်တရားတွေကို ဖြည့်ဆည်းရမှာပါလည်းတဲ့။

အဲဒါကို ကျနော် ဓမ္မဘေရီဆရာတော်ဘုရားကြီးကို လျှောက်ထားပြီးဖြေပေးခဲ့ပါတယ်။


အဲဒါကြောင့် တစ်ချို့က “တို့က တိဟိတ်မဟုတ်ဘူး၊ ဒွိဟိတ်များ ဖြစ်နေမလား၊ တိဟိတ်မှ တရားထူးတရားမြတ်ရတယ် ဒွိဟိတ်က မရဘူး ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို တိဟိတ်လား ဒွိဟိတ်လား”လို့ စဉ်းစားတွေးခေါ်မှုတွေ ဖြစ်လာတယ်ပေါ့။


ဒီတော့ တိဟိတ်လား ဒွိဟိတ်လားလို့ဆိုတာ ဘယ်လိုနည်းနဲ့ စမ်းသပ်ကြည့်ရမလည်းဆိုရင် အက္ခဏသုတ္တန်မှ ဆိုထားတဲ့အတိုင်း ကြည့်မယ်ဆိုယင် တစ်ဦးနဲ့တစ်ဦး စကားပြောတဲ့အခါမှ ကောင်းတဲ့စကားလား၊ ဆိုးတဲ့စကားလား ခွဲခြားသိနိုင်စွမ်းရှိပြီဆိုရင်တော့ တိဟိတ်ပုဂ္ဂိုလ်လို့ သတ်မှတ်ရမှာပါ။ ဒွိဟိတ်ပုဂ္ဂိုလ်ဆိုတာကျတော့ ကောင်းတာပြောတာလား၊ ဆိုးတာပြောတာလားဆိုတာကိုပဲ ကောင်းကောင်းသိနိုင်တာမဟုတ်ဘူး၊ ပြောစကားရဲ့ အနက်အဓိပ္ပါယ်ကို လွယ်လွယ်ကူကူနဲ့ သိနိုင်စွမ်း မရှိဘူးတဲ့။ တိဟိတ်ပုဂ္ဂိုလ်ကျတော့ ဒါမျိုးတွေ သိနိုင်စွမ်းတယ်။


ဥပမာပေါ့နော် - ဓမ္မဘေရီဆရာတော်ကြီးက သူရဲ့အတွေ့အကြုံလေးပြောပြဖူးပါတယ်။ တစ်ချို့တွေက လူငါးယောက်ရပ်နေလို့ ခြေထောက်ဘယ်နှစ်ခြောင်းရှိလည်းလို့ မေးယင်ကို မှန်အောင် မဖြေနိုင်တဲ့သူ တွေ့ခဲ့ဘူးတယ်ပေါ့။ ဒါမျိုးဆိုယင်တော့ ဉာဏ်အဆင့်အတန်းမမှီတဲ့အတွက် ဒွိဟိတ်ပုဂ္ဂိုလ်လို့ သိနိုင်တာပါပဲ။ ဒီဘဝမှာ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်နေလို့ တိဟိတ်ပုဂ္ဂိုလ်ဖြစ်အောင်လုပ်လို့ မရပါဘူး။ ဒါက ပဋိသန္ဓေစိတ်နဲ့ဆိုင်တာမို့ပါ။ ဒါပေမယ့် ဒွိဟိတ်က တိဟိတ်ပုဂ္ဂိုလ်လုပ်သလို ကုသိုလ်မျိုးတွေလုပ်လို့ အဘိဓမ္မာတရားတွေ သင်ယူလို့ ဝိပဿနာတရားတွေပွားများလို့ တရားထူးမရနိုင်ပေမယ့် နောက်ဘဝအတွက် တိဟိတ်ဖြစ်ကြောင်း တရားတွေဖြစ်ပါတယ်။


ဒါကြောင့်မို့ ကြိုးစားရင် ကြိုးစားသလောက် ဒီဘဝမှာ အတိုင်းအတာ တစ်ခုအထိ ရလာမှာပဲ၊ အဲဒါကိုပဲ ဥပနိဿယသမ္ပတ္တိ လို့ခေါ်ပါတယ်။


ဒါပေမယ့် တိဟိတ်ပုဂ္ဂိုလ်ဖြစ်တိုင်း တရားထူးရသလားဆိုတော့ မရဘူး။ အခြားအကြောင်းတွေကြောင့် မရတာ၊ ဆိုပါစို့ - မလုပ်လို့ မရတာလည်း ပါတယ်၊ အစ္ဆန္ဒိက - စိတ်ဆန္ဒမရှိတဲ့ ပုဂ္ဂိုလ်တွေမှာ မအောင်မြင်ဘူး၊ လုံ့လဝီရိယကင်းမဲ့တဲ့ပုဂ္ဂိုလ်ကလည်းပဲ တရားထူးတရားမြတ် မရနိုင်ဘူး၊ သန္ဓေစိတ်က ဘယ်လောက်ကောင်းကောင်း မကြိုးစားဘူး ပျင်းတယ်ဆိုရင် တရားထူး တရားမြတ်မရနိုင်ပါဘူး။


နောက်တစ်ချက်ကလည်း နည်းလမ်းပြတဲ့ ဆရာကောင်း သမားကောင်း မတွေ့ဘူးဆိုရင်လည်း မရနိုင်ဘူး၊ ဆရာကောင်း သမားကောင်းကို ရဖို့လည်း လိုအပ်ပါတယ်။ မိမိကိုယ်တိုင်ကလည်းပဲ ယောနိသောမနသိကာရ ရှိဖို့ လိုတယ် - မှန်ကန်သောအမြင်တစ်ခု ရှိဖို့လည်း လိုတယ်၊ တရားဓမ္မကိုလည်းပဲ လက်တွေ့ကျင့်သုံးဖို့ လိုအပ်တယ်။


**လယ်တီဆရာတော်ဘုရားကြီး၏ တိဟိတ်အဆုံးအဖြတ်


ဆရာတော်ဘုရားကြီးက ဓါတ်တွေ ပရမတ်တွေကို မပျင်းမရိစိတ်ဝင်စားတယ်။ မဂ်ဖိုလ်ကို ပြင်းပြင်းထန်ထန် လိုချင်တယ်ဆိုရင် တိဟိတ်လို့ မှတ်လို့ မိန့်တော်မူတာကို တစ်ဆင့်မှတ်သားရဘူးပါတယ်။


++++++++++++++++++++


**သက္ချတောင်ဆရာတော် ဦးတိလောက


မိမိဒွိဟိတ်လား တိဟိတ်လား သိချင်ရင် သမထ၊ ဝိပဿနာ တစ်ခုခုကို လက်တွေ့လုပ်ကြည့်လိုက်ပါ။


သမထဘာဝနာပွားကြည့်လို့ ပဋိဘာဂနိမိတ်ကိုရရင် တိဟိတ် လို့သိပါ။


၀ိပဿနာဘာဝနာပွားကြည့်လို့ ဥဒယဗ္ဗယဉာဏ်(ဖြစ်ပျက်မြင်ရင်) ရရင်လဲ တိဟိတ်လို့သိပါ။


+++++++++++++++++++


**မိုးကုတ်ဆရာတော်ဘုရားကြီး


တိဟိတ်ဟုတ်ပါ့မလား။ ဒွိဟိတ်များ ဖြစ်နေမလားနဲ့။ ဒါက ဘုရားရှင်အရာ.. ကိုယ့်အရာ မဟုတ်ဘူး။ ဒီတော့ အကျိုးမများမှာကို မတွေးကြနဲ့။


အလုပ်လုပ်ဖို့သာ ကိုယ့်တာဝန်။ ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲဆိုတာ သံသယ မရှိကြနဲ့။


+++++++++++++++++++++


မိမိဟာ ဒွိဟိတ်ဖြစ်နေစေဦးတော့ ဝိပဿနာတရားကိုတော့ ကြိုးကိုကြိုးစားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကြိုးစားတဲ့အတွက် အလကား မဖြစ်ပါဘူး။ ဒီဘဝမဂ်ဖိုလ်မရဘူးပဲထား။ စူဠသောတာပန်ပုထုဇဉ်အဖြစ်ကတော့ ဧကန်မုချရောက်ပါတယ်။ ဒီအဆင့်ရောက်တယ်ဆိုရင် သုဂတိဘဝလည်းမြဲတယ်။ နောက်ဘဝနတ်ပြည်ကျရင်လည်း မဂ်ဖိုလ်ကို တစ်ခဏချင်းရနိုင်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော်၊ သောတာနုဂတသုတ်မှာ ဟောတော်မူထားပါတယ်။


ဒွိဟိတ်ကုသိုလ်နှင့် တိဟိတ်ကုသိုလ်

ဒွိဟိတ်ကုသိုလ်နှင့် ကုသိုလ်ပြုသည့်အခါ၌ ကံ-ကံ၏အကျိုးကို သိသောကမ္မဿကတဉာဏ်၊ သို့မဟုတ် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဆင်ခြင်တတ်သည့် ဝိပဿနာဉာဏ်ပါဝင်လာလျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ်ဖြစ်ပါတယ်။ ထိုသို့ ဉာဏ်မပါဝင်လျှင် ဒွိဟိတ်ကုသိုလ်ဖြစ်ပါတယ်။


ဒွိဟိတ်ကုသိုလ် နှင့် တိဟိတ်ကုသိုလ်

ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကုသိုလ်ကောင်းမှုတစ်ခုခုကို ပြုလုပ်တဲ့အခါမှာ ကာမာဝစရကုသိုလ်စိတ်တွေ ကုဋေသိန်းချီဖြစ်ပြီးတော့ ဒီစိတ်တွေချုပ်ငြိမ်းကြတဲ့အခါ စိတ်အစဉ်မှာ ကာမာဝစရကုသိုလ်ကံတွေ ကုဋေသိန်းချီ ကျန်ရစ်တယ်။


ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာ ကံ-ကံ၏အကျိုးကိုသိတဲ့ဉာဏ် မယှဉ်ပဲလုပ်ရင် ဉာဏဝိပ္ပယုတ် (ဉာဏ်မယှဉ်တဲ့) ကာမာဝစရကုသိုလ်စိတ်တွေ ဖြစ်ပါတယ်။ ဒီစိတ်တွေမှာ အလောဘနဲ့ အဒေါသ ဟိတ်နှစ်ခုပဲပါတယ်။ အမောဟဆိုတဲ့ ဉာဏ် မပါဘူး။ ဒါ့ကြောင့် ဒီစိတ်တွေကို ဒွိဟိတ်စိတ်လို့ ခေါ်တယ်။ ဖြစ်ပေါ်တဲ့ကုသိုလ်ကို ဉာဏဝိပ္ပယုတ်ကုသိုလ် (ဝါ) ဒွိဟိတ်ကုသိုလ် လို့ ခေါ်ပါတယ်။


ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာ ကံ-ကံ၏အကျိုးကိုသိတဲ့ဉာဏ်နဲ့ယှဉ်ပြီးလုပ်ရင် ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်စိတ်တွေ ဖြစ်ပါတယ်။ ဒီစိတ်တွေမှာ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ ကုသိုလ်ဟိတ်သုံးပါးလုံးပါတယ်။ ဒါ့ကြောင့် ဒီစိတ်တွေကို တိဟိတ်စိတ်လို့ ခေါ်တယ်။ ဖြစ်ပေါ်တဲ့ကုသိုလ်ကို ဉာဏသမ္ပယုတ်ကုသိုလ် (ဝါ) တိဟိတ်ကုသိုလ် လို့ ခေါ်ပါတယ်။


သြမကကုသိုလ်နှင့် ဥက္ကဋ္ဌကုသိုလ်

ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာ စေတနာသုံးတန်ပြဋ္ဌာန်းဖို့လည်း အရေးကြီးပါတယ်။ စေတနာသုံးတန်ဆိုသည်မှာ-

ကောင်းမှုမပြုခင် ကောင်းမှုရဲ့အကျိုးကိုသိပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ရှေးဦး ပုဗ္ဗ‌စေတနာ။

ကောင်းမှုပြုဆဲ၊ လှူဒါန်းဆဲအခါမှာ ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ မုဉ္စစေတနာ။

ကောင်းမှုပြုပြီးတဲ့နောက် ငါကောင်းမှုပြုခဲ့ရတာ ကောင်းလစွလို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ အပရစေတနာ။

အထမြောက်တဲ့ ကုသိုလ်ကံတွေကိုဖြစ်စေပြီး ယခုဘဝ နောက်ဘဝတွေမှာ အကျိုးပေးသွားမှာက မုဥ္စစေတနာ ပဲ ဖြစ်ပါတယ်။

ပုဗ္ဗစေတနာနှင့် အပရစေတနာတို့က မုဥ္စစေတနာကို ပိုအားကြီးအောင် ပံ့ပိုးပေးကြတယ်။ ဒါ့ကြောင့် စေတနာသုံးတန်ပြဋ္ဌာန်းရင် ကုသိုလ်ကံတို့က အားကြီးပြီး ကြီးကြီးကျယ်ကျယ်အကျိုးပေးနိုင်ကြတယ်။ စေတနာသုံးတန်ပြဋ္ဌာန်းတဲ့ကုသိုလ်ကို ဥက္ကဋ္ဌကုသိုလ် (သို့) အမြတ်စားကုသိုလ် လို့ သတ်မှတ်ပါတယ်။

ဖြစ်ပေါ်တဲ့ကံကို ဥက္ကဋ္ဌကုသိုလ်ကံ လို့ခေါ်တယ်။

စေတနာသုံးတန် မပြဋ္ဌာန်းတဲ့ ကောင်းမှုဆိုတာ ဘာလဲဆိုတော့ အလှူဒါန စတဲ့ ကောင်းမှုမပြုခင်မှာ မလှူချင်၊ နှမြောတွန့်တိုချင်တဲ့ ပုဗ္ဗစေတနာ တွေ ဖြစ်နေတယ်။

လှူစဉ်ကုသိုလ်ပြုစဉ်မှာလည်း စိတ်မပါတပါနဲ့ မုဥ္စစေတနာ က မထက်ဘူး။

လှူပြီး ကုသိုလ်ပြုပြီးတဲ့အခါမှာလည်း စိတ်မကောင်းတဲ့ အပရစေတနာ တွေ ဖြစ်နေမယ်ဆိုရင် စေတနာသုံးတန် မပြဋ္ဌာန်းဘူး။


မုဥ္စစေတနာ က အကုသိုလ်စေတနာတွေ ခြံရနေတယ်။ အကုသိုလ်စေတနာတွေက မုဥ္စစေတနာ အားနည်းအောင် ဆွဲချတယ်။

စေတနာသုံးတန် မပြဋ္ဌာန်းတဲ့ကုသိုလ်ကို သြမကကုသိုလ် (ဝါ) အညံ့စားကုသိုလ် လို့ သတ်မှတ်ပါတယ်။

ဖြစ်ပေါ်တဲ့ ကံကို သြမကကုသိုလ်ကံ လို့ ခေါ်တယ်။ အလှူချင်းတူစေကာမူ စေတနာထားတာချင်းမတူတော့ ကုသိုလ်ရတာချင်း မတူဘူး။


ကုသိုလ်ကောင်းမှုပြုတဲ့အခါ မင်းစည်းစိမ်၊ နတ်စည်းစိမ်တွေကို မျှော်လင့်တောင့်တတာက မကောင်းဘူး။ စည်းစိမ်ဥစ္စာမျှော်လင့်တာ လောဘစိတ်ပဲ။ လောဘစေတနာတွေ ခြံရံနေရင် အညံ့စားသြမကကုသိုလ် ဖြစ်သွားလိမ့်မယ်။


ဒ့ါကြောင့် ကုသိုလ်ကောင်းမှုပြုတဲ့အခါ အကျိုးကြီးမားအောင် ကံ-ကံရဲ့အကျိုးကို သိတဲ့ဉာဏ်နဲ့ယှဉ်ပြီး စေတနာသုံးတန်ပြဋ္ဌာန်းအောင် ပြုလုပ်ကြပါ။


ကုသိုလ်ကောင်းမှုပြုတိုင်း လောဘ၊ မစ္ဆရိယ၊ အတ္တစွဲတို့နဲ့ မကပ်ငြိဘဲ လွတ်လွတ်ကျွတ်ကျွတ်စွန့်လွှတ်နိုင်တာ ကောင်းတယ်။


ပြီးတော့“ဣဒံမေပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတိ” “ဤကျွန်ုပ်၏ ကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်ကို မျက်မျောက်ပြုရန် အကြောင်းအထောက်အပံ့ဖြစ်ပါစေသတည်း လို့ ရည်စူးပြီးလှူပါ။ ကုသိုလ်ပြုလုပ်ပါ။ နိဗ္ဗာန်ဆုတောင်းပါ။”


လူတွေကို တူညီအောင် အနန္တ တန်ခိုးရှင်က မဖန်ဆင်းထားပါဘူး။ မတူညီအောင် ကံကဖန်တီးပေးထားတာပါ။ မိမိတို့ပြုထားကြတဲ့ကံတွေ မတူကြလို့ ကံစီမံတဲ့အတိုင်း အမျိုးမျိုးကွဲပြားနေရတာပါ။

အဟိတ်ပုဂ္ဂိုလ်

ကုသိုလ်ကောင်းမှုပြုတဲ့အခါ ကံ-ကံ၏အကျိုးကို သိတဲ့ဉာဏ်မယှဉ်ဘဲ စေတနာသုံးတန်လည်းမပြဋ္ဌာန်းဘဲ ပြုလုပ်ရင် ဒွိဟိတ်သြမကကုသိုလ်ကံများဖြစ်တယ်။

အဟိတ်ဆိုသည်မှာ ဟိတ်မပါရှိဘူး လို့ ဆိုလိုပါတယ်။


လူ့ဘုံမှာ ပဋိသန္ဓေနေပြီး မွေးဖွားလာတဲ့အခါ မျက်စိကန်းတဲ့သူ၊ နားပင်းတဲ့သူ၊ အလွန်ဉာဏ်ထိုင်းသူ၊ ယောကျာ်းမိန်းမအင်္ဂါနှစ်ခုလုံးပါသူ/ မပါသူ၊ ထစ်ထစ်ငေါ့ငေါ့ဒရွတ်ဆွဲပြီး စကားပြောသူတို့ဟာ အဟိတ်ပုဂ္ဂိုလ်တွေပါပဲ။ အောက်စတုမဟာရာဇ်နတ်တွေထဲမှာ ဘုတ်၊ မင်စာ၊ တစ္ဆေ၊ အစိမ်း၊ သရဲ၊ ဘီလူး စသည်တို့သည်လည်း အဟိတ်ပုဂ္ဂိုလ်တွေပါပဲ။

ဒွိဟိတ်ပုဂ္ဂိုလ်

ကုသိုလ်ကောင်းမှုပြုတဲ့အခါ ကံ-ကံ၏အကျိုးကို သိတဲ့ဉာဏ်မယှဉ်ဘဲ စေတနာသုံးတန်လည်းပြဋ္ဌာန်ပြီး ပြုလုပ်ရင် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ကံများဖြစ်တယ်။

တခါ ဉာဏ်ယှဉ်ပြီး စေတနာသုံးတန်မပြဋ္ဌာန်းဘူးဆိုရင် တိဟိတ်သြမက ကုသိုလ်ကံဖြစ်တယ်။

ဒီကုသိုလ်ကံတွေအကျိုးပေးတဲ့အခါ ဒွိဟိတ်ပုဂ္ဂိုလ် တွေဖြစ်ကြတယ်။ ထိုသူများဟာ ကိုယ်အင်္ဂါပြည့်စုံပေမယ့် ဉာဏ်နုံ့ပြီး စျာန်၊ မဂ်၊ ဖိုလ် မရကြပါဘူး။

တိဟိတ်ပုဂ္ဂိုလ်

ကုသိုလ်ကောင်းမှုပြုတဲ့အခါ ကံ-ကံ၏အကျိုးကို သိတဲ့ဉာဏ်ယှဉ်တယ် စေတနာသုံးတန်လည်းပြဋ္ဌာန်ပြီး ပြုလုပ်ရင် တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ကံများဖြစ်တယ်။

ဒီကုသိုလ်ကံများအကျိုးပေးတဲ့အခါ လူဘုံ နတ်ဘုံ ပဋိသန္ဓေနေတဲ့အခါ တိဟိတ်ပုဂ္ဂိုလ်များ ဖြစ်စေတယ်။

ဉာဏ်ထက်ပြီး စျာန်၊ မဂ်၊ ဖိုလ် ရနိုင်ကြတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။


++++++++++++++++++++++++


ဒီလောက်ဆိုယင် တိဟိတ် ဒွိဟိတ်နဲ့ တရားထူး ရနိုင်မရနိုင် တိဟိတ်ပုဂ္ဂိုလ်ဖြစ်အောင် ဘယ်ကို ကုသိုလ်မျိုးပြုရမယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။


ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ။

မေတ္တာဖြင့်

Thein Naing Ohn(19.10.2021)


မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “တက္ကသိုလ်ဓမ္မသဘင်” ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့်‌လေ့လာြခင်း တို့မှ ဆက်စပ်ဖော်ပြပါသည်။


Photo Credit: ဘကြီးဘုန်းကြီးဓမ္မဂင်္ဂါ၏ အဘိဓမ္မာသင်တန်း နောက်ဆုံးနေ့သင်ခန်းစာ သင်တန်းတစ်ခုလုံး့အနှစ်ချုပ်ပါပဲ။ ဒီပုံလေးကိုကြည့်ပြီး စဉ်းစားတွေးတောစေချင်လို့ ထည့်ပေးလိုက်ပါတယ်။



အဟိတ်ပုဂ္ဂိုလ်များ ဝိပဿနာဉာဏ်ဖြစ်နိုင်သလား?


(ဒီပို့စ်ကတော့ မနေ့က တိဟိတ် ဒွိဟိတ်နဲ့ တရားထူးဆိုတဲ့ ပို့စ်ရဲ့အဆက်လို့ပြောလို့ရနိုင်ပါတယ်။ မနေ့က တိဟိတ် ဒွိဟိတ်အကြောင်းလေးကို အကျယ်ရှင်းပြပေးခဲ့ပေမယ့် အဟိတ်အကြောင်းတော့ တိုတိုပဲ စာပုဒ်တစ်ပုဒ်ပဲထည့်ပေးလိုက်ပါတယ်။ ကျနော်တို့ နားလည်တာက အဟိတ်ဆိုယင် စဉ်းစားစရာကို မလိုတော့ဘူး အဓိက ကိုယ် တိဟိတ်လား ဒွိဟိတ်လားဆိုတာပဲ သိချင်ကြတာကိုး 😁😁😁 ဒီနေ့တော့ ရှေ့က ပို့စ်က လိုအပ်ချက်လေးတွေကို ဒီပို့စ်မှာ ပြန်လည်ဖြည့်ထည့်ပေးထားတာမို့ အယင်နေ့က ပို့စ်နဲ့တွဲဖတ်ယင်တော့ပို အဆင်ပြေမယ်လို့ထင်ပါတယ်။)


လူတိုင်းတရားရနိုင်သလားဆိုယင်မရနိုင်ပါဘူး။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်က ကျွတ်ထိုက်တဲ့လူနဲ့ မကျွတ်ထိုက်တဲ့လူ နှစ်မျိုးကို ပြတယ်။ “ကျွတ်ထိုက်သော သတ္တဝါတို့ ဆိုသည်ကား .. ကံ ကိလေသာ ဝိပါက် ဟူသော တားမြစ်ခြင်းနှင့် မပြည့်စုံကုန်၊ ယုံကြည်မှုရှိကုန်၏။ ကုသိုလ်ဆန္ဒရှိကုန်၏။ ပညာရှိကုန်၏။ ကုသိုလ်တရားတို့၌ သမ္မတ္တနိယာမဟုဆိုအပ်သော အရိယမဂ်သို့တက်ခြင်းငှာထိုက်ကုန်၏။ ဤသတ္တဝါတို့သည် ကျွတ်ထိုက်သောသတ္တဝါတို့တည်း။”


“မကျွတ်ထိုက်သောသတ္တဝါတို့သည် အဘယ်သို့နည်း။ ကိလေသာကံ ဝိပါက်ဟူသော တားမြစ်ခြင်းနှင့် ပြည့်စုံကုန်၏။ ယုံကြည်မှုကင်းကုန်၏။ ကုသိုလ်အလိုဆန္ဒမှကင်းကုန်၏။ ပညာမရှိကုန်။ ကုသိုလ်တရားတို့၌ သမ္မတ္တနိယာမဟု ဆိုအပ်သော အရိယမဂ်သို့သက်ခြင်းငှာ မထိုက်ကုန်။ ဤသတ္တဝါတို့သည် မကျွတ်ထိုက်သော သတ္တဝါတို့တည်းတဲ့။”


အဲဒါနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ငါးမျိုးတို့ကိုလည်း သိအပ်ပါတယ်။


ပုဂ္ဂိုလ်ငါးမျိုး

(၁) ပဋိသန္ဓေတုန်းက အလောဘ, အ‌ဒေါသ, အမောဟ ဟူသော ယှဉ်ဘက်ဟိတ် သုံးပါးရှိတဲ့ မဟာဝိပါက်ဉာဏသမ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေနေခဲ့သူကို “တိဟိတ်ပုဂ္ဂိုလ်”လို့ခေါ်ပါတယ်။


(၂) ပဋိသ‌န္ဓေနေတုန်းက အလောဘ၊ အဒေါသ ဆိုတဲ့ ယှဉ်ဘက် ဟိတ်နှစ်ပါးရှိတဲ့ မဟာဝိပါက်ဉာဏဝိပ္ပယုတ်စိတ် နဲ့ ပဋိသန္ဓေနေခဲ့သူကို “ဒွိဟိတ်ပုဂ္ဂိုလ်”လို့ခေါ်ပါတယ်။


(၃) ပဋိသန္ဓေနေတုန်းက ယှဉ်ဘက်ဟိတ်မရှိတဲ့ အဟိတ်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေခဲ့သူကို “အဟိတ်ပုဂ္ဂိုလ်” ခေါ်ပါတယ်။ ထို အဟိတ် ထဲမှာတင် --


(၄) အပါယ်လေးဘုံမှာ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေသူကို “ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်” (ဒုဂတိ=မကောင်းသောဂတိ(ဘဝ)၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ်များ မပါသောပုဂ္ဂိုလ်)


(၅) ကာမသုဂတိဘုံမှာ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေသူကို “သုဂတိအဟိတ်ပုဂ္ဂိုလ်”လို့ ခေါ်ပါတယ်။ (လူနှင့်လူ့ပြည်၌ရှိကြသော အချို့နတ်ငယ်‌လေးများ၌လည်း အဟိတ်ပုဂ္ဂိုလ်များရှိပါတယ်။ ထိုပုဂ္ဂိုလ်များကို သုဂတိအဟိတ်ပုဂ္ဂိုလ် (သုဂတိ = ကောင်းသောဂတိ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ ဟိတ် ၃ မျိုးမပါသူ)တဲ့။ အသညသတ်ဗြဟ္မာကလည်း သုဂတိအဟိတ်ပုဂ္ဂိုလ်ထဲမှာပါတယ် လို့ထင်ပါတယ်(ပုဂ္ဂလပညတ်မှာသင်ဖူးလို့ပါ) ။ ရပ်ပြစ်ရှစ်ပါးထဲမှာ အသညသတ်ဗြဟ္မာဘုံကိုထည့်ထားတာတွေ့ရပါတယ်။


အဲတော့ တိဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်၊ အဟိတ်ပုဂ္ဂိုလ်၊ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၊ သုဂတိအဟိတ်ပုဂ္ဂိုလ်လို့ ငါးမျိုး ရှိပါတယ်။


အဲဒီငါးမျိုးမှာ ဒွိဟိတ်ပုဂ္ဂိုလ်နဲ့ အဟိတ်ပုဂ္ဂိုလ်တွေဟာ ဒီဘဝမှာ စျာန်မဂ်ဖိုလ်ရဖို့အတွက် မျှော်လင့်ချက် မရှိတော့ဘူးတဲ့။


ဘာဖြစ်လို့လည်းဆိုတော့ ညံ့ဖျင်းတဲ့ ပဋိသန္ဓေဝိပါက်က တာမြစ်ထားလို့တဲ့။ ဒီနေရာမှာ ဒီစကားနဲ့ပတ်သက်ပြီ အန္တရာယ်ငါးပါးကိုလည်း ပြောရပါဦးမယ်။ တိဟိတ်ပင်ဖြစ်နေစေကာမူ အန္တရာယ်ငါးပါးထဲက တစ်ပါးပါးကို ကျူးလွန်ထားမယ်ဆိုရင်လည်း ဒီဘဝမှာ စျာန်မဂ်ဖိုလ်ကို မရနိုင်တော့ပါဘူးတဲ့။ အဲဒီအန္တရာယ်ငါးပါးနဲ့ကျတော့ တရားတောင်မကဘူး နတ်ရွာတောင် မရနိုင်ဘူးဆိုပါတယ်။


အန္တရာယ်ငါးပါး


နတ်ရွာမဂ်ဖိုလ်တို့ရဲ့အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့သည် အန္တရာယိက မည်ကုန်၏။ ထိုအန္တရာယိက မည်ကုန်သော တရားတို့သည် ကံ ကိလေသ ဝိပါက ဥပဝါဒ အာဏာဝီတိက္ကမ တို့၏အစွမ်းအားဖြင့် ငါးပါးအပြားရှိကုန်၏တဲ့။


အကျယ်ရှင်းပြရရင် အဲဒီငါးပါးထဲက ကမ္မန္တရာယ်ဆိုတာ အမိသတ်တဲ့ကံ၊ အဖသတ်တဲ့ကံ၊ ရဟန္တာကိုသတ်တဲ့ကံ၊ ဘုရားကိုသွေးစိမ်းတည်အောင်ပြုတဲ့ကံ၊ သံဃာသင်းခွဲတဲ့ကံငါးပါးကို “ပဉ္စာနန္တရိယကံ” လို့ ခေါ်ပါတယ်။

အဲဒီ ပဥ္စာနန္တရိယကံ နဲ့ ဘိက္ခုနီမကို ဖျက်ဆီးတဲ့ကံ၊ အဲဒီကံ (၆)ပါးကို ကျူူးလွန်ရင် “ကမ္မန္တရာယ်”သင့်ပါတယ်။ ကုစားလို့မရတော့ဘူး။ ပဉ္စာနန္တရိယကံထိုက်သူဟာ စျာန်မဂ်ဖိုလ်သာမကဘူး နောက်ဘဝမှာ သုဂတိဘဝကိုပင် မရနိုင်တော့ပါဘူး။ ဘိက္ခုနီမကို ဖျက်ဆီးသူကတော့ စျာန်မဂ်ဖိုလ်သာမရနိုင်တာ၊ ကောင်းမွန်စွာ နေထိုင်ရင် သုဂတိဘဝကိုတော့ရနိုင်သေးတယ်တဲ့။


ကိလေသာဆယ်ပါးမှာ ပါဝင်တဲ့ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိဆိုတဲ့ နိယတမိစ္ဆာဒိဋ္ဌိတွေဟာ “ကိလေသအန္တရာယ်”ခေါ်ပါတယ်။ အဲဒီ ကိလေသအန္တရာယ်သင့်သူဟာလည်း တမလွန်ဘဝမှာ သုဂတိဘဝကို ရနိုင်ခွင့် မရှိတော့ဘူး။ ကုစားလို့တော့ရကောင်းတယ်။ အယူကိုစွန့်လိုက်ရင်တော့ တရားထူးရနိုင်တာပေါ့နော်။ မစွန့်ရင် ကမ္မန္တရာယ်ထက်ပိုပြီးတော့ အပြစ်ကြီးတယ်၊ သေတဲ့အခါ အပါယ်သို့ ရောက်ရတယ်တဲ့။


ဒုဂ္ဂတိအဟိတ်ပဋိသန္ဓေ၊ သုဂတိအဟိတ်ပဋိသန္ဓေ၊ ဒွိဟိတ်ပဋိသန္ဓေ၊ အဲဒီပဋိသန္ဓေတွေဟာ “ဝိပါကအန္တရာယ်” ကုစားလို့ မရကောင်းဘူ၊ ယခုဘဝတရားထူးမရထိုက်ဘူးတဲ့။


ဥပမာ ဘယ်လိုလည်းဆိုတော့ ညံ့ဖျင်းတဲ့ မျိုးစေ့ကြောင့် မအောင်မမြင် ပေါက်ခဲ့ရတဲ့ သစ်ပင်ဟာ မည်မျှလောက်ပင် ရေစင်သွန်းလောင်းသော်လည်း ကြီးကျယ်မြင့်မားဖွံ့ထွားဖို့ရာ မျှော်လင့်ဖွယ်မရှိတော့သလို အဲဒီအတူပဲ ညံ့ဖျင်းတဲ့ ကံကြောင့် အဟိတ်, ဒွိဟိတ် ပဋိသန္ဓေ နေခဲ့ရသူမှာ မျိုးစေ့ဖြစ်တဲ့ ပဋိသန္ဓေဝိပါက်က မအောင်မြင်တဲ့အတွက် အဲဒီဘဝမှ စျာန် မဂ်ဖိုလ်တရားတွေနဲ့စည်ကားဖို့ အချက်မရှိတော့ဘူးတဲ့။ ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရင်တော့ တမလွန်ဘဝမှာ သုဂတိဘဝကို ရနိုင်သေးတယ်တဲ့။


အရိယာပုဂ္ဂိုလ်မှန်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယုတ်မာတဲ့ စိတ်ထားနဲ့ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲကဲ့ရဲ့ခြင်းဟာ အရိယူပဝါဒအန္တရာယ်”မည်ပါတယ်။ နတ်ရွာနိဗ္ဗာန် မဂ်ဖိုလ်စျာန်ရဲ့အန္တရာယ်ဖြစ်တယ်။ ကုစားလို့တော့ရကောင်းတယ်။ ဘယ်လိုကုစားရမလည်းဆိုတော့ အဲဒီပုဂ္ဂိုလ်ရှိရင် ကိုယ်တိုင်သွားကန်တော့၊ မရှိရင်သင့်လျော်တဲ့ လူကြီးသူမ ဆရာသမားများထံသို့ သွားပြီး အကျိုးအကြောင်းပြောတောင်းပန်ရမယ်တဲ့။ အယုတ်သဖြင့် အဲဒီပုဂ္ဂိုလ်ရဲ့ သင်္ချိုင်းသို့ သွားရောက်တောင်းပန်ရင်လည်း အန္တရာယ်ပြေပျောက်နိုင်တယ်တဲ့။ အရိယူပဝါဒကံတမျှအပြစ်ကြီးလေးပါတယ်။


သဉ္စိစ္စ အာပန္နာ အာပတ္တိယာ အာဏာဝီတိက္ကမန္တရာယာ နာမ ဆိုတဲ့ အဋ္ဌကထာနဲ့အညီ လွန်ကျူးလိုတဲ့ စေတနာနဲ့ သင့်ရောက်အပ်တဲ့ အာပတ်ဟာ “အာဏာဝီတိက္ကမန္တရာယ်”ပဲ။ ဒီအန္တရာယ်က ကုစားလို့ရတယ်။ ဘယ်လိုလည်းဆိုတော့ ပုထုဇဉ်အလိုက် စိတ်ကိုမထိန်းနိုင်လို့ အပြစ်သင့်ပြီးနောက်ဆိုင်ရာ ဝိနည်းလမ်းကြောင်းနဲ့ ကုစားရင် အဲဒီအပြစ်တွေကင်းစင်နိုင်တယ်။ ကင်းစင်တဲ့အခါ မဖြစ်အောင်လည်း စောင့်စည်း မတော်တဆ ဖြစ်ပြန်ရင်လည်း ဆိုင်ရာဝိနည်းကံအရ ကုစားပြီးသဒ္ဓါတရားနဲ့နေထိုင်သူမှာ အဲဒီ အာဏာဝီတိက္ကမန္တရာယ် ကင်းရှင်းနိုင်ပါတယ်တဲ့။


ဒီမှာတော့ အသိပေးချင်တာ ဒီလောက်ပါပဲ။ သို့သော် ဒီအကြောင်းနဲ့ပတ်သက်လို့ မနေ့ကပို့စ်မှာ ကျနော်တို့ ဆွေးနွေးဖြစ်တာလေးထဲက ကွန်မန့်တစ်ချို့ကို ထုတ်ပြချင်ပါတယ်။ ပိုမို ဉာဏ်သက်ဝင်ကျက်စားနိုင်တာမို့ပါ။


ကွန်မန့်လေးတွေကို‌တော့ မလိုအပ်တဲ့အပိုင်းလေးတွေ စာဖတ်တဲ့အခါထောက်မနေအောင် Edit လုပ်ထားပါတယ်။ မူရင်းကိုတော့မပြောင်းပါဘူးခင်ဗျာ။


++++++++++++++


Ko Khin Maung Myint

ဆရာသိန်းရေ၊အဟိတ်ပုဂ္ဂိုလ်တွေကကော၊ဝိပဿနာဉာဏ်ဖြစ်နိုင်လားဆိုတာကိုသိခြင်ပါတယ်ခင်ဗျာ့။

အဟိတ်တွေဟာအပ္ပနာဇောမနှောင်းတာတော့သိပါတယ်ခင်ဗျာ့။


Ko Khin Maung Myint

တကယ်လည်းသိခြင်လို့ပါဆရာသိန်ရေ၊အဲ့ဒီမေးခွန်းက၊ကျွန်တော်လူတိုင်းကိုလည်းမမေးပါဘူးဆရာရေ၊ ရင်းနှီလွန်းတဲ့မိတ်ဆွေတွေဆိုမှပဲမေးပါတယ်။

သိခြင်တာက၊သူတို့မှာလည်းမဟာကုသိုလ်စိတ်(၈)ပါးကအပြည့်ရနေပါတယ်၊

ဗုဒ္ဓရက္ခိတကျေးသားဆိုရင်၊သမထမှာဥဂ္ဂဟနိမိတ်တောင်ရနေပါတယ်။

တေသကုဏဇတ်က၊ဘုရားအလောင်းကျေးသားဟာ၊မင်းကျင့်တရား(၁၀)ပါးနဲ့ ဓမ္မဒေသနာတွေဟောပြီး တောထွက်သွားပါတယ်၊နောက်ဝက်မင်း၊အများကြီးပါပဲ။

အဲ့ဒါတွေကတကြောင်း၊နောက်တခုက၊သူတို့ရဲ့ကုသိုလ်ဟာ ဘယ်အထိပဲဆိုတာကိုမတွေ့ရဘူး၊

ကန့်ထားတာတနေရာပဲတွေ့ရတယ်။

သူတို့ရဲ့ကာမကုသိုလ်ဇောနောင်၊အပ္ပနာမနှောင်းဘူးဆိုတဲ့၊နိယာမတခုပဲတွေ့ရလို့ပါဆရာရေ။


U Khaing Htoo

Thein Naing Ohn အကိုသိန်းရေ

ဒါက နက်နက် နှိုက်ရမယ့်သဘောပဲ အမှတ်မဲ့ ဖြေချလိုက်ရရင် မရနိုင်ဘူးလို့ ဖြေရလိမ့်မယ် ဘာလို့လဲဆိုတော ဝိပဿနာညာဏ်ဆိုတာ ဝုဋ္ဌာနဂါမိနီမည်သော သင်္ခါရုပေက္ခာ အရင့်ပိုင်းနဲ့ အနုလောမညာဏ်အထိပါနေတာကို ဒီအဆင့် ရောက်နေရင်ကို ဒိသာကာက ကမ်းရှာ‌ကျီး ဥပမာလို နိဗ္ဗါန်ကို မှန်းမျှော်နေရပြီ။ ဒီအခြေအနေထိရှိတဲ့ပုဂ္ဂိုလ် ရဲ့ပင်ကိုယ်ပဋိသန္ဓေဟာ တိဟိတ်သာဖြစ်ရမည် အဘယ်ကြောင့်ဆိုသော မကြာခင် ဂေါတြဘု ညာဏ်လာတော့မည်ကိုး။

သို့သော် ကျွန်တော်တို့ သင်္ဂြိုဟ် ၏ ပုဂ္ဂိုလ်စိတ်ရ အရ သုဂတိအဟိတ်နဲ့ဒွိဟိတ်တို့ ရသင့်သောစိတ်ထဲမယ် မဟာကုသိုလ် စိတ် ၈.ပါးလုံးရနိုင်တယ်လို့အတိအကျ ပြထား၏။

ခုနက ဝိပဿနာစိတ်၏ တရားကိုယ်ကလည်း မဟာကုသိုလ်စိတ်ပဲမဟုတ်လား

သုဂတိ အဟိတ် တို့သည် မွေးရာပါညာဏ်မပါပေမယ့် ဒီဘဝအတွက်မှာ တိဟိတ်ကုသိုလ်ထိထူထောင်လို့ ရနေတယ်မဟုတ်လား။ ဆက်ပြီးတိကျအောင်ရှာကြရအုံးမှာပေါ့🙏အကိုသိန်းရဲ့အမြင်လေးလည်း ပြောစေချင်ပါတယ်


Yar Zar

နီတတ္ထနည်း နေယျတ္ထနည်း ဥက္ကဋ္ဌနည်း သြမကနည်းဆိုပြီး ရှိတဲ့အထဲက ဥက္ကဋ္ဌနည်းနဲ့ခြုံဟောသလားပဲ။ သစ္စာလေးပါးသိဖို့အတွက် သီလသမာဓိပညာ စတဲ့ မဂ္ဂင်ရှစ်ပါးကို ခေါင်ထားပြီးခြုံဟောတယ်။ အဲ့ဒီအထဲကမှ သမ္မာသင်္ကပ္ပမဂ္ဂင်ကြဥ်တဲ့ ဒုတိယဈာန်ကစလို့ မဂ္ဂင်၇ပါးနဲ့ သစ္စာလေးပါးဆိုက်သလိုပေါ့။ အဟိတ်အတွက် မဟာကုညာသမ် ရအပ်တယ်ဆိုတာမျိုးက တခြားအတွက်ဟုတ်ရိုးမှန်ပေမယ့် ဝိပဿနာဉာဏ် ဖြစ်ခွင့်ရလောက်သည်အထိတော့ စွမ်းပကားမရှိဘူးလို့ပဲဆိုရမှာပဲ။


Yar Zar

သတိပဋ္ဌာနမနသိကာရယုတ္တာ ဆိုတဲ့ပါဠိအနက်ဟာ ဝိပဿနာသမ္မသနဉာဏ်စဥ်ရတယ်ဆိုတဲ့အဓိပ္ပါယ်ကို ဆောင်နေတယ်လို့ ကိုခင်မောင်မြင့်က ထင်နေတာလား။ အခုကျနော်တို့ဆွေးနွေးနေတာ ညာဏ်စဥ်မဖြစ်နိုင်ဘူး မရနိုင်ဘူးဘက်ကနော်၊ ခင်ဗျားထုတ်ပြတဲ့အထဲ ဝိပဿနာညာဏ်စဥ်ဆယ်ပါး တစ်ပါးပါးရနေတယ်လို့မပါဘူး။ သတိပဋ္ဌာန်ကိုနှလုံးသွင်းတာနဲ့ ဝိပဿနာညာဏ်ဖြစ်တယ်လို့ယူမရဘူး။ တိရစ္ဆာန်ကတရားဟောတာ ဘုရားလောင်းမို့မထူးဆန်းဘူး၊ သို့သော် တိရစ္ဆာန်က ဘုရားလောင်းမို့ ဝိပဿနာညာဏ်ဖြစ်ရတယ်လို့လည်း လက်မခံဘူး။


Thein Naing Ohn

ဆရာကိုခင်မောင်မြင့်ရေ

ကျနော်ဖတ်ဖူးတာတော့ ကျေးသားကို စွန်ချီသွားတာမြင်တော့ အောက်က ဘိက္ခုနီမတွေကခြောက်လှန့်လို့ စွန်ကလွှတ်ချလိုက်တဲ့အခါ ဘိက္ခုနီမတွေကကောက်ယူဆေးကုပေးပြီးကျေးသားကိုမေးတယ်တဲ့။ စွန်ချီသွားတဲ့အခါဘယ်လိုနှလုံးသွင်းသလည်းပေါ်နော်။ အဲတော့ကျေးသားကပြန်ပြောတယ်တဲ့။ အရိုးစုတစ်ခုကိုသူကိုက်ချီသွားတာပဲ မကြာခင်ဒီအရိုးစုကတစ်စစီဖြစ်ပြီး အရိုးစုတွေပြန်ကျဲသွားဦးမှာပဲလို့ နှလုံးသွင်းပါတယ်လို့ပြန်ပြောတော့ဘိက္ခုနီမတွေက သာဓုခေါ်ကြတယ်တဲ့။ နှလုံးသွင်းတာကတော့ရတယ်။ အပနာစျာနိထိရောက်ဖို့တော့မဖြစ်နိုင်ဘူးလေ။ အဟိတ်ဖြစ်နေတာကိုး သူနှလုံးသွင်းတာကလည်း အရိုးစုကမ္မဋ္ဌာန်းပဲ။ ဘာပဲပြောပြောအဟိတ်ထဲမှာတော့တော်တာပေါ့ဗျာ။ ကိုခင်မောင်မြင့်ပြောတာ အဲဒီကျေးသားလားတော့ကျနော်မသိပါ။နောက်ပိုင်းဇာတ်လမ်းတော့ သူတရားထူးရမရဆိုတဲ့ အထိတော့မပါတော့ဘူး။ နှလုံးသွင်းတော့ အဟိတ်ထဲမှာအလွန်တော်တဲ့နှလုံးသွင်းနိုင်မှုပါ။ ဘာဝနာတော့ဖြစ်ပါတယ်။ ဒါကလည်း ဘုရားလောင်းဇာတ်တော်တွေမှာပါတာပဲဖြစ်မှာပါ။ ဘုရားလောင်းမို့သာ အဟိတ်ဘဝမှာဖြစ်နေသော်လည်းဒီလိုနှလုံးသွင်းပွားများနိုင်တာပါ။ ကျနော်ကလည်း ဘာဝနာပွားများလို့ရတယ်။ ဒီဘဝဘာဝနာပွားများမှုကြောင့်နောက်ဘဝတွေမှာတိဟိတ်ပုဂ္ဂိုလ်ဖြစ်နိုင်တယ်လို့ပြောထားပါတယ်။

တစ်ခြားဆရာတော်တွေကတော့ ဒီဘဝမှာတော့ အဟိတ်ဆို တရားမရနိုင်ဘူးဆိုတာ တစ်ထစ်ချပြောထားတာတွေပဲရှိပါတယ်။ ကျန်တာတော့ ရှာကြဖွေကြဦးပေါ့ဗျာ။


Ko Khin Maung Myint

ဆရာသိန်းကျွန်တောိကလည်းဆရာပြောသလိုပဲပြောနေတာပါ။သူ့ကိုအပ္ပနာဖြစ်တယ်လို့လည်းတခုမှမပြောထားပါဘူး။

သတ္တဝါတွေရဲ့၊ဝါသနာဘာဂီပါရမီသမ္ဗာရဆိုတဲ့အတိုင်၊ပါရမီတခုအနေနဲ့အားထုတ်ရတဲ့အဆင့်ကိုပဲပြောနေတာပါ။

ဒွိဟိတ်ပုဂ္ဂိုလ်အထိအပ္ပနာမကျဘူးလို့ပြောထားပါတယ်ဆရာသိန်းရေ။


Thein Naing Ohn

အော် အိုကေ။ Sorry ပါကိုခင်မောင်မြင့်ရေ ကျနော်ဖတ်တာလောသွားတာပါ။ ရာဇာနဲ့ အပ္ပနာဇောကိစ္စ ပြောနေတယ်ထင်ပြီးရေးလိုက်မိတာ။ ကျနော်မန့်တွေပြန်ဖတ်တော့ ဆရာကိုခင်မောင်မြင် ပထမဆုံး comment မှာထဲက အဲဒီအကြောင်းပါပြီးသားပဲ။ လည်ကုန်ပြီဗျို့။ တစ်ခန်းရပ်ကြတာပေါ့ဗျာ 😁😁😁 Sorry bro


+++++++++++++++


ဒါလေးက ဆွေးနွေးခဲ့ကြတဲ့ အချက်တွေထဲက အကြောင်းအရာတစ်ချို့ကို ထုတ်နှုတ်‌ဖော်ပြပေးလိုက်တာပါ။ မဖတ်မိတဲ့ ဓမ္မမိတ်ဆွေများလည်း ဖတ်မိပြီး စဉ်းစားနိုင်အောင်လို့ပါ။ ခုတော့ ဓမ္မဒူတအရှင်ပညာဇောတ၏ ဗုဒ္ဓဓမ္မပြဿနာများထဲက ဆောင်ပုဒ်လေးတစ်ခုနဲ့ အဆုံးသတ်ကြတာပေါ့။


လူချင်းတူလည်း၊ အမူကွဲ၊ ဖြူမည်းသိရမည်။

အမည်းလူဟာ၊ တရားရှာ၊ ဘယ်ခါမရပြီ။

အဖြူလူသာ၊ တရားရှာ၊ သေချာရလေမည်။ တဲ့


ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

မေတ္တာဖြင့်

Thein Naing Ohn(20.10.2021)


ကျမ်းကိုး။ ။ ဓမ္မဒူတအရှင်ပညာဇောတ၏ ဗုဒ္ဓဓမ္မ ပြဿနာများ၊ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ ၊ ပုဂ္ဂလပညတ်ကျမ်း။


မှတ်ချက်။ ။ မနေ့က ကျနော့်ပို့စ်မှာ ပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့ ဓမ္မမိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။





အဘိဓမ္မာ နဲ့ အဘိဓမ္မတ္ထ (Dhammabheri Ashin Viriya)


လော့စ်အိန်ဂျလီ,ဘော်ဒွင်ပတ်က ဓမ္မဇောတိကျောင်းမှာ ကျောင်းဘုန်းကြီးဦးဂုဏိဿရရဲ့ဆန္ဒအရ ပဋ္ဌာန်းအကျဉ်းချုပ်သင်တန်း ပို့ချပေးပြီးတဲ့အခါ "မေးချင်တာရှိလဲ လွတ်လွတ်လပ်လပ်မေးနိုင်တယ်"လို့ ခွင့်ပြုလိုက်တော့ သက်လတ်ကျော်အရွယ်ဒကာကြီး တစ်ယောက်က-


ဘယ်လိုမှတော့စိတ်မရှိပါနဲ့ဘုရား.. တပည့်တော်လဲရဟန်းတစ်ဝါရမှထွက်ခဲ့တဲ့လူထွက်ပါ၊ ဒီနေ့အဘိဓမ္မာသင်တန်းတက်ထားကြတဲ့ လူတော်တော်များများက- "မဂ်ဖိုလ်ရချင်ရင် အဘိဓမ္မာသင်မှဖြစ်မယ်၊ အဘိဓမ္မာမတတ်ဘဲ မဂ်ဖိုလ်မရနိုင်ဘူး"လို့ ပြောနေကြပါတယ်။

တပည့်တော်လဲ အတတ်ကြီးမဟုတ်ပေမယ့် သင်ထားဖူးတော့ ဒီစကားမှားနေတယ်ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့- အဘိဓမ္မာဆိုတာ မြတ်စွာဘုရားရှင်(၇)ဝါရမှ ဟောတော်မူတာ စာထဲမှာပါတယ်၊ ခုနှစ်ဝါမတိုင်ခင် သာသနာတော်မှာ ရဟန္တာတွေအများကြီး ဖြစ်နေကြပြီပဲ၊အဲဒီရဟန္တာတွေ အဘိဓမ္မာဆိုတာ ကြားကိုမကြားဖူးဘူးမို့လားဘုရား.. အဲဒါလေး ရှင်းပြပေးပါ..တဲ့။


"ဟုတ်ကဲ့.!မေးတာကတော့ ဘုန်းကြီးလူထွက်မှန်းသိသာပါတယ်ဗျာ.. စာအယူအဆကတော့ ဘုန်းကြီးလူထွက်သိပ်မပီလှသေးဘူးဗျ..! အဘိဓမ္မာတတ်မှ မဂ်ဖိုလ်ရမယ်ဆိုတာလဲ အမှန်ပါပဲ၊ ဒကာကြီးပြောတဲ့ (၇)ဝါမတိုင်မီကရဟန္တာ(အဲ အရိယာတွေ) အဘိဓမ္မာမသင်ဖူးဘူးဆိုတာလဲ အမှန်ပါပဲ၊ ဒီနေရာမှာအဘိဓမ္မာတတ်ထာနဲ့ အဘိဓမ္မာနားဖူးသင်ဖူးတာက မတူဘူးဗျ.!အဲဒီအရိယာတွေ အဘိဓမ္မမသင်ဖူးကြပေမယ့် အဘိဓမ္မာတတ်လို့သာ မဂ်ဖိုလ်ရကြတာပါ၊ အဲဒါကိုသဘောပေါက်အောင်ကောက်ယူတတ်ဖို့ အရေးကြီးပါတယ်.."ဆိုတော့-


"အရှင်ဘုရားအမိန့်ရှိလိုက်မှ ပိုရှုတ်ကုန်ပြီဘုရား .. မသင်ဖူးဘဲ ဘယ်လိုလုပ်တတ်ကြလဲ၊ ပဋိသမ္ဘီဒါပတ္တရဟန္တာဖြစ်လို့ တတ်သွားကြတာကိုပြောတာလား"ဆိုပြီးထပ်မေးပါတယ်။


✅ *အဘိဓမ္မာနဲ့အဘိဓမ္မတ္ထ* ဒါကိုသဘောပေါက်ဖို့က ပထမဆုံး အဘိဓမ္မာနဲ့ အဘိဓမ္မတ္ထကို ကွဲပြားအောင် နားလည်ဖို့လိုပါတယ်၊ "အဘိဓမ္မာ"ဆိုတာက ဒကာကြီးပြောတဲ့ ဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာတက်ဟောတဲ့ အဘိဓမ္မာ(၇)ကျမ်းကိုပြောတာပါ၊ "အဘိဓမ္မတ္ထ"ဆိုတာက အဲဒီအဘိဓမ္မာ(၇)ကျမ်းမှာဟောထားတဲ့ စိတ်,စေတသိက်,ရုပ်,နိဗ္ဗာန်ဆိုတဲ့ "ပရမတ္ထတရားလေးပါး"နဲ့ ဒီပရမတ္ထအစုအဝေးတို့ကို ပြောဆိုခေါ်ဝေါ်လို့ရအောင် မှည့်ခေါ်အသုံးပြုထားတဲ့ "ပညတ်"ရယ် ပေါင်းငါးပါးကို ပြောတာပါ။ ပရမတ္ထတရားက လေးပါးသာရှိပေမယ့် အဘိဓမ္မာမှာဟောထားတာက ပညတ်ပါ ပါတဲ့အတွက် "အဘိဓမ္မတ္ထ=အဘိဓမ္မာမှာဟောတဲ့အနက်"ကျတော့ အားလုံး ငါးပါးရှိတာကိုလဲ ကွဲကွဲပြားပြား သဘောပေါက်ပါနော်။


အဲဒီ အဘိဓမ္မငါးပါးကို သိက္ခာသုံးပါးနဲ့ တွဲပြီး အသုံးချတဲ့အခါ- သီလသိက္ခာနဲ့ သမာဓိသိက္ခာက ပညတ်ကို အသုံးချရတယ်၊ဝိပဿနာပညာကစပြီး မဂ်ပညာ,ဖိုလ်ပညာအထိ ပညာသိက္ခာကျတော့ လောကီပရမတ္ထတရား သုံးပါး(စိတ်,စေတသိက်,ရုပ်)တို့ကို အသုံးချရပါတယ်၊ အနည်းဆုံးရုပ်,နာမ်ဆိုတဲ့ အခြေခံပရမတ္ထကို သဘောပေါက်မှ နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်မယ်၊ အဲဒီဉာဏ်ပေါ်ပြီးမှ အနိစ္စ,ဒုက္ခ,အနတ္တ-ဆိုတဲ့ ဝိပဿနာဉာဏ်က ဖြစ်နိုင်မှာပါ။


ဘာကြောင့်လဲဆိုတော့ ဒီပရမတ္ထတရားများမှာသာ လက္ခဏာရေးသုံးပါးက ထင်ရှားရှိလို့ပါပဲ။ မြတ်စွာဘုရားရှင်ရဲ့ ဒေသနာတော်တွေမှာက အဘိဓမ္မာခုနှစ်ကျမ်းမှာ ပညတ်ကိုလဲထည့်ဟောသလို သုတ္တန်ဒေသနာမှာလည်း ပရမတ္ထတရားတွေကို လိုအပ်သလို ထည့်ဟောပါတယ်။


ပထမဆုံးတရားဦးဓမ္မစကြာမှာပဲ မဂ္ဂင်ရှစ်ပါးတို့ဆိုတာ ပရမတ္ထဖြစ်တဲ့စေတသိက်တရားတွေမို့လား၊ ဒါကြောင့်ပဉ္စဝဂ္ဂီငါးဦးတို့ကစပြီး အဘိဓမ္မာကိုမသင်ရပေမယ့် အဘိဓမ္မာရဲ့အနက်ဖြစ်တဲ့ ရုပ်နာမ်တို့ကို သဘောပေါက်နားလည်လို့ မဂ်ဖိုလ်ရကြတာပါ။


ဒကာကြီးက ရဟန်းတစ်ဝါရခဲ့ဖူးတာဆိုတော့ အနတ္တလက္ခဏသုတ်လဲ သိဖူးမယ်ထင်ပါတယ်၊

အဲဒီမှာ-"ရူပံ ဘိက္ခဝေ အနတ္တာ..ဝေဒနာ..သညာ..သင်္ခါရ.. ဝိညာဏံ..ဆိုတာတွေပါသမို့လား၊ အဲဒါ ပရမတ္ထတွေပဲမို့လား၊ ဒါတွေမပါဘဲ ဘယ်လိုလုပ်ရဟန္တာဖြစ်နိုင်မလဲ၊ ရဟန္တာအဆင့်မဆိုထားနဲ့ သောတာပန်ဖြစ်ဖို့ကိုပဲ ပရမတ္ထမသိရင် ရကိုမရဘူးဆိုတာ သဘောပေါက်ပလား.."ဆိုတော့မှ..


အား..ဟုတ်ပြီဘုရား..သဘောပေါက်ပြီ၊ လက်စသတ်တော့ တပည့်တော်က အဘိဓမ္မာနဲ့အဘိဓမ္မတ္ထကို ရောထွေးနေတာကိုး..တဲ့။


ဟုတ်တယ်ဗျ၊ တရားဦးဟောကတည်းက ဝေနေယျတို့သိသင့်တဲ့ ပရမတ္ထတရားကို လိုအပ်သလို ထည့်ဟော ထားတာ၊ အဘိဓမ္မာဒေသနာတော်ဆိုတာက ဝေနေယျတို့သိသင့်တာကိုသာမကဘဲ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ သိစရာရှိသမျှကို အကုန်ထုတ်ဟောတော်မူထားတာ၊ အဲဒီမှာဟောသမျှတွေကို တရားကိုယ်ကောက်ချက်ချ လိုက်ရင်တော့ ပရမတ္ထတရားလေးပါးနဲ့ ပညတ် ပေါင်းငါးပါးပါပဲ။ အဘိဓမ္မာကိုသင်တာက ပညတ်နဲ့ပရမတ် ကွဲပြားသိဖို့ပါ၊ မဂ်ဖိုလ်ရတာက ပရမတ္ထကိုနားလည်လို့ပါ။


အများပြောကြတဲ့"အဘိဓမ္မာသင်မှဖြစ်မယ်"ဆိုတာက ပရမတ္ထကိုနားလည်ဖို့ပြောတာ ဖြစ်ပါလိမ့်မယ်၊ "အဘိဓမ္မာမတတ်ဘဲ မဂ်ဖိုလ်မရနိုင်ဘူး"ဆိုတာကလဲ အဘိဓမ္မတ္ထဖြစ်တဲ့ ပရမတ္ထကိုမမြင်ဘဲမဂ်ဖိုလ်မရနိုင်ဘူး" လို့ ပြောလိုရင်းဖြစ်မှာပါ။


ဒီနေ့ဗုဒ္ဓဘာသာဝင်တို့ အဘိဓမ္မာသင်တယ်ဆိုတာကလည်း ပြောလွယ်အောင်ပြောကြတာပါ၊တကယ်က အရှင်အနုရုဒ္ဓါရေးတဲ့"အဘိဓမ္မတ္ထသင်္ဂဟ"ကိုသင်နေကြတာပါ။အဘိဓမ္မာကိုအကုန်တတ်ဖို့ဆိုတာကတော့

သဗ္ဗညုဘုရားရှင်ကလွဲလို့ ဘယ်သူမှမစွမ်းနိုင်ပါဘူး။ အဲဒါကို ကွဲပြားအောင်ယူတတ်ပါစေနော်..ဆိုတော့မှ-

မှန်ပါ ရှင်းပါပြီဘုရား..တဲ့၊ အဲဒီနေ့က ဒီမေးခွန်းတစ်ခုဖြေရတာနဲ့ တရားတစ်ပွဲစာလောက် ကြာသွားပါတယ်။

အားလုံးသဘောပေါက်အောင် နာယူသင်ကြား,စဉ်းစားဆင်ခြင် မေးမြန်း, ပြောဆို, စိစစ်,ရေးမှတ်,ကျင့်သုံး,ပြီး အထပ်ထပ်သုတေသနပြုပါ.!

သု,စိ,ပု,ဘာ,ဝိ,လိ,သိ,ဓာ-ဆိုတဲ့အတိုင်းပေါ့.!

အပ္ပမာဒေန သမ္ပာဒေထ...!!!

၂၁.၁၀.၁၇-ည

မုဒိတာရွှေကျောင်းမှာ မှတ်တမ်းပြုပါတယ်။

22.10.2021 Dhammabheri Ashin Viriya Facebook Post မှ ကူးယူဖော်ပြပါသည်။

☸️🎁🎡⚓️☸️🎁🎡⚓️☸️🎁🎡⚓️☸️🎁🎡⚓️☸️🎁🎡⚓️


ဝီထိနှင့်ပတ်သက်၍ ....

ဝီထိနှင့်ပတ်သက်၍ ဝီထိရှင်းတမ်းဆိုပြီးပို့စ်တစ်ပုဒ်တင်ပေးခဲ့ဖူးပါတယ်။ အခု မရဏသန္နဝီထိနဲ့ပတ်သက်ပြီး မေးလာတာရှိလို့ နည်းနည်းထပ်ရှင်းပါမယ်။

ဝီထိဖြစ်ကြောင်း အင်္ဂါလေးပါး ရှိပါတယ်။

စက္ခုဒွါရဝီထိ (ဝါ) စက္ခုဝိညာဏ ဝီထိဖြစ်ရန် အကြောင်း (၄)ပါး ပြည့်စုံရ၏ ။

(၁) စကၡဳပသာဒ-ဟုခေါ်သော မျက်စိအကြည်ဓာတ် ကောင်းမွန်ရမည်။ (၂) ရူပါရုံ-ဟူသော မြင်နိုင်သည့် အဆင်းလည်း ရှိရမည်။ (၃) အာလောက-ဟူသော အလင်းလည်း ရှိရမည်။ (၄) မနသိကာရ-ဟုခေါ်သော နှလုံးသွင်းမှု အာဝဇ္ဇန်းလည်း ရှိရမည်။

စက္ခုပသာဒ ချို့ယွင်းနေလျှင်သော်လည်းကောင်း၊ မြင်နိုင်သောအဆင်း မရှိလျှင်သော်လည်းကောင်း၊ အလင်းရောင် မရှိလျှင်သော်လည်းကောင်း၊ နှလုံးသွင်းမှု မရှိလျှင်သော်လည်းကောင်း၊ ဤအင်္ဂါ တစ်ပါးပါး ချို့ယွင်းလျှင် စက္ခုဝိညာဏဝီထိ-ဟူသည့် မြင်သိစိတ်အစဉ် မဖြစ်ပေါ်နိုင်တော့ချေ။

(Science အလိုအရ မြင်ခြင်းတွင် ပထမသုံးချက်သာ အဓိကကျသည်ဟု ယူဆ၏ ။ ရုပ်ဝတ္ထုမှ ပြန်ထွက်လာကြသော အလင်းတန်းများက မျက်စိ၏ အမြင်လွှာ (retina) ပေါ်၌ ကျရောက်သည့်အခါ အာရုံကြောများက ဦးနှောက်သို့ သတင်းပို့၏ ။ ထိုအခါ ဦးနှောက်က ထိုထင်လားသော အာရုံကို သိရှိပြီး မည်သည့်အာရုံ ဖြစ်သည်ကို သတင်းပြန်ကြားပေး၏ ။)

ဗုဒ္ဓအဘိဓမ္မာတွင် ရုပ်ဝတ္ထု, မျက်စိနှင့် အလင်းတို့ အပြင် နှလုံးသွင်းမှု မနသိကာရကိုလည်း အဓိကထား၏ ။ 'သတိမမူလျှင် ဂူမမြင်' ဟူသည့်အတိုင်း နှလုံးသွင်းမှု မရှိလျှင် မမြင်နိုင်ပါ။ ကျွန်ုပ်တို့၏ မျက်စိအမြင်လွှာ၌ ကျွန်ုပ်တို့၏ ရှေ့မှောက်တူရူဝယ် ရှိကြသော ရုပ်ဝတ္ထုပေါင်းများစွာတို့၏ အရိပ်များသည် တစ်ပြိုင်နက်တည်း ထင်ပေါ်နေ၏ ။ ထိုထင်ပေါ်သမျှသော အရိပ်အားလုံးကို ကျွန်ုပ်တို့သည် တစ်ပြိုင်တည်း မမြင်နိုင်ပါ။ တစ်ကြိမ်လျှင် နှလုံးသွင်းသော အရိပ်တစ်ခုကိုသာ မြင်နိုင်၏ ။ မြင်သိစိတ်က အလွန်လျင်မြန်စွာ ဖြစ်ပေါ်နိုင်သည့်အတွက် နှလုံးသွင်းသော အရိပ်တစ်ခုကိုသာ မြင်နိုင်၏ ။ မြင်သိစိတ်က အလွန်လျင်မြန်စွာ ဖြစ်ပေါ်နိုင်သည့်အတွက် နှလုံးသွင်းမှုကောင်းလျှင် ပုံရိပ်များကို တစ်ခုပြီး တစ်ခု နှလုံးသွင်းခြင်းဖြင့် လျင်မြန်စွာ မြင်သိနိုင်၏ ။

တစ်စုံတစ်ခုကို အလေးအနက်တွေးတော၍ ငေးမောသောအခါမျိုး၌ကား အမြင်လွှာတွင် ပုံရိပ်တစ်ထောင်ပင် ထင်နေသော်လည်း ဘာတစ်ခုကိုမျှ မမြင်သိလိုက်ပါ။ နားအကြည်လွှာ၌ အသံမျိုးစုံ ထိခိုက်နေသော်လည်း မည်သည့်အသံမျိုးကိုမျှ မကြားသိလိုက်ပါ။ ထို့ကြောင့် မနသိကာရသည် အလွန်လိုအပ်သော အဓိကရအချက် တစ်ခုဖြစ်ကြောင်း ထင်ရှားလှပေ၏ ။

မနသိကာရနှင့်ပတ်သက်၍ ဖတ်ရန် Link: ပြန်ထည့်ပေးလိုက်ပါမယ်။

++++++++++++++++

* သောတဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး

သောတပသာဒ, သဒ္ဒါရုံ, အာကာသဓာတ်နှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါး၌ အာကာသဓာတ်-ဟူသည်မှာ လေဖြစ်သန်းသွားလာနိုင်သော ဟင်းလင်းနယ်ကို ဆိုလို၏ ။ အသံလှိုင်းများ တိုးလျှိုပေါက်ဖြတ်သန်းနိုင်သော ဟင်းလင်းနယ်ရှိမှသာလျှင် အသံကို ကြားနိုင်၏ ။ မရှိလျှင် အသံကို မကြားနိုင်ချေ။

ဆောင်ပုဒ်။ ။ သောတ, ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့။ Science အလိုအရမူ နား, အသံလှိုင်းနှင့် အသံလှိုင်းကို လက်ဆင့်ကမ်း သယ်ဆောင်ပေးသော လေတို့ ရှိရမည်။

* ဃာနဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး

ဃာနပသာဒ, ဂန္ဓာရုံ, ဝါတနှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါး၌ ဝါတ-ဟူသည်မှာ အနံ့ကို ဆောင်သောလေ ဖြစ်၏ ။ အနံ့ရှိသည့် ရုပ်ဝတ္ထု၏ မော်လီကျူးကလေးများက အငွေ့ပြန်ပြီး လေအဟုန်ကို စီးကာ နှာအကြည်ဓာတ်နှင့် ထိတွေ့၏ ။ ထိုအခါ နှလုံးသွင်းမှုရှိလျှင် အနံ့ကို သိရမည် ဖြစ်၏ ။

* ဇိဝှာဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး

ဇိဝှာပသာဒ, ရသာရုံ, အာပနှင့် မနသိကာရ-တို့တည်း၊ ဤအကြောင်းတရားလေးပါး၌ အာပ-ဟူသည်မှာ လျှာရည် ဖြစ်၏ ။ အရသာရှိသည့် ရုပ်ဝတ္ထုသည် လျှာပေါ်ရောက်၍ လျှာရည်၌ ပျော်ဝင်သောအခါ လျှာအကြည်ဓာတ်နှင့် တွေ့ဆုံရ၏ ။ ထိုအခါ နှလုံးသွင်းမှုရှိလျှင် အရသာကို သိလာရ၏ ။

* ကာယဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး

ကာယပသာဒ, ဖောဋ္ဌဗ္ဗာရုံ, ထဒ္ဓပထဝီနှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါးတွင် ကာယပသာဒ-ဟူသည်မှာ ခန္ဓာကိုယ်တစ်ခုလုံး၌ ပျံနှံ့နေကြသော အာရုံကြောများ၏ ထိပ်ဖူးများ ဖြစ်သည်ဟု မှတ်ယူနိုင်၏ ။

ဖောဋ္ဌဗ္ဗာရုံတွင် ခက်မာခြင်း, နူးညံ့ခြင်းသဘောရှိသည့် ပထဝီဓာတ်၊ တွန်းကန် ဖိနှိပ်ခြင်းသဘောရှိသည့် ဝါယောဓာတ်၊ ပူခြင်းအေးခြင်း သဘောရှိသော တေဇောဓာတ်တို့ ပါဝင်၏ ။ ဤဓာတ်သဘောတို့ကို ' အထိအတွေ့' ဟူ၍ သာမန်အရပ်သုံးစကားဖြင့် ခေါ်ဆိုကြ၏ ။

ထဒ္ဓပထဝီ-ဟူသည် အထိအတွေ့ကို ကာယပသာဒသို့ ကူးဆက်ပေးသည့် ခက်မာသော ပထဝီ ဖြစ်၏ ။

နှလုံးသွင်းမှုရှိမှ အထိအတွေ့ကို သိနိုင်၏ ။ နှလုံးသွင်းမှု မရှိသောအခါ အကျႌ လုံချည် စသည်တို့သည် ကိုယ်နှင့် ထိတွေ့နေသော်လည်း ထိတွေ့နေမှန်းကို မသိရချေ။

* မနောဒွါရဝီထိ ဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး

မနောဒွါရ-ဟုခေါ်ဆိုအပ်သော ဘဝင်စိတ်, ဓမ္မာရုံ,ဟဒယဝတ္ထုနှင့် မနသိကာရ-တို့ ဖြစ်ကြ၏ ။

ခန္ဓာငါးပါး ထင်ရှားရှိသော ပဥ္စဝေါကာရဘုံ (အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ရူပဗြဟ္မာဘုံ) တို့၌ စိတ်တို့သည် ဝတ္ထုရုပ် တစ်ခုခုကို မှီ၍သာ ဖြစ်ကြရ၏ ။

စက္ခုဒွါရ ဝီထိစိတ်-တို့သည် စက္ခုဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။ သောတဒွါရ ဝီထိစိတ်-တို့သည် သောတဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။ ဃာနဒွါရ ဝီထိစိတ်-တို့သည် ဃာနဝတ္ထု , ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။ ဇိဝှါဒွါရ ဝီထိစိတ်-တို့သည် ဇိဝှာဝတ္ထု, ဟဒယဝတ္ထု- တို့ကို မှီ၍ ဖြစ်ကြ၏ ။ ကာယဒွါရ ဝီထိစိတ်-တို့သည် ကာယဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။ မနောဒွါရ ဝီထိစိတ်တို့-သည် ဟဒယဝတ္ထု-ကို မှီ၍ ဖြစ်ကြ၏ ။ သို့အတွက် ပဥ္စဝေါကာရဘုံ၌ မနောဒွါရ ဝီထိဖြစ်ရန် ဟဒယဝတ္ထုသည် အဓိက လိုအပ်ချက်တစ်ပါး ဖြစ်၏ ။

ဘဝင် (၃)မျိုး - (အတီ၊ စလေ၊ ဥပစ္ဆေ၊ သုံးထွေ ဘဝင်္ဂ)

ဝီထိပိုင်း၌ (၁) အတီတဘဝင်၊ (၂) စလနဘဝင် (ဝါ) ဘဝင်္ဂစလနှင့် (၃) ဥပစ္ဆေဒဘဝင် (ဝါ) ဘဝင်္ဂုပစ္ဆေဒ - ဟူသော ဘဝင်သုံးမျိုးကို မှတ်သားရန် လို၏ ။

သတ္တဝါတို့၏ သန္တာန်၌ ဝီထိစိတ် ဖြစ်ပေါ်ခြင်း မရှိသည့် အခါများတွင် ဘဝင်စိတ်သာလျှင် အစဉ်မပြတ် ဖြစ်ပေါ်နေရ၏ ။ ဘဝင်စိတ်သည် လွန်ပြီးခါစ ဘဝဟောင်း၌ စုတေခါနီးအချိန်တွင် မရဏာသန္နဇောက ယူပေးခဲ့သော ကံနိမိတ်, ကမ္မနိမိတ်, ဂတိနိမိတ်, နိမိတ်သုံးပါးအနက်မှ တစ်ပါးပါးကို ပဋိသန္ဓေ တည်သည်မှ စ၍ စုတိတိုင်အောင် အာရုံ ပြု၏ ။ ထိုသို့ အာရုံပြုနေခြင်းကို ကျွန်ုပ်တို့ မသိကြချေ။

ထို့ကြောင့် ဘဝင်စိတ်သည် မသိစိတ် (unconscious mind) နှင့် တူ၏ ။ ဝီထိစိတ်သည် သိစိတ် (conscious mind) နှင့် တူ၏ ။

ပဥ္စဒွါရနှင့် မနောဒွါရတို့၌ အာရုံတစ်ပါးပါး ထင်လာသောအခါ ဘဝင်စိတ်အစဉ်သည် ပြတ်တောက်၍ အာရုံသစ်ကို အာရုံပြုသော ဝီထိစိတ်အစဉ် ဖြစ်ပေါ်လာ၏ ။

ထိုသို့ ဘဝင်အစဉ် ပြတ်ရန် အကြောင်းဖန်လာသောအခါ ဘဝင်စိတ်အစဉ်သည် ရုတ်တရက် တိခနဲ မပြတ်တောက်နိုင်ချေ။ ပမာဆိုသော် အဟုန်ဖြင့် ပြေးသွားသော ယောက်ျားတစ်ယောက်က အပြေးရပ်လိုသောအခါ ရပ်လိုသောနေရာ၌ တိခနဲ မရပ်နိုင်ဘဲ ဖဝါးတစ်လှမ်း နှစ်လှမ်းတို့ကို လွန်စေပြီးမှ ရပ်နိုင်သကဲ့သို့တည်း။

ထို့ကြောင့် ဘဝင်စိတ်အစဉ်သည် ပြင်ပအာရုံ ထင်သည်မှ စ၍ ဘဝင်နှစ်ကြိမ် ထပ်မံ ဖြစ်ပြီးမှသာ ပြတ်တောက်နိုင်၏ ။ ထိုဘဝင်နှစ်ကြိမ်သည် ထင်လာသော အာရုံသစ်ကြောင့် ယူမြဲဖြစ်သော အာရုံကို စွဲမြဲစွာလည် မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်သေးဘဲ ပင်ကိုဘဘောမှ ဖောက်ပြားချောက်ချားသွား၏ ။ ဤသို့ တုန်လှုပ်ချောက်ချားမှုကြောင့် ထိုဘဝင်နှစ်ခုကို ဘဝင်္ဂစလန-ဟု ခေါ်၏ ။ ထိုဘဝင်္ဂစလနနှစ်ခုတွင် ဒုတိယဘဝင်္ဂစလနသည် ဘဝင်အစဉ်တစ်ခု၏ အဆုံးစွန်သော ဘဝင်စိတ် ဖြစ်၏ ။ ထိုဘဝင်စိတ် ဖြစ်ပြီးသည်နောက်၌ ဘဝင်အစဉ် ပြတ်သွားသည့်အတွက် ထိုဘဝင်ကို ဘဝင်္ဂုပစ္ဆေဒ-ဟု အမည်ပေးခဲ့ကြ၏ ။

ဒွါရနှင့် အာရုံ ထိတိုက်ပြီးနောက် ဘဝင်မလှုပ်မီ ဖြစ်ပြီး ချုပ်ပျောက်သွားသော ဘဝင်စိတ်ကို အတီတဘဝင် (လွန်လေပြီးသောဘဝင်) ဟု ခေါ်၏ ။

၁။ ဘဝင်္ဂစလန = လှုပ်ရှားသွားသော ဘဝင်။ ၂။ ဘဝင်္ဂုပစ္ဆေဒ = ပြတ်စဲသော ဘဝင်။ ၃။ အတီတဘဝင် = လွန်လေပြီးသော ဘဝင် ဟူ၍ သိမှတ်နိုင်သည်။

(ဘဝင်အကြောင်းကိုလည်း ဘဝင်စိတ် ဆိုတဲ့အမည်နဲ့ပို့စ်တစ်ခုတင်ပေးခဲ့ဖူးပါတယ်။ လင့်ခ်ပြန်ထည့်ပေးလိုက်ပါမယ်။)

(ဝီထိစဉ်များကို ဤပို့စ်ပါပုံတွင် ထည့်ပေးပါမည်။)

အခု မရဏသန္နဝီထိ အကြောင်းသွားပါမယ်။

ဝီထိအဆုံးတွင် ဘဝင်အနည်းငယ်ခြား၍ဖြစ်စေ၊ ဘဝင်မခြားဘဲဖြစ်စေ အမှန်မုချ စုတိစိတ်ဖြစ်သောဝီထိကို မရဏာသန္နဝီထိဟု ခေါ်ပါသည်။ (ရှေးဆရာမြတ်များသည် ပဋိသ‌န္ဓေဝီထိကို သီးခြားမပြဘဲ စုတိနောက်၌ ပဋိသန္ဓေဝီထိကို တစ်ဆက်တည်း ပြလေ့ရှိကြ၏။ ထို့ကြောင့် မရဏသန္နဝီထိဆိုလျှင် ပဋိသန္ဓေဝီထိလည်း ပါဝင်ပြီးဟု မှတ်ရမည် ဖြစ်သည်။)

ဤမရဏာသန္နဝီထိသည် အဘိဓမ္မာ(သင်္ဂြိုဟ်) အခြေခံသဘော အထူးသဖြင့် ပကိဏ်းပိုင်း၊ ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း နှင့် ရုပ်ပိုင်းတို့ကို ကျေပွန်စွာ လေ့လာထားပြီးသူများအတွက်သာ လွယ်ကူလျှင်မြန်စွာ နည်းလည်နိုင်မည်ဖြစ်ပါသည်။ မေးခွန်းရှင်မှာလည်း ဋီကာကျော်တက်နေသူဖြစ်သဖြင့် ဝီထိပိုင်းကို အခြေခံအသေးစိတ် မရှင်းပြတော့ပါ။ လိုအပ်ပါလျှင် ပေးထားသော လင့်ခ်များသို့ ဝင်ဖတ်ကြည့်နိုင်ပါသည်။

မရဏသန္နဝီထိသည် ပဉ္စဒွါရဝီထိဖြစ်စေ၊ မနောဒွါရဝီထိဖြစ်စေ ဖြစ်နိုင်သည်။ ဤဝီထိနှစ်မျိုးတို့သည် တဒါရုံ (သို့) ဇောနှင့် အဆုံးသတ်ပြီး ထိုတဒါရုံ (သို့) ဇောတို့၏ နောက်၌ ဘဝင်ဖြစ်စေ စုတိစိတ်ဖြစ်စေ ဖြစ်လေ့ရှိသည်။

မရဏသန္နဝီထိ (၂) မျိုး ၁။ ပဉ်စဒှါရ မရဏာသန်နဝီထိ ၂။ မနောဒွါရ မရဏာသန္နဝီထိ (၁) တဒါရုံ ဘဝင်နောင် စုတိ (မနောဒွါရဝီထိပုံစံ - န ဒ မ ဇဇဇဇဇ ရုံရုံ ဘဝင် စုတိ) (၂) တဒါရုံနောင် စုတိ ( န ဒ မ ဇဇဇဇဇ ရုံရုံ x စုတိ) (၃) ဇော ဘဝင်နောင် စုတိ ( န ဒ မ ဇဇဇဇဇ x x ဘဝင် စုတိ) (၄) ဇောနောင် စုတိ ( န ဒ မ ဇဇဇဇဇ xx x စုတိ)

ကာမဘုံမှ စုတေ၍ ကာမဘုံ၌ ပဋိသန္ဓေနေမည်သူဖြစ်အံ့ - ပဉ္စဒွါရဝီထိအားလုံး ဖြစ်နိုင်သည်။ ရူပဘုံမှ စုတေ၍ ကာမဘုံ၌ ပဋိသန္ဓေနေမည့်သူဖြစ်အံ့ - စက္ခုဒွါရဝီထိ နှင့် သောတဒွါရဝီထိ ဖြစ်နိုင်၏။

မရဏာသန္နဝီထိ၏ အာရုံသည် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် - ဟု အမည်တစ်ခုခု ရကြသည်။

ပဥ္စဒွါရ မရဏာသန္နဝီထိအကျဉ်း (၅)မျိုး ၁။ စက်ခုဒှါရ မရဏာသန်နဝီထိ ၂။ သောတဒွါရ ။ ၃။ ဃာနဒှါရ ။ ၄။ ဇိဝှါဒှါရ ။ ၅။ ကာယဒှါရ မရဏသနျနဝီထိ

စက္ခုဒွါရ မရဏာသန္နဝီထိ(၄)မျိုး ၁။ ဇောနောင် စုတိကျသော ဝီထိ ၂။ ဇော ဘဝင်နောင် ။ ၃။ တဒါရုံနောင် ။ ၄။ တဒါရုံဘဝင်နောင် စုတိကျသော ဝီထိ စက်ခုဒှါရ မရဏာသန်နဝီထိ

ဘဝဟောင်း ၁။ တီ န ဒ ပ စ သမ် သန် ဝု ဇ (၅) စု ၂။ ။ ဇ (၅) ဘ စု ၃။ ။ ဇ (၅) ရုံ ရုံ စု ၄။ တိ န ဒ ပ စ သမ် သန် ဝု ဇ (၅) ရုံ ရုံ ဘ စု

ဘဝသစ် ပဋိ ဘ(၁၆) မ ဇ(၇) ဘ ဘ ပဋိ ဘ(၁၆) မ ဇ(၇) ဘ ဘ

ကာမ(၁၁)ဘုံမှ စုတိ၍ ကာမ(၁၁)ဘုံ၌ ပဋိသန္ဓေနေမည့်ပုဂ္ဂိုလ်အတွက်ဖြစ်၏။

(ဘဝဟောင်း) (ဘဝသစ်) မရဏာသန္နဝီထိပုံကို ပို့စ်ပါပုံတွင်ကြည့်ပါ။)

မရဏသန္နဇော - ဒုဂ္ဂတိသို့သွားမည့်သူ အကုဇော(၁၂) သုဂတိ ။ မဟာကုဇော(၈) ပ မှ ရုံ အထိ ပစ္စုပ္ပန်ရူပါရုံ(ကမ္မနမိတ်) ဘဝဟောင်း ဘ စု နိမိတ် (၃) တွင် တခုခု။

ဘဝနိကန္တိကလောဘဇော(၈) ၁။ ပဋိ ပ၊ဒု ဘ တို့သည် ပစ္စုပ္ပန်ရူပါရုံ ကမ္မနိမိတ် ကျန် ဘ တို့သည် အတိတ်ရူပါရုံ ကမ္မနိမိတ် ၂။ ပဋိ ပ.ဘ တို့သည် ပစ္စုပ္ပန်ရူပါရုံ ကမ္မနိမိတ် ကျန် ဘ တို့သည် အတိတ် ရူပါရုံ ကမ္မနိမိတ် ၃။ ပဋိသည်သာ ပစ္စုပွပန်ရူပါရုံကမ္မနိမိတ်၊ ကျန်ဘဝင် ၁၆ တို့သည် အတိတ်ရူပါရုံ ကမ္မနိမိတ် ၄။ ပဋိ . ဘ တို့သည် အတိတ်ရူပါရုံ ကမ္မနိမိတ်

ဘဝဟောင်း မရဏာသန္နဝီထိ၏ ပစ္စုပ္ပန်ရူပါရုံသည် စိတ္တက္ခဏ(၁၇)ချက်ပြည့်မှ ချုပ်သည်။ ပဋိသန္ဓေစိတ်တွင် ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏ ဟု ခဏငယ်(၃)ခု ရှိသည်။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှာ ပဋိသန္ဓေစိတ်နှင့် အတူဖြစ်ဖက် စေတသိက်များ ကမ္မဇရုပ်များ စ ၍ တပြိုင်တည်း ဖြစ်ကြသည်။ ထိုကမ္မဇရုပ်တို့သည် စုတိစိတ်၏ ဘင်ခဏ၌ စုတိစိတ်နှင့်ပြိုင်တူ ချုပ်ကြသည်။ ပဋိသန္ဓေစိတ်၏ ဌီခဏမှာ ဥတုဇရုပ်တို့ စ ၍ ဖြစ်ကြသည်။ ထို ဥတုဇရုပ်တို့သည် စုတိစိတ်ချုပ်ပြီးနောက် အရိုးဆွေး၍ မြေမှုန့် ဖြစ်သည့်တိုင်အောင် ဆက်ကာ ဖြစ်နေကြသည်။ ပဋိသန္ဓေစိတ်နောင် ပထမဘဝင်စိတ်၏ ဥပါဒ်ခဏမှာ စိတ္တဇရုပ်တို့သည် ပထမဘဝင်စိတ်နှင့် တစ်ပြိုင်တည်း စ၍ ဖြစ်ကြသည်။ ထို စိတ္တဇရုပ်တို့သည် ရဟန္တာဖြစ်လျှင် စုတိစိတ်ချုပ်ပြီးနောက် ခဏငယ် (၄၈)ချက်ကြာမှ ချုပ်ကြသည်။ ပုထုဇဉ် သေက္ခပု ဖြစ်လျှင် စုတိစိတ်ချုပ်ပြီးနောက် ခဏငယ် (၅၀)ကြာမှ ချုပ်ကြသည်။ အာဟာရဇရုပ်တို့သည် ကာမဘုံသားတို့၏သန္တာန်၌ သြဇာဓာတ်ပြန့်နှံ့သည့်အခါမှ စတင် ဖြစ်လာကြပြီး စုတိစိတ်ချုပ်ပြီးနောက် ခဏငယ်(၅၀)ကြာမှ ချုပ်ကြသည်။

(စက္ခုဒွါရ မရဏာသန္နဝီထိ နှင့် မနောဒွါရ မရဏာသန္နဝီထိကို ပို့စ်ပါပုံတွင် ထည့်ပေးပါမည်။)

မနောဒွါရဝီထိသည် ပဉ္စဒွါရဝီထိနှင့် သဘောတူ၏။ အထူးမှာ အာရုံအားဖြင့် - အတိတ်, ပစ္စုပ္ပန် ဖြစ်သော ကမ္မနိမိတ် (သို့) ပစ္စုပ္ပန် ဖြစ်သော ဂတိနိမိတ် (သို့) အတိတ် ဖြစ်သော ကံ ဟူသော ကာမအာရုံ ၆ ပါးတွင် တစ်ပါးပါးကို အာရုံပြုပါသည်။

ကျန်ဝီထိစဉ်များကို ဆက်လက်လေ့လာကြည့်ပါ။

မရဏသန္နဝီထိကို ‌လေ့လာထားမှသာ ဋီကာကျော် ဆက်လက်လေ့လာမည့်သူများ အထူးသဖြင့် ဝိသုဒ္ဓိမဂ် တတိယဆင့် “သင်္ခါရပစ္စယာ ဝိညာဏံ” ပုဒ်အဖွင့်၌ လာသော “ပဋိသန္ဓေစိတ်ဖြစ်ပုံ”ကို လေ့လာရာ၌ လွယ်ကူ ရှင်းလင်းစွာ နားလည်နိုင်မည်ဖြစ်ပါသည်။

Ashin Sundara(10.12.2021)

မှတ်ချက်။ ။ မရဏာသန္နဝီထိကို တကယ်နားလည်ချင်တယ်ဆိုယင် ယခုပို့စ်ပါ ပုံများကို save ယူပြီး သေချာလေ့လာဖို့လိုမယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

+++++++++++++++++++++++

ဝီထိရှင်းတမ်း

ဘဝင်စိတ်

မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက

မနသိကာရနှင့်ပတ်သက်၍ (Attention!!!!) ပို့စ်

ယောနိသောမနသိကာရ နှင့် အယောနိသောမနသိကာရ အရကောက်

+++++++++++++++++++

ဝီထိရှင်းတမ်း

ကျနော်ပဋ္ဌာန်းတရားတော်ကိုတင်လာတာ နိဿယပစ္စည်းနဲ့ပုရေဇာတပစ္စည်းတွေမှာ မဇ္စျိမာယုက ဆိုတဲ့ စကားလုံးကို ရှင်းပေးပေမယ့် ဝီထိပိုင်းမသင်ဖူးသူတွေအနေနဲ့ သေချာ မရှင်းသေးတာတွေ့ရတယ်။ ဒါနဲ့ကျနော်လည်း အဲဒါလေးနည်းနည်းထပ်ရှင်းပေးချင်တာနဲ့ ဒီပို့စ်ကို ဝီထိရှင်းတမ်းလို့ နာမည်ပေးလိုက်တယ်။ ဒါပေမယ့် အားလုံးစုံအောင်တော့ ရှင်းပြနိုင်မှာမဟုတ်သေးဘူး။ တစ်နေ့က မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက အကြောင်းကို ပို့စ်တင်လိုက်ပေမယ့် စိတ်သက် ရုပ်သက် ဖြစ်တဲ့ စိတ္တက္ခဏ ၁၇ ချက်နဲ့ ခဏငယ် ၅၁ ချက် နဲ့ ရုပ်သက်ကို ကောင်းကောင်းနားမလည်သေးတာတွေ့ရတယ်။ ဒါကြောင့် ဒီနေ့ဝီထိကို နည်းနည်း ထပ်ပြည့်စုံသွားအောင် ရှင်းပေးချင်ပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မသွားနိုင်ဘူးပေါ့။ ပဉ္စဒွါရဝီထိချပုံလေးကိုပဲ သိသာရုံ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အဲဒီတော့ ပထမဆုံး ဝီထိဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကို နားလည်ရမယ်၊ စိတ်အစဉ်အတန်းကို ဝီထိလို့ ခေါ်တယ်၊ ဝီထိဆိုတာ အစဉ်အတန်းလည်းဟုတ်တယ်၊ လမ်းကိုလည်း ဝီထိလို့ ခေါ်တယ်နော်၊ အဲဒီလို အစဉ်အတန်းကို ဝီထိ၊ အဲဒီတော့ စိတ်အစဉ်အတန်းကို စိတ် ဝီထိလို့ ဒီလိုခေါ်မယ်။

အဲဒီတော့ အခု တစ်ခု သတိထားဖို့က စိတ်အစဉ်အတန်းလို့ ပြောပေမယ်လို့ တကယ်ကတော့ သူ့ခဏ၊ ခဏမှာ အစဉ်အတန်းရယ်လို့ရှိတာ မဟုတ်ဘူး၊ တစ်ခုပြီးရင် ပျောက်သွား၊ နောက်တစ်ခုက သူ့နေရာ၀င်ဖြစ်၊ နောက်တစ်ခုက သူ့နေရာမှာ၀င်ဖြစ်၊ အဲဒီလို သွားတယ်ပေါ့။

ဒါပေမယ့် သူတို့က one unit, one group လိုနေတဲ့အတွက်ကြောင့်မို့ သူတို့ကို တစ်စုသဘောထားပြီး လေ့လာရတယ်၊ ဒါကြောင့်မို့ စိတ်ဝီထိလို့ ခေါ်တာ၊ ဝီထိဆိုတော့ တစ်ခါတည်း မျက်စိထဲမှာ အတန်းကြီး မြင်ပြီးတော့ အတန်းကြီးအတိုင်း ဖြစ်နေတယ်လို့ ဒီလိုတော့ မယူဆရဘူးနော်။

ဥပါဒ်ခဏဆိုတာ ဖြစ်ဆဲအခိုက်အတန့် တစ်စုံတစ်ခု ဖြစ်ပေါ်လာရင် ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်လေးကို ဥပါဒ်လို့ ခေါ်တယ်၊ ဒါကို မြန်မာလိုတိုတိုခေါ်ချင်ရင် ဖြစ်ခဏလို့ ခေါ်တယ်၊ ဥပါဒ်ခဏဟူ၍ဖြစ်စေ၊ ဖြစ်ခဏဟူ၍ဖြစ်စေ ခေါ်ကြမယ်။

ဌီခဏတဲ့၊ ဌီဆိုတာက တန့်ရပ်နေတာလို့ ဆိုလိုတယ်၊ တည်နေတဲ့ခဏ တန့်နေတဲ့ခဏကို ဌီ၊ ဖြစ်ပြီးတော့ နည်းနည်းလေး တန့်နေတယ်၊ ပြီးရင် သူပျက်မယ်၊ အဲဒီအလယ်ခဏကို တည်ဆဲခဏနော်၊ ဒါကို တည်ခဏလို့ ခေါ်ချင်လဲ ခေါ်ပေါ့လေ၊ တည်နဲ့ဌီနှင့်လည်းနီးနီးပါပဲ။

နောက်တစ်ခုကတော့ ဘင်ခဏတဲ့၊ ဘင်္ဂဆိုတာ ပျက်စီးတယ်ဆိုတဲ့ အဓိပ္ပါယ် ရှိတယ်၊ ပါဠိစကားမှာ၊ ဒါကြောင့်မို့ ချုပ်ဆဲခဏ ပျက်စီးတဲ့ ခဏကို ဘင်ခဏလို့ ခေါ်တယ်။

အဲဒီတော့ ဒီ ဆရာအများရဲ့ အယူအဆက အခုအတိုင်းပဲ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ ဖြစ် တည် ချုပ် ဒီ ၃ မျိုး ပါတယ်လို့ ဒီလို ယူဆကြတယ်၊

အဲဒီတော့ ဝီထိပိုင်းကို လေ့လာတဲ့အခါကျတော့ အာရုံတွေ ဘာတွေကလည်း ပါလာလိမ့်မယ်၊ ဒီဝီထိက ဘယ်ကို အာရုံပြုတယ်တို့ ဘာတို့ပါလာတဲ့အခါကျတော့ ရုပ်သဘောနည်းနည်းပါတယ်၊ ဒါကြောင့်မို့ ရုပ်အသက်ဆိုတာကိုလည်း ဒီမှာ နားလည်ရမယ်၊့ ဝီထိလုပ်တဲ့အခါကျတော့ ဒီရုပ်သက်နှင့် တစ်ခါ ညှိရလိမ့်ဦးမယ်။

ရုပ်ကျတော့ ဘယ်လောက် အသက်ရှည်သတဲ့တုန်းဆိုတော့ စိတ္တက္ခဏ ၁၇ ချက် အသက်ရှည်တယ်တဲ့၊ ဒါဖြင့် ရုပ်က စိတ်ထက် အသက် ၁၇ ချက် ပိုပြီးတော့ အသက်ရှည်တယ်၊ သို့မဟုတ် အချုပ်နှေးတယ်လို့ ဆိုနိုင်တာပေါ့၊ စိတ်ကဖြစ်ပြီးချုပ်၊ ရုပ်ကဖြစ်ပြီး သူကနေလိုက်သေးတယ်။

အဲဒီတော့ စိတ္တက္ခဏ ၁၇ ချက်ဆိုရင် ခဏငယ် ဘယ်လောက်လဲ ၁၇×၃ = ၅၁ နော်၊ ခဏငယ် ၅၁ ချက်ပေါ့၊ ရုပ်က ခဏငယ် ၅၁ ချက် ရှည်တယ်၊ စိတ်က ခဏငယ် ၃ ချက်ပဲ ရှည်တယ်။

ဒါ စိတ်သက်နှင့် ရုပ်သက် ဒါမှတ်ထားရမယ်၊ စိတ်သက်နှင့် ရုပ်သက် သိပြီးတဲ့ နောက် ဝီထိ ၂ မျိုးကို တစ်ခါ သိရမယ်။

ပထမ တစ်ခုက ပဉ္စဒွါရဝီထိတဲ့၊ ဒုတိယတစ်ခုက မနောဒွါရဝီထိ။

အဲဒါကြောင့်မို့ ဝီထိပိုင်းမှာ သိသင့်သိထိုက်တဲ့ အချက်အလက်ကလေးတွေကို ပထမသိထားရမယ်။

အဘိဓမ္မာနဲ့ဝေးနေသူများအတွက် လိမ့်ပတ်လည်အောင် ဝီထိနဲ့ပတ်သက်လို့ အခေါ်အဝေါ်လေးတွေ က အစ သူတို့အမည်ခေါ်ပုံလေးတွေကနေ စပြန်သွားကြရင်ကောင်းမယ်ထင်တယ်နော်။

စိတ်အစဉ် ဝီထိစဉ်လေးကို ချရေးလိုက်မယ်ဆိုယင်တော့ “တီ၊ န၊ ဒ၊ ( ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ရုံ၊ ရုံ၊) ” ဆိုပွီး ဒီလိုလာပါတယျ။ ဒါက စက္ခုဒွါရ မြင်သိစိတ်ကလေးရဲ့ အစဉ်လေးပေါ့။

အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာ၀ဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ရ ကြိမ်၊ တဒါရုံ ၂ ကြိမ်၊ ထို့နောင် ဘ၀င် .. ။

အခု . . တီ ဆိုတဲ့ အတီတဘ၀င်ကနေ စာလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး တွေကို တစ်ခုစီ သွားရအောင် . . . ။

တီ = အတီတဘ၀င် = ပဉ္စာရုံများ ပဉ္စပသာဒ(ပဉ္စဒွါရ)မှာ မထင်မီ ရှေ့အဖို့၌ ဘ၀င်စိတ်များ ကြိုတင်ဖြစ်နေရာ ယင်း ပဉ္စာရုံများ ပဉ္စဒွါရ၌ အကြောင်းအားလျော်စွာ ထင်လာတတ်ပါတယ်။ ထိုသို့ ထင်လာရာ၌ အနည်းဆုံး စိတ္တက္ခဏ တစ်ချက်ခန့် ကာလကို လွန်ပြီးမှ ထင်လာနိုင်ပါတယ်။ ထို လွန်ခဲ့သော ဘ၀င်စိတ်ကို “အတီတ ဘ၀င်” လို့ခေါ်ပါတယ်။ (အာရုံနှင့် ပသာဒတို့ ကောင်းစွာမထိခိုက်၊ မတိုက်ဆိုင် မထင်မြင်မီ ချုပ်ပျောက်သွားတဲ့ ဘ၀င်ပေါ့။)

ဘ = ဘ၀င်္ဂစလန = ထိုသို့ ပဉ္စာရုံများထင်လာမှုကြောင့် ဘ၀င် ၂ ကြိမ် လှုပ်ပါတယ်။ ထိုတွင် ဘ၀င်အစဉ်ကို လှုပ်စေသကဲ့သို့ (အာရုံနှင့် ပသာဒတို့ ထိခိုက်တိုက်ဆိုင် ထင်မြင်လာသဖြင့် မူလဘ၀င်စိတ်ကလေး လှုပ်ရှားခြင်း) ကြောင့် ပထမ ဘ၀င်ကို ဘ၀င်္ဂစလန လို့ခေါ်ပါတယ်။

ဒ = ဘ၀င်္ဂုပစ္ဆေဒ = ထို ဖြစ်ပေါ်နေသော ဘ၀င်စိတ်အစဉ် ပြတ်စဲခြင်း (အာရုံနှင့် ပသာဒတို့ ထိခိုက်၊ တိုက်ဆိုင်ထင်မြင်မှု အားကောင်းလာသဖြင့် မူလဘ၀င်စိတ်ကလေး ပြတ်သွားခြင်း၊ ပျောက်သွားခြင်း) ကြောင့် ဒုတိယဘ၀င်စိတ်ကို ဘ၀င်္ဂုပစ္ဆေဒ ခေါ်ပါတယ်။

ပ = ပဉ္စဒွါရာ၀ဇ္ဇန်း = ထင်လာသော အာရုံ အသစ်ကို ဆင်ခြင်သော စိတ်။ (မူလဘ၀င်ပြတ်သွားသောအခါ အာရုံသစ်ကို ကောင်းစွာ ယူနိုင်ပြီဖြစ်၍ ဆင်ခြင်မှု ဆက်ဖြစ်လာခြင်း)

စ = စက္ခုဝိညာဏ် = စက္ခုဒွါရ၌ ထင်လာသော ရူပါရုံကို မြင်တတ်သော စိတ်။ (အာရုံသစ်ကို ကောင်းစွာယူနိုင်ပြီဖြစ်၍ ထင်မြင်လာနိုင် ဆင်ခြင်နိုင်သဖြင့် မြင်သိစိတ် ဖြစ်လာခြင်း)

သံ = သမ္ပဋိစ္ဆိုင်းစိတ် = ထင်လာသော အာရုံကို ခံယူသော စိတ်။ (ထိုမြင်သိသည့် အာရုံကို လက်ခံသိမ်းပိုက်ခြင်း)

ဏ = သန္တီရဏ = ထင်လာသော အာရုံကို စုံစမ်းသော စိတ်။ (လက်ခံပြီး၊ စူးစမ်းစိတ် ဆက်ဖြစ်လာခြင်း)


ဇ = ဇော = ထင်လာသော အာရုံ၏ အရသာကို ခံစားသော စိတ်။ (ဆုံးဖြတ်သည့်အတိုင်း အာရုံကို လျှင်မြန်စွာ အရှိန်အဟုန်ကောင်းကောင်းဖြင့် ခံစားသည့် ကုသိုလ်ဇော၊ အကုသိုလ်ဇော (ရဟန္တာပုဂ္ဂိုလ်တို့အတွက် ကြိယာဇော) တို့ ၇ ကြိမ် ဖြစ်လေသည်။

ရုံ = တဒါရုံ = ဇောနောက်သို့လိုက်၍ ဇော၏ အာရုံကိုသာ အာရုံပြုသော စိတ်။ (အရှိန်ကောင်းကောင်းဖြင့် ၇-ကြိမ် ဖြစ်ပြီးသော ဇောနောက်တွင် (ခုတ်မောင်းသွားသော သင်္ဘောသို့ ရေသည် အနည်းငယ် အစဉ်လိုက်သကဲ့သို့) အမြှင်မပြတ် ဆက်လက်ဖြစ်သည့်၊ တဒါရုံ စိတ် ၂ ကြိမ် ခန့်ဖြစ်လာခြင်း)

စတဲ့ ဝီထိပုံစံမှာပါတဲ့ အကျဉ်းသင်္ကေတလေးတွေ အတိုကောက်အမှတ်အသားနဲ့ အဓိပ္ပါယ်လေးတွေ တော့သိရပြီပေါ့။

ပထမဆုံး ဝီထိတစ်ခုကို စုံအောင်လေ့လာမယ်၊ နောက်ဟာတွေတော့ အကုန် မလုပ်နိုင်ဘူးပေါ့၊ တစ်ခုချင်း တစ်ခုချင်းဆိုရင် အကြာကြီးလုပ်ရမှာ၊ ပထမ တစ်ခုကိုတော့ စုံအောင်လေ့လာကြမယ်၊ အဲသလို လေ့လာမှ ဝီထိတစ်ခုမှာအဓိပ္ပါယ်တွေ ဘယ်လောက်ပါတယ်၊ မြင်တယ်လို့ ပြောလိုက်တာဘယ်လောက် နက်နဲတာတွေပါတယ်ဆိုတာသိမယ်၊ နေ့တိုင်းကြုံတွေ့နေတာဆိုတော့ ဘယ်သူမှသိပ်ပြီး ဂရုမစိုက်ဘူး၊ အဲဒီတော့ ပေါ့ပေါ့ဆဆလေးပဲ၊ မလေးနက်ဘူးလို့ ထင်တာပဲ များလိမ့်မယ်၊ တကယ် အခုလို သိလာတဲ့အခါကျတော့မှ မြင်တာလေးတစ်ခုတည်းကလည်း အများကြီးပါလား၊ မြင်တာနဲ့ပတ်သက်ပြီးတော့ကို အဘိဓမ္မာအနေနဲ့ သိစရာတွေကမနည်းပါဘူးလားဆိုတာ တစ်ခါပေါ်လာလိမ့်မယ်နော်။

အဲဒီတော့ ခုနပြောတဲ့အတိုင်း ပထမအစ ဝီထိဘယ်နှစ်မျိုးရှိသလဲ၊ ပဉ္စဒွါရဝီထိ၊ မနောဒွါရဝီထိ။

အဲဒီ ပဉ္စဒွါရဝီထိမှာ ဝီထိကလည်း ၅ မျိုး ရှိတယ်၊ ဒွါရနဲ့ပဲ ပြောကြစို့နော်၊ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ။

အာရုံတစ်ခုခုက ဒွါရတစ်ခုခုကို တွေ့လိုက်တဲ့အခါမှာ ရိုက်လိုက်တဲ့အခါမှာ အဲဒီဘ၀င်ဟာ ဘာဖြစ်သွားသလဲဆိုတော့ ပထမ တစ်ချက် လွန်သွားတယ်တဲ့နော်၊ တစ်ချက်လွန်သွားပြီးမှ သူ့မှာ ထူးခြားမှုတွေဖြစ်မယ်၊ ပထမ တစ်ချက်လွန်သွားတယ်။

အဲဒီတော့ အာရုံက ဒီဒွါရကို တွေ့တွေ့ချင်း ဘ၀င်က မထူးခြားသေးဘူး၊ တစ်ချက်လွန်သွားတယ်၊ ဒါက ဘယ်လိုလဲဆိုတော့ ဟို တအားပြေးလာတဲ့လူဟာ ချက်ချင်းမရပ်နိုင်သလို၊ နည်းနည်းနှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်းစသည်တော့ လွန်သွားသေးတာပဲ၊ အဲသလို လျှင်မြန်စွာပြေးလာတဲ့ လူဟာ ချက်ချင်း မရပ်နိုင်သလိုပဲ ဘ၀င်ကလည်း အရှိန်နဲ့လာနေတာဆိုတော့ အာရုံနဲ့တွေ့လိုက်သည်နဲ့ တစ်ပြိုင်နက် ချက်ချင်းမရပ်နိုင်ဘူး၊ တစ်ချက် လွန်သွားတယ်၊ အဲဒီလို တစ်ချက်လွန်သွားပြီးတဲ့ နောက်ကျတော့ ခုနက အာရုံရဲ့ ရိုက်ခတ်မှုကြောင့် သူက ဘ၀င်က လှုပ်သွားတယ်၊ လှုပ်ရာကနေ အာရုံက အားကောင်းတယ်၊ ပြင်းထန်တယ်ဆိုတော့ နောက်တစ်ကြိမ်ကျတော့ ပြတ်သွားတယ်။

အဲဒါကြောင့်မို့ ဘ၀င်အကြိမ် ဘယ်နှစ်ကြိမ်လာလဲ၊ ၃ ကြိမ်လာတယ်နော်၊ ပထမ လွန်သွားတဲ့ ဘ၀င်တစ်ကြိမ်၊ နောက်လှုပ်တဲ့ ဘ၀င်တစ်ကြိမ်၊ ပြတ်သွားတဲ့ ဘ၀င်တစ်ကြိမ်၊ ၃ ကြိမ်နော်။

ပထမလွန်သွားတဲ့ဘ၀င်ကို အတီတဘ၀င်ခေါ်တယ်၊ နောက်ပြီးတော့ လှုပ်တဲ့ဘ၀င်ကို ဘ၀င်္ဂစလန၊ ပြတ်သွားတဲ့ဘ၀င်ကို ဘ၀င်္ဂုပစ္ဆေဒ၊ ဒီနာမည်လေးတွေ မှတ်ဖြစ်အောင် မှတ်ရလိမ့်မယ်နော်၊ အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ။

ဒါကြောင့်မို့ အာရုံတစ်ခုက ဒွါရတစ်ခုကိုလာပြီးတော့ တွေ့လိုက်တဲ့အခါမှာ ဘ၀င်က ချက်ချင်း ပြတ်သွားတာ မဟုတ်ဘူးနော်၊ ပထမ စိတ္တက္ခဏတစ်ချက် လွန်သွားတယ်၊ လွန်သွားပြီးတဲ့နောက် လှုပ်ရှားသွားတယ်၊ လှုပ်ရှားသွားပြီးနောက် တတိယခဏကျမှ သူကပြတ်သွားတယ်၊ ဒါဟာ အားကောင်းတဲ့အာရုံကို ဆိုလိုတာ၊ အတိမဟန္တအာရုံမျိုးကို ဆိုလိုတာ။

အတိမဟန္တာရုံဝီထိဆိုတာ ခုပြတဲ့အစဉ်လေးပါပဲ။ တဒါရမ္မဏဝါရ စက္ခုဒွါရ အတိမဟန္တာရုံဝီထိ လို့ ခေါ်ပါတယ်။

“တီ၊ န၊ ဒ၊ ( ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ရုံ၊ ရုံ၊)” ဒါလေးပါပဲ။

ဒါကြောင့်မို့ မြင်တဲ့ဝီထိအနေနဲ့ပြောမယ်ဆိုယင် အဲဒီဝီထိလေးချကြည့်လိုက်ပါ၊ အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာ၀ဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ရ ကြိမ်၊ တဒါရုံ ၂ ကြိမ်၊ ထို့နောင် ဘ၀င် နော်။

ထို့နောင်ဘ၀င်ဆိုတာက ဒီနောင်ဘ၀င်တွေ အများကြီးရှိလိမ့်ဦးမယ်လို့ ဆိုလိုတယ်၊ ဒါကို ဘာလို့ ခေါ်လည်းဆိုတော့ စက္ခုဒွါရဝီထိ .. တဲ့။

စက္ခုဒွါရဝီထိနဲ့ မြင်တာဟာ ပစ္စုပ္ပန်ရူပါရုံကိုမြင်တာ၊ ရှိနေတုန်း မြင်တာနော်၊ အတိတ်ရူပါရုံကို မြင်တဲ့အခါကျတော့ စက္ခုဒွါရဝီထိနဲ့ မြင်တာမဟုတ်ဘူး၊ မနောဒွါရဝီထိနှင့် မြင်လိမ့်မယ်။ အနာဂတ်လှမ်းပြီးတော့ စဉ်းစားတာမျိုး ဘာမျိုးဟာ စက္ခုဒွါရဝီထိမဟုတ်ဘူး၊ အခု တိုက်ရိုက်ရှိနေတဲ့ ရူပါရုံကိုမြင်တာ၊ တိုက်ရိုက်ရှိနေတဲ့ သဒ္ဒါရုံ အသံကို ကြားနေတာ၊ အဲဒီလို ဝီထိ၊ ပဉ္စဒွါရဝီထိဆိုတာ။

စိတ္တက္ခဏဆိုတာ စိတ်တစ်ခု အသက်ရှည်ရာကာလ၊ မျက်စိတစ်မှိတ်၌ စိတ္တက္ခဏပေါင်း ကုဋေများစွာ ဖြစ်နိုင်ချုပ်နိုင်ပါတယ်။

ခဏငယ်ဆိုတာကတော့ စိတ္တက္ခဏတစ်ခုမှာ ခဏငယ် ၃ ခုရှိပါတယ်။ အဲဒါတွေက ဥပါဒ်ခဏ - ဖြစ်ဆဲခဏ အခိုက်အတန့် ဖြစ်ခဏ၊ ဌီခဏ - တည်ဆဲခဏ တည်ခဏ၊ ဘင်ခဏ - ချုပ်ဆဲခဏ ပျက်ခဏ ပါ။

စိတ်အသက်က စိတ္တက္ခဏတစ်ချက်ရှည်ပါတယ်။

ရုပ်အသက်က စိတ္တက္ခဏ ၁၇ ချက်ရှည်ပါတယ်။

စိတ်တစ်ခု၏ ဖြစ်, တည်, ပျက် ဟူသော ဥပါဒ် ဌီ ဘင် တို့၏အစွမ်းဖြင့် ခဏငယ် ၃ ခုတို့၏ အပေါင်းသည် စိတ္တက္ခဏတစ်ခု မည်၏။ စိတ်၏အသက်ဖြစ်၏။ … လို့ ဆိုပါတယ်။

ဥပါဒ် - ပရမတ္တသဘောတရားတို့၏ ဖြစ်ခြင်းသဘောသည် ဥပါဒ် မည်ပါတယ်။

ဌီ - ဥပါဒ် ဘင် နှစ်ပါးတို့၏အလယ်၌ ဘင်သို့ ရှေ့ရှုဖြစ်ခြင်းသဘောသည် ဌီ မည်ပါတယ်။

ဘင် - ပရမတ္တသဘောတရားတို့၏ ပျက်ခြင်းသဘောသည် ဘင် မည်ပါတယ်။

ရုပ်သက်တွက်ပုံကတော့ စိတ္တက္ခဏ ၁၇ ချက် အသက်ရှိပါသည်တဲ့။ (ခဏငယ်ပေါင်း ၁၇×၃= ၅၁ ချက်)

===============================================

နာမ်သက် = ဥပါဒ် ဌီ ဘင် = ခဏငယ်သုံးချက် = စိတ္တက္ခဏ(ခဏကြီး)တစ်ချက် (စိတ်၊စေတသိက်) ၀ ၀ ၀

ရုပ်သက် = ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ = (၁၇)

၀၀၀ -------------------------------------------------------------- ၀၀၀

ဥပါဒ် ------------------------- ဌီ (ခဏငယ် ၄၉ ချက်) ---------------------- ဘင် = (၅၁)

ရုပ်သက် = ရုပ်တစ်ခု၏အသက်သည် စိတ္တက္ခဏ ၁၇ ချက် = ခဏငယ် ၅၁ ချက်ရှိ၏။

===================================

ရုပ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏသည် စိတ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏကဲ့သို့ ခဏငယ် ၁ ချက်စီသာ ရှိပါတယ်တဲ့။ ရုပ်၏ ဌီခဏ၌ကား ခဏငယ်ပေါင်း ၄၉ ချက် အသက်ရှိပါတယ်တဲ့။

ထို့ကြောင့် ရုပ်၏အသက် စိတ္တက္ခဏ ၁၇ ချက်တွင် အစဆုံးခဏသည် ဥပါဒ်အခိုက်ဖြစ်၍ အဆုံးခဏသည် ဘင်အခိုက် ဖြစ်၏။ အလယ်ခဏ ၄၉ ချက်သည် ဌီအခိုက် ဖြစ်ပါတယ်တဲ့။

စိတ်သက်ထက် ရုပ်သက်ပိုရှည်ရခြင်းအကြောင်းကတော့ … စိတ် စေတသိက်တရားတို့သည် အကောင်အထည် အတုံးအခဲသဘောမှ ကင်းဆိတ်သောကြောင့် လျင်မြန်စွာ ဖြစ်တတ်၊ ပျက်စီးတတ်ကုန်၏။

ရုပ်တရားတို့သည်ကား အကောင်အထည် အတုံးအခဲသဘော ရှိသောကြောင့် နှေးလေးစွာ ဖြစ်တတ်၊ ပျက်စီးတတ်ပါတယ်။

ဒါကြောင့်မို့ စိတ်သက်သည် စိတ္တက္ခဏ ၁ ချက် (ခဏငယ် ၃ ချက်) သာရှိ၍ ရုပ်သက်သည်ကား စိတ္တက္ခဏ ၁၇ ချက် (ခဏငယ် ၅၁ ချက်) အသက်ရှည်ရခြင်း ဖြစ်ပါတယ်တဲ့။

ဒီနေရာမှာ ဗဟုသုတရရှိစေရန် ကျနော် စက္ခုဒွါရ ၁၅ ဝီထိ ဖြစ်ပုံဇယားလေးနှင့်အတူ စက္ခုဒွါရဝီထိ တစ်မျိုးစီဆိုရိုးကို ဖော်ပြပေးပါမယ်။ ကျန်တဲ့ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ တွေကိုတော့ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ်စသည် အစားထိုးလဲလှယ် ပေးလိုက်ယင် (စက္ခုဒွါရဝီထိ ၁၅ + သောတဒွါရဝီထိ ၁၅ + ဃာနဒွါရဝီထိ ၁၅ + ဇိဝှါဒွါရဝီထိ ၁၅ + ကာယဒွါရဝီထိ ၁၅ = ပေါင်း ၇၅ ဝီထိ ) ပဉ္စဒွါရဝီထိ ၇၅ ဝီထိ ရရှိပါလိမ့်မယ်။

ဒီမှာတော့ ဆိုရိုးကို ပထမဝီထိ၏ ဆိုရိုး တစ်ခုစီကိုသာ သိသာရုံသာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ဝီထိတွေကို ယခုပေးထားတဲ့ဆိုရိုးအတိုင်း အစားသွင်းသွားရုံပါပဲ။

စက္ခုဒွါရ ၁၅ ဝီထိ ဖြစ်ပုံဇယား ===============

အတိမဟန်တာရုံ ၁ ဝီထိ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ရုံ၊ ရုံ) (တဒါရမ်မဏဝါရ)


----------------------------------------------------------

မဟန်တာရုံ ၂ ဝီထိ ၂ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊) ငျ ၃ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊) (ဇ၀နဝါရ)


-----------------------------------------------------------

ဝေါဋ္ဌဗ္ဗဏဝါရ ပရိတ္တာရုံ ၆ ဝီထိ ၄ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊ င်၊ င်၊ င်၊ င်၊ ၅ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊ င်၊ င်၊ င်၊ ၆ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊ င်၊ င်၊ ၇ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊ င်၊ ၈ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) ငျ၊ ၉ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊)

ဝေါဋ္ဌဗ္ဗဏဝါရ စက္ခုဒွါရ ပရိတ္တာရုံဝီထိဖြစ်ဟန်ကား - ရူပါရုံနှငျ့ စက်ခုပသာဒတို့ ရှေ့ရှုအတူ ဥပါဒျကွသညျမှ အတီတဘဝငျ ၄ခကြျ အလှနျတှငျ စက်ခုပသာဒ၌ ရူပါရုံထငျခွငျးသို့ ရောကျသဖွငျ့ ဘဝငျ်ဂစလန၊ ဘဝငျ်ဂုပစ်ဆဒေ၊ ပဉ်စဒှါရာဝဇ်ဇနျး၊ စက်ခုဝိညာဏျ၊ သမ်ပဋိစ်ဆိုငျး၊ သန်တီရဏ၊ ဝုဋ်ဌော ၂ကွိမျ၊ ဘဝငျ ၅ကွိမျ ဖွစျပွီးလြှငျ ရူပါရုံ စက်ခုပသာဒတို့ ၁၇ ခကြျ ရုပျသကျစေ့ရကား၊ ပဉ်စမဘဝငျ၏ ဘငျနှငျ့ပွိုငျ၍ ခြုပျခွငျးရှိသော ဝီထိသညျ ဝေါဋ်ဌဗ်ဗဏဝါရ စက်ခုဒှါရ ပရိတ်တာရုံဝီထိမညျ၏။ ထို့နောကျ ဘဝငျဖွစျထိုကျသမြှ ဖွစျ၍ ခြုပျ၏။

--------------------------------------------------------

မောဃဝါရ အတိပရိတ္တာရုံ ၆ ဝီထိ ၁၀ တီ၊ န၊ န၊ - င်၊ င်၊ င်၊ င်၊ င် ၁၁ တီ၊ န၊ န၊ - င်၊ င်၊ င်၊ င် ၁၂ တီ၊ န၊ န၊ - င်၊ င်၊ င် ၁၃ တီ၊ န၊ န၊ - င်၊ င် ၁၄ တီ၊ န၊ န၊ - င် ၁၅ တီ၊ န၊ န


---------------------------------------------------

အခု အထက်မှာ စက္ခုဒွါရ ၁၅ ဝီထိ ဖြစ်ပုံဇယား နဲ့ အတိမဟန္တာရုံဝီထိ၊ မဟန္တာရုံဝီထိ၊ ပရိတ္တာရုံဝီထိ၊ အတိပရိတ္တာရုံဝီထိ တို့ရဲ့ ပထမဆုံး ဝီထိတစ်ခုစီ၏ ဆိုရိုးတစ်ခုစီကို ဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ ဆိုရိုးတစ်ခုထဲနဲ့ စက္ခုဒွါရ ၁၅ ဝီထိ ရနိုင်သလို ပဉ္စဒွါရဝီထိ ၇၅ ဝီထိကိုလည်း ဒီအတိုင်း ချသွားနိုင်ပါတယ်။ နည်းသိသွားယင် အရမ်းလွယ်တယ်နော်။

သောတဒွါရဝီထိ စသည်တို့ကို ချတဲ့အခါမှာတော့ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ် စသည်တို့ကို အစားထိုး လဲလှယ်ရုံသာ ထူးပါတယ်။ ဒါကြောင့် သဘောသွားသိပြီမို့ ကျန်တာတွေ မဖော်ပြတော့ပါ။

မှတ်ချက်

- စက္ခုဒွါရဝီထိ၌ ၁၅ ဝီထိရသကဲ့သို့ - သော၊ ဃာ၊ ဇီ၊ ကာ - တို့၌လည်း ၁၅ ဝီထိစီရသဖြင့် ပဉ္စဒွါရဝီထိပေါင်း ၇၅ ဝီထိ ရပါတယ်။

- တဒါရုံဝီထိစိတ် အဆုံးရှိသော စိတ်အကြိမ်ကို တဒါရမ္မဏဝါရလို့ခေါ်ပါတယ်။ (အတိမဟန္တာရုံ)

- ဇောဝီထိစိတ် အဆုံးရှိသော စိတ်အကြိမ်ကို ဇ၀နဝါရဟု ခေါ်ပါတယ်။ (မဟန္တာရုံ)

- ဝုဋ္ဌောဝီထိစိတ် အဆုံးရှိသော စိတ်အကြိမ်ကို ဝေါဋ္ဌဗ္ဗနဝါရ ဟုခေါ်ပါတယ်။ (ပရိတ္တာရုံ)

- ဝုဋ္ဌောဝီထိစိတ် ဖြစ်ခြင်းမရှိဘဲ ဘ၀င်စိတ်များသာဖြစ်၍ ဝီထိစိတ်မှ အချည်းနှီးဖြစ်သော အတိပရိတ္တာရုံဝီထိကို မောဃဝါရ ဟုခေါ်ပါသည်။

အာရုံ ၅ပါးတို့သည် စိတ္တက္ခဏတစ်ချက်လွန်သည်ဖြစ်စေ - များစွာလွန်သည်ဖြစ်စေ၊ ဌီခဏသို့ ရောက်သည်ဖြစ်၍သာလျှင် ဒွါရငါးပါးတို့၌ ရှေ့ရှုထင်ခြင်းသို့ ရောက်ကုန်၏တဲ့။ ဒီလောက်ဆိုယင်တော့ ရုပ်ရဲ့သက်တမ်းက ယေဘုယျအားဖြင့် စိတ္တက္ခဏ ၁၇ ချက်၊ ခဏငယ် ၅၁ ချက် အသက်ရှည်ပါတယ်။ စိတ်+စေတသိက် ၁၇ ဆသည် ရုပ်သက်တစ်ခုဖြစ်ပါတယ်ဆိုတာ နည်းနည်းတော့ ပိုရှင်းသွားမယ်ထင်ပါတယ်။

ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။ မေတ္တာဖြင့် TNO(2.9.2019) Thein Naing Ohn

+++++++++++++++++++

ဘဝင်စိတ်

ဘဝတစ်ခုအတွင်းက ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်တို့သည် အာရုံတူမြဲဓမ္မတာ ရှိကြ၏။ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော အခါဝယ် ယင်းမရဏာသန္နဇောက ယူထားသောအာရုံကိုပင် ဆက်လက်ပြီး အာရုံပြုကြ၏၊။ ပစ္စုပ္ပန် အာရုံခြောက်ပါးကို အာရုံ ပြုကြသည်ကား မဟုတ်ကြပေ။ ထို မရဏာသန္နဇော၏ အာရုံမှာလည်း ကံ၊ ကမ္မနိမိတ်၊ ဂတိနိ မိတ်သုံးမျိုးတို့တွင် တမျိုးမျိုးသည် ထိုက်သလို ဖြစ်၏။

ဘဝင်စိတ်သည် မည်သည့် အာရုံဖြစ်သည်ဟူသော အချက်မှာ ယေဘုယျအားဖြင့် အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံကိုရှုနိူင်သော အချိန် (သို့မဟုတ်) ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းကသာ ထင်ရှားစေမည် ဖြစ်သည်။ တနည်းဆိုရသော် အတိတ်ခန္ဓာငါးပါးတို့သိမ်းဆည်းနိုင်သောအခါ အတိတ်ခန္ဓာငါးပါးတွင် အကျုံးဝင်သော အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အဝိဇ္ဖာ တဏှာ ဥပါဒါန် သင်္ခါရကံနှင့် ယင်းတရားတို့၏ စွဲယူရာအာရုံကိုပါ ပုံစံမှန်သိနိူင်မည်ဖြစ် သည် ။ ထိုသို့ သိရှိပါမှလည်း ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ပရိညပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြားသိအောင် ရှုပွားနိူင်မည်ဖြစ် သည်။

အတိတ် ခန္ဓာငါးပါးကို လည်းကောင်း၊ အတိတ် ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရကံတို့ကိုလည်းကောင်း၊ ယင်းတရားတို့၏ စွဲယူရာ အာရုံကိုလည်းကောင်း မရှုနိူင်သေးသော ယောဂါဝစရပုဂ္ဂိုလ်များအဖို့ ထိုဘဝင်စိတ်၏ အာရုံမှန်ကို အတိအကျ သိရှိဖို့ရန် အလွန်ခဲယဉ်းလှပေသည် ။ သို့အတွက် ယောဂါဝစရ ပုဂ္ဂိုလ်များအနေဖြင့် ထိုသို့ ဘဝင်စိတ်များ ဆက်တိုက်ကျနေချိန်မျိုးတွင် ဘာမှမသိဟု ပြောနေခြင်းဖြစ်သည် ။ ထိုဘဝင်စိတ်သည် ယခု လောလောဆယ် ရ နေဆဲ ဖြစ် သော အာနာပါနပဋိ ဘာဂနိမိတ်စသော ထို ထို အာရုံကိုလည်း အာရုံ မပြုပေ မသိပေ။ ပစ္စုပ္ပန် အာရုံ (၆)ပါးတို့တွင် မည်သည့် အာရုံကိုမျှ အာရုံမပြုပေ မသိပေ။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်များ အနေဖြင့် ဘာမျှမသိ ဟု ထင်မြင် ယူဆနေခြင်း ဖြစ်သည် ။

သို့သော် သာသနာတော်ဘက်က ထိုဘာမျှမသိ ဟူသော စကားကိုကား လက်မခံနိုင်ပေ။ ကာမ- ရူပ-အရူပ-လောကုတ္တရာ ဟူသော ဘုံ လေးပါးအတွင်းက တည်ရှိသော စိတ်မှန်သမျှသည် အာရုံကိုမသိသောစိတ် မည်သည်မရှိ စကောင်းပေ၊ စိတ်အားလုံးသည် အာရုံကို ပိုင်းပိုင်းခြားခြားသိခြင်း ဝိဇာနနသဘောလက္ခ ဏာ ရှိသည်သာလျှင်တည်း။ (အဘိ -ဋ္ဌ-၁-၁၅၅။)

အထက်ပါ အဋ္ဌသာလိနီ အဋ္ဌကထာ အဆို အမိန့်အရ ဘဝင်စိတ်သည်လည်း ကာမရူပ အ ရူပဘုံ အတွင်းက တည်ရှိသော စိတ်တမျိုးသာ ဖြစ်ခြင်းကြောင့် ဘာမျှမသိသည့် မသိစိတ် တမျိုးကား မဟုတ်ပါပေ။ ပစ္စုပ္ပန် အာရုံမှန် သမျှကို မသိငြားသော်လည်း အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော ယူထားသည့်အာရုံ ကိုကား သိလျက်သာရှိပါသည် ။ ((( အတိတ်ခန္ဓာ (၅)ပါးနှင့်သာ စပ်ဆက်သည် ။ )))

စက္ခုဝိညာဏ်စိတ်သည် အသံအနံ့ အရသာ အတွေ့အထိ ဓမ္မ သဘောဟူသော အာရုံ ငါးပါးကို မသိငြားသော်လည်း အဆင်း အရောင် = ရူ ပါရုံ ကိုကား သိလျက် ပင်ရှိ၏။ ယင်းစက္ခုဝိညာဏ် စိတ်ကို အသံ စသည့် အာရုံ ငါးပါးကို မသိသောကြောင့် မသိစိတ်ဟု ခေါ်ဆို၍ ကား မရနိုင် ၊ ရူပါရုံကိုကား သိတတ်သောကြောင့် ဖြစ် ၏။

အလားတူပင် ဘဝင်စိတ်ကို လည်း အတိတ် မရဏာသန္နဇော ယူထားသည့် အာရုံကို သိ နေသောကြောင့် ပစ္စုပ္ပန်အာရုံဟူသမျှကို မသိ ငြားသော်လည်း မသိစိတ်ဟူကား မဆိုနိုင်ပေ။ ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် သမာဓိအတော် အသင့် ဖြစ်လာသည့်အခါ ဈာန်အင်္ဂါငါးပါးတို့ က စွ မ်းအင်အပြည့်အဝဖြင့် ဖြစ်ပေါ်မလာနိုင် သေးသည့်အတွက် ဘာဝနာစိတ် အစဉ်ကို ဘဝင် သို့ ကျမနေအောင် ချီမ မထားနိုင်သေးသည် ဖြစ်သောကြောင့် တခါတရံ ဘဝင်ကျကျနေမှုကို ဘာမျှမသိဟု ယူဆနေသော် ငြားလည်း ယင်းဘဝင်စိတ်ကား အသိစိတ် သာလျှင်ဖြစ်ပေသည်။

တဖန် ဘဝင်ကျနေမှုကို ဖလသမာပတ် နှင့် လည်း ရောထွေးနေတတ်ကြပြန်၏။ ဘဝင်စိတ် များ အကြိမ်များစွာ ဆက်တိုက် ဖြစ်နေမှုကို ပင် ဖလသမာပတ်ဝင်စားနေသယောင် ယူဆပြောဆို နေကြပြန်၏။ သို့အတွက် ဖလသမာပတ် နှင့် ဘဝင်တို့၏ ခြားနားချက်ကို သဘောပေါက်စေရန် အတွက် ဖလသမာပတ် အကြောင်းကို ဖားအောက်ဆရာတော်၏ နိဗ္ဗာနဂါမိနိပဋိပ္ပဒါ ဝိပသနာပိုင်း ဖလသမာပတ်ကထာ (နှာ-၅၂၂-၅၃၀) တွင် ကြည့်ပါ။

ဝီထိဇယားများတွင် စက္ခုဒွါရဝီထိ နှင့် မနောဒွါရဝီထိတို့၏ အကြားကလည်းကောင်း၊ မနောဒွါရဝီ ထိတို့၏လည်းကောင်း ၊ ဝီထိတစ်ခု နှင့် တစ်ခု အကြားတွင် လည်းကောင်း ဘဝင်များ အကြိမ် များစွာခြားလျက် ရှိကြောင်းကို ဖော်ပြထား၏။ ဘဝင်တွင် (၁) သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ သော တိဟိတ် ပုဂ္ဂိုလ်အတွက် နာမ်တရား(၃၄) (၂) ဥပေက္ခာဝေဒနာ နှင့် ယှဉ်လျက် ပဋိ သန္ဓေတည်နေခဲ့သော တိဟိတ် ပုဂ္ဂိုလ်ဖြစ်ပါမူ ယင်းဘဝင်နာမ် တရားမှာ (၃၃) ဖြစ်သည် ၊ ပီ တိ မယှဉ်ပေ။ (၃) ဒွိဟိတ်ပုဂ္ဂိုလ် စသည်တို့ကလည်း ယင်း ဘဝင်နာမ်တရားများမှာ (၃၃-၃၂) စသည် ဖြင့်ထိုက်သလိုရှိနေမည်သာ ဖြစ် သည် ။

ယင်းဘဝင်စိတ်သည် လွန်ခဲ့သောအတိတ် ဘဝ သေခါနီး မရဏာသန္နဇော အခါက ထင်ခဲ့သော မရဏာသန္နဇော အာရုံဖြစ်သည့်ကံ ၊ ကမ္မနိ မိတ် ၊ ဂတိနိမိတ် ဟူသော အာရုံ (၃) မျိုးတို့တွင် တမျိုးမျိုးကိုသာ အာရုံပြု၏။ ယေဘုယျအားဖြင့် ပစ္စယပရိဂဟဉာဏ်ပိုင်းသို့ တက်လှမ်းသောအခါကျမှ ယောဂီပုဂ္ဂိုလ် အများစုမှာ အတိတ် မရဏာသန္နဇော၏ အာရုံကို ပုံစံမှန် ရှုနိုင်ကြ၏၊ ယင်းအတိတ် မရဏာသန္နဇော၏ အာရုံမှန်ကို ပုံစံမှန် ရှုမြင်နိုင်သောအခါမှ ဘဝင် ၏ အာရုံမှန်ကိုလည်းပုံစံမှန် ရှုနိုင်မည် သိရှိနိုင်မည် ဖြစ်သည် ။ ဘဝင်၏ အာရုံမှန်ကို ရှုနိုင် သောအခါ သိနိုင်သောအခါမှ ဘဝင်စိတ် နှင့် ယှဉ်တွဲဖြစ်ပေါ်နေသော ဘဝင် နာမ်တရားစု တို့ကိုလည်း ပုံစံမှန်ရှုပွားနိုင်မည် ဖြစ်သည် ။

မေတ္တာဖြင့် Thein Naing Ohn(19.10.2020)

++++++++++++++++++++++++++++

မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက

မနေ့က နိဿယပစ္စည်းတင်တော့ ပဋ္ဌာန်းပါဠိတော်နဲ့မြန်မာပြန်မှာ မဇ္စျိမာယုကဆိုတဲ့ စကားလုံးတစ်လုံး ပါသွားတယ်။ မနေ့ကတော့ မသိချင်ယောင်ဆောင်ပြီးမရှင်းတော့ပဲ ထားပစ်ခဲ့တယ်။ ရှေ့ကဆရာတွေကလည်း ရှင်းထားတာ မတွေ့ဘူးလေ။ ဒါက အဘိဓမ္မာဝီထိပိုင်းကို လေ့လာမယ် ဆိုယင်တော့ တွေ့ရပါလိမ့်မယ်။ ပဋ္ဌာန်းမှာတော့ အဲဒီအပိုင်းကို ထည့်ရှင်းယင် သူ့ကသပ်သပ် တစ်ဘာသာဖြစ်နေတော့ ပို့စ်သိပ်ရှည်သွားမှာစိုးလို့ ထည့်မပေးဖြစ်လိုက်ဘူး။

အခု အဲဒါလေးကို ရှင်းပြပေးပါမယ်။ ဒါလေးကို သိသူနည်းလို့ သူ့ကို မှတ်သားစရာအဖြစ် ပို့စ်သပ်သပ် တင်ပေးခြင်းဖြစ်ပါတယ်။

မန္ဒာယုကဆိုတာ ပဉ္စာရုံလောက် အသက်မရှည်သော စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ လို့ ဆိုအပ်တဲ့ ပဉ္စ၀တ္ထုရုပ်ကို မန္ဒာယုကလို့ခေါ်ပါတယ်။

ပဉ္စာရုံနဲ့ အသက်တမ်းညီမျှသော ပဉ္စ၀တ္ထုရုပ်ကို မဇ္စျိမာယုက လို့ခေါ်ပါတယ်။

ပဉ္စာရုံထက် အသက်ရှည်သော ပဉ္စ၀တ္ထုရုပ်ကို အမန္ဒာယုကလို့ခေါ်ပါတယ်။

အဲတော့ ဒါလေးကိုမှတ်ပြီးတဲ့နောက်မှာ ဝီထိပိုင်းကိုရှင်းမှာဖြစ်တဲ့အတွက် မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက ဆိုတာ မရှင်းခင် အဘိဓမ္မာဝီထိပိုင်းကို နည်းနည်းထပ်ပြောကြရအောင် ... အခြေခံလေးနည်းနည်းရှင်းပါမယ်။

၀ီထိဆိုတာ ဘာပါလည်း?

၀ီထိဆိုတာ ခရီးသွားလာရာ၌ ရွာစဉ်ကို မကျော်ဘဲ အစဉ်အတိုင်းသွားရသကဲ့သို့၊

ထို့အတူ စိတ္တနိယာမ = စိတ်တို့၏ ဖြစ်စဉ်အတိုင်း စိတ်တစ်ခုနှင့်တစ်ခု မကျော်လွန်ဘဲ အစဉ်အတိုင်း ဖြစ်ခြင်းကို ဝီထိ လို့ခေါ်ပါတယ်တဲ့။

နောက် ဝိသယပ္ပ၀တ္တိဆိုတာရှိသေးတယ်။ ဝိသယ = အာရုံ၊ ပ၀တ္တိ = ဖြစ်ခြင်း။

အာရုံဖြစ်ခြင်းဆိုတာ အာရုံအသီးသီးတို့၏ ဒွါရအသီးသီးတို့၌ လာ၍ ဖြစ်ခြင်းကိုပြောတာပါတဲ့။

၀ိသယပ္ပ၀တ္တိ ၆ ပါး ရှိပါတယ်။

အတိမဟန္တာရုံ၊ မဟန္တာရုံ၊ ပရိတ္တာရုံ၊ အတိပရိတ္တာရုံအားဖြင့် ပဉ္စဒွါရ(ပဉ္စပသာဒ) နှင့် ဆိုင်သော ဝိသယပ္ပ၀တ္တိ က ၄ ပါး။

၀ိဘူတာရုံ၊ အဝိဘူတာရုံအားဖြင့် မနောဒွါရနှင့်ဆိုင်သော မနောဒွါရဝိသယပ္ပ၀တ္တိက ၂ ပါး ရှိတယ်တဲ့။

အင်း .. ဒီမှာလည်း မသိတဲ့ ပါဠိစကားလုံးတွေပါလာပြန်ပြီနော် .. အသေးစိတ်လိုက်ရှင်းယင် ပြီးမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဒါလေးကို သိစေချင်လို့ နည်းနည်းလောက်ရှင်းပြချင်လို့ကို မနေ့က မဇ္စျိမာယုက ဆိုတဲ့ စကားလုံးကို မရှင်းပဲထားပစ်ခဲ့တာပါ။ ခုလို ရှင်းရင်း ရှင်းရင်းနဲ့ မသိတဲ့ စကားလုံးတွေက များလာတော့ အကျယ်ချဲ့ ရှင်းရမှာမို့ သူ့ကို ပို့စ်တစ်ခုအနေနဲ့တင်ပေးဖို့ ချန်ထားခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ဝီထိချပုံထိတော့ မသွားတော့ဘူးနော် .. သူတို့ရဲ့ဝီထိချပုံကိုသိဖို့ကတော့ ဝီထိပိုင်းကို ဆက်လေ့လာဖို့လိုပါမယ်။ ခုကတော့ အမည်လေးတွေရှင်းရင်း ရှေ့ဆက်သွားရကြအောင်နော် .. ဝိယပ္ပ၀တ္တိ ၆ ပါးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် လိုရင်းအတိုကောက်လေးတွေ ထည့်ပေးပါမယ်။

၁။ အတိမဟန္တာရုံ = ထင်ထင်ရှား အားကြီးသော အာရုံငါးပါး။

၂။ မဟန္တာရုံ = သင့်ရုံ အားကြီးထင်ရှားသော အာရုံငါးပါး။

၃။ ပရိတ္တာရုံ = မထင်မရှား၊ မသိမသာ အားနည်းသော အာရုံငါးပါး။

၄။ အတိပရိတ္တာရုံ = အလွန်တရာ မသိမသာ မထင်မရှား အားနည်းလှသော မြင်သလို ကြားသလို စသော အာရုံငါးပါး။

၅။ ဝိဘူတာရုံ = ထင်ထင်ရှားရှား တွေးကြံသိရှိသည့် အာရုံမျိုး။

၆။ အဝိဘူတာရုံ = မထင်မရှား ခပ်ရေးရေးသာ တွေးကြံသိရှိရသည့် အာရုံမျိုး

ဆိုပြီး ဝိသယပ္ပ၀တ္တိ ၆ မျိုးရှိပါတယ်။ အဲတော့ အပေါ်ပိုင်း ၄ ခုဖြစ်တဲ့ အတိပရိတ္တာရုံ ထိ ၄ ခုဖြစ်တဲ့ ပဉ္စဒွါရမှာဖြစ်တဲ့ စိတ်တွေပေါ့ .. (ပဉ္စဒွါရသည် ပစ္စုပ္ပန်အာရုံနှင့်သာ ဆိုင်ပါတယ်။)

၀ိဘူတာရုံ၊ အဝိဘူတာရုံဖြစ်သည့် မနောဒွါရမှာဖြစ်တဲ့ စိတ်တွေ .. က (မနောဒွါရသည် ကာလသုံးပါးနှင့် ဆိုင်ပါတယ်တဲ့။)

• အာရုံတို့၏ ဒွါရတို့၌ ဖြစ်ခြင်းသည် ဝီထိစိတ်တို့၏ ဝိသယပ္ပ၀တ္တိ မည်ပါတယ်။

• အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်းသည် ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပ၀တ္တိ မည်ပါတယ်။

၀ီထိမုတ်စိတ်တို့သည် ဝိသယပ္ပ၀တ္တိသုံးမျိုးမှာ (၁) ကံ (၂) ကမ္မနိမိတ် (၃) ဂတိနိမိတ် တို့ဖြစ်ပါတယ်။

၀ီထိပိုင်းမှာ ဝီထိစိတ် နှင့် ဝီထိမုတ်စိတ်တို့ကို ကွဲပြားစွာ သိထားဖို့လိုပါတယ်။

၀ီထိစိတ်မှာ လှုပ်ရှားနိုးကြားစိတ်များ ဖြစ်ပြီး ဝီထိမုတ်စိတ်မှာ ငြိမ်သက်အိပ်စက်သော စိတ်များ ဖြစ်ပါတယ်။ (တနည်း - ဘ၀င်စိတ်လို့လည်း သိကြပါတယ်။) သတ္တဝါတို့သန္တာန်၌ အထက်ပါနှစ်မျိုးတို့သာ ဖြစ်လျက် ရှိပါတယ်။

၀ီထိမုတ်စိတ်၊ ဒွါရဝိမုတ်စိတ်၊ ပဋိသန္ဓေစိတ်၊ ဘ၀င်စိတ်၊ စုတိစိတ် .. ဤငါးမျိုးတို့မှာ အမည်သာ ကွဲ၍ စိတ်အရမှာ အတူတူပင် ဖြစ်ပါတယ်။ ထို့ကြောင့် ဤအပိုင်းတွင် ဝီထိမုတ်စိတ်အမည်ကို မသုံးဘဲ၊ ဝီထိမုတ်စိတ်အမည်အစား ဘ၀င်စိတ်အမည်ကိုသာ အသုံးပြုပါမယ်။

၀ီထိစိတ်များကို ရေတွက်ရာတွင် ရုပ်+ရုပ်ချင်း ထိခိုက်၍လည်းကောင်း၊ ရုပ်+နာမ် အာရုံတို့၏ မနောဒွါရ နာမ်တရား၌ လာရောက်ထိခိုက်၍လည်းကောင်း ဝီထိစိတ်များ ဖြစ်လာခြင်းဖြစ်၍၊ ရုပ်+နာမ်တို့၏ အသက်တမ်းများကို သိထားဖို့လိုပါတယ်။

စိတ္တက္ခဏတစ်ခုတွင် ဥပါဒ်+ဌီ+ဘင် (ဖြစ်+တည်+ချုပ်)ဟု အခိုက် အတန့်သုံးပါး ပါ၀င်ပါတယ်။ အခိုက်အတန့် တစ်ခုစီကိုကား ခဏအငယ်လေးများဟုခေါ်ပါသည်။ ထို့ကြောင့် ခဏအငယ်လေး သုံးချက်ကို စိတ္တက္ခဏတစ်ခုဟု ခေါ်ပါသည်။ (ဤ ပို့စ်ပါ ပုံမှာကြည့်ပေးပါ။)

ရုပ်၏ သက်တန်းမှာ ယေဘုယျအားဖြင့် စိတ္တက္ခဏ ၁၇ ချက်၊ ခဏငယ် ၅၁ ချက် အသက်ရှည်ပါသည်။

ထို့ကြောင့် စိတ်+စေတသိက်(နာမ်)သက် ၁၇ ဆသည် ရုပ်သက်တစ်ခုဖြစ်ပါသည်။

ခဏ(၃)ချက်နှင့် စိတ်သက် ရုပ်သက်

ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏ ဟူသော ဤသုံးပါးတို့ကို ခဏငယ်(၃)ခုဟု ခေါ်ပါသည်။

စိတ္တက္ခဏတစ်ခုတွင် ဥပါဒ်+ဌီ+ဘင် (ဖြစ်+တည်+ချုပ်) ဟု အခိုက်အတန့် ၃ပါး ပါ၀င်ပါသည်။ အခိုက်အတန့် တစ်ခုစီကိုကား ခဏအငယ်လေးများဟုခေါ်ပါသည်။ ထို့ကြောင့် ခဏအငယ်လေး သုံးချက်ကို စိတ္တက္ခဏ တစ်ခုဟု ခေါ်ပါတယ်။

ရုပ် ၂၈ ပါးတွင် --- ဝိညတ်ဒွေဟုခေါ်သော = ကာယဝိညတ်+၀စီဝိညတ် ဟူသော ဝိညတ်ရုပ်နှစ်ပါးသည် စိတ်သို့ အစဉ်လိုက်သောတရား ဖြစ်၍ စိတ်စေတသိက်(နာမ်)သက်နှင့် တူပါတယ်။ အစဉ်လိုက်၍ တူပုံမှာ -- ကားမောင်းသမားတစ်ဦးသည် ကားမောင်းနေစဉ် ကားရှေ့မှ လူတစ်ယောက် အမှတ်မထင် ဖြတ်၀င်လာသောအခါ စိတ်က လူကိုတိုက်တော့မည်ဟု သိလိုက်သည်နှင့် တစ်ပြိုင်နက်ပင် ခြေထောက်ကလည်း ဘရိတ်ကို နင်းပြီးသား လက်ကလည်း စီယာတိုင်ကို ကွေ့ပြီးသား၊ ပါးစပ်ကလည်း အော်ပြီးသား ဖြစ်တော့သည်။ ထို့ကြောင့် ကာယဝိညတ်နှင့် ၀စီဝိညတ် ရုပ်နှစ်ပါးသည် စိတ်နှင့်ပြိုင်တူလောက် အဖြစ်မြန်သဖြင့် စိတ်+စေတသိက်(နာမ်)သက်နှင့် အတူပင် ဖြစ်သည်။

၀ိညတ်ဒွေသည် -- လက္ခဏရုပ် ၄ မှကြွင်းသော ရုပ် ၂၂ ပါးတို့၏ အသက်ကား စိတ္တက္ခဏအားဖြင့် ၁၇ ချက်၊ ခဏငယ် အားဖြင့် ၅၁ ချက် အသက်ရှည်ပါသည်။

ဥပစယ+သန္တတိ၊ ရုပ်နှစ်ပါးသည် ရုပ်တို့၏ ဖြစ်စ၊ တည်စ အခါကာလ ဖြစ်၍ စိတ်+စေတသိက်(နာမ်)သက်၏ ဥပါဒ်ခဏမျှသာ အသက်ရှည်ပါသည်။ နာမ်တရားထက်ပင် အသက်တိုသော ရုပ်ဖြစ်ပါသည်။

အနိစ္စတာလည်း စိတ်၏ ဘင်ခဏမျှသာ အသက်ရှိသည် ဖြစ်၍ နာမ်တရားအောက် အသက်တိုသော ရုပ်ဖြစ်ပါသည်။

ဇရတာသည် ရုပ်၏ ဌီခဏ = ခဏငယ် ၄၉ ချက်မျှ အသက်ရှည်ပါသည်။

ရုပ်သက်+နာမ်သက်များ သိပြီးလျှင် ရုပ်+ရုပ်ချင်း ထိခိုက်၍ စိတ်များ ဖြစ်ပေါ်သောအခါ ရုပ်သက်တစ်ခု ပြီးစီးဖို့အတွက် စိတ်ပေါင်း ၁၇ ချက်အထိ ပြည့်အောင် ရေတွက်ရမည်ကို သဘောပေါက်နိုင်မည် ဖြစ်ပါသည်။

ဒါဆို ကျနော်တို့ မန္ဒာယု၊ အမန္ဒာယု၊ မဇ္စျိမာယု တို့ကို ဆက်ရှင်းလို့ရပြီနော် ..

၀တ်ထုရုပျမြားဟာ စိတ်တက်ခဏ ၁၇ ခကြျ အသကျတမျး ညီမြှသောကွောငျ့ မန်ဒာယု၊ အမန်ဒာယု၊ မဇ်စြိမာယု လို့ မကှဲပွားသောျလညျး ထိုထိုဝီထိ၏ အာရုံအသကျနှငျ့ နှိုငျးစာလကြျ မန်ဒာယု၊ အမန်ဒာယု၊ မဇ်စြိမာယုက လို့ အမညျသုံးမြိုး ခှဲခွားရခွငျး ဖွစျတယျလို့ ဆိုပါတယျ။

ပဉ္စ၀တ္ထုရုပ်များဟာ စိတ္တက္ခဏ ၁၇ ချက်၊ ခဏငယ် ၅၁ ချက် အသက်ရှည်ကြပါတယ်တဲ့။ ထို၀တ္ထုရုပ်များသည် ကမ္မဇရုပ်များ ဖြစ်ခြင်းကြောင့် “ပဋိသန္ဓိမုပါဒါယ ခဏေ ခဏေ သမုဋ္ဌာပေတိ” ဟူသော ပါဠိကို ထောက်၍ စိတ်၏ ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏဟု ဆိုအပ်သော ခဏတိုင်းမှာ ဖြစ်ပေါ်လာကြပါတယ်လို့ဆိုပါတယ်။

စိတ်၏ ဥပါဒ်ခဏနှင့် ရုပ်၏ ဥပါဒ်ခဏသည်လည်းကောင်း၊ စိတ်၏ ဘင်ခဏနှင့် ရုပ်၏ ဘင်ခဏသည် လည်းကောင်း ညီမျှကြပါတယ်။

ရုပ်သည် ဌီခဏ၌သာ အသက်ပိုရှည်ပါတယ်တဲ့။ ခဏငယ် ၄၉ ချက် အသက်ရှည်တယ်ဆိုပါတယ်။ ထို့ကြောင့် ပဉ္စဝိညာဏ်စိတ် ဖြစ်သည့်အခါ ဌီခဏ၌ တည်သော ပဉ္စ၀တ္ထုရုပ်ပေါင်း ၄၉ ခုရှိနေပါတယ်တဲ့။ ထို ၄၉ ခုကို အောက်ပါအတိုင်း မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက လို့ ၃ မျိုးခွဲနိုင်ပါတယ်တဲ့။

အဲလို ၃ မျိုး မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက ၃ မျိုးခွဲပုံကို အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

၁။ အတီတဘ၀င်မှ နောက်ပြန်ရေတွက်လျှင် တေရသမဘ၀င်၏ ဘင်ခဏမှစ၍ အတီတဘ၀င်၏ရှေ့ အနန္တရဖြစ်သော ဘ၀င်၏ ဘင်ခဏတိုင်အောင် စိတ်တို့၏ ခဏတိုင်း၌ ဖြစ်ခဲ့သော ၀တ္ထုရုပ် ၃၇ ခုသည် မန္ဒာယုက မည်ပါတယ်တဲ့။

(အဲဒီမှာလည်း ရှင်းရမယ့်စာလုံးတစ်လုံးက၀င်လာပြန်ပြီ။ (တေရသမ)ဆိုတာလေး .. တေရသ ဆိုတာ ပါဠိသချာင်္စာလုံးလေး (၁၃) ကို ရည်ညွှန်းပါတယ်။ ၁၃ ခုမြောက်ဘ၀င်၏ ဘင်ခဏမှစ၍လို့ ပြောချင်တာဖြစ်ပါတယ်။)

၂။ အတီတဘ၀င်နှင့် ဥပါဒ်ပြိုင်သော (အတီတဘ၀င်၏ ဥပါဒ်ခဏ၌ ဥပါဒ်သော) ၀တ္ထုရုပ်သည် မဇ္စျိမာယုက မည်ပါတယ်တဲ့။

၃။ အတီတဘ၀င်၏ ဌီခဏမှစ၍ ပဉ္စဒွါရာ၀ဇ္ဇန်း၏ ဘင်ခဏတိုင်အောင် စိတ်၏ ဘင်ခဏတိုင်း၌ ဖြစ်ခဲ့သော ၀တ္ထုရုပ် ၁၁ ခုသည် အမန္ဒာယုက မည်ပါတယ်။ ထို မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက ၃ မျိုးတွင် မဇ္စျိမာယုကဖြစ်၍ အတီတဘ၀င်နှင့် ဥပါဒ်ပြိုင်သော ပဉ္စ၀တ္ထုကို ပဉ္စဝိညာဏ်များ မှီကြပါတယ်။ ထို ပဉ္စ၀တ္ထု၌ပင် ပဉ္စာရုံများ ထင်လာကြပါတယ်။ ထို ပဉ္စ၀တ္ထုသည်ပင် ပဉ္စဒွါရိကဝီထိ၏ ဒွါရကိစ္စကို ပြီးစေပါတယ်တဲ့။

ထို့ကြောင့် ပုရေဇာတ နိဿယ ပစ္စည်းတို့၌ မဇ္စျိမာယုက ဖြစ်၍ အတီတဘ၀င်နှင့် ဥပါဒ်ပြိုင်သော ပဉ္စ၀တ္ထုကိုသာ ရှေးဆရာများအရကောက်လေ့ရှိကြပါတယ်တဲ့။

မှတ်ချက်။ ။ အတီတဘ၀င်မှ နောက်ပြန်ရေတွက်လျှင် တေရသမဘ၀င်၏ ဘင်ခဏမှ စ၍ ဟူသော သတ်မှတ်ချက်သည် အတီတဘ၀င် တစ်ကြိမ်လွန်သော အတိမဟန္တာရုံ ဝီထိနှင့်သာ သက်ဆိုင်ပါသည်။


မဇ္စျိမာယုက ပဉ္စ၀တ္ထုရုပ်သည် ပထမဆုံး အတီတဘ၀င်နှင့် အတူဥပါဒ်သော ၀တ္ထုရုပ်ချည်းသာ ဖြစ်ပါသည်။

ဤအယူအဆအပေါ်၌ ဘာသာဋီကာကျမ်းပြု တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ ထင်မြင်ချက်ကို ဝီထိနှင့် သုံးချက်စု၊ ပုရေဇာတနိဿယ ပစ္စည်း၌ လေ့လာနိုင်ကြပါတယ်။

မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်ကို ဒီလောက်နဲ့ပဲ ကျေနပ်ပါကြပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ကိုယ်စိတ်ချမ်းမြေ့ကြပါစေ .. မေတ္တာဖြင့် TNO(29.8.2019) Thein Naing Ohn

ဆောင်ပုဒ်။ ။ အတီတရှေး၊ တေရသမ၊ ဘင်ကစ၍၊ ပထမဘ၀င်၊ ဘင်တွင်တိုင်အောင်၊ ရုပ်များမြောင်ကို၊ ခေါ်ဆောင်မန္ဒ၊ အာယု ကတဲ့၊ အတီတဟူ၊ ဌီစယူလစ်၊ အာ၀ဇ္ဇန၊ ဘင်သို့ကျအောင်၊ ဖြစ်သမျှရုပ်၊ အမန္ဒုက်တည်း၊

တီတုပ္ပါဒ၊ တစ်ခုမျှဟု၊ အပြိုင်ဥသည့်၊ ၀တ္ထုရုပ်သာ၊ မဇ္စျိမာမို့၊ ငါးဖြာဝိညာဉ်။ ယင်းတွင် မှီတုံ၊ အာရုံထင်လာ ယင်း၌သာတည်း၊ ဒွါရာကိစ္စ၊ ယင်းကပြီးစေ၊ မိန့်ကြလေသည်၊ ခုနေခေတ်သုံး၊ အယူတည်း။

ကျမ်းကိုး

၁။ အရှင်ဇနကာဘိဝံသ၏ ဝီထိနှင့် သုံးချက်စု ဘာသာဋီကာ

၂။ ဘဒ္ဒန္တဝါယာမသာရ ကမ္ဘာအေးအဘိဓမ္မာသင်တန်း (သင်တန်းမှူးဆရာတော်) အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) . ဥဘတော ဝိဘင်္ဂဓရ ၏ အဘိဓမ္မာသင်တန်း ပိုချချက်

၃။ ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက် အရှင်ခေမိန္ဒ (သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ ဝိနယပါဠိပါရဂူ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ) ၏ သင်္ဂြိုဟ် သရုပ်ခွဲသင်ကြားနည်း

+++++++++++++++++++++++++

မနသိကာရနှင့်ပတ်သက်၍ (Attention!!!!) ပို့စ်

(တင်ထားဖူးတဲ့ပို့စ်တစ်ခုပြန်ဖတ်ရင်း ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ၏ မနသိကာရအပေါ်ဖွင့်ဆိုချက်လေး...။ ပို့စ်ကိုတော့ ပြန်ရှာမတွေ့တော့ဘူး။ ဘယ်စာအုပ်ကနေထုတ်နှုတ်ဖော်ပြလိုက်တယ်ဆိုတာလည်း စာအုပ်ရှာမတွေ့တော့တာကြောင့် ရေးပြီးသားလေးကို အသစ်ပြန်တင်ပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုဖြစ်နေပေမယ့် အချိန်ယူဖတ်ပေးစေချင်ပါတယ်။ ဆရာတော်အဖွင့်လေး ကောင်းလို့ဖတ်စေချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။ မနသိကာရက တွေးလေလေနက်နဲလေပါပဲ။ အဘိဓမ္မာဝီထိစဉ်မှာ မနသိကာရဖြစ်ပုံကို လက်ဖျစ်တစ်ဖျောက်အတွင်း စိတ်က ကုဋေတစ်သိန်းဖြစ်တယ်ဆိုတော့ မနသိကာရဖြစ်အောင် ဘယ်လိုနှလုံးသွင်းချိန်ရလိုက်လည်းလို့ မေးသူများလည်း ရှိနေတာကို ဓမ္မဘေရီဆရာတော်ဘုရားကြီးကလည်း ရှင်းပြသွားဖူးပါတယ်။ တကယ်တော့ အဲဒါတင်မဟုတ်ပါဘူး အဘိဓမ္မာမှာ စိတ်တွေ စေတသိက်တွေက တစ်ပြိုင်နက်ယှဉ်ပုံကို ဒီပို့စ်က ပုံမှာ ဆရာတော်အရှင်ဝါယာမသာရ အဘိဓမ္မာပို့ချစဉ်ကနေ ထုတ်ယူဖော်ပြပေးလိုက်ပါတယ်။)

This attention is so important. Without it we do not get to see, hear or know a phenomenon because we are thinking of something else. In attending class, if your mind keeps running back home, you will miss much of the lecture.

That is why the Buddha would usually remind listeners before a discourse, "Listen carefully and pay attention."

Manasikāra, usually translated as "attention", literally means "making or keeping [the object] in the mind" or "doing [an action] in the mind". Because of it, the object can be kept in the mind. That is attention's basic function.

Attention acts like the mind's gatekeeper. Attention can be wise (yoniso manasikāra) or improper (ayoniso manasikāra). If you have a useless gatekeeper, he will allow all sorts of bad characters to enter your compound.

So attention is very important in thought. All types of kusala and akusala thought arise based on it.

Manasikāra (as the adverting consciousness) attends to whatever object that enters a sense-door. The way it turns to the object leads to either a wholesome or unwholesome energetic mind.

Hence thought always comes first. Without it nobody talks or acts. Whether that thought is good or bad depends on an earlier intention.

Human nature is such that on seeing something desirable, enjoyment arises without any consideration about kusala or akusala. Like animals: when they see food, they run and grab it. If others are there as well, they fight. They have no idea to share or offer.

Because of habit, manasikāra leads to either a wholesome or unwholesome energetic mind (javanas).

With resolution and by force of habit we can influence the type of javanas we have. As a start we should try to cultivate good intentions.

We can condition ourselves through practice, learning the Dhamma and associating with the wise to get their advice.

Sometimes determination alone is not enough. We need to incline the mind to wholesomeness with proper attention and constant practice.

For instance, on seeing someone we think, "May he or she be well and happy". This is wise attention.

This sort of manasikāra is led by paññā in unity with mindfulness (sati) and effort (vīriya). This is why it is called wise or proper attention.

It occurs in the practice of samatha and vipassanā too, covering all types of insight knowledge, even up to the highest.

This is very wide field. Accoedingly, wise attention is one of the four factors that lead us to become noble person.

Not only that, according to Abhidhammic scholar Ledi Sayadaw, manasikāra can become very powerful, like a big elephant with enormous strength. Then it can do everything.

Even Nibbāna so subtle and hard to grasp, yet manasikāra can pay attention to it. It can even perceive all objects as the preceding mind before omniscience or sabbaññutā ñāṇa.

Venerable sayadaw Dr. Nandamālābhivaṃsa

=======================

Edit:

မနသိကာရ=မနသိ၊စိတ်ကိုအာရုံသို့ရောက်အောင်။ကရောတိ၊ပြုတတ်သောတရား။

မနသိကာရ၃မျိုးရှိပါတယ်။

၁၊ဝီထိပဋိပါဒကမနသိကာရ၊ဝီထိဖြစ်ဘို့ပဉ္စာရုံကိုဆင်ခြင်နဲ့ပဉ္စဒွါရာဝဇ္ဇန်း

၂၊ဇဝနပဋိပါဒကမနသိကာရ၊မနောဒွါရာဝီထိ၌ဇောအစဉ်တွေကိုဖြစ်စေရန်ဆင်ခြင်ပေးတဲ့မနောဒွါရာဝဇ္ဇန်း

၃၊အာရမ္မဏပဋိပါဒကမနသိကာရ၊စိတ်မှာအာရုံထင်လာအောင်ပြုပေးတဲ့မနသိကာရ(သဗ္ဗစိတ္တသာဓာရဏစေတသိတ်မှာပါတဲ့မနသိကာရ)ဆိုပြီး၃မျိုးရှိပါ၏။

*ဆရာတော်ဦးဝီရိယ(တောင်စွန်း)ပို့ချချက်မှ*

Credit to: Comment by U Htay Hlaing

==============================

ယောနိသောမနသိကာရ နှင့် အယောနိသောမနသိကာရ အရကောက်

၁။ မဏိသာရမဉ္ဇူသာဋီကာ ၂။ ပရမတ္ထဒီပနီဋီကာ ၃။ သင်္ဂြိုဟ်ဘာသာဋီကာ တို့၌ -

အာဝဇ္ဇန်း ဒွေ ကို ယောနိသော မနသိကာရ ,အယောနိသော မနသိကာရ ဟုခေါ်သည်ဟု ဆိုပါသည်။ ယောနိသော မနသိကာရ , အယောနိသော မနသိကာရတို့အရကို-အာဝဇ္ဇန်းဒွေကို ကောက်ထားပါသည်။

သို့သော် - ၁။ ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော် နှင့် ၎င်း အဋ္ဌကထာ ၂။ ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ ၃။ ဧကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် နှင့် ၎င်း အဋ္ဌကထာ ၄။ ဧကနိပါတ် အင်္ဂုတ္တိုရ်ဋီကာ ၅။ သုတ်မဟာဝါဋီကာ ၆။ မူလပဏ္ဏာသဋီကာ တို့၌ကား - အာဝဇ္ဇန်း ဒွေ ကို ယောနိသောမနသိကာရ အယောနိသောမနသိကာရ မဆိုလိုကြောင်း။

ယောနိသောမနသိကာရ , အယောနိသောမနသိကာရတို့၏ အရကို - အာဝဇ္ဇန်းဒွေ ကို မကောက်ယူနိုင်ကြောင်း ။

ယောနိသော မနသိကာရ , အယောနိသော မနသိကာရ တို့၏အရကို - မနောဒွါရိက ကုသိုလ်ဇော အကုသိုလ်ဇော များကို ကောက်ယူကြောင်း ဖွင့်ဆိုကြပြန်ကုန်၏။

+++++++++++++

တတ္ထ ကတမော အယောနိသောမနသိကာရော၊အနိစ္စေ နိစ္စန္တိ အယောနိသော မနသိကာရော၊ဒုက္ခေ သုခ န္တိ အယောနိသော မနသိကာရော၊အနတ္တနိ အတ္တာ တိ အယောနိသော မနသိကာရော၊အသုဘေ သုဘန္တိ အယောနိသော မနသိကာရော၊ သစ္စာဝိပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနာဝဋ္ဋနာအာဘောဂေါ သမန္နာဟာရော မနသိကာရော၊အယံ ဝုစ္စတိ အယောနိသောမနသိကာရော ။(ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော်/ နှာ ၃၈၇ - ၃၈၈)

အယောနိသော မနသိကာရဆိုတာ ? =================

အနိစ္စ ဒုက္ခ အနတ္တ အသုဘဖြစ်သောတရားတို့၌ နိစ္စ သုခ အတ္တ သုဘဟူ၍ လွဲမှားဖောက်ပြန်စွာ နှလုံးသွင်းခြင်း သဘောတရားကို … (ဝါ) ယင်းသို့ လွဲမှားဖောက်ပြန်စွနှလုံးသွင်းသော မနောဒွါရိက အကုသိုလ်ဇော ဟူသော သဘောတရားကို အယောနိသော မနသိကာရ ဟု ခေါ်ပါသည်။ သို့မဟုတ် … သစ္စာလေးပါးကို သိသောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း သ‌ဘောတရားကို … (ဝါ) ယင်းသို့ နှလုံးသွင်းသော မနောဒွါရိက အကုသိုလ်ဇော ဟူသောသဘောတရားကို အယောနိသော မနသိကာရ ဟု ခေါ်ပါသည်။

# ဤ၌ အယောနိသောမနသိကာရ ၏ အရကို -မနောဒွါရိက အကုသိုလ်ဇော ကို ကောက်ပါသည်။

ယောနိသော မနသိကာရ ဆိုတာ ? ==================

အယောနိသောမနသိကာရ ၏ ဆန့်ကျင်ဘက်သည်ယောနိသော မနသိကာရ ဖြစ်ပါသည်။

အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဖြစါသော သဘောတရားတို့၌ အနိစ္စ ဒုက္ခ အနတ္တ အသုဘဟူ၍ နည်းမှန်းလမ်းမှန် နှလုံးသွင်းခြင်းဟူသော ဝိပဿနာတရားကို … (ဝါ) ယင်းသို့ နည်းမှန်လမ်းမှန် နှလုံးသွင်းသော မနောဒွါရိက ကုသိုလ်ဇော ဟူသောသဘောတရားကိုယောနိသော မနသိကာရ ဟု ခေါ်ပါသည်။ သို့မဟုတ် … သစ္စာလေးပါးကိုသိသောဉာဏ်အား လျော်ကန်သင့်မြတ်သော နှလုံးသွင်းခြင်းသဘောတရားကို … (ဝါ) ယင်းသို့ နှလုံးသွင်းသော မနောဒွါရိက ကုသိုလ်ဇော ဟူသောသဘောတရားကို ယောနိသောမနသိကာရ ဟု ခေါ်ပါသည်။

# ဤ၌ ယောနိသော မနသိကာရ၏ အရကို -မနောဒွါရိက ကုသိုလ်ဇော ကို ကောက်ပါသည်။

အာဝဇ္ဇန်း ဒွေ ဖြစ်သင့် / မဖြစ်သင့် ? ==================

ဤနေရာဝယ် ဝီထိတစ်ခု၌ စိတ္တက္ခဏတချက်မျှ (တကြိမ်မျှ) ဖြင့် ချုပ်ပျောက်သွားသော အာဝဇ္ဇန်း ဒွေ ကိုအယောနိသော မနသိကာရ အဖြစ်ဖြင့် … ( အနိစ္စ ကို နိစ္စစသည်ဖြင့် နှလုံးသွင်းသောတရားအဖြစ်ဖြင့်) ဋီကာတို့၌ ထည့်သွင်းဖွင့်ဆိုတော်မမူကြပေ။

ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော်ဝယ် အယောနိသော မနသိကာရ၏ သရုပ်သဘောကို - `` အာဝဇ္ဇနာ အနွာဝဇ္ဇနာ ´´ ဟူ၍ အာဝဇ္ဇန်းဒွေး နာမည်ဖြင့် သုံးနှုန်ဟောကြားထားသော်လည်း အာဝဇ္ဇန်းဒွေးကိုဆိုလိုသည် မဟုတ်ပေ။

အာဝဇ္ဇနာတိ အာဒိနာ အာဝဇ္ဇနာယ ပစ္စယဘူတော တတော ပရိမုပ္ပန္နာ မနောဒွါရိက အကုသလဇဝန ပဝတ္တိဖလ ဝေါဟာရေန တထာ ဝုတ္တာ၊ တဿာ ဟိ ဝသေနသာအကုသလပဝတ္တိယာ ဥပနိဿယော ဟောတိ။ (သုတ်မဟာဝါဋီကာ/ဇနဝသဘသုတ်/၂၁၂) (မူလပဏ္ဏာသဋီကာ/ သဗ္ဗာသဝသုတ်၁၄၉ ) (ဧကနိပါတ်အင်္ဂုတ္တိုရ်ဋီကာ/ ၇၅)

အာဝဇ္ဇန်း၏ ရှေ့ကဖြစ်နှင့်၍အာဝဇ္ဇန်း၏ အကြောင်းဖြစ်သော မဒွေါရိက အကုသိုလ်ဇောကို ဖလူပစာရ အားဖြင့် `` အာဝဇ္ဇနာ အနွာဝဇ္ဇနာ ´´ဟူ၍ ဟောတော်မူပါ၏။ မှန်၏ …… ထိုမနောဒွါရိက အကုသိုလ်ဇော၏ အစွမ်းကြောင့် ထိုအာဝဇ္ဇန်းသည် မိမိ၏နောက်က အကုသိုလ်ဇောဖြစ်ခြင်း၏ လွန်ကဲသောမှီရာ အကြောင်းဥပနိဿယဖြစ်လေသည်။

အယောနိသော မနသိကာရဟေတုကတ္တာ အာဝဇ္ဇနာယအကုသလာနုကူလကိစ္စတာ ဒဋ္ဌဗ္ဗော။ ( ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ/ ၂၂၁) အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ ကြောင့်ဖြစ်ရ၏။ ထို့ကြောင့် - အာဝဇ္ဇန်းကို အကုသိုလ်နှင့် သင့်လျော်အောင် အာရုံကိုဆင်ခြင်းခြင်းကိစ္စရှိသော တရားအဖြစ် သိမှတ်ထိုက်၏။

ဤသုတ်မဟာဝါဋီကာ/ မူလမဏ္ဏာသဋီကာ/ ဧကနိပါတ်အင်္ဂုတ္တိုရ်ဋီကာ/ ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ အဖွင့်များဖြင့် -

ဤနေရာ၌ အာဝဇ္ဇန်းဒွေကို ယောနိသော မနသိကာရအယောနိသော မနသိကာရ ဟု မဆိုလိုကြောင်းကို သိနိုင် ပါ၏။ ။

ဤဋီကာအဖွင့်တို့အရဆိုလျှင် အာဝဇ္ဇန်းဒွေ မဖြစ်သင့်။အာဝဇ္ဇန်းဒွေ ဟု ဆိုနိုင်ဖွယ် အထောက်ထားများ

=======================================

ယောနိသောမနသိကာရ အယောနိသောမနသိကာရဟူသည် အာဝဇ္ဇန်းဒွေပင် ဖြစ်ပါသည် ဟု တိုက်ရိုက်အားဖြင့် အတိအလင်း ဖွင့်ဆိုထားသည်ကို မတွေ့ပေ။

ထိုသို့ တိုက်ရိုက်အားဖြင့် အတိအလင်း ဖွင့်ဆိုထားသည်ကို မတွေ့ရသော်လည်း အာဝဇ္ဇန်းဒွေ ဖြစ်သည်ဟု ယူဆရသော ယူဆနိုင်သော စကားအရိပ်အမြွတ်အထောက်အထားများကိုကား -

အဋ္ဌသာလိနီအဋ္ဌကထာ/ စျာနဝိဘင်းမူလဋီကာ/ အနုဋီကာများ၌ တွေ့ရပေသည်တွေ့ရပုံမှာ - အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေနယောနိသော ဝဝတ္ထပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိအဋ္ဌာနမေတံ။ (အဋ္ဌသာလိနီအဋ္ဌကထာ/ နှာ - ၃၁၇)

အာဝဇ္ဇန်းက ကုသိုလ်ဇော စောစေနိုင်သော အကြောင်းမှန် နည်းလမ်းမှန်သောအားဖြင့် ဘဝင်ကို ပြန်လည်စေခဲ့ပါလျှင် - ဝုဋ္ဌောက ကုသိုလ်ဇော စောစေနိုင်သော အကြောင်းမှန်နည်းလမ်းမှန်သောအားဖြင့် ဆုံးဖြတ်ချက်ချခဲ့ပါလျှင် - အကုသိုလ်ဇော စောရန် အကြောင်းမရှိပေ။

ဤအဋ္ဌကထာ၌ အာဝဋ္ဋိတေ ဟူသောပါဌ်ကို ကြည့်၍-အာဝဋ္ဋန ဟူသောစကားနှင့် အာဝဇ္ဇန မနသိကာရ ဟူသောစကားတို့သည် အနက်အဓိပ္ပါယ်အားဖြင့် အတူတူပင် ဖြစ်သည်ဟု ဆိုနိုင်၏။

အာဝဋ္ဋန = ပြန်လည်စေခြင်း

အာဝဇ္ဇန = ဆင်ခြင်ခြင်း

မနသိကာရ = နှလုံးသွင်းခြင်း

အဓိပ္ပါယ်တူပုံမှာ -

ဘဝင်၏ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံ အဟောင်းကို လက်လွှတ်၍ အသစ်ထင်ပေါ်လာသော အာရုံကို - အာဝဇ္ဇန်းက ဆင်ခြင်လိုက်ခြင်းကြောင့် ဘဝင်စိတ်သည် ဆက်လက်မဖြစ်နိုင်တာ့ဘဲ ရပ်တန့်သွား၏။ (ပြန်လည် ဆုတ်နစ်သွား၏) ထိုဖြစ်ပုံသဘောကို ကြည့်၍ အာဝဇ္ဇန ကို အာဝဋ္ဋန ဟုခေါ်နိုင်၏။ ( အာရုံအသစ်ကို ဆင်ခြင်ခြင်းကို ဘဝင်ကို ပြန်လည်စေခြင်း ဟု ခေါ်နိုင်၏ ဟု ဆိုလိုပါသည်) ယင်းသို့ ခေါ်ဆိုနိုင်ခြင်းကြောင့် အာဝဇ္ဇနပုဒ် နှင့် အာဝဋ္ဋန ပုဒ်တို့ ဆိုလိုရင်းအနက်အဓိပ္ပါယ် တူသည်ဟု ဆိုနိုင်ခြင်း ဖြစ်ပါသည်။ ထို့နောက်တဖန် - ယင်းသို့ အာရုံသစ်ကို ဆင်ခြင်ရာ၌ (ယင်းသို့ ဘဝင်ကိုပြန်လည်စေရာ၌) အာဝဇ္ဇန်းက ကုသိုလ်ဖြစ်အောင် ဆင်ခြင်ခြင်းကို (အာဝဇ္ဇန်းက ကုသိုလ်ဖြစ်အောင် ပြန်လည်စေခြင်းကို) ယောနိသော အာဝဋ်ယောနိသော အာဝဇ်ဇနယောနိသော မနသိကာရ ဟု ခေါျဆိုနိုငျ၍ - အာဝဇ္ဇန်းက အကုသိုလ်ဖြစ်အောင် ဆင်ခြင်ခြင်းကို - အယောနိသော အာဝဋ္ဋန အယောနိသော အာဝဇ္ဇန အယောနိသော မနသိကာရ ဟု ခေါ်နိုင်၏။

ဤနည်းဖြင့် ယောနိသော အာဝဋ္ဋန ဟူသောနာမည်ပညတ် နှင့် ယောနိသော မနသိကာရ ဟူသော နာမည်ပညတ်သည် အနက်အဓိပ္ပါယ်တူသည်ဟု ဆိုနိုင်၏။

တတ္ထ ဟိ အာဝဇ္ဇနာဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။ ( စျာနဝိဘင်းမူလဋီကာ / ၁၈၁)

တတ္ထ ဟီတိအာဒိနာ ပဉ္စဝိညာဏဝီထိယံ ပုရေတရံ ပဝတ္တအယောနိသောမနသိကာကာရဝသေန အာဝဇ္ဇနာဒီနံ အယောနိသောအာဝဇ္ဇနာဒိနာ ဣဋ္ဌာဒိအာရမ္မဏေလောဘာဒိပဝတ္တိမတ္တံ ဟောတိ။ (စျာနဝိဘင်း အနုဋီကာ/ ၁၄၈)

ရှေ့ပိုင်းကဖြစ်ခဲ့သော အယောနိသောမနသိကာရမည်သော အကုသိုလ်ဇောကြောင့် ပဉ္စဝိညာဏဝီထိ၌ အာဝဇ္ဇန်း နှင့် ဝုဋ္ဌောတို့သည် ကုသိုလ်ဖြစ်ရန် မလျော်ကန် ဖောက်ပြန်သော အကြောင်းနည်းလမ်းအားဖြင့် ဆင်ခြင်မှု ဆုံးဖြတ်မှု ပြုလုပ်ကြသည့်အတွက် ဣဋ္ဌာရုံ၌လောဘဇောဖြစ်ရုံမျှဖြစ်၍ အနိဋ္ဌာရုံ၌ ဒေါသဇော စောရုံမျှ ဖြစ်သည်။

(ပဉ္စဝိညာဏဝီထိအခိုက်ဖြစ်သောကြောင့် ပြင်းထန်သော လောဘ ဒေါသ မဖြစ်ဟု ဆိုလိုပါသည်)

ဤ စျာနဝိဘင်းမူလဋီကာ/ အနုဋီကာများသည်လည်းအာဝဇ္ဇန်းကို အယောနိသော မနသိကာရ ဟု ဆိုလိုသည် ဟု ယူဆနိုင်ပါသည်။

ဤသို့လျင် အရာဌာနအားလျော်စွာ- ယောနိသောမနသိကာရ အယောနိသောမနသိကာရတို့၏အရကောက် တရားကိုယ်အယူအဆကား နာနာဝါဒဖြစ်သတည်း။

မိမိတို့ ကြိုက်နှစ်သက်ရာကိုသာ ယူပါလေ။

အကိုး ~~~

အင်္ဂုတ္တိုရ်ပါဠိတော် နိဿယ စတုတ္ထတွဲ မှ ထုတ်နှုတ်ရေးသားအပ်ပါသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူနိုင်ကြပါစေ။

Credit: တိမ်တမာန် ( မန္တလေး)

===========================================

မှတ်ချက်။ ။ ပြန်လည်ကူးယူဖော်ပြပါသည်။

Thein Naing Ohn(28.9.2021)

===========================================


Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page