7 days ago
7 days ago
Sep 8
Sep 8
Sep 7
မဇ္ဈိမပဏ္ဏာသ
ကန္ဒရကသုတ်မှ သင်္ဂါရဝသုတ်အထိငါးဆယ်သော သုတ်တို့၏ အစုငယ်ကို မဇ္ဈိမပဏ္ဏာသဟု ခေါ်သည်။ မဇ္ဈိမနိကာယ်၏ အစုငယ်သုံးခုရှိသည့်အနက် အလယ်အလတ်အစုဖြစ်၍ မဇ္ဈိမဟူသော ဝိသေသန ပြုထားဟန်တူသည်။
မဇ္ဈိမပဏ္ဏာ၌ သုတ်ငါးဆယ်ရှိ၍ ဆယ်သုတ်လျှင် တဝဂ်နှုန်းဖြင့် ငါးဝဂ်ရှိသည်။ထိုငါးဝဂ်တို့မှာ---
၁။ဂဟပတိဝဂ်
၂။ဘိက္ခုဝဂ်
၃။ပရိဗ္ဗာဇကဝဂ်
၄။ရာဇဝဂ်
၅။ဗြဟ္မဏဝဂ်တို့ ဖြစ်သည်။
မဇ္ဈိပဏ္ဏာသ၌ ပါဝင်သော သုတ်ငါးဆယ်တို့၌လည်း ဓမ္မနှင့်ပတ်သက်သော ရှင်းလင်းချက်များ ဖြေ ကြားချက်များ ဆွေးနွေးချက်များကိုပင် အကျယ်တဝင့် ထပ်မံတွေ့ရသည်။
အသေက္ခ(ရဟန္တာ)ပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးများ ကို ဖော်ပြထားသည်။အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်း၏ အကျိုးကျေးဇူးနှင့် နိဗ္ဗာန်၏ အနှစ်သာရတို့ကိုလည်း ပေါ်လွင်စွာ ရှင်းပြသည်။
သီတင်းသည်များ စောင့်ထိန်းအပ်သော သီလအမျိုးအစားများ ယင်းသီလတို့၏ အကျိုးကျေးဇူး ကုသိုလ်နှင့် အကုသိုလ်မည်သောအမှုများ စသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အဆုံးအမများလည်းပါဝင် သည်။ မဟုတ်မတရားပြောဆိုမှု မုသာဝါဒနှင့် ယင်း၏အပြစ်များကိုလည်း ဆွေးနွေးထားသည်။
မိမိကိုယ်ကို ညှဉ်းပန်းတတ်သောအကျင့် အတ္တန္တပ နှင့် တိတ္ထိဆရာကြီးခြောက်ဦးတို့အကြောင်း ကိုလည်း အနည်းအကျဉ်း ဖော်ပြသည်။နိဂဏ္ဌဘာသာ ရေးဂိုဏ်းများနှင့် ယင်းတို့၏ အမူအကျင့်များကို လည်း လေ့လာရမည်။
ဗုဒ္ဓမြတ်စွာ ဖြေဆိုရန် ငြင်းဆန်ခဲ့သော အဗျာကတ ဆယ်ပါးဟူသော မေးခွန်းဆယ်မျိုးနှင့် ထိုမေးခွန်း တို့၏ လောကုတ္တရာအနှစ်သာရ ချို့တဲ့ပုံကိုလည်းတွေ့ရမည်။
မဇ္ဈိမပဏ္ဏာသ၌ သုတ်ငါးဆယ်ကို ဝဂ်ငါးဝဂ်ဖြင့် ခွဲခြားထားသည် တူရာစုထားခြင်း ဖြစ်သည်။
လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့်သုတ်များကို ဂဟပတိဝဂ်၌ စုစည်းထား သည်။
ဗုဒ္ဓမြတ်စွာ၏ သာဝကရဟန်းတော်များနှင့် ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့် သုတ်များကို ဘိက္ခုဝဂ်အဖြစ် စုစည်းထားသည်။
အခြားသော ဘာသာရေးဂိုဏ်းဝင်များနှင့် ပတ်သက်၍ ဖြေဆိုဟောကြားထားသည့် သုတ်များကို
ပရိဗ္ဗာဇကဝဂ်အဖြစ် စုစည်းထားသည်။
မင်းစိုးရာဇာတို့နှင့်ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့်သုတ်များကို ရာဇဝဂ်အဖြစ် စုစည်းထား သည်။
ဗြဟ္မဏတို့နှင့် ပတ်သက်၍ ဖြေဆိုဟောကြားသည့်သုတ်များကို ဗြဟ္မဏဝဂ်အဖြစ် စုစည်းထားသည်။
သို့ဖြစ်၍ မဇ္ဈိမပဏ္ဏာသ၌ လူတန်းစားအလွှာအသီးသီးတို့၏ မေးခွန်းများ ပြဿနာများကို ဖြေဆို ချက်များ ဟောကြားဆုံးမသည့် တရားဓမ္မများကိုနာကြားခွင့်ရမည်။
ထို့ပြင် ဗုဒ္ဓမြတ်စွာနှင့် ထိုလူတန်းစားအလွှာအသီး သီးတို့၏ ဆက်ဆံရေး ဗုဒ္ဓသာဝကများနှင့် အခြား ဘာသာဝင်တို့ ဆက်ဆံရေးကိုသိနိုင်မည်။ဗုဒ္ဓခေတ် အိန္ဒိယလူ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေး ဘာသာရေး ယဉ်ကျေးမှု ပညာရေး အတွေးအခေါ်အယူအဆတို့ပါ သိနိုင်မည်ဖြစ်သည်။
+++++++++
၁။ ဂဟပတိဝဂ် ၅၁ – ၆၀
မန ၅၁: ကန္ဒရကသုတ်
ကန္ဒရကသုတ်သည် ဆင်ထိန်းသားပေဿနှင့် ကန္ဒရကပရိဗိုဇ်တို့အား ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောသောသုတ်ဖြစ်သည်။
ပုဂ္ဂိုလ်လေးမျိုးမှာ -
၁။ မိမိကိုယ်ကို ပူပန်ဆင်းရဲစေသူ
၂။ သူတစ်ပါးကို ပူပန်ဆင်းရဲစေသူ
၃။ မိမိသူတစ်ပါး နှစ်ဦးလုံးကို ပူပန်ဆင်းရဲစေသူ
၄။ မိမိသူတစ်ပါး နှစ်ဦးလုံးကို မပူပန်စေသူတို့ဖြစ်၏။
မန ၅၂: အဋ္ဌကနာဂရသုတ် – To the Man from Atthakanagara [Thanissaro] [Bodhi]
အရှင်အာနန္ဒာက နိဗ္ဗာန်ရောက်ကြောင်းအကျင့် ၁၁မျိုးကိုဟောထားပါသည်။ အဋ္ဌကနဂရသုတ်သည် အရှင်အာနန္ဒာက အဋ္ဌကမြို့သားအား စိတ္တဝိမုတ္တိဖြစ်ရန်နှင့် အာသဝကုန်ကြောင်းတရား ဆယ့်တစ်ပါး ကို တစ်ပါးစီခွဲ၍ ဟောသောသုတ်ဖြစ်သည်။ ထိုဆယ့်တစ်ပါးမှာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရလေးပါး၊ အာကာနဉ္စာယတနသမာပတ်၊ ဝိညာဏဉ္စာယတနသမာပတ်၊ အာကိဉ္စညာယတနသမာပတ်ဟူသော အရူပသမာပတ်သုံးပါးတို့ဖြစ်သည်။
မန ၅၃: သေခသုတ် – The Practice for One in Training [Thanissaro]
အရှင်အာနန္ဒာက သီလနှင့် ပြည့်စုံခြင်း၊ ဣန္ဒြေတို့၌ စောင့်စည်းခြင်း၊ အစားအသောက်၏ အတိုင်းအရှည်ကို သိခြင်း၊ နိုးကြားမှု၌ အားထုတ်ခြင်း၊ သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံခြင်း၊ ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရခြင်း စသည်တို့ကို ဟောထားပါသည်။ ဤသုတ်တွင် ခါးတော်နာခြင်းကို ဖော်ပြထား၍ မြတ်စွာဘုရားသက်တော်ကြီးရင့်ပြီးသော အချိန်တွင် ဟောကြားခဲ့ သော တရားတော်ဖြစ်ပါသည်။
မန ၅၄: ပေါတလိယသုတ် – To Potaliya [Thanissaro (excerpt)] [Bodhi]
ဤသုတ်တွင် မြတ်စွာဘုရားက သီလအကြောင်းကို အလွန်ရှင်းလင်းသော ဥပမာ ၈မျိုးနှင့် ကာမဂုဏ်တို့၏ အပြစ်ကို ဟောထားသော တရားတော်ဖြစ်ပါသည်။
မန ၅၅: ဇီဝကသုတ်
သမားတော် ဇီဝက က မြတ်စွာဘုရားကို မြင်သား ကြားသား နှင့် ရွယ်သား သုံးဆောင်ခြင်း အကြောင်း မေးလျှောက်သော သုတ်ဖြစ်သည်။
မန ၅၆: ဥပါလိသုတ်
မြတ်စွာဘုရားကို စကားနိုင်လု၍ အယူပြောင်းရန် လာသော ဂျိန်းအယူဝင် ဥပါလိသူကြွယ် အကြောင်းဖြစ်သည်။ အခြားအယူဝင် ရဟန်းများအပေါ်တွင် သဘောထားကြီးသော မြတ်စွာဘုရား၏ အမြင်ကို တွေ့ရပါမည်။
မန ၅၇: ကုက္ကုရဝတိကသုတ် – The Dog-duty Ascetic [Ñanamoli] [Bodhi]
နွားကျင့် ကျင့်သောသူနှင့် ခွေးကျင့် ကျင့်သောသူနှစ်ယောက်အား ကံ၏အကြောင်းအကျိုးကို ဆုံးမသော သုတ်ဖြစ်ပါသည်။
မန ၅၈: အဘယရာဇကုမာရသုတ် – To Prince Abhaya [Thanissaro]
ဂျိန်းဝါဒီခေါင်းဆောင် (နိဂဏ္ဌနာဋပုတြာ)က မင်းသားအဘယကို မြတ်စွာဘုရားနှင့် စကားအနိုင်လုရန် ခိုင်းသော သုတ်ဖြစ်ပါသည်။ ဤသုတ်တွင် အရိယမဂ်၏ မှန်ကန်သောစကား(သမ္မာဝါစာ) ကို မြတ်စွာဘုရား လက်တွေ့ဘဝတွင် သုံးသွားသည်ကို ကြည်ညိုဖွယ် တွေ့ရပါမည်။
မန ၅၉: ဗဟုဝေဒနီယသုတ် – The Many Kinds of Feeling/Many Things to be Experienced [Nyanaponika | Thanissaro]
ပဥ္စကင်္ဂလက်သမားကြီးနှင့် အရှင်ဥဒါယီတို့ ဝေဒနာအမျိုးအစားတို့ မည်မျှရှိကြောင်း သဘောမတူနိုင် ဖြစ်ကြသည်ကို အကြောင်းပြု၍ ဟောကြားသောသုတ်ဖြစ်ပါသည်။
မန ၆၀: အပဏ္ဏကသုတ် – A Safe Bet [Thanissaro] [Bodhi]
ဆရာအမျိုးမျိုးတို့၏ အတွေးအခေါ်အမျိုးမျိုးတို့ကြောင့် ဇဝေဇဝါဖြစ်နေသော သာလာရွာသား ပုဏ္ဏားသူကြွယ်တို့ကို မည်ကဲ့သို့ အယူမှန်ကိုရှာရမည်ကို ဟောကြားသော သုတ်ဖြစ်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
၂။ ဘိက္ခုဝဂ် ၆၁ – ၇၀
မန ၆၁: အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ် – Instructions to Rahula at Mango Stone [Thanissaro]
ကိုရင် အရှင်ရာဟုလာကို မုသားစကားဆိုခြင်းနှင့်ပက်သက်၍ ဆုံးမသောသုတ်ဖြစ်ပါသည်။ အလွန်ကြည်ညိုဖွယ်ကောင်းသော ဆုံးမစကားတို့ဖြစ်၍ အကြိမ်များစွာနာသင့်သော သုတ်ဖြစ်ပါသည်။
မန ၆၂: မဟာရာဟုလောဝါဒသုတ် – The Greater Exhortation to Rahula [Thanissaro]
ကိုရင် အရှင်ရာဟုလာကို တရားထိုင်နည်းသင်ကြားသော သုတ်ဖြစ်ပါသည်။ တရားထိုင်နည်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဟောကြားထားပါသည်။
မန ၆၃: စူဠမာလုကျသုတ် – The Shorter Instructions to Malunkya [Thanissaro] [Bodhi]
မိမိသိလိုသော “သေပြီးနောက်ဘဝနှင့် လောက၏မြဲခြင်း မမြဲခြင်း စသည့်မေးခွန်းများကို မြတ်စွာဘုရား မဖြေဆိုပါက လူထွက်မည်”ဟု လျှေက်သော အရှင်မာလုကျပုတ္တကို ဆုံးမသောသုတ်ဖြစ်ပါသည်။
မန ၆၄: မဟာမာလုကျသုတ်
အောက်သံယောဇဉ် (အနှောင် အဖွဲ့) ငါးပါး ကို ဖြတ်ပြီးသော အနာဂါမ် တည်နည်းကို ဟောကြားထားပါသည်။
မန ၆၅: ဘဒ္ဒါလိသုတ်
ဘဒ္ဒါလိသုတ်သည် အရှင်ဘဒ္ဒါလိအား အကျင့် သိက္ခာဖြည့်ကျင့်ရန်ဆုံးမခြင်းဖြစ်သည်။
မန ၆၆: လဋုကိကောပမသုတ် – The Quail Simile [Thanissaro]
အနှောင်အဖွဲ့တို့ကို သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ပယ်သင့်သည်ဟု မြတ်စွာဘုရားက အရှင်ဥဒါယီကို ဆုံးမသောသုတ်ဖြစ်သည်။
မန ၆၇: စာတုမသုတ်
စာတုမသုတ်သည် စာတုမရွာ၌ ရဟန်းတို့အား ရဟန်းတို့၏ ဘေးရန်လေးမျိုးကို ဟောကြားခြင်း ဖြစ်သည်။
မန ၆၈: နဠကပါနသုတ်
မြတ်စွာဘုရားသည် သေလွန်ပြီးသော ရဟန်း ရဟန်းမ ဒကာ ဒကာမတို့၏ နောင်ဘဝကို ဖော်ထုတ် ဟောလေ့ရှိပါသည်။ လူအများ ချီးမွန်းစေရန် လာဘ်တိုးပွားစေရန် အတွက်မဟုတ်ကြောင်း ဟောကြားထားသော သုတ်ဖြစ်သည်။
မန ၆၉: ဂေါလိယာနိသုတ်
ဂေါလိယာနိသုတ်သည် အရှင်ဂေါလိယာနိအား တောကျောင်းနေရဟန်းများ လိုက်နာရမည့် ကျင့်ဝတ် ၁၈ ပါးကို ဟောသည်။
မန ၇၀: ကီဋာဂိရိသုတ် – At Kitagiri [Thanissaro] [Bodhi]
ဝိနည်းတော်ကို မလိုက်နာသော အဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို ဆုံးမသောသုတ်ဖြစ်ပါသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
၃။ ပရိဗ္ဗာဇကဝဂ် ၇၁ – ၈၀
မန ၇၁: – တေဝိဇ္ဇဝစ္ဆသုတ်
မြတ်စွာဘုရားသည် အလုံးစုံကို အချိန်မရွှေး အမြဲမပြတ် သိမြင်နေသည်ဟု ပြောဆိုခြင်းသည် မြတ်စွာဘုရားကို မဟုတ်မမှန် စွပ်စွဲခြင်းဖြစ်ကြောင်း ဟောကြားထားပါသည်။ မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး (အသိဉာဏ်သုံးမျိုး) ပိုင်ဆိုင်သည်ဟု ပြောဆိုခြင်းသည်သာ မှန်ကန်ကြောင်း ဟောကြားထားပါသည်။
မန ၇၂: အဂ္ဂိဝစ္ဆသုတ် – To Vacchagotta on Fire [Thanissaro]
“လောင်စာကိုမှီ၍ မီးတောက်လောင်၏ လောင်စာကုန်သော် မီးငြိမ်းသည်”ဟူသော ဥပမာဖြင့် နိဗ္ဗာန်၏သဘောကို ဟောကြားထားပါသည်။
မန ၇၃: မဟာဝစ္ဆသုတ်
အဘယ်တရားတို့သည် ကုသိုလ် အကုသိုလ် တရားတို့ဖြစ်သနည်း။ မြတ်စွာဘုရား အဆုံးအမဖြင့် သမထ ဝိပဿနာ ပွားများ၍ စိတ်တန်ခိုးများ (ဣဒ္ဓိပါဒ) ရရှိကာ ရဟန်းကိစ္စ ပြီးသွားသော ပရိဗိုဇ် ဟောင်း အရှင်ဝစ္ဆ အကြောင်းဖြစ်သည်။
မန ၇၄: ဒီဃနခသုတ် – To LongNails [Thanissaro]
အယူအားလုံးကို မစွဲလန်းခြင်း၊ ရုပ်နှင့်ဝေဒနာကို ကောင်းစွာသဘောပေါက်ခြင်းကြောင့် အရဟတ္တမဂ်ဉာဏ် ရရှိပုံကို ဟောကြားထားပါသည်။ ဤသုတ်ကိုနာခြင်းကြောင့် အရှင်သာရိပုတြာ ရဟန္တာ ဘဝကို ရရှိခြင်းဖြစ်ပါသည်။
မန ၇၅: မာဂဏ္ဍိယသုတ် – To Magandiya [Thanissaro (excerpt)] [Bodhi]
မြတ်စွာဘုရားသည် ဆေးဆရာကဲ့သို့ပင် မျက်စိအမြင်ကန်းနေသောလူတို့ကို အမြင်ရှိစေရန်ကုသ သကဲ့သို့ပင် ဖြစ်သည်ဟု ဖော်ပြထားပါသည်။
မန ၇၆: သန္ဒကသုတ်
သန္ဒကသုတ်သည် အရှင်အာနန္ဒာက သန္ဒကပရိဗိုဇ်အား အကျင့်မြတ်မဟုတ်သော ကျင့်သုံးမှု လေးမျိုးနှင့် သက်သာရာရစေနိုင်သော အကျင့် လေးမျိုးတို့ကိုဟောသည်။
မန ၇၇: မဟာသကုလုဒါယိသုတ်
တပည့်ရဟန်းများက မြတ်စွာဘုရားအား ရိုသေစွာ ပူဇော်ရခြင်း၏ အကြောင်းအရင်းများကို ဟောကြားထားပါသည်။ ခေတ်ပြိုင် အခြားလှည့်လည်သော ရဟန်းဆရာများ၏ ဆရာတပည့် ဆက်ဆံရေးနှင့် အလွန်ကွာခြားပုံကို စိတ်ဝင်စားဖွယ် တွေ့ရပါမည်။
မန ၇၈: သမဏမုဏ္ဍိကသုတ် – Mundika the Contemplative [Thanissaro]
ရဟန္တာတို့တွင် ရှိသော အရည်အသွေးဆယ်မျိုးကို ဟောကြားထားပါသည်။
မန ၇၉: စူဠသကုလုဒါယီသုတ်
စူဠသကုလုဒါယီသုတ်သည် သကုလုဒါယီပရိဗိုဇ်၏ ဆရာစဉ်ဆက် လက်ခံယူဆခဲ့သည်များကို ဗုဒ္ဓမြတ်စွာက ဝေဖန်သုံးသပ်ပြခြင်းဖြစ်သည်။
မန ၈၀: ဝေခနသသုတ်
ဝေခနသသုတ်သည် ဝေခနသပရိဗိုဇ်အား မြတ်သောအဆင်း၊ ကာမသုခ၊ အနှောင့်အဖွဲ့တို့မှ လွတ်မြောက်မှုတို့နှင့် ပတ်သက်၍ ဝေဖန်သုံးသပ်ပြခြင်းဖြစ်သည်။ ဝေခနသသည် ဥပါသကာ ဖြစ်လာ၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
၄။ ရာဇဝဂ် ၈၁ – ၉၀
မန ၈၁: ဃဋိကာရသုတ်
ဃဋိကာရသုတ်သည် ဗုဒ္ဓမြတ်စွာ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်စဉ် တစ်ခုသော နေရာ၌ ရပ်၍ ဤနေရာ၌ ဝေဂဠိင်္ဂရွာကြီးနှင့် ကဿပမြတ်စွာဘုရား၏ ကျောင်းတော်ကြီးရှိခဲ့ဖူးကြောင်း မိန့်တော်မူပြီးလျှင် ဃဋိကာရအိုးထိန်းသည် အကြောင်းကို ဟောကြားသည်။
မန ၈၂: ရဋ္ဌပါလသုတ် – About Ratthapala [Thanissaro] [Bodhi]
ရဟန်းပြုခွင့်ရရန် မိဘတို့ကို အစာငတ်ခံဆန္ဒပြသော အရှင်ရဋ္ဌပါလ၏အကြောင်းဖြစ်သည်။ “သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရဋ္ဌပါလသည် အမြတ်ဆုံး(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။
မန ၈၃: မဃဒေဝသုတ်
မဃဒေဝသုတ်သည် မဃဒေဝမင်းကြီးအကြောင်းကို ပြန်ပြောင်းဟောကြားခြင်းဖြစ်သည်။ ဇာတ်တော်ကြီးဆယ်ဘွဲ့လာ နေမိဇာတ်ပင်ဖြစ်၏။
မန ၈၄: မဓုရသုတ်
မဓုရသုတ်သည် မဓုရပြည် နွားမြေရင်းတော၌ အရှင်မဟာကစ္စည်းက မဓုရမင်းအား ပုဏ္ဏားမျိုးသည်သာ အမြတ်ဆုံးဖြစ်ကြောင်း ပုဏ္ဏားတို့ ပြောသောစကားသည် အသံမျှသာဖြစ်ကြောင်း မှတ်ချက်ပေးသည်။ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံပြီးမှ ဖြစ်သည်။
မန ၈၅: ဗောဓိရာဇကုမာရသုတ်
ဗောဓိရာဇကုမာရသုတ်သည် ဗောဓိမင်းသား၏ ချမ်းသာနှင့်ရင်း၍ ချမ်းသာမရနိုင်။ ဆင်းရဲနှင့်ရင်းမှ ချမ်းသာရနိုင်၏ဟူသောစကားကို အကြောင်းပြု၍ ဗုဒ္ဓမြတ်စွာက ကိုယ်တွေ့ဖြစ်ရပ်များဖြင့် ဟောကြားသည်။
မန ၈၆: အင်္ဂုလိမာလသုတ် – About Angulimala [Thanissaro]
လက်ညှိုးတစ်ထောင်ဖြတ် လူဆိုးကြီး အင်္ဂုလိမာလကို ဆုံးမသောသုတ်ဖြစ်ပါသည်။ မီးနေသည်များအတွက် ရွတ်ဆိုသော ပရိတ်တရားတော်မှာ ဤသုတ်တွင်ပါသည့် အရှင်အင်္ဂုလိမာလ၏ သစ္စာစကားဖြစ်ပါသည်။
မန ၈၇: ပိယဇာတိကသုတ် – From One Who Is Dear [Thanissaro]
“ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏”ဟု သားသေ၍ ဝမ်းနည်းပူဆွေးနေသောသူကို ဆုံးမသော သုတ်ဖြစ်သည်။
မန ၈၈: ဗာဟိတိကသုတ်
ကောသလမင်းကြီးက အရှင်အာနန္ဒာကို မြတ်စွာဘုရား၏ ကိုယ်ကျင့်တရားအကြောင်း မေးမြန်းလျှောက်ထားသော အကြောင်းဖြစ်သည်။ ဗုဒ္ဓဘာသာကိုယ်ကျင့်တရားအမြင် (Ethics) ကို အနှစ်ချုပ်ရှင်းထားခြင်းကို တွေ့ရပါမည်။
မန ၈၉: ဓမ္မစေတိယသုတ်
ဓမ္မစေတိယသုတ်သည် ကောသလမင်းကြီးက ဗုဒ္ဓမြတ်စွာကို တရားတော်၏ မြတ်နိုးဖွယ်ဂုဏ်ရည်များကို လျှောက်ထားသည်။ အသက်ထက်ဆုံး စင်ကြယ်စွာကျင့်သုံးမှု၊ ညီညွတ်စွာနေထိုင်မှု၊ ရွှင်လန်းတက်ကြွသော နေထိုင်မှု၊ ချောင်းဟန့်သံပင်မကြားရမှု၊ ပြဿနာရှာရန် လာသူများ တပည့်ဖြစ်လာမှု။ အနုမာနဉာဏ်ဖြင့်သိရခြင်း၊ မျိုးနွယ်တူခြင်း၊ အသက်တူခြင်း၊ ဇာတိတူခြင်းတို့ဖြစ်သည်။
မန ၉၀: ကဏ္ဏကတ္ထလသုတ် – At Kannakatthala [Thanissaro]
မည်သည့်အမျိုးအနွယ်ဖြစ်စေ ကမ္မဋ္ဌာန်း စီးဖြန်းပါက ဤအင်္ဂါငါးမျိုးကို တွေ့ရပါမည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
၅။ ဗြာဟ္မဏဝဂ် ၉၁ – ၁၀၀
မန ၉၃: အဿလာယနသုတ် – With Assalayana [Thanissaro]
အမျိုးမြင့် အမျိုးနိမ့်ဆိုသည်မှာ မွေးဖွားရာဇတ်နှင့်မဆိုင်၊ မိမိ၏ကိုယ်နှုတ်အမူအရာကို စောင့်စည်းမှုနှင့် ဆိုင်သည်ဟူသော ဆုံးမစကားကို တွေ့ရပါမည်။ လူမျိုးမတူ တိုင်းပြည်မတူ အသားအရေမတူ၍ ခွဲခြားစွာ ဆက်ဆံကြသော ယခုခေတ်ကာလ၌ ဤတရားတော်၏ အဆုံးအမသည် ကြည်ညိုဖွယ် ကောင်းလှပါသည်။
မန ၉၄: ဃောမုခသုတ်
ဃောမုခသုတ်သည် တရားစောင့်သော ရဟန်းမရှိဟု ပြောဆိုသည့် ဃောဋမုခပုဏ္ဏားအား အရှင်ဥဒေနက ပုဂ္ဂိုလ်လေးမျိုး ပရိသတ်နှစ်မျိုးတို့ကို ရှင်းပြကာ ဆွေးနွေးခြင်း ဖြစ်သည်။
မန ၉၅: စင်္ကီသုတ် – With Canki [Ñanamoli (excerpt) | Thanissaro (excerpt)] [Bodhi]
သူတော်ကောင်းကို ချဉ်းကပ်၍ တရားနာခြင်းသည် ပထမဆုံးအလုပ်ဖြစ်သည်။ ဤသုတ်တွင် တစ်ဆယ့်ခြောက်နှစ်အရွယ် စာပေကျမ်းဂန်နှံ့စပ်သော လူငယ်ပုဏ္ဏားလေးနှင့် တရားဆွေးနွေးခြင်းကို တွေ့ရပါမည်။
မန ၉၆: ဧသုကာရီသုတ်
ဧသုကာရီသုတ်သည် ပုဏ္ဏားတို့၏ လုပ်ကျွေးခြင်းလေးမျိုးနှင့် ကိုယ်ပိုင်ဥစ္စာလေးမျိုး သတ်မှတ်ချက်ကို လက်ခံနိုင်ဖွယ်မရှိကြောင်း ဗုဒ္ဓမြတ်စွာက ဧသုကာရီပုဏ္ဏားအား ရှင်းပြသည်။
မန ၉၇: ဓနဥ္ဇာနိသုတ် – To Dhanañjani [Thanissaro]
မှားရွင်းစွာအသက်မွေးပါက မိသားစုအတွက်ပင်ဖြစ်စေ ကံ၏အကျိုးမှ မလွတ်ကင်းနှိင်ပါ။ သေဆုံးခါနီးသူအား ပြည့်စုံစွာ တရားဟောမသွားသော အရှင်သာရိပုတြာကို မြတ်စွာဘုရားကဆုံးမသည်ကို တွေ့ရပါမည်။
မန ၉၈: ဝါသေဋ္ဌသုတ်
ဝါသေဋ္ဌသုတ်သည် ဝါသေဋ္ဌနှင့်ဘာရဒွာဇ ပုဏ္ဏားလုလင်နှစ်ယောက်တို့ ဗြဟ္မာဖြစ်ကြောင်း အငြင်းပွားရာမှ ဗုဒ္ဓမြတ်စွာက အမျိုးဇာတ်ခြားနားမှုနှင့် ဗြဟ္မဏမည်ပုံကို ရှင်းပြသည်။
မန ၉၉: သုဘသုတ်
သုဘသုတ်သည် လူဝတ်ကြောင်နှင့် ရဟန်းတို့၏ ကုသိုလ်နှင့်ပတ်သက်၍ ပုဏ္ဏားတို့၏ ထင်မြင်ယူဆချက်ကို သုဘလုလင်က မေးလျှောက်သဖြင့် ဗုဒ္ဓမြတ်စွာက မှတ်ချက်ပေးခြင်း ဖြစ်သည်။ ပုဏ္ဏားတို့က လူဝတ်ကြောင်သည်သာ ကုသိုလ်ရ။ ရဟန်းသည် ကုသိုလ်မရ၊ လူဝတ်ကြောင်၏ ကုသိုလ်သည် အကျိုးကြီး၍ ရဟန်း၏ကုသိုလ်သည် အကျိုးမကြီးဟု ယူဆကြသည်။
မန ၁၀၀: သင်္ဂါရဝသုတ်
သင်္ဂါရဝသုတ်သည် သင်္ဂါရဝလုလင်၏ မေးမြန်းချက်အရ တဆင့်ကြား ကြံစည်စဉ်းစား ထိုးထွင်း သိဟူ၍ တရားထူးရပြီးသူ အယူဝါဒကျင့်စဉ်ကို တည်ထောင်သူ သုံးမျိုး ရှိကြောင်း ဟောသည်။
ဆက်လက်ဖော်ပြပါမည်။
Ashin Sundara (18.1.2025)
+++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ
မဇ္ဈိမပဏ္ဏာသ
ကန္ဒရကသုတ်မှ သင်္ဂါရဝသုတ်အထိငါးဆယ်သော သုတ်တို့၏ အစုငယ်ကို မဇ္ဈိမပဏ္ဏာသဟု ခေါ်သည်။ မဇ္ဈိမနိကာယ်၏ အစုငယ်သုံးခုရှိသည့်အနက် အလယ်အလတ်အစုဖြစ်၍ မဇ္ဈိမဟူသော ဝိသေသန ပြုထားဟန်တူသည်။
မဇ္ဈိမပဏ္ဏာသ၌ သုတ်ငါးဆယ်ရှိ၍ ဆယ်သုတ်လျှင် တဝဂ်နှုန်းဖြင့် ငါးဝဂ်ရှိသည်။ထိုငါးဝဂ်တို့မှာ---
၁။ဂဟပတိဝဂ်
၂။ဘိက္ခုဝဂ်
၃။ပရိဗ္ဗာဇကဝဂ်
၄။ရာဇဝဂ်
၅။ဗြဟ္မဏဝဂ်တို့ ဖြစ်သည်။
မဇ္ဈိပဏ္ဏာသ၌ ပါဝင်သော သုတ်ငါးဆယ်တို့၌လည်း ဓမ္မနှင့်ပတ်သက်သော ရှင်းလင်းချက်များ ဖြေ ကြားချက်များ ဆွေးနွေးချက်များကိုပင် အကျယ်တဝင့် ထပ်မံတွေ့ရသည်။
အသေက္ခ(ရဟန္တာ)ပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးများ ကို ဖော်ပြထားသည်။အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်း၏ အကျိုးကျေးဇူးနှင့် နိဗ္ဗာန်၏ အနှစ်သာရတို့ကိုလည်း ပေါ်လွင်စွာ ရှင်းပြသည်။
သီတင်းသည်များ စောင့်ထိန်းအပ်သော သီလအမျိုးအစားများ ယင်းသီလတို့၏ အကျိုးကျေးဇူး ကုသိုလ်နှင့် အကုသိုလ်မည်သောအမှုများ စသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အဆုံးအမများလည်းပါဝင် သည်။ မဟုတ်မတရားပြောဆိုမှု မုသာဝါဒနှင့် ယင်း၏အပြစ်များကိုလည်း ဆွေးနွေးထားသည်။
မိမိကိုယ်ကို ညှဉ်းပန်းတတ်သောအကျင့် အတ္တန္တပ နှင့် တိတ္ထိဆရာကြီးခြောက်ဦးတို့အကြောင်း ကိုလည်း အနည်းအကျဉ်း ဖော်ပြသည်။နိဂဏ္ဌဘာသာ ရေးဂိုဏ်းများနှင့် ယင်းတို့၏ အမူအကျင့်များကို လည်း လေ့လာရမည်။
ဗုဒ္ဓမြတ်စွာ ဖြေဆိုရန် ငြင်းဆန်ခဲ့သော အဗျာကတ ဆယ်ပါးဟူသော မေးခွန်းဆယ်မျိုးနှင့် ထိုမေးခွန်း တို့၏ လောကုတ္တရာအနှစ်သာရ ချို့တဲ့ပုံကိုလည်းတွေ့ရမည်။
မဇ္ဈိမပဏ္ဏာသ၌ သုတ်ငါးဆယ်ကို ဝဂ်ငါးဝဂ်ဖြင့် ခွဲခြားထားသည် တူရာစုထားခြင်း ဖြစ်သည်။
လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့်သုတ်များကို ဂဟပတိဝဂ်၌ စုစည်းထား သည်။
ဗုဒ္ဓမြတ်စွာ၏ သာဝကရဟန်းတော်များနှင့် ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့် သုတ်များကို ဘိက္ခုဝဂ်အဖြစ် စုစည်းထားသည်။
အခြားသော ဘာသာရေးဂိုဏ်းဝင်များနှင့် ပတ်သက်၍ ဖြေဆိုဟောကြားထားသည့် သုတ်များကို
ပရိဗ္ဗာဇကဝဂ်အဖြစ် စုစည်းထားသည်။
မင်းစိုးရာဇာတို့နှင့်ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့်သုတ်များကို ရာဇဝဂ်အဖြစ် စုစည်းထား သည်။
ဗြဟ္မဏတို့နှင့် ပတ်သက်၍ ဖြေဆိုဟောကြားသည့်သုတ်များကို ဗြဟ္မဏဝဂ်အဖြစ် စုစည်းထားသည်။
သို့ဖြစ်၍ မဇ္ဈိမပဏ္ဏာသ၌ လူတန်းစားအလွှာအသီးသီးတို့၏ မေးခွန်းများ ပြဿနာများကို ဖြေဆို ချက်များ ဟောကြားဆုံးမသည့် တရားဓမ္မများကိုနာကြားခွင့်ရမည်။
ထို့ပြင် ဗုဒ္ဓမြတ်စွာနှင့် ထိုလူတန်းစားအလွှာအသီး သီးတို့၏ ဆက်ဆံရေး ဗုဒ္ဓသာဝကများနှင့် အခြား ဘာသာဝင်တို့ ဆက်ဆံရေးကိုသိနိုင်မည်။ဗုဒ္ဓခေတ် အိန္ဒိယလူ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေး ဘာသာရေး ယဉ်ကျေးမှု ပညာရေး အတွေးအခေါ်အယူအဆတို့ပါ သိနိုင်မည်ဖြစ်သည်။
+++++++++
၁။ ဂဟပတိဝဂ်
ဂဟပတိဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ ပထမဆုံးဝဂ်ဖြစ်သည်။ ဆယ်သုတ် ပါဝင်သည်။ ပါဝင်သော သုတ်အများစုသည် ဒါယကာတို့၏ အမေးပြဿနာများကို ဖြေကြားခြင်းနှင့် ဒါယကာတို့ အား ဟောကြားသောတရားတော်များဖြစ်ခြင်းကြောင့် ဂဟပတိဝဂ်ဟု အမည်ပေးထားခြင်းဖြစ်မည်။
ဂဟပတိဝဂ်၌ ပါဝင်သောသုတ်များမှာ -
၁။ ကန္ဒရကသုတ်
၂။ အဋ္ဌကနဂရသုတ်
၃။ သေခသုတ်
၄။ ပေါတလိသုတ်
၅။ ဇီဝကသုတ်
၆။ ဥပါလိသုတ်
၇။ ကုက္ကုရဝတိကသုတ်
၈။ အဘယရာဇကုမာရသုတ်
၉။ ဗဟုဝေဒနီယသုတ်
၁၀။ အပဏ္ဏကသုတ်တို့ ဖြစ်၏။
ဂဟပတိဝဂ် ၅၁ – ၆၀
မန ၅၁: ကန္ဒရကသုတ်
ကန္ဒရကသုတ်သည် ဆင်ထိန်းသားပေဿနှင့် ကန္ဒရကပရိဗိုဇ်တို့အား ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောသောသုတ်ဖြစ်သည်။
ပုဂ္ဂိုလ်လေးမျိုးမှာ -
၁။ မိမိကိုယ်ကို ပူပန်ဆင်းရဲစေသူ
၂။ သူတစ်ပါးကို ပူပန်ဆင်းရဲစေသူ
၃။ မိမိသူတစ်ပါး နှစ်ဦးလုံးကို ပူပန်ဆင်းရဲစေသူ
၄။ မိမိသူတစ်ပါး နှစ်ဦးလုံးကို မပူပန်စေသူတို့ဖြစ်၏။
မန ၅၂: အဋ္ဌကနာဂရသုတ် – To the Man from Atthakanagara [Thanissaro] [Bodhi]
အရှင်အာနန္ဒာက နိဗ္ဗာန်ရောက်ကြောင်းအကျင့် ၁၁မျိုးကိုဟောထားပါသည်။ အဋ္ဌကနဂရသုတ်သည် အရှင်အာနန္ဒာက အဋ္ဌကမြို့သားအား စိတ္တဝိမုတ္တိဖြစ်ရန်နှင့် အာသဝကုန်ကြောင်းတရား ဆယ့်တစ်ပါး ကို တစ်ပါးစီခွဲ၍ ဟောသောသုတ်ဖြစ်သည်။ ထိုဆယ့်တစ်ပါးမှာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရလေးပါး၊ အာကာနဉ္စာယတနသမာပတ်၊ ဝိညာဏဉ္စာယတနသမာပတ်၊ အာကိဉ္စညာယတနသမာပတ်ဟူသော အရူပသမာပတ်သုံးပါးတို့ဖြစ်သည်။
မန ၅၃: သေခသုတ် – The Practice for One in Training [Thanissaro]
အရှင်အာနန္ဒာက သီလနှင့် ပြည့်စုံခြင်း၊ ဣန္ဒြေတို့၌ စောင့်စည်းခြင်း၊ အစားအသောက်၏ အတိုင်းအရှည်ကို သိခြင်း၊ နိုးကြားမှု၌ အားထုတ်ခြင်း၊ သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံခြင်း၊ ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရခြင်း စသည်တို့ကို ဟောထားပါသည်။ ဤသုတ်တွင် ခါးတော်နာခြင်းကို ဖော်ပြထား၍ မြတ်စွာဘုရားသက်တော်ကြီးရင့်ပြီးသော အချိန်တွင် ဟောကြားခဲ့ သော တရားတော်ဖြစ်ပါသည်။
မန ၅၄: ပေါတလိယသုတ် – To Potaliya [Thanissaro (excerpt)] [Bodhi]
ဤသုတ်တွင် မြတ်စွာဘုရားက သီလအကြောင်းကို အလွန်ရှင်းလင်းသော ဥပမာ ၈မျိုးနှင့် ကာမဂုဏ်တို့၏ အပြစ်ကို ဟောထားသော တရားတော်ဖြစ်ပါသည်။
မန ၅၅: ဇီဝကသုတ်
သမားတော် ဇီဝက က မြတ်စွာဘုရားကို မြင်သား ကြားသား နှင့် ရွယ်သား သုံးဆောင်ခြင်း အကြောင်း မေးလျှောက်သော သုတ်ဖြစ်သည်။
မန ၅၆: ဥပါလိသုတ်
မြတ်စွာဘုရားကို စကားနိုင်လု၍ အယူပြောင်းရန် လာသော ဂျိန်းအယူဝင် ဥပါလိသူကြွယ် အကြောင်းဖြစ်သည်။ အခြားအယူဝင် ရဟန်းများအပေါ်တွင် သဘောထားကြီးသော မြတ်စွာဘုရား၏ အမြင်ကို တွေ့ရပါမည်။
မန ၅၇: ကုက္ကုရဝတိကသုတ် – The Dog-duty Ascetic [Ñanamoli] [Bodhi]
နွားကျင့် ကျင့်သောသူနှင့် ခွေးကျင့် ကျင့်သောသူနှစ်ယောက်အား ကံ၏အကြောင်းအကျိုးကို ဆုံးမသော သုတ်ဖြစ်ပါသည်။
မန ၅၈: အဘယရာဇကုမာရသုတ် – To Prince Abhaya [Thanissaro]
ဂျိန်းဝါဒီခေါင်းဆောင် (နိဂဏ္ဌနာဋပုတြာ)က မင်းသားအဘယကို မြတ်စွာဘုရားနှင့် စကားအနိုင်လုရန် ခိုင်းသော သုတ်ဖြစ်ပါသည်။ ဤသုတ်တွင် အရိယမဂ်၏ မှန်ကန်သောစကား(သမ္မာဝါစာ) ကို မြတ်စွာဘုရား လက်တွေ့ဘဝတွင် သုံးသွားသည်ကို ကြည်ညိုဖွယ် တွေ့ရပါမည်။
မန ၅၉: ဗဟုဝေဒနီယသုတ် – The Many Kinds of Feeling/Many Things to be Experienced [Nyanaponika | Thanissaro]
ပဥ္စကင်္ဂလက်သမားကြီးနှင့် အရှင်ဥဒါယီတို့ ဝေဒနာအမျိုးအစားတို့ မည်မျှရှိကြောင်း သဘောမတူနိုင် ဖြစ်ကြသည်ကို အကြောင်းပြု၍ ဟောကြားသောသုတ်ဖြစ်ပါသည်။
မန ၆၀: အပဏ္ဏကသုတ် – A Safe Bet [Thanissaro] [Bodhi]
ဆရာအမျိုးမျိုးတို့၏ အတွေးအခေါ်အမျိုးမျိုးတို့ကြောင့် ဇဝေဇဝါဖြစ်နေသော သာလာရွာသား ပုဏ္ဏားသူကြွယ်တို့ကို မည်ကဲ့သို့ အယူမှန်ကိုရှာရမည်ကို ဟောကြားသော သုတ်ဖြစ်ပါသည်။
ဘိက္ခုဝဂ် ၆၁ – ၇၀
ဘိက္ခုဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ ဒုတိယမြောက်ဝဂ်ဖြစ်သည်။ ဆယ်သုတ်ပါဝင်၏။ ပါဝင်သောသုတ်များသည် ဗုဒ္ဓမြတ်စွာက တပည့်သာဝက ရဟန်းတော်များ၏ မေးလျှောက်ချက်အရ ဖြေကြားခြင်း အကြောင်းဖြစ်ပေါ်လာသဖြင့် ဆိုဆုံးမဟောကြားခြင်းများ ဖြစ်သောကြောင့် ဤဝဂ်ကို ဘိက္ခုဝဂ်ဟု အမည်ပေးထားခြင်း ဖြစ်မည်။
ဘိက္ခုဝဂ်တွင် ပါဝင်သောသုတ်များမှာ -
၁။ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်
၂။ မဟာရာဟုလောဝါဒသုတ်
၃။ စူဠမာလုကျသုတ်
၄။ မဟာမာလုကျသုတ်
၅။ ဘဒ္ဒါလိသုတ်
၆။ လဋုကိကောပမသုတ်
၇။ စာတုမသုတ်
၈။ နဠကပါနသုတ်
၉။ ဂေါလိယာနိသုတ်
၁၀။ ကီဋာဂိရိသုတ်တို့ဖြစ်သည်။
မန ၆၁: အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ် – Instructions to Rahula at Mango Stone [Thanissaro]
ကိုရင် အရှင်ရာဟုလာကို မုသားစကားဆိုခြင်းနှင့်ပက်သက်၍ ဆုံးမသောသုတ်ဖြစ်ပါသည်။ အလွန်ကြည်ညိုဖွယ်ကောင်းသော ဆုံးမစကားတို့ဖြစ်၍ အကြိမ်များစွာနာသင့်သော သုတ်ဖြစ်ပါသည်။
မန ၆၂: မဟာရာဟုလောဝါဒသုတ် – The Greater Exhortation to Rahula [Thanissaro]
ကိုရင် အရှင်ရာဟုလာကို တရားထိုင်နည်းသင်ကြားသော သုတ်ဖြစ်ပါသည်။ တရားထိုင်နည်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဟောကြားထားပါသည်။
မန ၆၃: စူဠမာလုကျသုတ် – The Shorter Instructions to Malunkya [Thanissaro] [Bodhi]
မိမိသိလိုသော “သေပြီးနောက်ဘဝနှင့် လောက၏မြဲခြင်း မမြဲခြင်း စသည့်မေးခွန်းများကို မြတ်စွာဘုရား မဖြေဆိုပါက လူထွက်မည်”ဟု လျှေက်သော အရှင်မာလုကျပုတ္တကို ဆုံးမသောသုတ်ဖြစ်ပါသည်။
မန ၆၄: မဟာမာလုကျသုတ်
အောက်သံယောဇဉ် (အနှောင် အဖွဲ့) ငါးပါး ကို ဖြတ်ပြီးသော အနာဂါမ် တည်နည်းကို ဟောကြားထားပါသည်။
မန ၆၅: ဘဒ္ဒါလိသုတ်
ဘဒ္ဒါလိသုတ်သည် အရှင်ဘဒ္ဒါလိအား အကျင့် သိက္ခာဖြည့်ကျင့်ရန်ဆုံးမခြင်းဖြစ်သည်။
မန ၆၆: လဋုကိကောပမသုတ် – The Quail Simile [Thanissaro]
အနှောင်အဖွဲ့တို့ကို သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ပယ်သင့်သည်ဟု မြတ်စွာဘုရားက အရှင်ဥဒါယီကို ဆုံးမသောသုတ်ဖြစ်သည်။
မန ၆၇: စာတုမသုတ်
စာတုမသုတ်သည် စာတုမရွာ၌ ရဟန်းတို့အား ရဟန်းတို့၏ ဘေးရန်လေးမျိုးကို ဟောကြားခြင်း ဖြစ်သည်။
မန ၆၈: နဠကပါနသုတ်
မြတ်စွာဘုရားသည် သေလွန်ပြီးသော ရဟန်း ရဟန်းမ ဒကာ ဒကာမတို့၏ နောင်ဘဝကို ဖော်ထုတ် ဟောလေ့ရှိပါသည်။ လူအများ ချီးမွန်းစေရန် လာဘ်တိုးပွားစေရန် အတွက်မဟုတ်ကြောင်း ဟောကြားထားသော သုတ်ဖြစ်သည်။
မန ၆၉: ဂေါလိယာနိသုတ်
ဂေါလိယာနိသုတ်သည် အရှင်ဂေါလိယာနိအား တောကျောင်းနေရဟန်းများ လိုက်နာရမည့် ကျင့်ဝတ် ၁၈ ပါးကို ဟောသည်။
မန ၇၀: ကီဋာဂိရိသုတ် – At Kitagiri [Thanissaro] [Bodhi]
ဝိနည်းတော်ကို မလိုက်နာသော အဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို ဆုံးမသောသုတ်ဖြစ်ပါသည်။
၃။ ပရိဗ္ဗာဇကဝဂ်
ပရိဗ္ဗာဇကဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ တတိယဝဂ် ဖြစ်သည်။ ပရိဗ္ဗာဇကဝဂ်၌ ဆယ်သုတ်ပါဝင်သည်။ ပါဝင်သော သုတ်များသည် ပရိဗိုဇ်တို့၏ မေးလျှောက်ချက်အရ ဗုဒ္ဓမြတ်စွာ ကဖြေကြားခြင်း၊ ပရိဗိုဇ်တို့၏ အယူအဆ အလေ့အကျင့်တို့ကို ဗုဒ္ဓမြတ်စွာက ပရိဗိုဇ်တို့အား ဝေဖန် ထောက်ပြချက်များ ဖြစ်နေသည်။ ထိုကြောင့်ပင် ဤဝဂ်ကို ပရိဗ္ဗာဇကဝဂ်ဟု အမည်ပေးထားခြင်း ဖြစ်မည်။
ပရိဗ္ဗာဇကဝဂ်၌ ပါဝင်သော သုတ်များမှာ -
၁။ တေဝိဇ္ဇသုတ်
၂။ အဂ္ဂိဝစ္ဆသုတ်
၃။ မဟာအဂ္ဂိဝစ္ဆသုတ်
၄။ ဒီဃနခသုတ်
၅။ မာဂဏ္ဍီယသုတ်
၆။ သန္ဒကသုတ်
၇။ မဟာသကုလုဒါယီသုတ်
၈။ သမဏမုဏ္ဍိကသုတ်
၉။ စူဠသကုလုဒါယီသုတ်
၁၀။ ဝေခနသသုတ်တို့ဖြစ်၏။
ပရိဗ္ဗာဇကဝဂ် ၇၁ – ၈၀
မန ၇၁: – တေဝိဇ္ဇဝစ္ဆသုတ်
မြတ်စွာဘုရားသည် အလုံးစုံကို အချိန်မရွှေး အမြဲမပြတ် သိမြင်နေသည်ဟု ပြောဆိုခြင်းသည် မြတ်စွာဘုရားကို မဟုတ်မမှန် စွပ်စွဲခြင်းဖြစ်ကြောင်း ဟောကြားထားပါသည်။ မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး (အသိဉာဏ်သုံးမျိုး) ပိုင်ဆိုင်သည်ဟု ပြောဆိုခြင်းသည်သာ မှန်ကန်ကြောင်း ဟောကြားထားပါသည်။
မန ၇၂: အဂ္ဂိဝစ္ဆသုတ် – To Vacchagotta on Fire [Thanissaro]
“လောင်စာကိုမှီ၍ မီးတောက်လောင်၏ လောင်စာကုန်သော် မီးငြိမ်းသည်”ဟူသော ဥပမာဖြင့် နိဗ္ဗာန်၏သဘောကို ဟောကြားထားပါသည်။
မန ၇၃: မဟာဝစ္ဆသုတ်
အဘယ်တရားတို့သည် ကုသိုလ် အကုသိုလ် တရားတို့ဖြစ်သနည်း။ မြတ်စွာဘုရား အဆုံးအမဖြင့် သမထ ဝိပဿနာ ပွားများ၍ စိတ်တန်ခိုးများ (ဣဒ္ဓိပါဒ) ရရှိကာ ရဟန်းကိစ္စ ပြီးသွားသော ပရိဗိုဇ် ဟောင်း အရှင်ဝစ္ဆ အကြောင်းဖြစ်သည်။
မန ၇၄: ဒီဃနခသုတ် – To LongNails [Thanissaro]
အယူအားလုံးကို မစွဲလန်းခြင်း၊ ရုပ်နှင့်ဝေဒနာကို ကောင်းစွာသဘောပေါက်ခြင်းကြောင့် အရဟတ္တမဂ်ဉာဏ် ရရှိပုံကို ဟောကြားထားပါသည်။ ဤသုတ်ကိုနာခြင်းကြောင့် အရှင်သာရိပုတြာ ရဟန္တာ ဘဝကို ရရှိခြင်းဖြစ်ပါသည်။
မန ၇၅: မာဂဏ္ဍိယသုတ် – To Magandiya [Thanissaro (excerpt)] [Bodhi]
မြတ်စွာဘုရားသည် ဆေးဆရာကဲ့သို့ပင် မျက်စိအမြင်ကန်းနေသောလူတို့ကို အမြင်ရှိစေရန်ကုသ သကဲ့သို့ပင် ဖြစ်သည်ဟု ဖော်ပြထားပါသည်။
မန ၇၆: သန္ဒကသုတ်
သန္ဒကသုတ်သည် အရှင်အာနန္ဒာက သန္ဒကပရိဗိုဇ်အား အကျင့်မြတ်မဟုတ်သော ကျင့်သုံးမှု လေးမျိုးနှင့် သက်သာရာရစေနိုင်သော အကျင့် လေးမျိုးတို့ကိုဟောသည်။
မန ၇၇: မဟာသကုလုဒါယိသုတ်
တပည့်ရဟန်းများက မြတ်စွာဘုရားအား ရိုသေစွာ ပူဇော်ရခြင်း၏ အကြောင်းအရင်းများကို ဟောကြားထားပါသည်။ ခေတ်ပြိုင် အခြားလှည့်လည်သော ရဟန်းဆရာများ၏ ဆရာတပည့် ဆက်ဆံရေးနှင့် အလွန်ကွာခြားပုံကို စိတ်ဝင်စားဖွယ် တွေ့ရပါမည်။
မန ၇၈: သမဏမုဏ္ဍိကသုတ် – Mundika the Contemplative [Thanissaro]
ရဟန္တာတို့တွင် ရှိသော အရည်အသွေးဆယ်မျိုးကို ဟောကြားထားပါသည်။
မန ၇၉: စူဠသကုလုဒါယီသုတ်
စူဠသကုလုဒါယီသုတ်သည် သကုလုဒါယီပရိဗိုဇ်၏ ဆရာစဉ်ဆက် လက်ခံယူဆခဲ့သည်များကို ဗုဒ္ဓမြတ်စွာက ဝေဖန်သုံးသပ်ပြခြင်းဖြစ်သည်။
မန ၈၀: ဝေခနသသုတ်
ဝေခနသသုတ်သည် ဝေခနသပရိဗိုဇ်အား မြတ်သောအဆင်း၊ ကာမသုခ၊ အနှောင့်အဖွဲ့တို့မှ လွတ်မြောက်မှုတို့နှင့် ပတ်သက်၍ ဝေဖန်သုံးသပ်ပြခြင်းဖြစ်သည်။ ဝေခနသသည် ဥပါသကာ ဖြစ်လာ၏။
၄။ ရာဇဝဂ်
ရာဇဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ လေးခုမြောက်ဝဂ်ဖြစ်သည်။ ဆယ်သုတ်ပါဝင်၍ ပါဝင်သော သုတ်အများစုသည် ရှင်ဘုရင်များ၏ မေးခွန်းများကို ဖြေကြားခြင်း၊ ရှင်ဘုရင်များနှင့် ပတ်သက်၍ ဟောကြားခြင်းများ ဖြစ်၏။ ထို့ကြောင့်ပငိ ရာဇဝဂ်ဟု အမည်ပေးခြင်းဖြစ်မည်။
ရာဇဝဂ်၌ ပါဝင်သောသုတ်များမှာ -
၁။ ဃတိကာရသုတ်
၂။ ရဋ္ဌပါလသုတ်
၃။ မဃဒေဝသုတ်
၄။ မဓုရသုတ်
၅။ ဗောဓိရာဇကုမာရသုတ်
၆။ အင်္ဂုလိမာလသုတ်
၇။ ပိယဇာတိကသုတ်
၈။ ဗာဟိတိကသုတ်
၉။ ဓမ္မစေတိယသုတ်
၁၀။ ကဏ္ဏကတ္ထလသုတ်တို့ဖြစ်၏။
ရာဇဝဂ် ၈၁ – ၉၀
မန ၈၁: ဃဋိကာရသုတ်
ဃဋိကာရသုတ်သည် ဗုဒ္ဓမြတ်စွာ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်စဉ် တစ်ခုသော နေရာ၌ ရပ်၍ ဤနေရာ၌ ဝေဂဠိင်္ဂရွာကြီးနှင့် ကဿပမြတ်စွာဘုရား၏ ကျောင်းတော်ကြီးရှိခဲ့ဖူးကြောင်း မိန့်တော်မူပြီးလျှင် ဃဋိကာရအိုးထိန်းသည် အကြောင်းကို ဟောကြားသည်။
မန ၈၂: ရဋ္ဌပါလသုတ် – About Ratthapala [Thanissaro] [Bodhi]
ရဟန်းပြုခွင့်ရရန် မိဘတို့ကို အစာငတ်ခံဆန္ဒပြသော အရှင်ရဋ္ဌပါလ၏အကြောင်းဖြစ်သည်။ “သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရဋ္ဌပါလသည် အမြတ်ဆုံး(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။
မန ၈၃: မဃဒေဝသုတ်
မဃဒေဝသုတ်သည် မဃဒေဝမင်းကြီးအကြောင်းကို ပြန်ပြောင်းဟောကြားခြင်းဖြစ်သည်။ ဇာတ်တော်ကြီးဆယ်ဘွဲ့လာ နေမိဇာတ်ပင်ဖြစ်၏။
မန ၈၄: မဓုရသုတ်
မဓုရသုတ်သည် မဓုရပြည် နွားမြေရင်းတော၌ အရှင်မဟာကစ္စည်းက မဓုရမင်းအား ပုဏ္ဏားမျိုးသည်သာ အမြတ်ဆုံးဖြစ်ကြောင်း ပုဏ္ဏားတို့ ပြောသောစကားသည် အသံမျှသာဖြစ်ကြောင်း မှတ်ချက်ပေးသည်။ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံပြီးမှ ဖြစ်သည်။
မန ၈၅: ဗောဓိရာဇကုမာရသုတ်
ဗောဓိရာဇကုမာရသုတ်သည် ဗောဓိမင်းသား၏ ချမ်းသာနှင့်ရင်း၍ ချမ်းသာမရနိုင်။ ဆင်းရဲနှင့်ရင်းမှ ချမ်းသာရနိုင်၏ဟူသောစကားကို အကြောင်းပြု၍ ဗုဒ္ဓမြတ်စွာက ကိုယ်တွေ့ဖြစ်ရပ်များဖြင့် ဟောကြားသည်။
မန ၈၆: အင်္ဂုလိမာလသုတ် – About Angulimala [Thanissaro]
လက်ညှိုးတစ်ထောင်ဖြတ် လူဆိုးကြီး အင်္ဂုလိမာလကို ဆုံးမသောသုတ်ဖြစ်ပါသည်။ မီးနေသည်များအတွက် ရွတ်ဆိုသော ပရိတ်တရားတော်မှာ ဤသုတ်တွင်ပါသည့် အရှင်အင်္ဂုလိမာလ၏ သစ္စာစကားဖြစ်ပါသည်။
မန ၈၇: ပိယဇာတိကသုတ် – From One Who Is Dear [Thanissaro]
“ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏”ဟု သားသေ၍ ဝမ်းနည်းပူဆွေးနေသောသူကို ဆုံးမသော သုတ်ဖြစ်သည်။
မန ၈၈: ဗာဟိတိကသုတ်
ကောသလမင်းကြီးက အရှင်အာနန္ဒာကို မြတ်စွာဘုရား၏ ကိုယ်ကျင့်တရားအကြောင်း မေးမြန်းလျှောက်ထားသော အကြောင်းဖြစ်သည်။ ဗုဒ္ဓဘာသာကိုယ်ကျင့်တရားအမြင် (Ethics) ကို အနှစ်ချုပ်ရှင်းထားခြင်းကို တွေ့ရပါမည်။
မန ၈၉: ဓမ္မစေတိယသုတ်
ဓမ္မစေတိယသုတ်သည် ကောသလမင်းကြီးက ဗုဒ္ဓမြတ်စွာကို တရားတော်၏ မြတ်နိုးဖွယ်ဂုဏ်ရည်များကို လျှောက်ထားသည်။ အသက်ထက်ဆုံး စင်ကြယ်စွာကျင့်သုံးမှု၊ ညီညွတ်စွာနေထိုင်မှု၊ ရွှင်လန်းတက်ကြွသော နေထိုင်မှု၊ ချောင်းဟန့်သံပင်မကြားရမှု၊ ပြဿနာရှာရန် လာသူများ တပည့်ဖြစ်လာမှု။ အနုမာနဉာဏ်ဖြင့်သိရခြင်း၊ မျိုးနွယ်တူခြင်း၊ အသက်တူခြင်း၊ ဇာတိတူခြင်းတို့ဖြစ်သည်။
မန ၉၀: ကဏ္ဏကတ္ထလသုတ် – At Kannakatthala [Thanissaro]
မည်သည့်အမျိုးအနွယ်ဖြစ်စေ ကမ္မဋ္ဌာန်း စီးဖြန်းပါက ဤအင်္ဂါငါးမျိုးကို တွေ့ရပါမည်။
၅။ ဗြဟ္မဏဝဂ်
ဗြဟ္မဏဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ ငါးခုမြောက် နှင့် နောက်ဆုံးဝဂ် ဖြစ်သည်။ ဆယ်သုတ်ပါဝင်၍ ပါဝင်သောသုတ်များသည် ဗြဟ္မဏပုဏ္ဏားတို့၏ မေးမြန်းချက်များကို ဖြေဆိုခြင်းနှင့် ဗြဟ္မဏတို့နှင့်ပတ်သက်၍ ဟောကြားချက်များဖြစ်၏။
ဗြဟ္မဏဝဂ်၌ ပါဝင်သောသုတ်များမှာ -
၁။ ဗြဟ္မာယုသုတ်
၂။ သေလသုတ်
၃။ အဿလာယနသုတ်
၄။ ဃောဋမုခသုတ်
၅။ စင်္ကီသုတ်
၆။ ဧသုကာရီသုတ်
၇။ ဓနဉ္ဇာနီသုတ်
၈။ ဝါသေဋ္ဌသုတ်
၉။ သုဘသုတ်
၁၀။ သင်္ဂါရဝသုတ်တို့ဖြစ်၏။
ဗြာဟ္မဏဝဂ် ၉၁ – ၁၀၀
မန ၉၃: အဿလာယနသုတ် – With Assalayana [Thanissaro]
အမျိုးမြင့် အမျိုးနိမ့်ဆိုသည်မှာ မွေးဖွားရာဇတ်နှင့်မဆိုင်၊ မိမိ၏ကိုယ်နှုတ်အမူအရာကို စောင့်စည်းမှုနှင့် ဆိုင်သည်ဟူသော ဆုံးမစကားကို တွေ့ရပါမည်။ လူမျိုးမတူ တိုင်းပြည်မတူ အသားအရေမတူ၍ ခွဲခြားစွာ ဆက်ဆံကြသော ယခုခေတ်ကာလ၌ ဤတရားတော်၏ အဆုံးအမသည် ကြည်ညိုဖွယ် ကောင်းလှပါသည်။
မန ၉၄: ဃောမုခသုတ်
ဃောမုခသုတ်သည် တရားစောင့်သော ရဟန်းမရှိဟု ပြောဆိုသည့် ဃောဋမုခပုဏ္ဏားအား အရှင်ဥဒေနက ပုဂ္ဂိုလ်လေးမျိုး ပရိသတ်နှစ်မျိုးတို့ကို ရှင်းပြကာ ဆွေးနွေးခြင်း ဖြစ်သည်။
မန ၉၅: စင်္ကီသုတ် – With Canki [Ñanamoli (excerpt) | Thanissaro (excerpt)] [Bodhi]
သူတော်ကောင်းကို ချဉ်းကပ်၍ တရားနာခြင်းသည် ပထမဆုံးအလုပ်ဖြစ်သည်။ ဤသုတ်တွင် တစ်ဆယ့်ခြောက်နှစ်အရွယ် စာပေကျမ်းဂန်နှံ့စပ်သော လူငယ်ပုဏ္ဏားလေးနှင့် တရားဆွေးနွေးခြင်းကို တွေ့ရပါမည်။
မန ၉၆: ဧသုကာရီသုတ်
ဧသုကာရီသုတ်သည် ပုဏ္ဏားတို့၏ လုပ်ကျွေးခြင်းလေးမျိုးနှင့် ကိုယ်ပိုင်ဥစ္စာလေးမျိုး သတ်မှတ်ချက်ကို လက်ခံနိုင်ဖွယ်မရှိကြောင်း ဗုဒ္ဓမြတ်စွာက ဧသုကာရီပုဏ္ဏားအား ရှင်းပြသည်။
မန ၉၇: ဓနဥ္ဇာနိသုတ် – To Dhanañjani [Thanissaro]
မှားရွင်းစွာအသက်မွေးပါက မိသားစုအတွက်ပင်ဖြစ်စေ ကံ၏အကျိုးမှ မလွတ်ကင်းနှိင်ပါ။ သေဆုံးခါနီးသူအား ပြည့်စုံစွာ တရားဟောမသွားသော အရှင်သာရိပုတြာကို မြတ်စွာဘုရားကဆုံးမသည်ကို တွေ့ရပါမည်။
မန ၉၈: ဝါသေဋ္ဌသုတ်
ဝါသေဋ္ဌသုတ်သည် ဝါသေဋ္ဌနှင့်ဘာရဒွာဇ ပုဏ္ဏားလုလင်နှစ်ယောက်တို့ ဗြဟ္မာဖြစ်ကြောင်း အငြင်းပွားရာမှ ဗုဒ္ဓမြတ်စွာက အမျိုးဇာတ်ခြားနားမှုနှင့် ဗြဟ္မဏမည်ပုံကို ရှင်းပြသည်။
မန ၉၉: သုဘသုတ်
သုဘသုတ်သည် လူဝတ်ကြောင်နှင့် ရဟန်းတို့၏ ကုသိုလ်နှင့်ပတ်သက်၍ ပုဏ္ဏားတို့၏ ထင်မြင်ယူဆချက်ကို သုဘလုလင်က မေးလျှောက်သဖြင့် ဗုဒ္ဓမြတ်စွာက မှတ်ချက်ပေးခြင်း ဖြစ်သည်။ ပုဏ္ဏားတို့က လူဝတ်ကြောင်သည်သာ ကုသိုလ်ရ။ ရဟန်းသည် ကုသိုလ်မရ၊ လူဝတ်ကြောင်၏ ကုသိုလ်သည် အကျိုးကြီး၍ ရဟန်း၏ကုသိုလ်သည် အကျိုးမကြီးဟု ယူဆကြသည်။
မန ၁၀၀: သင်္ဂါရဝသုတ်
သင်္ဂါရဝသုတ်သည် သင်္ဂါရဝလုလင်၏ မေးမြန်းချက်အရ တဆင့်ကြား ကြံစည်စဉ်းစား ထိုးထွင်း သိဟူ၍ တရားထူးရပြီးသူ အယူဝါဒကျင့်စဉ်ကို တည်ထောင်သူ သုံးမျိုး ရှိကြောင်း ဟောသည်။
ဆက်လက်ဖော်ပြပါမည်။
Ashin Sundara (18.1.2025)
+++++++++++++++++++++++++++++++++
၁။ #ဂဟပတိဝဂ်
ဂဟပတိဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ ပထမဆုံးဝဂ်ဖြစ်သည်။ ဆယ်သုတ် ပါဝင်သည်။ ပါဝင်သော သုတ်အများစုသည် ဒါယကာတို့၏ အမေးပြဿနာများကို ဖြေကြားခြင်းနှင့် ဒါယကာတို့ အား ဟောကြားသောတရားတော်များဖြစ်ခြင်းကြောင့် ဂဟပတိဝဂ်ဟု အမည်ပေးထားခြင်းဖြစ်မည်။
ဂဟပတိဝဂ်၌ ပါဝင်သောသုတ်များမှာ -
၁။ ကန္ဒရကသုတ်
၂။ အဋ္ဌကနဂရသုတ်
၃။ သေခသုတ်
၄။ ပေါတလိယသုတ်
၅။ ဇီဝကသုတ်
၆။ ဥပါလိသုတ်
၇။ ကုက္ကုရဝတိကသုတ်
၈။ အဘယရာဇကုမာရသုတ်
၉။ ဗဟုဝေဒနီယသုတ်
၁၀။ အပဏ္ဏကသုတ်တို့ ဖြစ်၏။
မန ၅၁: #ကန္ဒရကသုတ်
ပုဂ္ဂိုလ်လေးမျိုးကို အကျယ်ဟောခြင်း ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် စမ္ပာမြို့ ဂဂ္ဂရာရေကန်အနီး၌ ရဟန်းသံဃာများစွာနှင့် အတူသီတင်းသုံးနေစဉ် ဆင်ထိန်းသားပေ ဿနှင့် ကန္ဒရကပရိဗိုဇ်တို့သည် ဗုဒ္ဓမြတ်စွာထံရောက်လာ ကြ၏။
ကန္ဒရကပရိဗိုဇ်သည် တိတ်ဆိတ်စွာထိုင်နေသော ရဟန်း အပေါင်းကိုကြည့်ရှုလျက် ရဟန်းဂေါတမ၏ တပည့်သံ ဃာများအား သွန်သင်ဆုံးမထားပုံမှာ အံ့သြလောက်အောင်ပင် ကောင်းမွန်လှပါ၏ဟု ချီးကျူးလေ၏။
ဤရဟန်းအပေါင်းတွင် ရဟန္တာပုဂ္ဂိုလ်များလည်း ပါ၏။ သေက္ခပုဂ္ဂိုလ်များလည်း ပါ၏။ထိုရဟန်းအားလုံးသည် သတိပဌာန်လေးပါးတို့၌ စွဲမြဲသောစိတ်ရှိကုန်ဖြစ်၍ နေကြ၏ဟု ဗုဒ္ဓမြတ်စွာက မိန့်တော်မူ၏။
လူတို့သည် ရှုပ်ထွေးပွေလိမ်လှပါ၏။ကိုယ်ဖြင့် တစ်မျိုးလုပ် နှုတ်ဖြင့်တစ်မျိုးပြောပြီး စိတ်ထားတစ်မျိုးတစ်မည် ရှိတတ်ကြပါ၏။ တိရစ္ဆာန်တို့သည် ရှင်းလင်းပေါ်လွင်လှပါ၏ဟု ဆင်ထိန်းသား ပေဿက ဗုဒ္ဓမြတ်စွာအား လျှောက်၏။
ထိုအခါ ဗုဒ္ဓမြတ်စွာက ပေဿ၏ စကားမှန်ကန်ကြောင်း ထောက်ခံပြီး ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း မိန့်ပါ၏။
မိမိကိုယ်ကို ပူပန်ဆင်းရဲစေရန် အားထုတ်သူ
သူတစ်ပါးကို ပူပန်ဆင်းရဲစေရန် အားထုတ်သူ
မိမိသူတပါး နှစ်ဦးသားလုံး ပူပန်ဆင်းရဲစေရန်အားထုတ်သူ
မိမိသူတပါး နှစ်ဦးသားလုံး ပူပန်ဆင်းရဲစေရန် အားမထုတ်ဘဲ မျက်မှောက်ဘဝ၌ပင် ငြိမ်းအေးချမ်းသာစွာနေသူ ဟူ၍ ပုဂ္ဂိုလ်လေးမျိုးရှိ၏။
ထိုလေးမျိုးတွင် ဘယ်ပုဂ္ဂိုလ်ကို သင် နှစ်သက်ပါသနည်းဟု မေး၏။
စတုတ္ထပုဂ္ဂိုလ်ကို နှစ်သက်ပါ ကြောင်းဖြေကြားပြီး ဗုဒ္ဓမြတ်စွာထံပါးမှ ဖဲ့ခွာသွားလေသည်။
ရဟန်းတို့အား ပုဂ္ဂိုလ်လေးမျိုးကို အကျယ်ဟောကြား တော်မူပါ၏။
ကိုယ်ခန္ဓာ ပင်ပန်းဆင်းရဲကြောင်း အကျင့်အမျိုးမျိုးကို အားထုတ်သူသည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေရန် အားထုတ်သူမည်၏။
ကြမ်းကြုတ်သောအမှုကို ပြုလုပ်သူအားလုံးတို့သည် သူ တစ်ပါးကို ပူပန်ဆင်းရဲစေရန် အားထုတ်သူမည်၏။
တိရစ္ဆာန်တို့ကိုသတ်၍ ယဇ်ပူဇော်သူသည် မိမိသူတစ်ပါး နှစ်ဦးသားလုံးကို ပူပန်ဆင်းရဲစေရန် အားထုတ်သူမည်၏။
နီဝရဏငါးပါးကို ပယ်ခွာပြီး စျာန်အဆင့်ဆင့်သို့ ရောက်နေ ၏။စျာန်၏အစွမ်းအားဖြင့် ဖြူစင်သောစိတ်ကို မိမိအလိုရှိ ရာသို့ ရှေ့ရှုညွတ်စေသဖြင့် ဝိဇ္ဇာဉာဏ်သုံးပါးကို ရသော ရ ဟန်းသည် မိမိသူတစ်ပါး နှစ်ဦးသားလုံးကို ပူပန်ဆင်းရဲစေ ရန် အားမထုတ်ဘဲ ငြိမ်းအေးချမ်းသာစွာ နေသူမည်၏။
မန ၅၂: #အဋ္ဌကနဂရသုတ်
လွတ်မြောက်ကြောင်းတရား အာသဝေါကုန်ကြောင်းတရား ၁၁ ပါးကို ဟောကြားခြင်းဖြစ်သည်။ ဝေသာလီပြည် ဗေလုဝရွာငယ်၌ အရှင်အာနန္ဒာ သီတင်းသုံးနေစဉ် အဋ္ဌကမြို့သာ ဒသမသူကြွယ်သည် အရှင်အာနန္ဒာထံ ချဉ်းကပ်၍ လွတ်မြောက်ကြောင်း တရားတို့ကို မေးလျှောက်၏။
ဤသာသနာ၌ ရဟန်းသည် ကာမဂုဏ်မှလည်းကောင်း၊ အကုသိုလ်တရားတို့မှလည်းကောင်း ကင်းဆိတ်၍ ပထမဈာန်သို့ ရောက်၍နေ၏။ ဤပထမဈာန်ကား ပြုပြင်မှု စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသောတရားဖြစ်၏။ ပြုပြင်အပ်သောတရားဟူသမျှသည် မတည်မြဲ။ ချုပ်ပျောက်ခြင်းသဘောရှိ၏ဟု ဆင်ခြင်သုံးသပ်၏။
ထိုရဟန်းသည် ထိုပထမဈာန်တရား၌တည်လျက် အာသဝေါကုန်ခြင်းသို့ ရောက်၏။ အကယ်၍ အာသဝကုန်ခြင်းသို့ မရောက်သည့်တိုင်အောင် ထိုပထမဈာန်၌ တပ်စွန်းနှစ်သက်ခြင်းနှင့် အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးကုန်၏။ ထိုသို့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ဖြစ်၍ ကာမဘုံသို့ ပြန်မလာတော့ဘဲ ထိုဘုံ၌ပင် ဘဝဇာတ်ချုပ်ငြိမ်းလေ၏။
ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ မေတ္တာ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ အာကာသာနဉ္စယတနသမာပတ်၊ အာကိဉ္စညာယတနသမာပတ်တို့ကို ရရောက်၍ နေခြင်းသည် မလွတ်မြောက်သေးသောစိတ်သည် လွတ်မြောက်၍ မကုန်သေးသော အာသဝေါတရားများ ကုန်ခမ်းစေနိုင်သည့် တရားများ ဖြစ်ကြောင်း တစ်ပါးစီခွဲ၍ ဟောတော်မူပါသည်။
အချုပ်အားဖြင့် ဈာန်လေးပါး၊ ဗြဟ္မဝိဟာရလေးပါး၊ အရူပ သမာပတ်သုံးပါးအားဖြင့် ဆယ်တစ်ပါးတို့တွင် တစ်ပါးပါးကို အနိစ္စသဘောဖြင့် ဆင်ခြင်သုံးသပ်လျှင် အာသဝေါကုန်၍ လွတ်မြောက်နိုင်ကြောင်း ဟောတော်မူလိုရင်း ဖြစ်ပါသည်။
မန ၅၃: #သေခသုတ်
သေက္ခပုဂ္ဂိုလ်တို့၏ အကျင့်ကို ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ မိန့်ကြားချက်အရ အရှင်အာနန္ဒသည် မဟာနာမ် သာကီဝင်မင်းသားအား ဦးတည်လျက် သေက္ခပုဂ္ဂိုလ်တို့၏ အကျင့်ကို ဟောကြားလေသည်။
သီလနှင့်ပြည့်စုံ၏၊ ဣန္ဒြေစောင့်ထိန်း၏။ စားသောက်မှု၌ အတိုင်းအဆကိုသိ၏။ နိုးနိုးကြားကြားရှိ၏။ သူတော်ကောင်းတရား ခုနှစ်ပါးနှင့် ပြည့်စုံ၏။ ဈာန်လေးပါးကို အလိုရှိတိုင်း ဝင်စား၍နေ၏။ ဤအရိယာတပည့်သည် သေက္ခပုဂ္ဂိုလ်တို့၏ အကျင့်နှင့် ပြည့်စုံသူဖြစ်၏၊ ထိုသူသည် အဝိဇ္ဇာတည်း ဟူသော ဥခွံတွင်းမှ ဖောက်ထွက်၍ အမှန်တရားကို သိမြင်ရန် ထိုက်တန်သူဖြစ်၏။
သတိ၏ စင်ကြယ်ခြင်းကို အစွဲပြု၍ ပုဗ္ဗေနိဝါသနာဿတိဉာဏ်ကို ရရှိ၏။ ယင်းသည် အဝိဇ္ဇာဥခွံတွင်းမှ ပထမအကြိမ် ဖောက်ထွက်လာခြင်းဖြစ်၏။ ထိုသတိ၏ စင်ကြယ်ခြင်းကိုပင် အစွဲပြု၍ ဒိဗ္ဗစက္ခဉာဏ်ကို ရရှိ၏။ ယင်းသည် အဝိဇ္ဇာဥခွံတွင်းမှ ဒုတိယအကြိမ် ဖောက်ထွက်လာခြင်း ဖြစ်၏။ ထိုသတိ၏ စင်ကြယ်ခြင်းကိုပင် အစွဲပြု၍ အာသဝက္ခယဉာဏ်ကို ရရှိ၏။ ယင်းသည် အဝိဇ္ဇာဥခွံတွင်းမှ တတိယအကြိမ် ဖောက်ထွက်လာခြင်း ဖြစ်၏။
ထိုအရိယတပည့်၏ အကျင့်သီလနှင့်ပြည့်စုံခြင်း ဣန္ဒြေစောင့်ထိန်းခြင်း အစားသောက်တို့၌ အတိုင်းအဆသိခြင်း နိုးနိုးကြားကြားရှိခြင်း သူတော်ကောင်းတရားခုနှစ်ပါးနှင့် ပြည့်စုံခြင်း ဈာန်လေးပါးရရှိခြင်းတို့သည် အကျင့်စရဏမည်၏။
ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ်နှင့် ဝိမုတ္တိတို့သည် အသိဉာဏ်ဝိဇ္ဇာမည်၏။ ထိုအရိယာတပည့်ကိုလည်း ဝိဇ္ဇာစရဏနှစ်ပါးပြည့်စုံသူဟု ဆိုအပ်၏။ ဝိဇ္ဇာစရဏနှစ်ပါးနှင့် ပြည့်စုံသူသည် ဤလောက၌ အမြတ်ဆုံးဖြစ်၏။
မန ၅၄: #ပေါတလိယသုတ်
သာသနာတော်အလိုအားဖြင့် လူမှုကိစ္စကို ပယ်စွန့်ခြင်းလောက အသုံးအနှုန်းကို ဖြတ်တောက်ခြင်း ရှစ်မျိုးတို့ကို ဟောကြားခြင်းဖြစ်သည်။ အင်္ဂတိုင်းမြောက်ပိုင်း အာပဏနိဂုံး၌ ဗုဒ္ဓမြတ်စွာသီတင်းသုံးနေစဉ် အကျဉ်းအားဖြင့် ဟောတော်မူ၏။
သူ့အသက်သတ်မှုကို ပယ်ခြင်း၊ သူ့ဥစ္စာခိုးယူမှုကို ပယ်ခြင်း၊ မုသားပြောဆိုမှုကိုပယ်ခြင်း၊ ကုန်းချောစကားပြောဆိုမှုကိုပယ်ခြင်း၊ လိုချင်တပ်မက်မှုကိုပယ်ခြင်း၊ ကဲ့ရဲ့ချုပ်ချယ်မှုကို ပယ်ခြင်း၊ အမျက်ထွက်မှု လွယ်စွာ ပင်ပန်းမှုကို ပယ်ခြင်း၊ မာန်တက်မှုကို ပယ်ခြင်းတို့ဖြစ်၏။
ပေါတလိယသူကြွယ်၏ တောင်းပန်ချက်အရ ဗုဒ္ဓမြတ်စွာက ထိုရှစ်မျိုးကို အကျယ်ဟောကြား ပါသည်။
အရိယာတို့၏ အဆုံးအမ သာသနာတော်၌ လူမှုကိစ္စကို ပယ်စွန့်ခြင်း လောကအသုံးအနှုံးကို ဖြတ်တောက်ခြင်းတို့သည် ဤရှစ်မျိုးပင် ဖြစ်၏။ သို့သော် ဤမျှဖြင့် လုံးဝပြတ်သည်ကား မဟုတ်ပေ။
အရိယာတပည့်သည် ကာမဂုဏ်တို့၌ အပြစ်များပြားသည်ကို ပညာဖြင့်မြင်၍ အမျိုးမျိုးသော သဘောရှိသော ဥပေက္ခာကို ရှောင်၍ တစ်ခုသော သဘောရှိသော ဥပေက္ခာကို ပွားများ၏။
ထိုအရိယာတပည့်သည် မြတ်သောဥပေက္ခာကြောင့် ဖြစ်သည့် သတိစင်ကြယ်ခြင်းကို အစွဲပြု၍ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ်တို့ကို မျက်မှောက်ပြုလေ၏။ ဤမျှသော အတိုင်းအတာဖြင့် အရိယာတို့၏ အဆုံးအမသာသနာ၌ လောကအသုံးအနှုန်း လုံးဝ ပြတ်ခြင်း ဖြစ်၏။
ဤကဲ့သို့သော လူမှုကိစ္စစွန့်ပယ်ခြင်း လောကအသုံးအနှုန်း ပြတ်ခြင်းကို သင်၏ကိုယ်၌ တွေ့မြင်သလောဟု ဗုဒ္ဓမြတ်စွာ မေးတော်မူ၏။ သူကြွယ်က အလှမ်းဝေးလှကြောင်း လျှောက်ထားပါ၏။
မန ၅၅: #ဇီဝကသုတ်
ဇီဝကအား မစားကောင်းသော အသားကိုဟောကြားခြင်းဖြစ်သည်။ ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်ဥယျာဉ်၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် မိမိအားရည်ရွယ်၍ ပြုအပ်သော အသားကို သိလျက်နှင့်ပင် စားသုံးခြင်း မပြု။ မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်းဟူသော အကြောင်းသုံးပါးဖြင့် အသားကို မစားအပ်ဟု ဟောကြား၏။
ဗြဟ္မဝိဟာရ လေးပါးဖြင့် သတ္တဝါအားလုံးအပေါ် ဖြန့်၍နေထိုင်သော ရဟန်းသည် နောက်တစ်ကြိမ် ငါ့ကို ကောင်းမွန်သော ဆွမ်းဖြင့် လုပ်ကျွေးပါမူ ကောင်းလေစွဟု အကြံမဖြစ်။ ထိုဆွမ်းကိုလည်း မက်မောခြင်း မရှိဘဲ ဉာဏ်ဖြင့် ဆင်ခြင်၍ စား၏။ ထိုရဟန်းသည် မိမိကိုယ်ကို ဆင်းရဲစေရန်သော် လည်းကောင်း သူတစ်ပါးကို ဆင်းရဲစေရန်သော်လည်းကောင်း စေ့ဆော်အားထုတ်ခြင်း မပြုပေ။ ထိုရဟန်းသည် အပြစ်မရှိသော စားဖွယ်ကိုသာ စားခြင်းဖြစ်၏။ ငါဘုရားသည် ပျက်ဆီးစေလိုခြင်း ညှဉ်းဆဲလိုခြင်း မမွေ့လျော်ခြင်း စိတ်ဆိုးခြင်းတို့ကို ဖြစ်စေတတ်သည့် ရာဂ ဒေါသ မောဟတို့ကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၏။
မြတ်စွာဘုရားကိုသော်လည်းကောင်း တပည့်သာဝကတို့ကိုသော်လည်းကောင်း ရည်ရွယ်၍ သတ္တဝါတို့ကို သတ်ဖြတ်ညှဉ်းဆဲသူသည် အကြောင်းငါးပါးဖြင့် များစွာသော မကောင်းမှုကို ပွားစေ၏။
၁။ ဤမည်သော သတ္တဝါကို ယူဆောင်ခဲ့လော့ဟု ပြောဆိုခြင်း။
၂။ ယူဆောင်လာသော သတ္တဝါအား ကိုယ်စိတ်ဆင်းရဲမှုကို ဖြစ်စေခြင်း။
၃။ ဤသတ္တဝါကို သတ်ကြလော့ဟု စေခိုင်းခြင်း။
၄။ အသတ်ခံရသော သတ္တဝါ၏ ကိုယ်စိတ်ဆင်းရဲခြင်း။
၅။ မြတ်စွာဘုရားကိုသော်လည်းကောင်း တပည့်သာဝကကိုသော်လည်းကောင်း မအပ်စပ်သော အသားဖြင့် အရှိန် အစော်မဲ့စေခြင်းဟူသော အကြောင်းငါးပါးဖြစ်၏။
မန ၅၆: #ဥပါလိသုတ်
ကံသုံးပါးတွင် မနောကံ အရေးကြီးကြောင်း ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ နာလန္ဒမြို့ ပါဝါရိကသူဋ္ဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် ဒီဃတပဿီမည်သော နိဂဏ္ဌပရိဗိုဇ်သည် လာရောက် စကားပြောဆိုသည်။
ဒီဃတပဿီက နိဂဏ္ဌတို့သည် မကောင်းမှုပြုခြင်းဖြစ်ခြင်း၌ ကံဟုမခေါ် ဒဏ်ဟုခေါ်လေ့ရှိ၏။ ကာယဒဏ် ဝစီဒဏ် မနောဒဏ်ဟု ဒဏ်သုံးပါးရှိ၏။ ဒဏ်သုံးပါးတွင် ကာယဒဏ်သည် အပြစ် အကြီးဆုံးဖြစ်၏ဟု ပြောပါသည်။
ဗုဒ္ဓမြတ်စွာကမူ မကောင်းမှုပြုခြင်းဖြစ်ခြင်း၌ ဒဏ်ဟုမခေါ်ဘဲ ကံဟုခေါ်၏။ ကာယကံ ဝစီကံ မနောကံဟု ကံသုံးပါး ရှိ၏။ ကံသုံးပါးတွင် မနောကံသည် အပြစ်အကြီးဆုံးဖြစ်၏ဟု မိန့်ပါသည်။
ထိုနောက် ဒီဃတပဿီသည် ဗုဒ္ဓမြတ်စွာထံမှ ထွက်ခွာ၍ သူ့ဆရာနိဂဏ္ဌထံရောက်၍ အကြောင်းစုံ ပြော၏။ နိဂဏ္ဌ၏ ပရိသတ်ထဲမှ ဥပါလိသူကြွယ်သည် ဗုဒ္ဓမြတ်စွာထံသွား၍ အယူဝါဒကို ချေဖျက် ပြမည်ဟု ပြောဆို၏။ ဒီဃတပဿီ တားမြစ်သည့်ကြားမှပင် နိဂဏ္ဌသည် သူ့တပည့် ဥပါလိက ဗုဒ္ဓမြတ်စွာထံ သွားခွင့်ပြုလေသည်။ ဥပါလိသူကြွယ်သည် ဗုဒ္ဓမြတ်စွာထံသွား၍ ကာယဒဏ်သည်သာ အပြစ်အကြီးဆုံးဖြစ်ကြောင်း ပြောဆို၏။
ဗုဒ္ဓမြတ်စွာက ဥပါလိသူကြွယ်အား အောက်ပါအချက်ငါးချက်ကို မေးမြန်း၍ အတည်ပြုပါသည်။ မနောကံသာ အပြစ်အကြီးဆုံးဖြစ်ကြောင်း ဥပါလိကိုယ်တိုင် လက်ခံ လာပါသည်။
ပြင်းထန်စွာနာမကျန်းဖြစ်၍ ရေအေးကိုပယ်ပြီး ရေနွေးကိုသာ မှီဝဲနေရသော နိဂဏ္ဌတစ်ဦးသည် ရေအေးကို မရသဖြင့် သေလွန်သော် စိတ်ကိုစွဲလမ်း၍ သေသည်ဖြစ်သောကြောင့် ထိုနိဂဏ္ဌသည် စိတ်ကို စွဲလမ်း၍ဖြစ်သော နတ်မျိုး၌ ဖြစ်၏။
စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၍နေသော နိဂဏ္ဌသည် စင်္ကြန်သွားစဉ် သတ္တဝါငယ်လေးများကို သေကြေပျက်စီးခြင်းသို့ ရောက်စေ၏။ စေ့ဆော်မှုမပါသော အမှုသည် အပြစ်ကြီးလေးသည်မဟုတ်။ စေ့ဆော်မှုစေတနာပါခဲ့သော် အပြစ်ကြီးလေးမည်ဖြစ်၏။ သန်လျက်ကိုင်ထားသော လူတစ်ဦးကို မဆိုထားဘိ လေးငါးဆယ်သည်ပင် ဤမြို့ရှိသမျှ လူတို့ကို တခဏချင်း သေအောင်သတ်နိုင်မည်မဟုတ်။
တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံ၍ မိမိ၏စိတ်ကို အလိုရှိသလို စေစားနိုင်သော ရဟန်းပုဏ္ဏားတစ်ဦးဦးက ဤမြို့ငယ်လေးကို မဆိုထားဘိ မြို့လေးငါးဆယ်ကိုပင် တခဏချင်း ပြာဖြစ်အောင် ပြုနိုင်၏။
ဒဏ္ဋကီတောအုပ် ကာလိင်္ဂတောအုပ် မဇ္ဈတောအုပ် မာတင်္ဂတောအုပ်တို့သည် ရှေးအခါက ရသေ့တို့၏ စိတ်ဆိုးမှုကြောင့် မြို့အဖြစ်မှ တောအတိ ဖြစ်လာခဲ့၏။
ဗုဒ္ဓမြတ်စွာနှင့် ဆွေးနွေးပြီးနောက် ဥပါလိသူကြွယ်သည် ဗုဒ္ဓမြတ်စွာထံ ဥပါသကာအဖြစ် တောင်းပန်၏။ ဗုဒ္ဓမြတ်စွာက ဥပါလိသူကြွယ်အား စဉ်းစားဆင်ခြင်၍ပြုရန် ထင်ရှားကျော်ကြားသူ တစ်ဦးအဖို့ စဉ်းစားဆင်ခြင်၍ ပြုခြင်းသည် ကောင်း၏ဟု တိုက်တွန်းပါသည်။ ထို့နောက် နိဂဏ္ဌတို့အား ဆက်လက်လှူဒါန်းရန် မိန့်ကြားပါသည်။
ဟောကြားအပ်သော တရားတော်ကို နာကြားပြီးနောက် သောတာပန်ဖြစ်လေ၏။ ဤသုတ်တွင် ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင်ဖြစ်သော နိဂဏ္ဌတို့၏ ဂျိန်းဝါဒကို တွေ့ရမည်။ ဗုဒ္ဓမြတ်စွာ၏ အခြားသော ဘာသာတရား အခြားသော ဘာသာရေးခေါင်းဆောင်တို့အပေါ် သဘောထား ကြီးမားမှုကိုလည်း တွေ့ရမည်။
Ashin Sundara(19.1.2025)
++++++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ
ဂဟပတိဝဂ်
မန ၅၇: ကုက္ကုရဝတိကသုတ်
ခွေးအကျင့် နွားအကျင့်တို့၏ အကျိုးအပြစ်ကိုဟောကြား ခြင်းဖြစ်သည်။
ကောလိယတိုင်း ဟလိဒ္ဓဝသနာနိဂုံး၌ ဗုဒ္ဓမြတ်စွာ သီတင်း သုံးနေစဉ် ပုဏ္ဏနှင့်သေနိယဟူသော တက္ကဒွန်းနှစ်ယောက် တို့ ဗုဒ္ဓမြတ်စွာထံ ရောက်လာကြသည်။
ထိုတက္ကဒွန်းနှစ်ယောက်တို့တွင် ပုဏ္ဏသည် နွားအကျင့်ကို ကျင့်နေသူဖြစ်၏။သေနိယသည် ခွေးအကျင့်ကို ကျင့်နေသူဖြစ်၏။
ဗုဒ္ဓမြတ်စွာထံ ရောက်သောအခါ ပုဏ္ဏသည် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏။သေနိယသည်ကား ဗုဒ္ဓမြတ်စွာ နှင့် စကားပြောဆိုပြီး တစ်ခုသောနေရာ၌ ခွေးကဲ့သို့ ဝပ်နေလေ၏။
သူတို့၏ လားရာဂတိ တမလွန်ဘဝသည် မည်သို့ရှိမည်နည်းဟု ဗုဒ္ဓမြတ်စွာကို မေးလျှောက်ကြပါသည်။ဖြေဆိုရန် မသင့်သောကြောင့် မမေးပါနှင့်ဟု ငြင်းပယ်သော်လည်း သုံးကြိမ်တိုင်အောင် မေးလျှောက်သဖြင့် ဖြေကြားလေသည်။
ခွေးတို့၏အလေ့အကျင့် စိတ်နေစိတ်ထားနှင့် အမူအရာတို့ ကို အမြဲမပြတ် ပြီးပြည့်စုံအောင် လေ့ကျင့်ပွားများသူသည် သေလွန်သောအခါ ခွေးဖြစ်၏။
အကယ်၍ ထိုသူအား ငါသည် ဤအကျင့်ဖြင့် နတ်ဖြစ်ရပေတော့မည်ဟု အယူအစွဲရှိငြားအံ့။ထိုအယူအစွဲသည် မှားသောအယူအစွဲဖြစ်၏။ မှားသော အယူအစွဲရှိသူအား ငရဲ တိရစ္ဆာန်ဟူသော ဂတိနှစ်မျိုးတွင် တစ်မျိုးမျိုးဖြစ်မည်ဟု ဟောကြားသည်။
ထိုအခါ တက္ကဒွန်းနှစ်ယောက်သည် ဝမ်းနည်းငိုကြွေးကြပြီး မိမိတို့အား ခွေးအကျင့် နွားအကျင့်များကို စွန့်လွတ်နိုင်အောင် တရားဟောကြားရန် တောင်းပန်ကြ၏။
ကိုယ်တိုင်ဉာဏ်ထူးဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားအပ်သော ကံလေးပါးရှိသည်။ထိုလေးပါးကား---
၁။မည်းညစ်၍ မည်းညစ်သောအကျိုးရှိ သောကံ။
၂။ဖြူစင်၍ ဖြူစင်သောအကျိုးရှိသောကံ။
၃။မည်းညစ်ခြင်း ဖြူစင်ခြင်း နှစ်ပါးစုံရော၍ နှစ်ပါးစုံရော ပြွမ်းသော အကျိုးရှိသောကံ။
၄။မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ် ၍ ယင်းနှစ်ပါးစုံ မဟုတ်သောကံ တို့ဖြစ်၏။
၁။အချို့သောသူသည် ဆင်းရဲခြင်းနှင့်တကွဖြစ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကိုဖြစ်စေသောကြောင့် ဒုဂ္ဂတိသို့ရောက် ၍ ဒုက္ခဝေဒနာကို ခံစားရ၏။ဥပမာ- ငရဲရောက်သူများ။
၂။အချို့သောသူသည် ဆင်းရဲခြင်းမရှိသော ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို ဖြစ်စေသောကြောင့် သုဂတိသို့ရောက်၍ သုခ ဝေဒနာကို ခံစားရ၏။ဥပမာ- သုဘကိဏှာဗြဟ္မာများ။
၃။အချို့သောသူသည် ကုသိုလ်အကုသိုလ်ရောသော ကိုယ် မှု နှုတ်မှုစိတ်မှုတို့ကို ဖြစ်စေသောကြောင့် ဆင်းရဲချမ်းသာ ရောသော ဘုံဌာနသို့ရောက်၍ ဆင်းရဲချမ်းသာရောသော ဝေဒနာတို့ကို ခံစားရ၏။ဥပမာ- လူနှင့် အချို့သောနတ် အချို့သောဝိနိပါတိကအသုရာများ။
၄။အထက်ပါကံသုံးမျိုးကို ပယ်သတ်ရန် စေ့ဆော်မှု မဂ်စေတနာဖြစ်၏။
ဗုဒ္ဓမြတ်စွာက ဤသို့ဟောကြားသောအခါ ပုဏ္ဏတက္ကဒွန်း သည် ဥပါသကာအဖြစ်သို့ ရောက်လေ၏။သေနိယတက္က ဒွန်းသည် ရဟန်းပြုကာ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၍ ကမ္မ ဋ္ဌာန်းအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်လေ၏။
ဤသုတ်၌ ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင်ဘာသာရေးဂိုဏ်း သားတို့၏ ဘာသာရေး ကျင့်စဉ်ကို တွေ့ရမည်။တက္ကဒွန်း ဟူသည် အဝတ်မဝတ်သော ပရိဗိုဇ်ဖြစ်သည်။
မန ၅၈: အဘယရာဇကုမာရသုတ်
အယူဝါဒရေးရာဖြင့် အပြစ်တင်ရန်လာသော အဘယရာဇ ကုမာရအား စကားခြောက်ခွန်းကို ဟောကြားခြင်းဖြစ်သည်။
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် နိဂဏ္ဌဆရာကြီးသည် တပည့်ဖြစ်သူ အဘယမ င်းသားကို ဗုဒ္ဓမြတ်စွာထံသွား၍ ဝါဒစွဲချက်တင်ရန် နည်းလမ်းကို အသေးစိတ်ညွှန်ကြားကာ စေလွှတ်လေသည်။
ဗုဒ္ဓမြတ်စွာထံသို့ ရောက်သောအခါ နေကိုမော့ကြည့်၍ အချိန်မဲ့နေပြီဟု စဉ်းစားမိသောကြောင့် ဗုဒ္ဓမြတ်စွာအား နောက်နေ့နံနက်တွင် မိမိနေအိမ်သို့ နောက်ပါရဟန်းသုံးပါးနှင့်အတူ ဆွမ်းစားကြွရန် ပင့်လေသည်။
ဗုဒ္ဓမြတ်စွာ ကြွလာသောအခါ ဆွမ်းဆက်ကပ်ပြီး နိဂဏ္ဌဆရာကြီး သင်ပေးလိုက်သောမေးခွန်းကို မေးလျှောက်လေသည်။
သူတစ်ပါး မနှစ်သက်သောစကားကို ပြောဆိုပါသလောဟု မေးရာ ဤမေးခွန်း၌ ငါသည် တစ်ထစ်ချ ဖြေဆိုခြင်း မပြုပေဟု ဗုဒ္ဓမြတ်စွာက ဖြေဆိုပါသည်။
၁။မဟုတ်မမှန် အကျိုးစီးပွားနှင့်လည်းမစပ် သူတစ်ပါးတို့လည်း မနှစ်သက်။
၂။ဟုတ်မှန်၏ အကျိုးစီးပွားနှင့်ကားမစပ် သူတစ်ပါးတို့လည်း မနှစ်သက်။
၃။မဟုတ်မမှန် အကျိုးစီးပွားနှင့်မစပ် သူတစ်ပါးတို့ကား နှစ်သက်၏။
၄။ဟုတ်မှန်၏ အကျိုးစီးပွားနှင့်မစပ် သူတစ်ပါးတို့ကား နှစ်သက်၏။
ဤစကားလေးမျိုးကို ငါဘုရား မပြောဆို။
၅။ဟုတ်မှန်၏ အကျိုးစီးပွားနှင့်လည်းစပ်၏ သူတစ်ပါး တို့ကား မနှစ်သက်။
၆။ဟုတ်မှန်၏ အကျိုးစီးပွားနှင့်စပ်၏ သူတစ်ပါးတို့လည်း နှစ်သက်၏။
ဤစကားနှစ်မျိုးကို အခါအားလျော်စွာ ငါဘုရားပြောဆို ၏။သတ္တဝါတို့အပေါ်ဝယ် သနားကြင်နာခြင်းရှိသောကြောင့် ပြောဆိုခြင်းဖြစ်၏ဟု မိန့်တော်မူပါသည်။
မေးလိုသည့် မေးခွန်းများကို ကြိုတင်ပြင်ဆင်၍ မေးလေ့ရှိပါသည်။ထိုမေးခွန်းများကို ဖြေဆိုရန် ကြိုတင်ကြံစည် စိတ်ကူးထားပါသလော။သို့မဟုတ် တစ်ခဏချင်းပင် ထိုမေး ခွန်း၏အဖြေသည် ဉာဏ်၌ထင်မြင်လာပါသလောဟု အဘယမင်းသားက မေး၏။
မေးမြန်းကြသည့်အခါ ထိုမေးခွန်း၏အဖြေသည် တစ်ခဏ ချင်းပင် ငါ့ဉာဏ်၌ ထင်မြင်လာ၏။အကြောင်းကား ယင်း သို့ တစ်ခဏချင်း ထင်မြင်လာစေနိုင်သော ဓမ္မဓာတ်ကို ငါ သည် ကောင်းစွာထိုးထွင်းသိမြင်ပြီး ဖြစ်သောကြောင့်ပေ တည်းဟု ဖြေကြားပါသည်။
ဤသုတ်၌ နိဂဏ္ဌတို့၏ အယူဝါဒရေးရာ ပြိုင်ဆိုင်မှုများ ကိုတွေ့ရမည်။ မှန်သောစကားကိုဆိုခြင်းနှင့်ပတ်သက်သော ဗုဒ္ဓမြတ်စွာ၏ သဘောထား မှတ်ချက်ကိုလည်း တွေ့ရမည် ။သဗ္ဗညုတဉာဏ်နှင့်ပတ်သက်သော သဲလွန်စတစ်ခု ကိုလည်း တွေ့ရမည်ဖြစ်သည်။
မန ၅၉: ဗဟုဝေဒနီယသုတ်
ပရိယာယ်အားဖြင့် ဝေဒနာအမျိုးမျိုးနှင့် ချမ်းသာအမျိုးမျိုးရှိကြောင်းတို့ကို ဟောကြားခြင်းဖြစ်သည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် လက်သမားကြီး ပဉ္စကင်္ဂနှင့် အရှင်ဥဒါယီတို့ ဝေဒနာနှင့်ပတ်သက်၍ အငြင်းပွားနေကြရာ ငါသည် ပရိယာယ်အားဖြင့် ဝေဒနာနှစ်ပါး, ဝေဒနာသုံးပါး, ဝေဒနာငါးပါး, ဝေဒနာခြောက်ပါး, ဝေဒနာတစ်ဆယ့်ရှစ်ပါး, ဝေဒနာသုံးဆယ့်ခြောက်ပါး, ဝေဒနာတစ်ရာ့ရှစ်ပါးတို့ကို ဟောကြား၏။
ဤသို့ ပရိယာယ်အားဖြင့် ဟောကြားထားရာတွင် တစ်ဦးက ကောင်းစွာဆိုအပ်သော စကားကို အခြားတစ်ဦးက ဝမ်းမြောက်ကျေနပ်စွာ လက်မခံနိုင်သူတို့အား ငြင်းခုံခြင်း၊ ခိုက်ရန်ပွားခြင်းတို့သာ ဖြစ်မည်။ တစ်ဦး၏စကားကို အခြားတစ်ဦးက ကျေနပ်စွာ လက်ခံနိုင်သူတို့သည်ကား နွားနို့နှင့် ရေကဲ့သို့ ပေါင်းစည်းညီညွတ် ချစ်ခင်စွာ နေကြရပေလိမ့်မည်။
ကာမဂုဏ်ငါးပါးကို အစွဲပြု၍ ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းသည် ကာမချမ်းသာ မည်၏။ သို့သော် သတ္တဝါတို့သည် ဤကာမချမ်းသာကိုသာ ခံစားကြရကုန်သည် မဟုတ်။ ကာမချမ်းသာထက် သာလွန်သော အခြား ချမ်းသာမှု ရှိသေး၏။
ပထမဈာန်ချမ်းသာ၊ ဒုတိယဈာန်ချမ်းသာ၊ တတိယဈာန်ချမ်းသာ၊ စတုတ္ထဈာန် ချမ်းသာ၊ အာကာသာနဉ္စာယတနဈာန်ချမ်းသာ၊ ဝိညာနဉ္စာယတနဈာန်ချမ်းသာ၊ အာကိဉ္စညာယတနဈာန်ချမ်းသာ၊ နေဝသညာနာသညာယတနဈာန်ချမ်းသာ၊ သညာဝေဒနာတို့၏ ချုပ်ငြိမ်းရာ နိရောဓသမာပတ်ချမ်းသာတို့ ဖြစ်၏။ သညာဝေဒနာတို့၏ ချုပ်ငြိမ်းခြင်း(သညာဝေဒယိတနိရောဓ)ကိုလည်း ချမ်းသာဟု ဗုဒ္ဓမြတ်စွာ မိန့်ဆို၏။ ချမ်းသာခံစားရခြင်းကိုသာလျှင် ချမ်းသာခြင်းဟု ခေါ်ဆိုနိုင်သည်မဟုတ်။ အကြင်ဌာန အကြင်သဘာဝ၌ ချမ်းသာခြင်းကို ရနိုင်၏။ ထိုဌာန ထိုသဘာဝကိုလည်း ချမ်းသာဟူ၍ပင် ခေါ်ဆိုနိုင်၏ဟု ဟောတော်မူပါသည်။
မန ၆၀: အပဏ္ဏကသုတ်
မလွဲချော်နိုင်သောအကျင့် သေချာသောလမ်းစဉ်ကို လိုက်နာကျင့်သုံးရန် ဟောကြားခြင်း ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် ရဟန်းများစွာနှင့်အတူ ကောသလတိုင်းအတွင်း ခရီးလှည့်လည်တော် မူရာ သာလာမည်သော ပုဏ္ဏားရွာသို့ ရောက်လေ၏။ သာလာရွာသား ပုဏ္ဏားသူကြွယ် တို့အား အားကိုးယုံကြည်ထိုက်သော ဆရာမရှိခဲ့သော် မလွဲချော်နိုင်သောအကျင့် သေချာသော လမ်းစဉ်ကို လိုက်နာကျင့်သုံးရန် ဟောတော်မူပါသည်။
(၁) “ပေးလှူခြင်း ပူဇော်ခြင်းသည် အကျိုးမရှိ။ ကောင်းမှု မကောင်းမှုတို့သည် အကျိုးမရှိ။ မိဘတို့၏ ကျေးဇူးမရှိ။ မျက်မှောက်လောက တမလွန်လောကမည်သည် မရှီ။ သေပြီးနောက်ပြန်ဖြစ်သော သတ္တဝါဟူသည်မရှိ။ ဤလောက တစ်ပါးသော လောကကို သိမြင်၍ ကောင်းစွာ ကျင့်ကြံနေသော သမဏဗြဟ္မဏတို့မရှိ”ဟူ၍ ယူဆ ပြောဆိုလေ့ရှိသော သမဏဗြဟ္မဏအချို့ရှိ၏။
၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြင့် ယူဆပြောဆိုလေ့ရှိသော သမဏဗြဟ္မဏအချို့လည်း ရှိပြန်၏။ ဤသို့ အယူဝါဒနှစ်မျိုးကွဲပြားရာတွင် ပေးလှူခြင်း ပူဇော်ခြင်းသည် အကျိုးမရှိ စသည်ဖြင့် ယူဆသောသူတို့သည် ကုသိုလ်တရားကို သွေဖီပြီး အကုသိုလ် တရားကို စွဲယူသူများဖြစ်၏။ ၎င်းတို့သည် အကုသိုလ်၏အပြစ်နှင့် ကုသိုလ်၏အကျိုး ကို မသိမြင်ကြသောကြောင့် ဖြစ်၏။
တမလွန်လောကကို ထင်ရှားမရှိဟု ယူဆပြောဆိုသူတို့သည် မှားသောအကြံ မှားသောအယူ မှားသောပြောဆိုခြင်း ဖြစ်၏။ တမလွန်လောကကို သိမြင်သော ရဟန္တာတို့အား ဆန့်ကျင်ရာရောက်၏။ မသူတော် တရားကို ဖြန့်ဖြူးပေးရာလည်း ရောက်၏။ မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချရာလည်း ရောက်၏။ ဤသို့လျှင် ထိုသူအား မှားသောအယူကို အကြောင်းပြု၍ အကုသိုလ်တရားများစွာ ဖြစ်၏။
ပေးလှူခြင်း ပူဇော်ခြင်းသည် အကျိုးမရှိစသည်ဖြင့် ယူဆသော သူသည် အကယ်၍ တမလွန်ဘဝ မရှိခဲ့သော် မသေမီ ချမ်းသာကောင်း ချမ်းသာမည်ဖြစ်သော်လည်း ပညာရှိတို့ကား ကဲ့ရဲ့ပေလိမ့်မည်။ အကယ်၍ တမလွန်ရှိခဲ့သော် မသေမီ ပညာရှိတို့၏ ကဲ့ရဲ့ခံရမည့်အပြင် သေပြီးနောက်လည်း အပါယ်ငရဲသို့ ကျရောက်ကာ ဆုံးရှုံးမှုနှစ်မျိုးလုံးကို ခံစားရပေမည်။ ပေးလှူခြင်း ပူဇော်ခြင်းသည် အကျိုးရှိ၏ စသည်ဖြင့် ယူဆသူတို့သည် အကုသိုလ်တရားများကို ရှောင်ရှား၍ ကုသိုလ်တရားများကိုသာ ကျင့်သုံးဆောက်တည်မည်ဖြစ်၏။
၎င်းတို့သည် အကုသိုလ်၏ အပြစ်နှင့် ကုသိုလ်၏အကျိုးကို သိမြင်ကြသောကြောင့် ဖြစ်၏။ တမလွန်လောကကို ထင်ရှားရှိ၏ဟု ယူဆပြောဆိုသောသူသည် မှန်သောအကြံ မှန်သောအယူ မှန်သောပြောဆိုခြင်း ဖြစ်၏။ တမလွန်လောကကို သိမြင်သော ရဟန္တာတို့အား ဆန့်ကျင်ရာမရောက်။ သူတော်ကောင်းတရားကို ဖြန့်ဖြူး ပေးရာရောက်၏။ မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချရာမရောက်။ ဤသို့လျှင် ထိုသူအား မှန်သောအယူကို အကြောင်းပြု၍ ကုသိုလ်တရားများစွာ ဖြစ်၏။
ပေးလှူခြင်း ပူဇော်ခြင်းသည် အကျိုးရှိ၏ဟု ယူဆသော သူတို့သည် တမလွန်ဘဝ မရှိခဲ့သော် မသေမီ ယခုဘဝ၌ ပညာရှိတို့၏ ချီးမွမ်းခြင်းကို ခံရမည်ဖြစ်၏။ တမလွန်ဘဝ ရှိပါမူကား မသေမီ ပညာရှိတို့၏ ချီးမွမ်းခြင်းကို ခံရသည့်အပြင် သေပြီးနောက်တွင်လည်း ကောင်းရာ သုဂတိသို့ရောက်၍ အကျိုးနှစ်ပါးကို ခံစားရပေ လိမ့်မည်။ စဉ်းစား ဆင်ခြင်တတ်သော အသိဉာဏ်ရှိသူသည် မသေချာသောလမ်းကို စွန့်၍ သေချာသော လမ်းကိုသာ လိုက်ပေမည်။
(၂) “ကောင်းသောအမှုကို ပြုသော်လည်း ကုသိုလ်မဖြစ်။ မကောင်းသောအမှုကို ပြုသော်လည်း အကုသိုလ်မဖြစ် စသည်ဖြင့် ယူဆပြောဆိုလေ့ရှိသော သမဏဗြဟ္မဏ အချို့လည်း ရှိ၏။ ၎င်းတို့နှင့် ဆန့်ကျင်ဘက် ယူဆပြောဆိုလေ့ရှိသောသမဏဗြဟ္မဏ အချို့လည်းရှိ၏”။
(၃) “သတ္တဝါတို့၏ စင်ကြယ်ရန်အတွက်လည်းကောင်း ညစ်ညူးရန်အတွက် လည်းကောင်း အကြောင်းတရားဟူ၍ မရှိ။ သတ္တဝါတို့သည် အကြောင်းတရား မရှိဘဲ အလိုအလျောက်ပင် စင်ကြယ်ခြင်း ညစ်ညူးခြင်း ဖြစ်ကြရ၏။ ဆုံစည်းမှု အားလျော်စွာ ချမ်းသာဆင်းရဲကို ခံစားကြရ၏ စသည်ဖြင့် ယူဆပြောဆိုလေ့ရှိသော သမဏဗြဟ္မဏ အချို့လည်းရှိ၏။ ၎င်းတို့နှင့်ဆန့်ကျင်ဘက် ယူဆပြောဆိုလေ့ရှိသော သမဏဗြဟ္မဏ အချို့လည်း ရှိ၏။ ထိုသူတို့နှင့် ပတ်သက်၍လည်း အထက်ပါနည်းအတိုင်းပင် သေချာသောလမ်းကို လိုက်ရန် ဟောကြားတော်မူ၏”။
(၄) “အရူပဗြဟ္မာမည်သည် မရှိဟူ၍လည်းကောင်း အရူပဗြဟ္မာသည်ရှိ၏ ဟူ၍ လည်းကောင်း အယူဝါဒကွဲပြားကြရာတွင်လည်း စဉ်းစား ဆင်ခြင်တတ်သည့် အသိဉာဏ်ရှိသောသူသည် အကယ်၍ အရူပဗြဟ္မာ မရှိခဲ့သော် ငါသည် ရူပဗြဟ္မာ တို့၌ပင် ဖြစ်ရလိမ့်မည်။ အကယ်၍ အရူပဗြဟ္မာရှိခဲ့သော် ငါသည် အရူပဗြဟ္မာတို့၌ ဖြစ်ရလိမ့်မည်ဟု ဆင်ခြင်ကာ ရုပ်တရားတို့၏ ချုပ်ငြိမ်းရေးကို ကျင့်ကြံလေ၏”။
(၅) “ဘဝချုပ်ငြိမ်းရာ ရှိမရှိနှင့်ပတ်သက်၍ အယူဝါဒကွဲပြားကြရာ၌လည်း စဉ်းစား ဆင်ခြင်ဉာဏ်ရှိသည့် အသိဉာဏ်ရှိသူသည် အကယ်၍ ဘဝချုပ်ငြိမ်းရာ မရှိခဲ့သော် ငါသည် အရူပဗြဟ္မာတို့၌ ဖြစ်ရလိမ့်မည်။ အကယ်၍ ဘဝချုပ်ငြိမ်းရာ ရှိခဲ့သော် ငါသည် ဤလက်ရှိခန္ဓာကိုယ်ဖြင့်ပင် အကြွင်းမဲ့ငြိမ်းအေးမှုကို ရလိမ့်မည် ဘဝငြိမ်းလိမ့်မည်ဟု ဆင်ခြင်ကာ ဘဝချုပ်ငြိမ်းရေးကို ကျင့်ကြံလေ၏”။
ဤသို့လျှင် ဗုဒ္ဓမြတ်စွာသည် သာလရွာသား ပုဏ္ဏားသူကြွယ်တို့အား အယူဝါဒ နှစ်မျိုး ကွဲပြားမှုရှိသော အရာတို့၌ မလွဲချော်နိုင်သော သေချာသည့်လမ်းကို လိုက်ကြရန် ဟောကြားတော်မူပါသည်။
++++++++++
Ashin Sundara (20.1.2025)
++++++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ
၂။ ဘိက္ခုဝဂ် ၆၁ – ၇၀
ဘိက္ခုဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ ဒုတိယမြောက်ဝဂ်ဖြစ်သည်။ ဆယ်သုတ်ပါဝင်၏။ ပါဝင်သောသုတ်များသည် ဗုဒ္ဓမြတ်စွာက တပည့်သာဝက ရဟန်းတော်များ၏ မေးလျှောက်ချက်အရ ဖြေကြားခြင်း အကြောင်းဖြစ်ပေါ်လာသဖြင့် ဆိုဆုံးမဟောကြားခြင်းများ ဖြစ်သောကြောင့် ဤဝဂ်ကို ဘိက္ခုဝဂ်ဟု အမည်ပေးထားခြင်း ဖြစ်မည်။
ဘိက္ခုဝဂ်တွင် ပါဝင်သောသုတ်များမှာ -
၁။ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်
၂။ မဟာရာဟုလောဝါဒသုတ်
၃။ စူဠမာလုကျသုတ်
၄။ မဟာမာလုကျသုတ်
၅။ ဘဒ္ဒါလိသုတ်
၆။ လဋုကိကောပမသုတ်
၇။ စာတုမသုတ်
၈။ နဠကပါနသုတ်
၉။ ဂေါလိယာနိသုတ်
၁၀။ ကီဋာဂိရိသုတ်တို့ဖြစ်သည်။
မန ၆၁: အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်
သရက်ဥယျာဉ်၌ ရှင်ရာဟုလာအား ဆုံးမသောစကားများ ဖြစ်သည်။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာသီတင်းသုံးနေစဉ် ရှင်ရာဟုလာသည် သရက်ဥယျာဉ်၌ သီတင်းသုံး နေသည်။
ဗုဒ္ဓမြတ်စွာသည် ရှင်ရာဟုလာထံ ကြွတော်မူ၍ ခြေရေဆေးအိုး, တိုက်ပွဲဝင်ဆင်နှင့် ကြည့်မှန် တို့ကို ဥပမာပေးကာ ဆုံးမစကား ပြောကြားတော်မူသည်။
မုသားပြောဆိုခြင်း၌ အရှက်မရှိသူအား တရားမရှိပေ။ သိလျက် မုသားဆိုခြင်း၌ အရှက်မရှိသူအား မပြုလုပ်ဝံ့သော မကောင်းမှု မရှိတော့ပြီ။ ထို့ကြောင့် သင်သည် ရယ်ရွှင်မြူးတူလို၍ မျှသော်လည်း မုသားစကားကို ငါမဆိုအံ့ဟူ၍ လေ့ကျင့်အားထုတ်ရမည်။
မိမိ၏ ကိုယ်မှု, နှုတ်မှု, စိတ်မှုတို့ကို ကြည့်ရှုဆင်ခြင်၍ ပြရမည်။ တစ်စုံတစ်ခုသောအမှုကို ပြုလိုသော် ဤအမှုသည် မိမိကိုယ်ကို ထိခိုက်နစ်နာစေနိုင်သလော။ သူတစ်ပါးကို ထိခိုက်နစ်နာစေနိုင်သလော ဟူ၍ ကြည့်ရှုဆင်ခြင်ရမည်။
ယင်းသို့ ကြည့်ရှုဆင်ခြင်၍ မိမိကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ထိခိုက်နစ်နာစေမည့် အမှုကို မပြုလုပ်သင့်ပေ။ ထိခိုက် နစ်နာစေခြင်းမရှိဘဲ ချမ်းသာခြင်းကို ဖြစ်စေမည့်အမှုကိုသာ ပြုလုပ်သင့်၏။ တစ်စုံတစ်ခုသော အမှုကို ပြုလုပ်နေဆဲ၌လည်း ဤအမှုသည် မိမိကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ထိခိုက်နစ်နာစေနိုင်သလောဟူ၍ ကြည့်ရှုဆင်ခြင်ရမည်။
ယင်းသို့ ကြည့်ရှုဆင်ခြင်၍ မိမိကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ထိခိုက်နစ်နာစေနိုင်ကြောင်း သိမြင်ခဲ့သော် ထိုအမှုကို ရပ်ဆိုင်းရမည်။ ထိခိုက်နစ်နာစေခြင်း မရှိဘဲ ချမ်းသာခြင်းကို ဖြစ်စေမည့် အမှုကိုသာ ဆက်လက်အားထုတ်ရမည်။
တစ်စုံတစ်ခုသော အမှုကို ပြုလုပ်ပြီးနောက်၌လည်း ပြုလုပ်ခဲ့သောအမှုသည် မိမိကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ထိခိုက် နစ်နာစေခဲ့သလောဟူ၍ ကြည့်ရှုဆင်ခြင်ရမည်။
ယင်းသို့ ကြည့်ရှုဆင်ခြင်၍ မိမိကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ထိခိုက်နစ်နာစေခဲ့ကြောင်း သိမြင်ခဲ့သော် ထိုအမှုကို ဆရာသမား ပညာရှိသူ သီတင်းသုံးဖော် တစ်ပါးပါးထံ ဖွင့်ဟပြောကြားပြီး နောက်ထပ်မပြုလုပ်မိအောင် စောင်ထိန်းရမည်။
မိမိကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ထိခိုက်နစ်နာစေခြင်းမရှိဘဲ ချမ်းသာခြင်းကိုသာ ဖြစ်စေခဲ့ကြောင်း သိမြင်ပါမူကား နှစ်သက်ဝမ်းသာစွာဖြင့် ထိုကဲ့သို့သော ကုသိုလ်တရားတို့၌ နေ့ညမပြတ် အားထုတ်နေရမည်။
ရှေးအခါက ကိုယ်နှုတ်နှလုံးသုံးပါးကို စင်ကြယ်အောင် စောင့်ထိန်းခဲ့သော သမဏဗြဟ္မဏ အားလုံး တို့သည် မိမိကိုယ်ကို ကြည့်ရှု ဆင်ခြင်၍သာလျှင် စောင့်ထိန်းခဲ့ကြ၏။ နောင်အနာဂတ်၌လည်း ထိုအတူဖြစ်၏။ ယခုမျက်မှောက်၌လည်း ထို့အတူ ဖြစ်၏။
ထိုကြောင့် အဖန်တလဲလဲ ကြည့်ရှုဆင်ခြင်၍သာလျှင် ကိုယ်နှုတ်နှလုံးသုံးပါးကို စင်ကြယ်အောင် စောင့်ထိန်းပေအံ့ဟူ၍ လေ့ကျင့်အားထုတ်ရမည်ဟု ဆုံးမစကား မိန့်ကြားတော်မူပါသည်။
မန ၆၂: မဟာရာဟုလောဝါဒသုတ်
ဓာတ်လေးပါးခြင်ပုံနှင့် အာနာပါနသတိပွားများနည်းကို ဟောကြားခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည်ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ဤသုတ်ကို ဟောတော်မူခြင်း ဖြစ်သည်။
နံနက်ခင်း မြို့တွင်းသို့ ဆွမ်းခံကြွတော်မူရာ နောက်တော်ပါ ရှင်ရာဟုလာအား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ ငါ့ဟာမဟုတ် ငါမဟုတ် ငါ၏ကိုယ်မဟုတ်ဟူ၍ ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာရှုအပ်၏ဟု ဆုံးမစကား မိန့်ကြားပါသည်။
အရှင်သာရိပုတ္တရာကလည်း သစ်ပင်အောက်၌ တရာနှလုံးသွင်းနေသော ရှင်ရာဟုလာအား အာနာပါနဘာဝနာကို ပွားများရန် အာနာပါနဘာဝနာကို ကြိမ်ဖန်များစွာ လေ့လာပွားများသော် အကျိုးအာနိသင်များကြောင်း ဆုံးမပါသည်။
ညနေစောင်တွင် ရှင်ရာဟုလာက ဗုဒ္ဓမြတ်စွာအား အာနာပါနဘာဝနာကို အကျိုးများအောင် ပွားများနည်းကို မေးလျှောက်ပါသည်။ ရှင်ရာဟုလာ၏ မေးလျှောက်ချက်အရ ဗုဒ္ဓမြတ်စွာက ဓာတ်လေးပါးကို ဆင်ခြင်ပုံနှင့်တကွ အာနာပါနသတိပွားများနည်းကို ဟောကြားပါသည်။
ပထဝီဓာတ်သည် အချို့ကား အတွင်းသန္တာန်၌ဖြစ်၏။ အချို့ကား အပြင်သန္တာန်၌ ဖြစ်၏။ ဆံပင် မွေးညှင်း ခြေသည်း လက်သည်း အစရှိသည့် ခန္ဓာကိုယ်ကို စွဲမှီ၍ဖြစ်သော ကြမ်းတမ်းသော သဘောရှိသော ဥပါဒါရုပ်အားလုံးသည် အတွင်းပထဝီဓာတ်ဖြစ်၏။ အတွင်းပထဝီဓာတ်သည် လည်းကောင်း အပြင်ပထဝီဓာတ်သည်လည်းကောင်း ပထဝီဓာတ်ပင်ဖြစ်၏။ ထိုပထဝီဓာတ် အားလုံးကို ငါ့ဟာမဟုတ် ငါမဟုတ် ငါ၏ကိုယ်မဟုတ်ဟူ၍ ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာ ရှုအပ်၏။ ဤသို့ရှုသော် ပထဝီဓာတ်၌ ငြီးငွေ့၏။ စွဲမက်ခြင်းကင်း၏။
အာပေါဓာတ်သည် အချို့ကား အတွင်းသန္တာန်၌ဖြစ်၏။ အချို့ကား အပြင်သန္တာန်၌ဖြစ်၏။ သလိပ် သွေး ချွေး အစရှိသည့် ခန္ဓာကိုယ်ကို စွဲမှီ၍ဖြစ်သော ယိုစီးခြင်း သဘောရှိသော ရုပ်အားလုံးသည် အတွင်းအာပေါဓာတ်ဖြစ်၏။ အတွင်းအာပေါဓာတ်သည်လည်းကောင်း အပြင်အာပေါဓာတ်သည် လည်းကောင်း အာပေါဓာတ်ပင်ဖြစ်၏။ ထိုအာပေါဓာတ်အားလုံးကို ငါ့ဟာမဟုတ် ငါမဟုတ် ငါ၏ ကိုယ်မဟုတ်ဟူ၍ ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာ ရှုအပ်၏။ ဤသို့ရှုသော် အာပေါဓာတ်၌ ငြီးငွေ့၏။ စွဲမက်ခြင်းကင်း၏။
တေဇောဓာတ်သည် အချို့ကား အတွင်းသန္တာန်၌ဖြစ်၏။ အချို့ကား အပြင်သန္တာန်၌ဖြစ်၏။ ပူလောင်ခြင်း ရင့်ရောက် ဆွေးမြေ့ခြင်း လောင်ကျွမ်းခြင်း အစားအစာများကျေကျက်ခြင်းကို ဖြစ်စေတတ်သော ခန္ဓာကိုယ်ကို စွဲမီ၍ဖြစ်သော ပူလောင်ခြင်းသဘောရှိသော ဥပါဒိန္နရုပ် အားလုံးသည် အတွင်းတေဇောဓာတ်ဖြစ်၏။ အတွင်းတေဇောဓာတ်သည်လည်းကောင်း အပြင် တေဇောဓာတ်သည်လည်းကောင်း တေဇောဓာတ်ပင်ဖြစ်၏။ ထိုတေဇောဓာတ်အားလုံးကို ငါ့ဟာ မဟုတ် ငါမဟုတ် ငါ၏ကိုယ်မဟုတ်ဟူ၍ ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာရှုအပ်၏။ ဤသို့ ရှုသော် တေဇောဓာတ်၌ ငြီးငွေ့၏။ စွဲမက်ခြင်းကင်း၏။
ဝါယောဓာတ်သည် အချို့ကား အတွင်းသန္တာန်၌ ဖြစ်၏။ အချို့ကား အပြင်သန္တာန်၌ဖြစ်၏။ အထက်သို့ ဆန်သောလေ အောက်သို့ စုန်သောလေ ဝမ်းထဲ၌ တည်သောလေ အူထဲ၌ တည်သောလေ အင်္ဂါကြီးငယ်များသို့ အစဉ်လျောက်၍ နေသောလေ ထွက်သက်လေ ဝင်သက်လေ အစရှိသည့် ခန္ဓာကိုယ်ကို စွဲမှီ၍ဖြစ်သော တွန်းကန်ခြင်းသဘောရှိသော ဥပါဒိန္နရုပ်အားလုံးသည် အတွင်းအာပေါဓာတ်ဖြစ်၏။ အတွင်းအာပေါဓာတ်သည်လည်းကောင်း အပြင်အာပေါဓာတ်သည် လည်းကောင်း အာပေါဓာတ်ပင်ဖြစ်၏။ ထိုအာပေါဓာတ်အားလုံးကို ငါ့ဟာမဟုတ် ငါမဟုတ် ငါ၏ ကိုယ်မဟုတ်ဟူ၍ ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာ ရှုအပ်၏။ ဤသို့ရှုသော် အာပေါဓာတ်၌ ငြီးငွေ့၏။ စွဲမက်ခြင်းကင်း၏။ အာကာသဓာတ်သည် အချို့ကား အတွင်းသန္တာန်၌ဖြစ်၏။ အချို့ကား အပြင်သန္တာန်၌ဖြစ်၏။ နားပေါက် နှာခေါင်းပေါက် အစရှိသည့် ခန္ဓာကိုယ်ကို စွဲမှီ၍ဖြစ်သော ရေးခြစ်၍ မရခြင်း သဘောရှိသော ဥပါဒါရုပ်အားလုံးသည် အတွင်းအာကာသဓာတ်ဖြစ်၏။ အတွင်းအာကာသဓာတ်သည်လည်းကောင်း အပြင်အာကာသဓာတ်သည်လည်းကောင်း အာကာသ ဓာတ်ပင်ဖြစ်၏။ ထိုပထဝီဓာတ်အားလုံးကို ငါ့ဟာမဟုတ် ငါမဟုတ် ငါ၏ကိုယ်မဟုတ်ဟူ၍ ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာရှုအပ်၏။ ဤသို့ရှုသော် အာကာသဓာတ်၌ ငြီးငွေ့၏။ စွဲမက်ခြင်းကင်း၏။
မြေကြီး ရေ မီး လေ ကောင်းကင်တို့နှင့်တူစွာ ဘာဝနာကို ပွားများခြင်းဖြင့် စိတ်သည် တစ်စုံတစ်ခုသောအာရုံ၌ တည်လိမ့်မည်မဟုတ်။ မေတ္တာကရုဏာ မုဒိတာ ဥပေက္ခာတို့ကို ပွားများခြင်းဖြင့် ပျက်စီးစေလိုခြင်း ညှဉ်းဆဲလိုခြင်း မမွေ့လျော်ခြင်း ထိပါးလိုခြင်းတို့ ကင်းပျောက်မည်။ မတင့်တယ်ဟု ရှုမှတ်ခြင်း အသုဘသညာကိုပွားများလျှင် တပ်မက်ခြင်း ရာဂ ပျောက်ကင်းမည်။ မမြဲဟုရှုမှတ်ခြင်း အနိစ္စသညာကို ပွားများလျှင် ငါဟူသော မာန်မာနကင်းပျောက် မည်။
မန ၆၃: စူဠမာလုကျသုတ်
ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရှင်မာလုကျပုတ္တအား အောက်ပါ အတိုင်း မိန့်ကြားတော်မူ၏။ ငါ့ထံ၌ အကျင့်မြတ်ကို ကျင့်လှည့်ပါ။ လောကသည် မြဲမမြဲစသော မေးခွန်းများကို ငါဖြေကြားမည်ဟု ငါပြောခဲ့ဖူးသည်မဟုတ်။ အကယ်၍ လောကသည်မြဲ မမြဲစသော မေးခွန်းများကို ဗုဒ္ဓမြတ်စွာ ဖြေဆိုမည်ဆိုပါက အရှင်ဘုရားထံ၌ အကျင့်မြတ်ကို ကျင့်ပါမည်ဟု သင်ကလည်း ပြောဖူးသည်မဟုတ်။
သို့ဖြစ်သော် သင်သည် ဘယ်သူဖြစ်၍ ဘယ်သူကို စွန့်ဘိသနည်း အကယ်၍ လောကသည် မြဲမမြဲစသော မေးခွန်းများကို ဗုဒ္ဓမြတ်စွာက မဖြေကြားသမျှ အကျင့်မြတ်ကို မကျင့်အံ့ဟု တစ်စုံတစ်ယောက်က ပြောဆိုခဲ့သော် ထိုသူသည် အကျင့်မြတ်ကို မကျင့်ရဘဲသာလျှင် သေရာ၏။ ငါကား ထိုမေးခွန်းများကို ဖြေကြားမည်မဟုတ်။
ဥပမာအားဖြင့် အဆိပ်လူးမြား စူးဝင်နေသူအား ဆေးဆရာက နှုတ်မည်လုပ်သောအခါ မိမိအား မြှားဖြင့်ပစ်သူ၊ ပစ်သောလေး ပစ်သောမြှား စသောအကြောင်းများကို မသိရသေးမီ မြှားကို မနှုတ်ရန် ထိုသူကပြော၏။ ယင်းသို့ပြောဆိုခဲ့သော် ထိုသူသည် မြှားကို မနှုတ်ရဘဲသာလျှင် သေလွန်သွားရာ၏။ ထိုအကြောင်းများကိုမူ သိနိုင်မည်မဟုတ်။ လောကသည် အမြဲတည်၏ဟူသော အယူရှိခဲ့သော် အကျင့်မြတ်ကို ကျင့်နိုင်မည်မဟုတ်။ လောကသည် အမြဲမတည်ဟူသော အယူရှိခဲ့သော် အကျင့်မြတ်ကို ကျင့်နိုင်မည်မဟုတ်။
လောကသည် အမြဲတည်၏ဟူသော အယူရှိသည်ဖြစ်စေ လောကသည် အမြဲမတည်ဟူသော အယူရှိသည်ဖြစ်စေ ဘဝသစ်၌ ဖြစ်ရခြင်း အိုခြင်းသေခြင်း ကိုယ်စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်း တို့သည်ကား ရှိကုန်သည်သာဖြစ်၏။ ငါသည် မျက်မှောက်ဘဝ၌ပင် ထိုတရားတို့ကို ဖျက်ဆီးရေးကို ဟောကြား၏။
ထို့ကြောင့် သင်သည် ငါမဟောသည်ကို မဟောသည့်အတိုင်း မှတ်သားလော့။ ငါဟောသည်ကိုလည်း ငါဟောသည့်အတိုင်း မှတ်သားလော့။
၁။ လောကသည်အမြဲတည်၏ဟူ၍လည်းကောင်း
၂။ လောကသည်အမြဲမတည်ဟူ၍လည်းကောင်း
၃။ လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း
၄။ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း
၅။ အသက်သည်ပင်ကိုယ်(အတ္တ)ဟူ၍ လည်းကောင်း
၆။ အသက်သည်တခြား ကိုယ်အတ္တသည်တခြားဟူ၍လည်းကောင်း
၇။ သတ္တဝါသည် သေပြီးနောက်၌ ဖြစ်၏ဟူ၍လည်းကောင်း
၈။ သေပြီးနောက်၌ မဖြစ်ဟူ၍လည်းကောင်း
၉။ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်ဟူ၍လည်းကောင်း ငါမဟော။
ထိုအကြောင်းများသည် အကျိုးစီးပွားနှင့်မစပ်။ အကျင့်မြတ်၏ အစအဦးလည်းမဟုတ်။ ငြီးငွေ့ခြင်း တပ်မက်မှုမှကင်းခြင်း ဆင်းရဲချုပ်ငြိမ်းခြင်း အသိဉာဏ်ထူးပေါ်ခြင်း ကိလေသာမှကင်းခြင်းတို့အတွက် အထောက်အကူမပြု ကျေးဇူးမပြုသောကြောင့် ဖြစ်၏။
ဤကားဆင်းရဲတည်း၊ ဤကားဆင်းရဲဖြစ်ကြောင်းတည်း၊ ဤကား ဆင်းရဲချုပ်ရာတည်း၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်းဟု ငါဟော၏။ ထိုအကြောင်းများသည် အကျိုးစီးပွား နှင့်လည်း စပ်၏။ အကျင့်မြတ်၏ အစအဦးလည်းဖြစ်၏။ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်း တပ်မက်မှုကင်းခြင်း စသည်တို့အတွက် အထောက်အကူဖြစ်သောကြောင့်ဖြစ်၏။
အချုပ်အားဖြင့် ဗုဒ္ဓမြတ်စွာ မဟောကြာသောတရား ဟောကြားသောတရားများကို ရည်ရွယ်ရင်းနှင့် တကွ သိရမည်။ အတွေးအကြံ များနေခြင်းထက် ဟောကြားသည့်အတိုင်း မှတ်သားကား ကျင့်ကြံအားထုတ်ခြင်းသာ ပဓာနဖြစ်၏။ မြှားစူးသူ ဥပမာသည်လည်း ပြဿနာဖြေရှင်းရေးအတွက် များစွာ အရေးပါနေဆဲ ဖြစ်သည်။
မန ၆၄: မဟာမာလုကျသုတ်
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား အောက်အဖို့ ရှိသော ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးကို အကျယ်ဟောတော်မူသည်။
အရိယာသူမြတ်တို့ကို မတွေ့ရ၍ ထိုသူတို့၏တရား၌ လိမ္မာယဉ်ကျေးခြင်းမရှိသည့် အကြားအမြင် နည်းသော ပုထုဇဉ်သည် သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမသ, ကာမစ္ဆန္ဒဗျာပါဒတို့ ဖိစီးထကြွသော စိတ်ရှိသည်ဖြစ်၍ နေ၏။ ဖြစ်ပေါ်လာသော ထိုတရားတို့မှ ထွက်မြောက်ကြောင်း ကိုလည်း ဟုတ်တိုင်းမှန်စွာမသိ။ ထိုသူ၏ စွမ်းအားရှိ၍ မပယ်ရသေးသော ထိုတရားငါးပါးသည် အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးမည်၏။
အရိယာသူမြတ်တို့ကို တွေ့မြင်ရ၍ ထိုသူတို့၏တရား၌ လိမ္မာယဉ်ကျေးပြီး အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ထိုတရားငါးပါးတို ဖိစီးထကြွသော စိတ်ရှိသည်ဖြစ်၍ မနေ။ ဖြစ်ပေါ်လာသော ထိုတရားတို့မှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ သိမြင်၏။ ထိုသူအား ထိုတရားငါးပါးသည် အနုသယနှင့်တကွ ကင်းပျောက်လေ၏။
အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးကို ပယ်ရန်အကျင့် လမ်းသို့ မသက်ဝင်ဘဲ ထိုသံယောဇဉ်တို့ကို သိမြင်ပယ်သတ်နိုင်ဖွယ် အကြောင်းမရှိ။ အောက်အဖိုရှိသော သံယောဇဉ်ငါးပါးကိုပယ်ရန် အကျင့်လမ်းစဉ်သို့ သက်ဝင်မှသာ ယင်းတို့ကို သိမြင်ပယ်သတ်နိုင်ဖွယ် အကြောင်းရှိ၏။ အောက်အဖို့ ရှိသော သံယောဇဉ်ငါးပါးကို ပယ်ကြောင်းအကျင့်ကို ဆက်လက်ဟောတော်မူ၏။
ကာမဂုဏ်အကုသိုလ်တို့မှ ကင်းဆိတ်၍ ပထမဈာန်ကို ဝင်စားနေသူသည် ထိုပထမဈာန်၌ရှိသော ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို မမြဲခြင်း ဆင်းရဲခြင်း အနာရောဂါသဖွယ်ဖြစ်ခြင်း ပျက်စီးခြင်း အချည်းအနှီးဖြစ်ခြင်း အတ္တမဟုတ်ခြင်း စသောသဘောအားဖြင့် ဆင်ခြင် သုံးသပ်၏။
ထိုရုပ်ဝေဒနာစသော တရားတို့မှ စိတ်ကိုကင်းကွာစေပြီး အမြိုက်ဓာတ်သို့ ရှေ့ရှုညွတ်စေ၏။ သင်္ခါရအားလုံးငြိမ်းခြင်း ဥပဓိအားလုံးကို စွန့်လွတ်ခြင်း တပ်မက်မှုကုန်ခြင်း စွဲငြိမှုကင်းကွားခြင်း ချုပ်ငြိမ်းခြင်းသည် အေးချမ်းမွန်မြတ်၏ဟု ဆင်ခြင်၏။
ထိုသူသည် ယင်းသို့ ဆင်ခြင်သုံးသပ်မှု၌တည်လျက် အာသဝေါကုန်ခြင်းသို့ ရောက်၏။ အကယ်၍ အာသဝေါကုန်ခြင်းသို့ မရောက်ခဲ့သော် အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးကုန်ခြင်းကြောင့် ထိုဝိပဿနာတရား၌ စွဲလမ်းနှစ်သက်မှုဖြင့် ဥပပတ်ပဋိသန္ဓေနေသော ဗြဟ္မာဖြစ်၍ ထိုဗြဟ္မာ့ပြည်၌ပင် ဘဝဇာတ်လုံးဝငြိမ်းလေ၏။ ကာမဘံသို့ ပြန်မလာတော့ချေ။ ဤပထမဈာန်သည် အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးကို ပယ်ကြောင်းအကျင့်ဖြစ်၏။
ဒုတိယဈာန်မှစ၍ အာကိဉ္စညာယတနဈာန်တိုင်အောင်လည်း အထက်ပါနည်းအတိုင်းပင် ဟောကြား ပါသည်။
ဤသံယောဇဉ်ငါးပါးကို ပယ်နိုင်သောအကျင့်ကို ကျင့်ရာတွင် အချို့က စိတ်တည်ကြည်မှု သမာဓိကို ရရှိကြပြီး အချို့က ပညာဖြင့် လွတ်မြောက်ခြင်း ပညာဝိမုတ္တိကို ရရှိကြသည်မှာ ဣန္ဒြေကွဲပြားခြားနားမှုကြောင့် ဖြစ်၏ဟု မိန့်ကြားပါသည်။
မန ၆၅: ဘဒ္ဒါလိသုတ်
ရှင်ဘဒ္ဒါလိအား အဆုံးအမနှင့် အကျင့်သိက္ခာဖြည့်ကျင့်ရန် ဟောကြားခြင်းဖြစ်သည်။
အချို့သောရဟန်းသည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမနှင့် အကျင့်သိက္ခာကို မဖြည့်ကျင့်ဘဲ အရိယာတို့၏ ဉာဏ်အမြင်ထူးကို ရရှိရန် မျှော်လင့်လျက် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၍ နေထိုင်၏။ ဉာဏ်အမြင်ထူးကို မရနိုင်။ ဤကားဖြစ်မြဲသဘောပင်ဖြစ်၏။
အချို့သောရဟန်းသည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမနှင့် အကျင့်သိက္ခာကို ဖြည့်ကျင့်လျက် အရိယာတို့၏ ဉာဏ်အမြင်ထူးကို ရရှိရန် မျော်လင့်လျက် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၍ နေထိုင်၏။ ဈာန်အဆင့်ဆင့်နှင့်တကွသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် တို့ကို ရရှိ၏။ ဤကားဖြစ်မြဲသဘောပင်ဖြစ်၏။
သတ္တဝါတို့ကိုယ်ကျင့်တရားဆုတ်ယုတ်၍ သူတော်ကောင်းတရား ကွယ်ပျောက်ချိန် နီးလာသောအခါ သိက္ခာပုဒ်တို့ များလာပြီး အနည်းငယ်သော ရဟန်းတို့သည်သာ အရဟတ္တဖိုလ်၌ တည်ကြ၏။ ဤသည်မှာ ဖြစ်မြဲသဘောပင်ဖြစ်၏။
ရဟန်းသံဃာ၌ အာသဝေါတရားလျှင် တည်ရာရှိသော ကျူးလွန်မှုအချို့ မပေါ်သေးမီ ဗုဒ္ဓမြတ်စွာသည် တပည့်ရဟန်းတို့အား သိက္ခာပုဒ်မပညတ်။ ကျူးလွန်မှုများ ဖြစ်ပေါ်လာမှသာလျှင် သိက္ခာပုဒ်ကို ပညတ်၏။
သံဃာသည်အရေအတွက်များခြင်း လာဘ်ပေါများခြင်း အခြံအရံများခြင်း အကြားအမြင်များခြင်း ရဟန်းသက်ရှည်ခြင်းသို့ မရောက်သေးမီ၌ အာသဝေါတရားလျှင် တည်ရာရှိသော ကျူးလွန်မှုတို့ မဖြစ်ပေါ်သေးကုန်။
သံဃာသည် အရေအတွက်များခြင်း လာဘ်ပေါများခြင်း အခြံအရံများခြင်း အကြားအမြင်များခြင်း ရဟန်းသက်ရှည်ခြင်းသို့ရောက်မှသာလျှင် အာသဝေါတရားလျှင် တည်ရာရှိသော ကျူးလွန်မှုတို့ ဖြစ်ပေါ်လာ၏။
ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမ္မာပညာ သမ္မာဝိမုတ္တိ ဟူသော တရားဆယ်ပါးပြည့်စုံသော ရဟန်းသည် အာဟုနေယျ, ပါဟုနေယျ, ဒက္ခိနေယျအဉ္ဇလီကရဏီယ, အနုတ္တရံ ပုညခေတ္တံ လောကဿဟူသော ဂုဏ်တော်ငါးပါးနှင့် ပြည့်စုံ၏။ ဟု ဆုံးမစကား မိန့်ကြားတော်မူပါသည်။
အချုပ်အားဖြင့် ဤသုတ်တွင် တစ်ထပ်တည်းသာစားခြင်း, ပုဂ္ဂိုလ်ခုနှစ်မျိုး, အကျင့်သိက္ခာ၌ ဖြည့်ကျင့်သူနှင့် မဖြည့်ကျင့်သူ, ဖိနှိပ်မှုပြုခြင်းနှင့် မပြုခြင်း, သိက္ခာပုဒ်နည်းခြင်းနှင့်များခြင်း, အာဇာနည်မြင်း ဥပမာ, မြတ်သောအလှူကို ခံထိုက်သောရဟန်း စသည်ဖြင့် မှတ်သားဖွယ်ရာများ ပါဝင်သည်။
Ashin Sundara (21.1.2025)
+++++++++++++++++++++++++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ
၂။ ဘိက္ခုဝဂ် ၆၁ – ၇၀
မန ၆၆: လဋုကိကောပမသုတ်
ဗုဒ္ဓမြတ်စွာသည် အင်္ဂတိုင်းမြောက်ပိုင်း အာပဏနိဂုံး၌ သီတင်းသုံးနေစဉ် ရှင်ဥဒါယီသည် ဗုဒ္ဓမြတ်စွာထံ ချဉ်းကပ်၍ ဗုဒ္ဓမြတ်စွာသည် ငါတို့၏ ဆင်းရဲမှုများစွာကိုပယ်၍ ချမ်းသာမှုများစွာကို ဆောင်ပေ၏။ အကုသိုလ်များစွာကိုပယ်၍ ကုသိုလ်များစွာကို ဆောင်ပေ၏ဟု တွေးမိကြောင်း လျှောက်ထားပါသည်။ ဗုဒ္ဓမြတ်စွာသည် အရှင်ဥဒါယီအား ဆုံးမဟောကြားတော်မူပါသည်။
အချည်းနှီးသော သူအချို့သည် ဤအရာကို ပယ်လော့ဟု ငါက ပြောဆိုသော် ဤအနည်းငယ်သော အရာသည် မပြောပလောက် ပါဟုဆိုပြီး ပယ်ရမည့်အရာကို မပယ်သည့်အပြင် ငါနှင့်တကွ အကျင့်သိက္ခာကို လိုလားသော ရဟန်းတို့အပေါ်၌ပင် မကျေနပ်မှုကို ဖြစ်၏။ ထိုအနည်းငယ်သော အရာသည်ပင် မြဲမြံခိုင်ခန့်သော အနှောင်အဖွဲ့ဖြစ်၏။
အချို့သော အမျိုးကောင်းသားသည်ကား ဤအရာကို ပယ်လော့ဟု ငါကပြောဆိုသော် ဤအရာသည်ကား အနည်းငယ်မျှပင် ဖြစ်သော်လည်း မပြောပလောက်ဟု မဆိုသင့်ဟု ဆင်ခြင်ကာ ပယ်ရမည့်အရာကို ပယ်ကုန်၏။ ငါနှင့်တကွ အကျင့်သိက္ခာကို လိုလားသော ရဟန်းတို့ အပေါ်၌လည်း မကျေနပ်မှုမဖြစ်။ ထိုအနည်းငယ်သောအရာသည် အားနည်းဆွေးမြေ့သော အနှောင်အဖွဲ့သာဖြစ်၏။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် ကိလေသာစွဲတည်ရာ ဥပဓိတို့ကို ပယ်ခွာစွန့်လွှတ်ရန် ကျင့်ကြံနေကြသော ပုဂ္ဂိုလ်လေးမျိုးကို ဟောပြတော်မူ၏။
ကာမဂုဏ်ငါးပါးကို စွဲမှီ၍ဖြစ်သော ချမ်းသာကို မစင်နှင့်တူသောချမ်းသာ ပုထုဇဉ်ချမ်းသာ အရိယာမဟုတ်သူတို့ ချမ်းသာဟု ဆိုအပ်၏။ ထိုချမ်းသာကို မှီဝဲခြင်း လေ့လာပွားများခြင်း မပြုအပ်။ ထိုချမ်းသာကို ကြောက်လန့်ရမည်။
ကာမဂုဏ်တို့မှ ကင်းဆိတ်ကာ ဈာန်များကို ဝင်စားနေသော ရဟန်း၏ ချမ်းသာကိုမူ ကာမဂုဏ်မှ လွတ်မြောက်သောချမ်းသာ ကင်းဆိတ်သောချမ်းသာ ငြိမ်းအေးသောချမ်းသာ ကောင်းစွာသိမြင်ခြင်းကို ဖြစ်စေနိုင်သော ချမ်းသာဟူ၍ ဆိုအပ်၏။ ထိုချမ်းသာကို မှီဝဲအပ်၏။ လေ့လာပွားများအပ်၏။ ထိုချမ်းသာကို မကြောက်မရွံ့အပ်။
ပထမဈာန်သည် ဝိတက်ဝိစာရ မငြိမ်းသေး၍ တုန်လှုပ်တတ်သောတရားဖြစ်၏။ ဒုတိယဈာန်သည် ပီတိသုခ မငြိမ်းသေး၍ တုန်လှုပ်တတ်သောတရားဖြစ်၏။ တတိယဈာန်သည် ဥပေက္ခာသုခ မငြိမ်းသေး၍ တုန်လှုပ်တတ်သော တရားဖြစ်၏။ စတုတ္ထဈာန်သည်ကား ဥပေက္ခာ ဧကဂ္ဂတာ သာရှိ၍ မတုန်လှုပ်တတ်သောတရားဖြစ်၏။
ပထမဈာန်မှစ၍ အာကိဉ္စညာယတနဈာန်တိုင်အောင်သော တရားတို့ကို အဆင့်ဆင့် တွယ်တာအပ်သောတရားမဟုတ် ပယ်စွန့်ကြ လွန်မြောက်ကြဟု နည်းတူဟောကြားပါသည်။
အမြင့်ဆုံး အသိမ်မွေ့ဆုံးဖြစ်သော စတုတ္ထအရူပဈာန်ကို လွန်မြောက်ကြောင်းတရားကား သညာ ဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ဖြစ်၏။ အမြင့်ဆုံး စတုတ္ထအရူပဈာန်ကိုပင် ပယ်ရမည်။ သံယောဇဉ်ဟူသမျှကို ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ပယ်ရမည်ဟု ဟောကြားတော်မူပါသည်။
အချုပ်အားဖြင့် ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ချမ်းသာကို ဆောင်သူဖြစ်ကြောင်းနှင့် မြဲမြဲခိုင်ခန့်သော အနှောင်အဖွဲ့ အားနည်းသော အနှောင်အဖွဲ့ ပုဂ္ဂိုလ်လေးမျိုး မှီဝဲအပ်သော မမှီဝဲအပ်သောချမ်းသာ တုန်လှုပ်တတ်သောတရား မတုန်လှုပ်တတ်သောတရား လွန်မြောက်ရမည့် တရားများကို မှတ်သားကြည်ညိုခွင့်ရမည်ဖြစ်သည်။
မန ၆၇: စာတုမသုတ်
ရဟန်းတို့၏ ဘေးရန်လေးပါးကို ဟောကြားခြင်းဖြစ်သည်။
စာတုမရွာ သျှိသျှားတော၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ အမှူးရှိသော ရဟန်းငါးရာတို့သည် ဗုဒ္ဓမြတ်စွာအား ဖူးမြော်ရန် စာတုမရွာသို့ ရောက်လာကြ၏။
ထိုရဟန်းငါးရာတို့သည် ကျောင်းနေရဟန်းတို့နှင့် နှုတ်ဆက်စကားပြောဆိုပြီး အိပ်ရာနေရာခင်းခြင်း သပိတ်သင်္ကန်း သိမ်းဆည်းခြင်းများ ပြုလုပ်နေစဉ် ဆူညံနေကြလေ၏။
ဗုဒ္ဓမြတ်စွာသည် ထိုဆူညံသံများကို ကြားလျှင် ထိုရဟန်း ငါးရာတို့ကို နှင်ထုတ်တော်မူပါသည်။ သာကီဝင်မင်းသား များနှင့် သဟမ္ပတိဗြဟ္မာတို့ ဗုဒ္ဓမြတ်စွာထံ လာရောက်၍ ထိုရဟန်းငါးရာအား ကျေနပ်ပါမည့်အကြောင်း တောင်းပန်ကြလေသည်။
ရှင်မောဂ္ဂလာန်သည် ဗုဒ္ဓမြတ်စွာ လက်ခံတော်မူပြီးဖြစ်ကြောင်း သိရှိလျှင် ရဟန်းငါးရာကို ခေါ်ဆောင်ကာ ဗုဒ္ဓမြတ်စွာထံ ပြန်သွားလေသည်။
ရဟန်းငါးရာ ပြန်ရောက်လာသောအခါ ဗုဒ္ဓမြတ်စွာက အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ကို ထိုရဟန်းငါးရာကို ငါနှင်ထုတ်စဉ် သင်တို့မည်သို့စိတ်ကူးသနည်းဟု မေးမြန်းတော်မူပါသည်။
ဗုဒ္ဓမြတ်စွာသည် ရဟန်းငါးရာကို နှင်ထုတ်၏။ယခု ဗုဒ္ဓမြတ်စွာ ကြောင့်ကြကင်းလျက် မျက်မှောက်ချမ်းသာကို ခံစား၍နေလိမ့်မည်။မိမိလည်း ဗုဒ္ဓမြတ်စွာနည်းတူ နေတော့မည်ဟု စိတ်ကူးကြောင်း အရှင်သာရိပုတ္တရာက လျှောက်ထား၏။ဗုဒ္ဓမြတ်စွာက အရှင်သာရိပုတ္တရာအား မျက်မှောက်ချမ်းသာစွာနေခြင်းကို ဆိုင်းငံ့ဦးလော့ဟု ဟန့်တားတော်မူပါသည်။
အရှင်မောဂ္ဂလာန်ကမူ ဗုဒ္ဓမြတ်စွာ ကြောင့်ကြမဲ့နေခဲ့သော် မိမိနှင့်အရှင်သာရိပုတ္တရာတို့နှစ်ပါး ရဟန်းသံဃာအပေါင်း ကို ရှေ့ဆောင်ရှေ့ရွက်ပြုမည်ဟု စိတ်ကူးမိကြောင်း လျှောက်ထားပါသည်။ ဗုဒ္ဓမြတ်စွာက ထိုလျှောက်ထားချက်ကို အနုမောဒနာပြုတော်မူပါသည်။
ထို့နောက် ဗုဒ္ဓမြတ်စွာက ရဟန်းတို့အား ဆုံးမစကား မိန့် ကြားတော်မူပါသည်။
ပင်လယ်ရေထဲသို့ ဆင်းသူအား လှိုင်းတံပိုးဘေး မိကျောင်း ဘေး ဝဲဂယက်ဘေး ငါးမန်းဘေးဟူသော ဘေးရန်လေးမျိုးရှိ၏။ဤသာသနာ၌ ရဟန်းပြုသူအားလည်း ဘေးရန်လေးမျိုးကို မလွဲမသွေ တွေ့ကြုံရမည်ဖြစ်၏။
၁။ အချို့သော အမျိုးကောင်းသားသည် ဝဋ်ဆင်းရဲမှ လွ တ်မြောက်ရန် ရည်ရွယ်၍ ရဟန်းပြုခဲ့သော်လည်း သီတင်းသုံးဖော်တို့က ဤသို့သွားရမည် ဤသို့ရမည် ဤသို့ ကြည့်ရမည် ဤသို့ကွေးရမည် ဤသို့ဆန့်ရမည် စသဖြင့် ပြောဆိုဆုံးမသည်ရှိသော် ငါ၏သားမြေးမျှလောက်ရှိသူ တို့၏ ပြောဆိုဆုံးမမှုကို ခံရမည်လောဟု မကျေမနပ်ဖြစ် ကာ လူထွက်လေ၏။ဤရဟန်းသည် လှိုင်းတံပိုးဘေးကြောင့် လူထွက်သူဖြစ်၏။လှိုင်းတံပိုးဘေးဟူသည် အမျက်ဒေါသပင်ဖြစ်၏။
၂။ အချို့သော အမျိုးကောင်းသားသည် ဝဋ်ဆင်းရဲမှ လွတ်
မြောက်ရန် ရည်ရွယ်၍ ရဟန်းပြုခဲ့သော်လည်း သီတင်းသုံးဖော်တို့က ဤဟာကိုမစားရ ထိုဟာကိုမစားရ နံနက်ချိန်၌သာစားရမည် မွန်းလဲချိန်၌မစားရ စသဖြင့် ပြောဆိုဆုံးမသည်ရှိသော် လူ့ဘဝမှာကဲ့သို့ လွတ်လပ်စွာ မစားရသဖြင့် မကျေမနပ်ဖြစ်ကာ လူထွက်လေ၏။ဤရဟန်းသည် မီးကျောင်းဘေးကြောင့် လူထွက်သူဖြစ်၏။မီးကျောင်းဘေး ဟူသည် ဝမ်းရေးကို ကြောင့်ကြစိုက်ခြင်းပင် ဖြစ်၏။
၃။ အချို့သော အမျိုးကောင်းသားသည် ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရည်ရွယ်၍ ရဟန်းပြုခဲ့သော်လည်း ဣန္ဒြေတို့ကို မစောင့်စည်းဘဲ မြို့ရွာတွင်းသို့ ဆွမ်းခံဝင်သည့်အခါ ကာမဂုဏ်စည်းစိမ် ခံစားနေသူများကိုမြင်၍ မိမိလည်း ကာမဂုဏ်စည်းစိမ် ခံစားလိုစိတ် ဖြစ်ပေါ်လာသဖြင့် လူထွက်လေ၏။ဤရဟန်းသည် ဝဲဂယက်ဘေးကြောင့် လူထွက်သူ ဖြစ်၏။ဝဲဂယက်ဘေးဟူသည် ကာမဂုဏ်ငါးပါးပင်ဖြစ်၏။
၄။ အချို့သော အမျိုးကောင်းသားသည် ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရည်ရွယ်၍ ရဟန်းပြုခဲ့သော်လည်း ဣန္ဒြေတို့ ကို မစောင့်စည်းဘဲ မြို့ရွာတွင်း ဆွမ်းခံဝင်သည့်အခါ အဝတ်အစား တို့ကို ကပိုကရို ဝတ်ဆင်ထားသော မာတုဂါမကို မြင်၍ တပ်မက်စိတ်ဖြစ်ကာ လူထွက်လေ၏။ဤရဟန်းသည် ငါးမန်းဘေးကြောင့် လူထွက်သူဖြစ်၏။ငါးမန်းဘေးဟူသည် မာတုဂါမပင်ဖြစ်၏။ဟု ဆုံးမစကား မိန့်ကြားတော်မူ ပါသည်။
မန ၆၈: နဠကပါနသုတ်
ယုံကြည်မှုဖြင့် ရဟန်းပြုလာသူတို့အား နဠကပါလရွာ၌ ဟောကြားသော တရားဖြစ်သည်။
ကောသလတိုင်း နဠကပါနရွာ၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် အရှင်အနုရုဒ္ဓ အရှင်ဘဒ္ဒိယ အရှင်ကိမိလ စသော အမျိုးကောင်းသားများစွာတို့ ဗုဒ္ဓမြတ်စွာကို ရည်စူး၍ ယုံကြည်မှုသဒ္ဓါ အပြည့်အဝဖြင့် ရဟန်းဘောင်သို့ ဝင်လာကြ၏။
တစ်နေ့သ၌ ဗုဒ္ဓမြတ်စွာသည် ရဟန်းအပေါင်းခြံရံလျက် လွင်တီးခေါင်၌ သီတင်းသုံးစဉ် အမျိုးကောင်းသားတို့အား ရည်ရွယ်ကာ ဤသို့ ဟောတော်မူပါသည်။
ယုံကြည်မှုဖြင့် ရဟန်းပြုကြသော သင်တို့အား အကျင့်မြတ်၌ မွေ့လျော်ခြင်းသည် သင့်မြတ်လှ၏။ နုပျိုခြင်း ပထမအရွယ် မည်းနက်သော ဆံပင်တို့နှင့် ပြည့်စုံသူများဖြစ်လျက် ရဟန်းပြုခဲ့ကြ၏။ မင်းနှိပ်စက်ခြင်း ခိုးသူနှိပ်စက်ခြင်း ကြွေးမြီးနှိပ်စက်ခြင်း ဘေးရန်နှိပ်စက်ခြင်း အသက်မွေးမှု ကြပ်တည်းခြင်းဟူသော အကြောင်းများကြောင့် ရဟန်းပြုခဲ့ကြသည်မဟုတ်။ စင်စစ်အားဖြင့် ဆင်းရဲ ကုန်ဆုံးရေးကိုသာ ရည်ရွယ်၍ ရဟန်းပြုခဲ့ကြခြင်းဖြစ်၏။
ကာမဂုဏ်ငါးပါးနှင့် အကုသိုလ်တရားတို့မှ ကင်းဆိတ်သော ချမ်းသာကိုလည်းကောင်း ထို့ထက်လွန်သော ချမ်းသာကိုလည်းကောင်း မရသောသူ၏စိတ်ကို နီဝရဏတရားတို့သည် လွှမ်းမိုးဖိစီး၏။ ယင်းသို့ လွှမ်းမိုးဖိစီးခံရသော သူသည်လည်း ကာမဂုဏ်ငါးပါးနှင့် အကုသိုလ်တရားတို့မှ ကင်းဆိတ်သော ချမ်းသာကိုလည်းကောင်း ထို့ထက်လွန်သော ချမ်းသာကို လည်းကောင်း မရနိုင်ချေ။ နီဝရဏတရားတို့ လွှမ်းမိုးခြင်း မရသူသည် ချမ်းသာကို ရရှိနိုင်ပေ၏။
ဗုဒ္ဓမြတ်စွာသည် အာသဝတို့ကို အကြွင်းမဲ့ပယ်ပြီး ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် အချို့ကို ဆင်ခြင်၍ မှီဝဲ၏။ အချို့ကို ဆင်ခြင်၍ သည်းခံ၏။ အချို့ကို ဆင်ခြင်၍ ရှောင်ကြဉ်၏။ အချို့ကို ဆင်ခြင်၍ ပယ်ဖျောက်၏။
ဗုဒ္ဓမြတ်စွာသည် လူအများ အံ့ဩချီးမွမ်းစေခြင်းငှာလည်းကောင်း လာဘ်လာဘအခြံအရံ တိုးပွားစေခြင်းငှာလည်းကောင်း လူအများ သိစေခြင်းငှာလည်းကောင်း ကွယ်လွန်သွားသော တပည့်သာဝကတို့၏ လားရာဂတိကို ဟောကြားသည်မဟုတ်။ သဒ္ဓါတရားရှိသော အမျိုးကောင်းသာတို့ စိတ်ညွတ်စေရန် အလို့ငှာသာလျှင် ထိုအကြောင်းကို ဟောကြားခြင်း ဖြစ်၏။
ရဟန်းတစ်ပါးသည် ကွယ်လွန်သွားသော ရဟန်းတစ်ပါးကို ရဟန္တာဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားသည်ကို ကြားရ၏။ ကွယ်လွန်သွားသော ရဟန်း၏ သီလ သမာဓိ ပညာတို့ကို ကိုယ်တိုင်သော်လည်း တွေ့မြင်ဖူး၏။ တစ်ဆင့်သော်လည်း ကြားဖူး၏။ ထိုရဟန်းသည် ကွယ်လွန်သွားသော ရဟန်း၏ သီလ သမာဓိ ပညာတို့ကို ကိုယ်တိုင်သော်လည်း တွေ့မြင်ဖူး၏။ တစ်ဆင့်သော်လည်း ကြားဖူး၏။ ထိုရဟန်းသည် ကွယ်လွန်သွားသော ရဟန်း၏ သဒ္ဓါသီလ သုတစာဂပညာတို့ကို ဆင်ခြင်အောက်မေ့လျက် မိမိ၌လည်း ထိုတရားများဖြစ်စေရန် စိတ်ကို ညွှတ်စေ၏။ ဤသို့လျှင် ထိုရဟန်းအား ချမ်းသာစွာနေရခြင်းကို ဖြစ်စေ၏။
(အနာဂါမ် သကဒါဂါမ် သောတာပန်ဖြစ်သည် ဘိက္ခုနီ ဥပါသကာ ဥပါသိကာတို့ဖြင့်လည်း နည်းတူ ဟောကြား၏။)
ဤသုတ်၌ နီဝရဏဖိစီးခံရသူတို့အား ချမ်းသာကို မရကြောင်း၊ ဗုဒ္ဓမြတ်စွာသည် အာသဝေါတရားတို့ကို အကြွင်းမဲ့ ပယ်ပြီးဖြစ်ကြောင်းနှင့် ကွယ်လွန်သွားသော တပည့်သာဝကတို့၏ လားရာဂတိကို ဟောကြားခြင်း၏ ရည်ရွယ်ချက်တို့ကို မှတ်သားရမည်ဖြစ်သည်။
မန ၆၉: ဂေါလိယာနိသုတ်
သံဃအလယ်သို့ ရောက်နေသော တောကျောင်းနေ ရဟန်းတို့၏ ကျင့်ဝတ် ၁၈ပါးကို ဟောကြားခြင်း ဖြစ်သည်။
ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် ဂေါလိယာနိအမည်ရှိသော တောကျောင်းနေရဟန်းသည် ပြုဖွယ်ကိစ္စဖြင့် သံဃအလယ်သို့ ရောက်နေ၏ ။ထိုရဟန်းသည် လျော့ရဲသောအကျင့်ရှိ၏။
အရှင်သာရိပုတ္တရာသည် ထိုရဟန်းကို အကြောင်းပြု၍ သံဃအလယ်သို့ ရောက်နေသော တောကျောင်းနေရဟန်းတို့၏ ကျင့်ဝတ် ၁၈ပါးကို ဟောတော်မူသည်။
၁။ သီတင်းသုံးဖော်တို့အား ရိုသေလေးစားခြင်း။
၂။ မထေရ်ကြီးများအား တိုးဝှေ့ခြင်း သီတင်းငယ်များအား နေရာဖြင့် တားမြစ်ခြင်းမပြုဘဲ နေရာ၌လိမ္မာခြင်း။
၃။ မိမိလိုက်နာရမည့် ဝတ်ကြီးဝတ်ငယ်ကိုသိခြင်း။
၄။ အလွန်စောစွာရွာထဲသို့မဝင်ခြင်း,နေမြင့်မှပြန်မလာခြင်း။
၅။ ဆွမ်းမစားမီဖြစ်စေ ဆွမ်းစားပြီးမှဖြစ်စေ ဒကာဒကာမ တို့၏အိမ်သို့ မလည်ခြင်း။
၆။ စိတ်လေလွင့်မှု လျှပ်ပေါ်လော်လီမှုမရှိခြင်း။
၇။ နှုတ်မကြမ်းခြင်း စကားဘောက်သောက်မပြောခြင်း။
၈။ ဆိုဆုံးမလွယ်၍ မိတ်ဆွေကောင်းရှိခြင်း။
၉။ ဣန္ဒြေစောင့်စည်းခြင်း။
၁၀။ စားသောက်မှု၌ အတိုင်းအဆကိုသိခြင်း။
၁၁။ နိုးကြားမှုရှိခြင်း။
၁၂။ လုံ့လဝီရိယရှိခြင်း။
၁၃။ စွဲမြဲသောသတိရှိခြင်း။
၁၄။ တည်ကြည်သောစိတ်ရှိခြင်း။
၁၅။ ဉာဏ်ပညာရှိခြင်း။
၁၆။ ထူးမြတ်သောတရား ထူးမြတ်သောပညာ၌ အားထုတ်ခြင်း
၁၇။ ဝိမောက္ခတို့၌ အားထုတ်ခြင်း
၁၈။ စျာန်မဂ်ဖိုလ်တရား၌ အားထုတ်ခြင်းတို့ဖြစ်၏။
ဤကျင့်ဝတ်၁၈နှင့် မပြည့်စုံသော တောကျောင်းနေရဟန်းကို ဤအရှင်အား တစ်ပါးတည်း တောကျောင်း၌ ကိုယ်စိုး ကိုယ်ပိုင်နေခြင်းဖြင့် ဘာအကျိုးရှိမည်နည်းဟု ကဲ့ရဲ့ပြော ဆိုဖွယ် ဖြစ်ရာ၏။
ဤသို့မိန့်သော် အရှင်မောဂ္ဂလာန်သည် အရှင်သာရိပုတ္တရာအား ဤ ၁၈ပါး တို့ကို တောကျောင်းနေရဟန်းသည်သာ ဆောက်တည်ကျင့်ကြံ အားထုတ်သင့်ပါသလော။ ရွာနီးကျောင်း နေ ရဟန်းသည်လည်း ဆောက်တည်ကျင့်ကြံ အားထုတ်သင့်ပါသလောဟု မေး၏။
ဤကျင့်ဝတ် ၁၈ပါးကို တောကျောင်းရဟန်းသည်ပင် ကျင့်သုံးအပ်သေး၏။ ရွာကျောင်းရဟန်းကား ဆိုဖွယ်ရာ မရှိချေဟု မိန့်ပါ၏။
မန ၇၀: ကီဋာဂိရိသုတ်
ဗုဒ္ဓမြတ်စွာသည် ရဟန်းများစွာတို့နှင့်အတူ ကာသိတိုင်းအတွင်း ဒေသစာရီ လှည့်လည်စဉ် ရဟန်းတို့အား ညစာစားခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ကျန်းမာဖျတ်လတ်၍ အနေအထိုင် ချမ်းသာမှုရှိကြောင်း ထို့ကြောင့် ရဟန်းများ ညစာစားခြင်းမှ ရှောင်ကြဉ်သင့်ကြောင်းမိန့်ကြားပါသည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် ကီဋာဂီရိနိဂုံးသို့ ဆိုက်ရောက်၍ ထိုနိဂုံး၌ သီတင်းသုံးတော်မူ၏။ ထိုစဉ်က ကီဋာဂီရိနိဂုံး၌ အဿဇိပုနဗ္ဗသုကမည်သော ရဟန်းတို့ နေထိုင်လျက်ရှိ၏။ ဗုဒ္ဓမြတ်စွာနှင့်အတူ လိုက်ပါလာသော ရဟန်းအချို့သည် ထိုကျောင်းနေ ရဟန်းတို့အား ဗုဒ္ဓမြတ်စွာက ညစာစားခြင်းမှ ရှောင်ကြဉ်ရန် ဟောကြားပုံကို တစ်ဆင့်ပြောကြားကြ၏။
ကျောင်းနေရဟန်းတို့က နံနက်စော နေမွန်းတိမ်း ညနေစောင်း အားဖြင့် တစ်နေ့သုံးကြိမ် စားကြသော်လည်း ကျန်းမာပေါ့ပါး၍ ချမ်းသာစွာ နေရခြင်းကို ကောင်းစွာ တွေ့မြင်ကြရ၏။ ထို့ကြောင့် လက်ငင်းအကျိုးကို စွန့်ပြီး နောင်မှရမည့်အကျိုးနောက်သို့ မလိုက်နိုင်ပါဟု ပြန်လည် ပြောဆိုကြ၏။
ထိုအကြောင်းကို ကြားသိ၍ ဗုဒ္ဓမြတ်စွာသည် ကျောင်းနေရဟန်းတို့ကို ခေါ်ယူဆုံးမလေ၏။ အကြင်ခံစားမှုကို ခံစားသော် အကုသိုလ်တိုးပွား၍ ကုသိုလ်ဆုတ်ယုတ်၏။ ထိုခံစားမှုကို ပယ်သင့်၏။ အကြင်ခံစားမှုကို ခံစားသော် အကုသိုလ်ဆုတ်ယုတ်၍ ကုသိုလ်တိုးပွား၏။ ထိုခံစားမှုကို ပြည့်စုံစေသင့်၏။
ရဟန္တာပုဂ္ဂိုလ်တို့သည် မေ့လျော့ရန် အကြောင်းမရှိသောကြောင့် ပြုဖွယ်ကိစ္စပြုပြီးဖြစ်သောကြောင့် ထိုသူတို့အား ပြုဖွယ်ကိစ္စကို မမေ့မလျော့ ပြုရမည်ဟု ငါမဟော။ သေက္ခပုဂ္ဂိုလ်အား ဤဘဝ၌ပင် ရဟန္တာဖြစ်အောင် ပြုဖွယ်ကိစ္စကို မမေ့မလျော့ ပြုရမည်ဟု ငါဟော၏။
လောက၌ ပုဂ္ဂိုလ် ၇ ဦးရှိ၏။ ယင်းတို့မှာ …
၁။ ဥဘတောဘာဂဝိမုတ္တိပုဂ္ဂိုလ်
၂။ ပညာဝိမုတ္တပုဂ္ဂိုလ်
၃။ ကာယသက္ခိပုဂ္ဂိုလ်
၄။ ဒိဋ္ဌိပတ္တပုဂ္ဂိုလ်
၅။ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်
၆။ ဓမ္မာနုသာရီပုဂ္ဂိုလ်
၇။ သဒ္ဓါနုသာရီပုဂ္ဂိုလ် တို့ဖြစ်၏။
အစပြုရုံမျှဖြင့် အရဟတ္တဖိုလ်သို့ မရောက်နိုင်။ အဆင့်ဆင့် ကျင့်ကြံအားထုတ်ခြင်းဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်နိုင်၏။ အဆင့်ဆင့် ကျင့်ကြံအားထုတ်ခြင်းဟူသည် ယုံကြည်မှုရှိသောသူသည် ဆရာသမားအနီးသို့ ချဉ်းကပ်၍ တရားတော်ကို နာယူမှတ်သား၍ တရား၏သဘောကို ဆင်ခြင်သုံးသပ်ရ၏။ ထိုအခါ နှစ်သက်ခြင်းဖြစ်၍ အားထုတ်လိုသော ဆန္ဒဖြစ်၏။ ထိုဆန္ဒဖြစ်သော် အားထုတ်၏။ အားထုတ်သော် မြတ်သော သစ္စာကို ပညာဖြင့် ထိုးထွင်းသိ၏။ ထိုကဲ့သို့ ဆရာ၏ အဆုံးအမ၌ သက်ဝင် ကျင့်သုံးသော တပည့်အား မျက်မှောက် ဘဝ၌ပင် အရဟတ္တဖိုလ် သို့မဟုတ် အနာဂါမိဖိုလ်ဟူသော အကျိုးနှစ်ပါးတွင် တစ်ပါးပါးကို မုချရမည် ဖြစ်၏။
သို့ရာတွင် သင်တို့ကား ယုံကြည်ခြင်း ဆရာထံ ချဉ်းကပ်ခြင်း ဆရာ့အဆုံးအမ၌ သက်ဝင်ကျင့်သုံးခြင်း စသည်မျှပင် မဖြစ်ခဲ့ပေ။ အချည်းနှီးသော သင်တို့သည် ဖောက်ပြန်လွဲမှားစွာ ကျင့်ခဲ့ကြသည်ဖြစ်၍ ဤသာသနာမှ အလွန်ဝေးစွာ သွေဖီကြ၏။ ပစ္စည်းအာမိသကို အလေးဂရုပြုသော ဆရာကိုသော်လည်း ဤသို့ ဈေးဆစ်ခြင်းသည် မသင့်တော်။ ပစ္စည်းအာမိသကို လုံးဝအလေးမပြုသော ငါဘုရားအားမူ ဆိုဖွယ်မရှိချေဟု ဟောတော်မူပါသည်။
Ashin Sundara(22.1.2025)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Comments