top of page
Search

စာတန်းရေးနည်း

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Jul 30, 2022
  • 4 min read

Acknowledgement (ကျေးဇူးတင်လွှာ)

************

သုတေသနကျမ်းစာတွေမှာ ကျေးဇူးတင်လွှာကို လှလှပပလေး ကိုယ်ပိုင်ရေးချင်သူများ အတွက်

ပထမဦးဆုံး အနေနဲ့

Acknowledgements ရေးတဲ့အခါ

ကျေးဇူးတင်ရမဲ့သူတွေက

တစ်ယောက်ထက် များတတ်တာမို့

© Sequential Adverb တွေကို မှတ်ရပါမယ်

1- Firstly / First of all / First and the foremost (ပထမဦးစွာ အနေနဲ့)

2- Secondly / In particular / Most of all / Most importantly (ဒုတိယအနေနဲ့ အထူးသဖြင့်တော့ )

3- Finally / Last but not least (နောက်ဆုံးအနေနဲ့ နောက်ဆုံး မှပြောရပေမဲ့ အရေးပါသူကတော့)

တွဲသုံးရမဲ့ Verb တွေက

I want to thank

I wish to expand my thanks to

I would like to express my gratitude

I would like to give a special thank

တွဲလိုက်လေ့ရှိသော Noun များ

advice

support

continuous tolerance

for his constant guidance/ encouragement

ပိုလှစေတဲ့ Adverb တွေ

also

very

I'm deeply grateful to you for your permission.

အထာကျတဲ့ အသုံးများ

I owe a great deal to

I am indebted to my .... for his ... .

I must thank .... for the award of the funding

which enbaled me to undertake .... .

I want to express my gratitude to

ခန့်ခန့် ညားညား Adjective Clause များ

(a) who has encouraged me to

(b) who provided the help, guidance and support

(c) who always made time to help and support me

Thanks also go to the Head of Department who ....

မှတ်ထားရမည့် ( Nouns) များ

valuable advice/ assistance

invaluable opportunities

continuing source endeavors

academic supervision

personal support

specific aspects

accessing online resources

Last but not least, my sincere thanks go to Saya Phyo who has always provided me invaluable online resources.

လှပသော ကိုယ်ပိုင် Acknowledgements လေးများ ရေးနိူင်ကြပါစေ ။

Ref; The Academic Phrasebank

Yin Min Htun

M.A.( eng )

Cum-Devp, E-flu (Hyderabad), India

OCS, RELC, S'pore

PD & TOT, RELC, S'pore

ပြန်လည်မျှဝေပါသည်။

Ashin Sundara(30.7.2022)


ကျမ်းစာအနှစ်ချုပ် (Abstract) ရေးနည်း

Abstract ဆိုတာ ပြဿနာတစ်ခု၏အစိတ်အပိုင်းများစွာကို အကိုးအကားများစွာဖြင့်ဖော်ပြထားသော ကျမ်းစာကြီးများ၊ ကွန်းဖရန့်များတွင် တင်သွင်းဖတ်ကြားသော စာတမ်းငယ်များ၊ သုတေသနဂျာနယ်အချို့တွင် ရေးသွင်းကြသော အာတီကယ်များ စသည်စသည်တို့ကို အချိန်တိုအတွင်းတွင် စာဖတ်သူများသတိထားမိကာ ကျမ်းစာတစ်ခုလုံးအား ဖတ်ချင်စိတ်တဖွားဖွားဖြစ်လာအောင် အကျဉ်းချုံးဖော်ပြထား‌သော စာပိုဒ်ငယ်လေးမျှသာ ဖြစ်သည်။

Abstract တစ်စောင်၏ ပမာဏမှာ စာလုံးအရေအတွက်အားဖြင့် ၃၀၀ ခန့်သာဖြစ်ပြီး၊ စာပိုဒ်အရေအတွက်အားဖြင့် တစ်ပိုဒ်တည်းသာဖြစ်ရာ၏။ သို့သော် အချို့ကျမ်းစာဟောင်းများမှာကား ၃၀၀ ကျော်သောစကားလုံးများဖြင့် အပိုဒ်ခွဲရေးသားထားသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ မိမိတို့သင်တန်းဆရာတစ်ပါးကလည်း နှစ်ပိုဒ်ခွဲရေးရန် အကြံပြုစကား ဆိုထားပါသည်။ သူ၏အဆိုအရ နှစ်ပိုဒ်ခွဲရာတွင် အောက်ဖော်ပြပါ အချက်အလက်များအား မှန်ကန်စွာ ထည့်သွင်းစဉ်းစားရမည်သာတည်း။

Abstract တစ်စောင်၏ ပထမဆုံး စာကြောင်းသည် မိမိကျမ်းခေါင်းစဉ်တစ်ခုလုံး၏ ဘယ်လို၊ဘယ်လောက်အရေးပါပုံ (Significance of Topic) ကို မိတ်ဆက်ရမည်သာတည်း။

ထို့နောက် သုတေသနပြဿနာ၏ နောက်ခံအကြောင်းအရာများ (Background of Problem) နှင့် မိမိရှိရင်းစွဲတင်ပြချက်တို့၏ ကွာဟနေချက် (Gap) တို့ကို မိတ်ဆက်ပေးရမည်။ မိတ်ဆက်ခဲ့သည့်အားလျှော်စွာ သုတေသနပြဿနာ (Research Problem) ကို ပီပီပြင်ပြင် သတ်မှတ်ပြရမည် ဖြစ်သည်။

ထိုပြဿနာကို အမှီပြု၍ မိမိဖြေရှင်းထားသည့် ရည်မှန်းချက် (Aim) ကို ရှင်းလင်းစွာ ဖော်ပြရမည်။ ထိုရည်မှန်းချက်ကို ချဉ်းကပ်ထားသည့် နည်းလမ်း (Method) နှင့် အသုံးပြုထားသည့် စာပေနယ်ပယ် (Scope) ကိုပါ တဆက်တည်းဖော်ပြပေးရပါမည်။

မိမိကျမ်းတစ်ခုလုံးမှာ သုတေသနပြဿနာအတွက် ရှာဖွေတင်ဆက်ထားမှုတွေထဲကမှ အထိမိဆုံး တွေ့ရှိချက်အသစ် (New Finding) ကို ခြုံငုံတင်ပြကာ၊ ထိုအသစ်တွေ့ရှိဖြေရှင်းထားချက်နှင့်ပတ်သက်၍ မိမိရဲ့မှတ်ချက်နဲ့ နောင်လာလတ္တံ့သောစကော်လာများအတွက် အကြံပြုချက် (Recommendation) တို့ကို မှတ်ချက်ပြ ရေးသားခဲ့ရမည်။ အဆုံးတွင် ငါးလုံးပတ်ချာလည်ခန့် keywords များသတ်မှတ်ပေးရန် ဖြစ်သည်။

ဤသည်ပင် စာဖတ်သူများကို ဆွဲဆောင်ရန် ပြည့်စုံလုံလောက်သော Abstract တစ်စောင် ဖြစ်နိုင်ပါပေသည်။

စာနှစ်ပိုဒ်တွင်ပါဝင်ရမည့် အချက်များကို

ပြန်လည် သုံးသပ်ကြည့်သော်

Significance of Topic

Background of problem

Research gap

Research problem

Research Aim

Research Method

Research Scope

Key point of New findings

Recommendation

Keywords

စသည်ဖြင့် အင်္ဂါ ၁၀ ချက်ရှိသည်ကို

ယေဘုယျမှတ်ယူနိုင်ပါသည်။

အထက်‌ပါဖော်ပြချက်များအရ ၎င်းအင်္ဂါအချက်အလက်များကို စာပိုဒ်အရေအတွက်များဖြင့် ရေးသာဟန်ရှိသော်လည်း မိမိသဘောအလိုအရမှာ တစ်ပိုဒ်တည်းသာ သင့်တော်သည်ဟု ယူဆပါသည်။

အထူးမှတ်ချက်အနေဖြင့်

Abstract ရေးသာရာတွင် Chapter တစ်ခန်းချင်းစီ၏ မိတ်ဆက် (သို့) အနှစ်ချုပ်ကို ဖော်ပြလေ့မရှိသည်ကို သတိမူစေလိုပါသည်။ အကြောင်းကား ၎င်းပုံစံသည် Introduction နှင့် Conclusion တို့မှာ ပါဝင်ရမည့် ပုံစံဖြစ်ခြင်းကြောင့်သာ ဖြစ်ပါသည်။

အားလုံးသော သုတေသီများ

အဆင်ပြေစွာ ရေးသားအောင်မြင်ကြပါစေ ...

ဟု ဆန္ဒပြုလျှက်

16/09/21

ပြန်လည်မျှဝေပါသည်။

Ashin Sundara(30.7.2022)


“Consideration of a Literature Review”


မိမိတို့ တက်ရောက်နေတဲ့တက္ကသိုလ်ရဲ့ လတ်တလောမူအရ စာပေသုံးသပ်ချက် (literature review) ရေးရာမှာ #နှစ်ပိုင်း (၂-ပိုင်း) ပါလာတာကို တွေ့ရပါတယ်။ မိိမိလက်လှမ်းမီသမျှကို အာဘော်နှင့်တကွ မိတ်ဆက်ပြပါမယ်။

Literature_Review တဲ့။ ဒီအပိုင်းက Book Review ဆန်ဆန် ရေးရတယ်။ ဝေဖန်ရေးမပါဘူး။ မိမိရဲ့ကျမ်းခေါင်းစဉ်ဧရိယာနဲ့ ဆက်စပ်တဲ့စာအုပ်ကို (စာရေးဆရာ၊ စာအုပ်အမည်၊ ပုံနှိပ်မှတ်တမ်းတို့ဖြင့်) ဖော်ပြပြီး ဒီစာအုပ်ဟာ ဘာအကြောင်းအရာကို ရေးထားပါတယ်၊ အခန်းဘယ်နှစ်ခန်းနဲ့ ဖွဲ့စည်းထားပါတယ်၊ ဘယ်အခန်းကတော့ဖြင့် မိမိရဲ့ကျမ်းနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်၊ အဲဒီအခန်းထဲမှာ သူ့ရဲ့ အဓိကအယူအဆကို ဘယ်လိုပြောထားပါတယ်၊ ဒါကြောင့် ဒီစာအုပ်ကို မိမိကျမ်းစာထဲမှာ ဘယ်လိုအသုံးချပါမယ် စသည်ဖြင့် ခင်းကျင်းပြသရုံမျှသာ ဖြစ်ပါတယ်။

Previous_Research ပါ။ ဒီအပိုင်းကတော့ အတော်တာဝန်ကြီးပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ စာဖတ်စွမ်းရည်နဲ့ အကြောင်းအရာတစ်ခုအပေါ်မှာ ဝေဖန်ကြံဆတတ်တဲ့အတွေးအခေါ်တို့ကို ထုတ်ဖော်ပြသရမယ့် အပိုင်းပါ။ ဒီအပိုင်းကို ရေးနိုင်ဖို့ဆိုရင် Academic Reading နဲ့ Critical Thinking ကို မပိုင်လို့မဖြစ်ပါဘူး။ အပေါ်ပိုင်းမှာလို မာတိကာကြည့်ရုံလောက်နဲ့ ဖြီးဖျန်းလို့ မရပါဘူး။

အကြောင်းကား

ဒီအပိုင်းမှာ သုတေသီဟာ မိမိရွေးချယ်ထားတဲ့ ကျမ်းစာဧရိယာနဲ့ပတ်သက်လို့ ရှေ့မှာ ဘယ်ပညာရှင်က ဘယ်လို ရေးသားဖော်ထုတ်ခဲ့ပြီး ဖြစ်ပါတယ် ဆိုတာကို မိမိနားလည်သလို အကျဉ်းချုပ်ရေးပြီး မိတ်ဆက်ပေးရပါမယ်။ ပြီးရင် သူရဲ့ အားသာချက်ဖြစ်တဲ့ သူဖော်ထုတ်ခဲ့တဲ့ main contribution သို့မဟုတ် သူ့ရဲ့ပင်မအယူအဆ main concept ကို ထိထိမိမိ ပြောနိုင်ရပါမယ်။ အဲဒါပြီးရင်တော့ သူ့ရဲ့အားနည်းချက် သို့မဟုတ် ချွတ်ချော်ခဲ့မှုကို ထောက်ပြဝေဖန်ရပါမယ်။ (ဒီနေရာမှာ အယူအဆသာမက၊ ချဉ်းကပ်ပုံနည်းလမ်း၊ အသုံးပြုတဲ့ကျမ်းကအစ ဝေဖန်လို့ရပါတယ်။) အဲဒီလို သူ့ရဲ့ အားနည်းချက်ကို ထောက်ပြပြီးရင် ကိုယ်ချဉ်းကပ်မယ့်ပုံစံနဲ့ (သို့မဟုတ်) လက်တလောဖြစ်ပျက်နေမှု၊ လက်ရှိလက်ခံထားမှုတွေနဲ့ ဘယ်လိုကွာဟနေပါတယ်ဆိုတဲ့ gap တစ်ခုကို သတ်မှတ်ပြရပါမယ်။ ဒီလို သတ်မှတ်ပြနိုင်ပြီဆိုမှ ဒီကွာဟချက် (gap) ကို ဖြည့်ဆည်းဖို့အနေနဲ့ မိမိရဲ့ကျမ်းစာမှာ ဘယ်စာပေကို အခြေခံပြီး ဘယ်နည်းလမ်းနဲ့ချဉ်းကပ်ကာ ဘယ်အယူအဆကို ဘယ်လို တင်ပြသွားမှာပါဆိုတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့အတူ သူ့စာနဲ့ ကိုယ့်စာကို ချိတ်ဆက်ပြပေးရမှာပါ။

ဒါဟာ ကျမ်းကြီးကျပ်သူ သို့မဟုတ် စာဖတ်သူများအတွက် ဆက်စပ်သမျှကို ခင်းကျင်းပြသပေးရာ ရောက်သလို မိမိ (သုတေသီတစ်ယောက်) အတွက်လည်း စာပေနှံ့စပ်မှု ဝေဖန်တတ်မှုအရည်အသွေးတို့နဲ့ ဂုဏ်တက်စေမှာ ဖြစ်ပါတယ်။

မိမိနားလည်သမျှ အာဘော်ကို ပြရမည်ဆိုလျှင် ပထမအပိုင်း (book review ပုံစံ) သည် သိပ်အရာမဝင်ပါ။ အကြောင်းကား ဝေဖန်ချက်မပါ စာပေမိတ်ဆက်သက်သက်မျှသာ ဖြစ်သောကြောင့်တည်း။ ထိုသို့ ဆက်စပ်သမျှစာအုပ်တွေကိုသာ မိတ်ဆက်ပြရပါလျှင် အရေအတွက်အားဖြင့် နည်းမည်မဟုတ်ပင်။

ဒုတိယနည်း (Reviewing on Previous Researches) ကိုသာ အားပါပါ အသုံးချသင့်သည်ဟု အကြံပြုလိုပါသည်။ အကြောင်းကား Literature Review ဟူသည် စာဖတ်ခြင်းမှ အခြေခံကာ ထွက်ရှိလာမယ့် သုတေသနပြဿနာ (Research Problem) သုတေသနမျှော်မှန်းချက်လမ်းကြောင်း (Research Aim/ Hypothesis) ကို အထောက်အကူပြုလာမယ့် မရှိမဖြစ် မလုပ်မဖြစ် လမ်းစဉ်ကြီးဖြစ်သောကြောင့်သာတည်း။ Critical Review မလုပ်တတ်လျှင် သုတေသနပြုထိုက်တဲ့ပြဿနာ ထွက်ပေါ်လာဖို့ပင် လမ်းမမြင်နိုင်ဟု ဆိုချင်ပါတယ်။ အထက်ပါ ပ-နည်းဖြင့်တော့ သုတေသနပြဿနာ ပေါ်ထွက်လာရိုး မရှိနိုင်ချေ။

Literature Review တစ်အုပ်ရေးရာမှာ

နည်းလမ်းနှင့်စည်းကမ်းတို့ များစွာရှိကြသော်လည်း ဒီနေရာမှာ ဆရာ့ဆရာအာဘော်များနှင့် မိမိ၏လက်တွေ့လုပ်ဆောင်ချက်တို့ကို အခြေခံ၍ အနှစ်ချုပ်ပြရလျှင်

၁၊ စာရေးဆရာအမည်၊ စာအုပ်အမည်၊ (အတွဲနံပါတ်နှင့်တည်းဖြတ်အကြိမ်ရေ)၊ ပုံနှိပ်ထုတ်ဝေသည့်သည့်နေရာ၊ ပုနှိပ်တိုက် နှင့် ပုံနှိပ်ထုတ်ဝေသည့်ခုနှစ် တို့ကို ရေးသားဖော်ပြရမည်။

၂၊ ၎င်းစာအုပ်ထဲမှ စာရေးဆရာ၏ အဓိကခံယူချက် (main concept) သို့မဟုတ် အဓိကဝေမျှထားသည့်အချက် (main contribution) ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြနိုင်ရမည် (Strength of the Author)။

၃၊ ၎င်းစာရေးဆရာ၏ လွဲမှားတဲ့အယူအဆ၊ ချွတ်ချော်လစ်ဟင်းမှု သို့မဟုတ် သူချဉ်းကပ်မထားသော အစိတ်အပိုင်းတို့ကို ထောက်ပြဝေဖန်ရမည် (Weakness of the Author)။

၄၊ သူ့အယူအဆ နှင့် ကိုယ့်အယူအဆ (သို့မဟုတ်) သူချည်းကပ်ထားသည့် နည်းလမ်းနှင့် မိမိချဉ်းကပ်မည့် နည်းလမ်း ကွာဟချက် (gap) တို့ကို နှိုင်းယှဉ်ပြပြီး ကိုယ်သွားမယ့် ရည်ရွယ်ချက် သို့မဟုတ် လမ်းကြောင်းကို ချမှတ်ပြသရမည် (Your Aim)။ (တဆက်ဆည်းမှာ ကိုယ့်အယူအဆကိုပါ အနည်းငယ် မြွက်ဟနိုင်သည်။)

ဤလေးချက်မျှ ပါအောင်ရေးနိုင်ပါက မိမိဆိုလိုသမျှကို နားလည်လက်ခံနိုင်ဖွယ်ရှိသော စာပေသုံးသပ်မှုတစ်ခု (Literature Review) ကို လုပ်ဆောင်နိုင်လိုက်ပါပြီတကား လို့ ယုံကြည်ချက်များ ထားရှိစေလိုပါသည်။

အဆင်ပြေအောင်မြင်လို့ပျော်ရွှင်ရပါစေ

မေတ္တာဖြင့်

29/07/22

=======

နောက်ဆက်တွဲကြည့်ရန်

ကျမ်းစာအနှစ်ချုပ်ရေးနည်း

ကျမ်းစာနိဂုံးရေနည်း

ကျေးဇူးတင်လွှာရေးနည်း


ပြန်လည်မျှဝေပါသည်။

Ashin Sundara(30.7.2022)


ကျမ်းစာအနှစ်ချုပ် (Abstract) ရေးနည်း

Abstract ဆိုတာ ပြဿနာတစ်ခု၏အစိတ်အပိုင်းများစွာကို အကိုးအကားများစွာဖြင့်ဖော်ပြထားသော ကျမ်းစာကြီးများ၊ ကွန်းဖရန့်များတွင် တင်သွင်းဖတ်ကြားသော စာတမ်းငယ်များ၊ သုတေသနဂျာနယ်အချို့တွင် ရေးသွင်းကြသော အာတီကယ်များ စသည်စသည်တို့ကို အချိန်တိုအတွင်းတွင် စာဖတ်သူများသတိထားမိကာ ကျမ်းစာတစ်ခုလုံးအား ဖတ်ချင်စိတ်တဖွားဖွားဖြစ်လာအောင် အကျဉ်းချုံးဖော်ပြထား‌သော စာပိုဒ်ငယ်လေးမျှသာ ဖြစ်သည်။

Abstract တစ်စောင်၏ ပမာဏမှာ စာလုံးအရေအတွက်အားဖြင့် ၃၀၀ ခန့်သာဖြစ်ပြီး၊ စာပိုဒ်အရေအတွက်အားဖြင့် တစ်ပိုဒ်တည်းသာဖြစ်ရာ၏။ သို့သော် အချို့ကျမ်းစာဟောင်းများမှာကား ၃၀၀ ကျော်သောစကားလုံးများဖြင့် အပိုဒ်ခွဲရေးသားထားသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ မိမိတို့သင်တန်းဆရာတစ်ပါးကလည်း နှစ်ပိုဒ်ခွဲရေးရန် အကြံပြုစကား ဆိုထားပါသည်။ သူ၏အဆိုအရ နှစ်ပိုဒ်ခွဲရာတွင် အောက်ဖော်ပြပါ အချက်အလက်များအား မှန်ကန်စွာ ထည့်သွင်းစဉ်းစားရမည်သာတည်း။

Abstract တစ်စောင်၏ ပထမဆုံး စာကြောင်းသည် မိမိကျမ်းခေါင်းစဉ်တစ်ခုလုံး၏ ဘယ်လို၊ဘယ်လောက်အရေးပါပုံ (Significance of Topic) ကို မိတ်ဆက်ရမည်သာတည်း။

ထို့နောက် သုတေသနပြဿနာ၏ နောက်ခံအကြောင်းအရာများ (Background of Problem) နှင့် မိမိရှိရင်းစွဲတင်ပြချက်တို့၏ ကွာဟနေချက် (Gap) တို့ကို မိတ်ဆက်ပေးရမည်။ မိတ်ဆက်ခဲ့သည့်အားလျှော်စွာ သုတေသနပြဿနာ (Research Problem) ကို ပီပီပြင်ပြင် သတ်မှတ်ပြရမည် ဖြစ်သည်။

ထိုပြဿနာကို အမှီပြု၍ မိမိဖြေရှင်းထားသည့် ရည်မှန်းချက် (Aim) ကို ရှင်းလင်းစွာ ဖော်ပြရမည်။ ထိုရည်မှန်းချက်ကို ချဉ်းကပ်ထားသည့် နည်းလမ်း (Method) နှင့် အသုံးပြုထားသည့် စာပေနယ်ပယ် (Scope) ကိုပါ တဆက်တည်းဖော်ပြပေးရပါမည်။

မိမိကျမ်းတစ်ခုလုံးမှာ သုတေသနပြဿနာအတွက် ရှာဖွေတင်ဆက်ထားမှုတွေထဲကမှ အထိမိဆုံး တွေ့ရှိချက်အသစ် (New Finding) ကို ခြုံငုံတင်ပြကာ၊ ထိုအသစ်တွေ့ရှိဖြေရှင်းထားချက်နှင့်ပတ်သက်၍ မိမိရဲ့မှတ်ချက်နဲ့ နောင်လာလတ္တံ့သောစကော်လာများအတွက် အကြံပြုချက် (Recommendation) တို့ကို မှတ်ချက်ပြ ရေးသားခဲ့ရမည်။ အဆုံးတွင် ငါးလုံးပတ်ချာလည်ခန့် keywords များသတ်မှတ်ပေးရန် ဖြစ်သည်။

ဤသည်ပင် စာဖတ်သူများကို ဆွဲဆောင်ရန် ပြည့်စုံလုံလောက်သော Abstract တစ်စောင် ဖြစ်နိုင်ပါပေသည်။

စာနှစ်ပိုဒ်တွင်ပါဝင်ရမည့် အချက်များကို

ပြန်လည် သုံးသပ်ကြည့်သော်

Significance of Topic

Background of problem

Research gap

Research problem

Research Aim

Research Method

Research Scope

Key point of New findings

Recommendation

Keywords

စသည်ဖြင့် အင်္ဂါ ၁၀ ချက်ရှိသည်ကို

ယေဘုယျမှတ်ယူနိုင်ပါသည်။

အထက်‌ပါဖော်ပြချက်များအရ ၎င်းအင်္ဂါအချက်အလက်များကို စာပိုဒ်အရေအတွက်များဖြင့် ရေးသာဟန်ရှိသော်လည်း မိမိသဘောအလိုအရမှာ တစ်ပိုဒ်တည်းသာ သင့်တော်သည်ဟု ယူဆပါသည်။

အထူးမှတ်ချက်အနေဖြင့်

Abstract ရေးသာရာတွင် Chapter တစ်ခန်းချင်းစီ၏ မိတ်ဆက် (သို့) အနှစ်ချုပ်ကို ဖော်ပြလေ့မရှိသည်ကို သတိမူစေလိုပါသည်။ အကြောင်းကား ၎င်းပုံစံသည် Introduction နှင့် Conclusion တို့မှာ ပါဝင်ရမည့် ပုံစံဖြစ်ခြင်းကြောင့်သာ ဖြစ်ပါသည်။

အားလုံးသော သုတေသီများ

အဆင်ပြေစွာ ရေးသားအောင်မြင်ကြပါစေ ...

ဟု ဆန္ဒပြုလျှက်

16/09/21

ပြန်လည်မျှဝေပါသည်။

Ashin Sundara(30.7.2022)



 
 
 

Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page