top of page
Search

မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဂဟပတိဝဂ် လေ့လာခြင်း

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • 2 days ago
  • 23 min read

 

၁။ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

 

မဇ္ဈိမနိကာယ်သည် ထေရဝါဒဗုဒ္ဓဘာသာ၏ ပါဠိပိဋကတ်တစ်ခုဖြစ်သော သုတ္တန်ပိဋကရှိ နိကာယ်ငါးခုအနက် ဒုတိယမြောက်နိကာယ်ဖြစ်သည်။ “မဇ္ဈိမ” ဆိုသည်မှာ အလယ်အလတ်ဟု အဓိပ္ပာယ်ရပြီး၊ ဤနိကာယ်တွင် ဒီဃနိကာယ်ကဲ့သို့ ရှည်လွန်းခြင်းမရှိ၊ ခုဒ္ဓကနိကာယ်ကဲ့သို့ တိုလွန်းခြင်းမရှိသော အလယ်အလတ်ရှည်လျားသော သုတ္တန်ဒေသနာ ၁၅၂ ခုပါဝင်သည်။ မဇ္ဈိမပဏ္ဏာသသည် မဇ္ဈိမနိကာယ်၏ ဒုတိယအပိုင်းဖြစ်ပြီး၊ သုတ္တန် ၅၀ ပါဝင်သည်။ ဤဝဂ်တွင် လူဝတ်ကြောင်များအတွက် ဘုရားရှင်၏ အဆုံးအမများကို အဓိကထားဖော်ပြထားသည်။

 

၂။ တည်နေရာ

 

ဂဟပတိဝဂ်သည် ပါဠိပိဋကတ်၏ သုတ္တန်ပိဋကအတွင်း မဇ္ဈိမနိကာယ်၏ မဇ္ဈိမပဏ္ဏာသတွင် တည်ရှိသည်။ မဇ္ဈိမနိကာယ်တွင် အပိုင်းသုံးပိုင်းရှိပြီး၊ ၎င်းတို့မှာ မူလပဏ္ဏာသ (သုတ် ၅၀)၊ မဇ္ဈိမပဏ္ဏာသ (သုတ် ၅၀)၊ ဥပရိပဏ္ဏာသ (သုတ် ၅၂) တို့ဖြစ်သည်။ မဇ္ဈိမပဏ္ဏာသတွင် ဝဂ် (အခန်းကဏ္ဍ) ၅ ခုရှိပြီး၊ ဂဟပတိဝဂ်သည် ပထမဆုံးဝဂ်ဖြစ်သည်။ ဆယ်သုတ် ပါဝင်သည်။ ပါဝင်သော သုတ်အများစုသည် ဒါယကာတို့၏ အမေးပြဿနာများကို ဖြေကြားခြင်းနှင့် ဒါယကာတို့အား ဟောကြားသော တရားတော်များ ဖြစ်ခြင်းကြောင့် ဂဟပတိဝဂ်ဟု အမည်ပေးထားခြင်းဖြစ်မည်။

 

၃။ ဖွဲ့စည်းပုံ

 

ဂဟပတိဝဂ်တွင် သုတ္တန် ၁၀ ခုပါဝင်ပြီး၊ တစ်ခုချင်းစီသည် လူဝတ်ကြောင်များနှင့် ဆက်စပ်သော အကြောင်းအမျိုးမျိုးကို ဖော်ပြသည်။ ဤဝဂ်တွင် အောက်ပါသုတ္တန်များ ပါဝင်သည်။

 

၁။ ကန္ဒရကသုတ်

၂။ အဋ္ဌကနဂရသုတ်

၃။ သေခသုတ်

၄။ ပေါတလိယသုတ်

၅။ ဇီဝကသုတ်

၆။ ဥပါလိသုတ်

၇။ ကုက္ကုရဝတိကသုတ်

၈။ အဘယရာဇကုမာရသုတ်

၉။ ဗဟုဝေဒနီယသုတ်

၁၀။ အပဏ္ဏကသုတ် တို့ဖြစ်သည်။

 

ဤသုတ္တန်များသည် တစ်ခုနှင့်တစ်ခု အကြောင်းအမှုအရာ ကွဲပြားသော်လည်း၊ လူဝတ်ကြောင်များ၏ ကိုယ်ကျင့်သီလ၊ စိတ်သဘောထား၊ နှင့် သံသရာမှ လွတ်မြောက်ရေးလမ်းစဉ်ကို ဖော်ပြရာတွင် တစ်သားတည်း ဖြစ်သည်။ ဖွဲ့စည်းပုံသည် စနစ်တကျဖြစ်ပြီး၊ သုတ္တန်တစ်ခုစီတွင် ဘုရားရှင်၏ ဒေသနာနှင့် ဆွေးနွေးချက်များ ပါဝင်သည်။

 

၄။ အကြောင်းအရာ

ဂဟပတိဝဂ်ရှိ သုတ္တန် ၁၀ ခုသည် လူဝတ်ကြောင်များအတွက် ဘုရားရှင်၏ အဆုံးအမများကို အကျယ်ဖော်ပြသည်။ အောက်တွင် သုတ္တန်တစ်ခုစီ၏ အကျဉ်းချုပ်ကို ဖော်ပြထားပါသည်။

 

မန ၅၁: ကန္ဒရကသုတ်

ကန္ဒရကသုတ်သည် ဆင်ထိန်းသားပေဿနှင့် ကန္ဒရကပရိဗိုဇ်တို့အား ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောသောသုတ်ဖြစ်သည်။

ပုဂ္ဂိုလ်လေးမျိုးမှာ -

၁။ မိမိကိုယ်ကို ပူပန်ဆင်းရဲစေသူ

၂။ သူတစ်ပါးကို ပူပန်ဆင်းရဲစေသူ

၃။ မိမိသူတစ်ပါး နှစ်ဦးလုံးကို ပူပန်ဆင်းရဲစေသူ

၄။ မိမိသူတစ်ပါး နှစ်ဦးလုံးကို မပူပန်စေသူတို့ဖြစ်၏။

 

မန ၅၂: အဋ္ဌကနာဂရသုတ်

အရှင်အာနန္ဒာက နိဗ္ဗာန်ရောက်ကြောင်းအကျင့် ၁၁မျိုးကိုဟောထားပါသည်။ အဋ္ဌကနဂရသုတ်သည် အရှင်အာနန္ဒာက အဋ္ဌကမြို့သားအား စိတ္တဝိမုတ္တိဖြစ်ရန်နှင့် အာသဝကုန်ကြောင်းတရား ဆယ့်တစ်ပါး ကို တစ်ပါးစီခွဲ၍ ဟောသောသုတ်ဖြစ်သည်။ ထိုဆယ့်တစ်ပါးမှာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရလေးပါး၊ အာကာနဉ္စာယတနသမာပတ်၊ ဝိညာဏဉ္စာယတနသမာပတ်၊ အာကိဉ္စညာယတနသမာပတ်ဟူသော အရူပသမာပတ်သုံးပါးတို့ဖြစ်သည်။

 

မန ၅၃: သေခသုတ်

အရှင်အာနန္ဒာက သီလနှင့် ပြည့်စုံခြင်း၊ ဣန္ဒြေတို့၌ စောင့်စည်းခြင်း၊ အစားအသောက်၏ အတိုင်းအရှည်ကို သိခြင်း၊ နိုးကြားမှု၌ အားထုတ်ခြင်း၊ သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံခြင်း၊ ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရခြင်း စသည်တို့ကို ဟောထားပါသည်။ ဤသုတ်တွင် ခါးတော်နာခြင်းကို ဖော်ပြထား၍ မြတ်စွာဘုရားသက်တော်ကြီးရင့်ပြီးသော အချိန်တွင် ဟောကြားခဲ့သော တရားတော် ဖြစ်ပါသည်။

 

မန ၅၄: ပေါတလိယသုတ်

ဤသုတ်တွင် မြတ်စွာဘုရားက သီလအကြောင်းကို အလွန်ရှင်းလင်းသော ဥပမာ ၈မျိုးနှင့် ကာမဂုဏ်တို့၏ အပြစ်ကို ဟောထားသော တရားတော်ဖြစ်ပါသည်။

 

မန ၅၅: ဇီဝကသုတ်

သမားတော် ဇီဝက က မြတ်စွာဘုရားကို မြင်သား ကြားသား နှင့် ရွယ်သား သုံးဆောင်ခြင်း အကြောင်း မေးလျှောက်သော သုတ်ဖြစ်သည်။

 

မန ၅၆: ဥပါလိသုတ်

မြတ်စွာဘုရားကို စကားနိုင်လု၍ အယူပြောင်းရန် လာသော ဂျိန်းအယူဝင် ဥပါလိသူကြွယ် အကြောင်းဖြစ်သည်။ အခြားအယူဝင် ရဟန်းများအပေါ်တွင် သဘောထားကြီးသော မြတ်စွာဘုရား၏ အမြင်ကို တွေ့ရပါမည်။

 

မန ၅၇: ကုက္ကုရဝတိကသုတ်

နွားကျင့် ကျင့်သောသူနှင့် ခွေးကျင့် ကျင့်သောသူနှစ်ယောက်အား ကံ၏အကြောင်းအကျိုးကို ဆုံးမသော သုတ်ဖြစ်ပါသည်။

 

မန ၅၈: အဘယရာဇကုမာရသုတ်

ဂျိန်းဝါဒီခေါင်းဆောင် (နိဂဏ္ဌနာဋပုတြာ)က မင်းသားအဘယကို မြတ်စွာဘုရားနှင့် စကားအနိုင်လုရန် ခိုင်းသော သုတ်ဖြစ်ပါသည်။ ဤသုတ်တွင် အရိယမဂ်၏ မှန်ကန်သောစကား(သမ္မာဝါစာ) ကို မြတ်စွာဘုရား လက်တွေ့ဘဝတွင် သုံးသွားသည်ကို ကြည်ညိုဖွယ် တွေ့ရပါမည်။

 

မန ၅၉: ဗဟုဝေဒနီယသုတ်

ပဥ္စကင်္ဂလက်သမားကြီးနှင့် အရှင်ဥဒါယီတို့ ဝေဒနာအမျိုးအစားတို့ မည်မျှရှိကြောင်း သဘောမတူနိုင် ဖြစ်ကြသည်ကို အကြောင်းပြု၍ ဟောကြားသောသုတ်ဖြစ်ပါသည်။

 

မန ၆၀: အပဏ္ဏကသုတ်

ဆရာအမျိုးမျိုးတို့၏ အတွေးအခေါ်အမျိုးမျိုးတို့ကြောင့် ဇဝေဇဝါဖြစ်နေသော သာလာရွာသား ပုဏ္ဏားသူကြွယ်တို့ကို မည်ကဲ့သို့ အယူမှန်ကိုရှာရမည်ကို ဟောကြားသော သုတ်ဖြစ်ပါသည်။

ဤသုတ္တန်များသည် လူဝတ်ကြောင်များအား သီလ၊ ဒါန၊ ဘာဝနာ စသည့် ကုသိုလ်ကောင်းမှုများဖြင့် လောကီနှင့် လောကုတ္တရာဘဝကို ဟန်ချက်ညီအောင် နေထိုင်ရန် လမ်းညွှန်သည်။

 

၅။ အနှစ်သာရ

ဂဟပတိဝဂ်၏ အနှစ်သာရသည် လူဝတ်ကြောင်များအတွက် ဘုရားရှင်၏ မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်) ကို လက်တွေ့ကျင့်သုံးရန် လမ်းညွှန်ချက်ဖြစ်သည်။ ဤဝဂ်သည် လူဝတ်ကြောင်များအား သီလစောင့်ထိန်းရန်၊ ဒါနပေးကမ်းရန်၊ တရားအားထုတ်ရန်နှင့် ကာမဂုဏ်များမှ လွတ်မြောက်ရန် အဆုံးအမပေးသည်။ အဓိကအချက်များမှာ-

- သီလစောင့်ထိန်းမှု: လူဝတ်ကြောင်များသည် ပဉ္စသီလ (သီလငါးပါး) ကို စောင့်ထိန်းပြီး တရားမျှတသော ဘဝနေထိုင်ရန် လိုအပ်သည်။

- ဒါနပေးကမ်းမှု: စည်းစိမ်ဥစ္စာကို တရားမျှတစွာ ရှာဖွေပြီး၊ သံဃာနှင့် ဆင်းရဲသားများအား ပေးကမ်းခြင်းဖြင့် ကုသိုလ်ရရှိသည်။

- ဘာဝနာအားထုတ်မှု: သမထနှင့် ဝိပဿနာတရားထိုင်ခြင်းဖြင့် စိတ်ကို ဖြူစင်စေပြီး နိဗ္ဗာန်သို့ ဦးတည်နိုင်သည်။

 

၆။ နိဂုံးချုပ်

ဂဟပတိဝဂ်သည် မဇ္ဈိမနိကာယ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လူဝတ်ကြောင်များ အတွက် ဘုရားရှင်၏ အဆုံးအမများကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ၎င်းတွင် သီလ၊ ဒါန၊ ဘာဝနာ စသည့် ကုသိုလ်ကောင်းမှုများဖြင့် လောကီနှင့် လောကုတ္တရာဘဝကို ဟန်ချက်ညီအောင် နေထိုင်ရန် လမ်းညွှန်ချက်များ ပါဝင်သည်။ ဤဝဂ်ကို လေ့လာခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များသည် နေ့စဉ်ဘဝတွင် တရားဓမ္မကို လက်တွေ့ကျင့်သုံးနိုင်ပြီး၊ စိတ်ဖြူစင်မှုနှင့် နိဗ္ဗာန်သို့ ဦးတည်နိုင်သည်။ ဂဟပတိဝဂ်သည် ခေတ်မီလူဝတ်ကြောင်များအတွက်လည်း အသုံးဝင်သော လမ်းညွှန်တစ်ခုဖြစ်ပြီး ဘုရားရှင်၏ အဆုံးအမများကို နားလည်သဘောပေါက်ရန် အထောက်အကူပြုသည်။

 

၇။ မှတ်ချက်များ

ဤဝဂ်သည် လက်တွေ့ကျပြီး ခေတ်မီဘဝတွင် အသုံးချနိုင်သည်။ သုတ္တန်တစ်ခုစီသည် စိတ်ဖြူစင်မှုနှင့် ကုသိုလ်တရားများကို ဦးတည်သည်။

 

ဂဟပတိဝဂ်သည် လူဝတ်ကြောင်များအတွက် တရားဓမ္မကို လက်တွေ့ကျင့်သုံးရန် အထောက်အကူ ပြုသော အဖိုးတန်လမ်းညွှန်ဖြစ်သည်။ ဂဟပတိဝဂ်ရှိ သုတ် ၁၀ ခုသည် လူဝတ်ကြောင်များအား သီလ၊ ဒါန၊ ဘာဝနာဖြင့် လောကီနှင့် လောကုတ္တရာဘဝကို ဟန်ချက်ညီအောင် နေထိုင်ရန် လမ်းညွှန်သည်။ ဤသုတ်များသည် ကိလေသာပယ်ရှင်းမှု၊ သတိပဋ္ဌာန်၊ ဈာန်နှင့် မဂ္ဂင်ရှစ်ပါးကို လက်တွေ့ကျင့်သုံးရန် အားပေးပြီး၊ နိဗ္ဗာန်သို့ ဦးတည်စေသည်။ ၎င်းတို့သည် လူအများ၏ ဘဝဒဿနကို ပြုပြင်ပြောင်းလဲကာ ကျင့်ဝတ်သီလရှိသော ဘဝတစ်ခုကို ဦးတည်စေရန် အထောက်အကူပြုသည်။


++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ်ကိုလေ့လာြခင်း

 

ဘိက္ခုဝဂ် ၆၁ – ၇၀

၁။ အဓိပ္ပါယ်

ဘိက္ခုဝဂ်ဆိုသည်မှာ ရဟန်းတော်များနှင့် သက်ဆိုင်သော အခန်းဟု အဓိပ္ပါယ်ရပါသည်။ ဤဝဂ်တွင် ရဟန်းတော်များအား ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသော တရားတော်များ စုစည်းထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် သာသနာ့ဝန်ထမ်း ရဟန်းတော်များ လိုက်နာကျင့်သုံးရမည့် အချက်များ၊ ကျင့်စဉ်များနှင့် ပတ်သက်သော တရားတော်များ ပါဝင်ပါသည်။

 

၂။ တည်နေရာ

ဘိက္ခုဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ ဒုတိယမြောက်ဝဂ်ဖြစ်သည်။ ဆယ်သုတ်ပါဝင်၏။ ပါဝင်သောသုတ်များသည် ဗုဒ္ဓမြတ်စွာက တပည့်သာဝက ရဟန်းတော်များ၏ မေးလျှောက်ချက်အရ ဖြေကြားခြင်း အကြောင်းဖြစ်ပေါ်လာသဖြင့် ဆိုဆုံးမဟောကြားခြင်းများ ဖြစ်သောကြောင့် ဤဝဂ်ကို ဘိက္ခုဝဂ်ဟု အမည်ပေးထားခြင်း ဖြစ်မည်။

 

၃။ တည်ဆောက်ပုံ

ဘိက္ခုဝဂ်ကို သုတ်ကြီး ဆယ်သုတ်ဖြင့် တည်ဆောက်ထားပါသည်။ ပထမပိုင်းတွင် ရာဟုလာမထေရ်အား ဟောကြားသော သုတ်နှစ်သုတ်၊ ထို့နောက် မာလုကျပုတ္တရဟန်းအား ဟောကြားသော သုတ်နှစ်သုတ်၊ ကျန်သုတ်များတွင် အခြားသော ရဟန်းတော်များအား ဟောကြားသော တရားတော်များ ပါဝင်ပါသည်။

 

၄။ ပါဝင်သောအကြောင်းအရာ

ဘိက္ခုဝဂ်တွင် ပါဝင်သောသုတ်များမှာ -

၁။ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ် = မုသားပယ်ရှားရေးအကြောင်း

၂။ မဟာရာဟုလောဝါဒသုတ် = ဓာတ်ကမ္မဋ္ဌာန်းအကြောင်း

၃။ စူဠမာလုကျသုတ် = အာရုံငါးပါးမှ ဖြစ်ပေါ်လာသော ကိလေသာများအကြောင်း

၄။ မဟာမာလုကျသုတ် = သံယောဇဉ်ဆယ်ပါးအကြောင်း

၅။ ဘဒ္ဒါလိသုတ် = သိက္ခာပုဒ်လိုက်နာရေးအကြောင်း

၆။ လဋုကိကောပမသုတ် = ကိလေသာသေးငယ်သော်လည်း မပယ်ဖြတ်နိုင်ပါက အန္တရာယ်ရှိကြောင်း

၇။ စာတုမသုတ် = ရဟန်းတို့၏ အန္တရာယ်လေးပါးအကြောင်း

၈။ နဠကပါနသုတ် = အရိယာပုဂ္ဂိုလ်တို့၏ တရားတော်အကြောင်း

၉။ ဂေါလိယာနိသုတ် = ကိလေသာကင်းစင်ရေးအကြောင်း

၁၀။ ကီဋာဂိရိသုတ် = အဆင့်ဆင့် ကျင့်စဉ်အကြောင်း တို့ဖြစ်သည်။

 

မန ၆၁: အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်

သရက်ဥယျာဉ်၌ ရှင်ရာဟုလာအား ဆုံးမသောစကားများ ဖြစ်သည်။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာသီတင်းသုံးနေစဉ် ရှင်ရာဟုလာသည် သရက်ဥယျာဉ်၌ သီတင်းသုံး နေသည်။

ဗုဒ္ဓမြတ်စွာသည် ရှင်ရာဟုလာထံ ကြွတော်မူ၍ ခြေရေဆေးအိုး, တိုက်ပွဲဝင်ဆင်နှင့် ကြည့်မှန် တို့ကို ဥပမာပေးကာ ဆုံးမစကား ပြောကြားတော်မူသည်။

ဆုံးမချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

မုသားစကားကို ရှောင်ကြဉ်ရန်

မုသားပြောဆိုခြင်း၌ အရှက်မရှိသူသည် တရားမရှိသူဖြစ်ပြီး၊ မကောင်းမှုမှန်သမျှ ပြုလုပ်ဝံ့သည်။ ထို့ကြောင့် မုသားစကားကို အနည်းငယ်မျှပင် မပြောဆိုရန် လေ့ကျင့်အားထုတ်ရမည်။

 

 ကိုယ်၊ နှုတ်၊ စိတ်ဖြင့် ပြုမူမှုကို ဆင်ခြင်ရန်

တစ်စုံတစ်ခုသော အမှုကို ပြုမည်ဆိုပါက၊ ထိုအမှုသည် မိမိကိုယ်ကိုရော၊ သူတစ်ပါးကိုပါ ထိခိုက်နစ်နာစေမည်လားဟု ကြည့်ရှုဆင်ခြင်ရမည်။

ထိခိုက်နစ်နာစေမည်ဆိုပါက ထိုအမှုကို မပြုလုပ်သင့်ပေ။

ချမ်းသာခြင်းကိုသာ ဖြစ်စေမည်ဆိုပါက ထိုအမှုကို ပြုလုပ်သင့်သည်။

အမှုပြုနေစဉ်နှင့် ပြီးဆုံးပြီးနောက်တွင်လည်း ထိုနည်းအတိုင်း ဆင်ခြင်ရမည်။

 

အမှားကို ဖွင့်ဟပြီး ပြုပြင်ရန်

ပြုလုပ်ခဲ့သော အမှုသည် မိမိကိုယ်ကိုရော၊ သူတစ်ပါးကိုပါ ထိခိုက်နစ်နာစေခဲ့သည်ဟု သိမြင်ပါက၊ ထိုအမှုကို ဆရာသမား သို့မဟုတ် ပညာရှိသူထံ ဖွင့်ဟဝန်ခံပြီး၊ နောက်ထပ်မဖြစ်အောင် စောင့်ထိန်းရမည်။ ထိခိုက်မှုမရှိဘဲ ချမ်းသာခြင်းဖြစ်စေသည်ဟု သိမြင်ပါက၊ ထိုကုသိုလ်တရားမျိုးကို နှစ်သက်ဝမ်းမြောက်စွာ ဆက်လက်အားထုတ်ရမည်။

 

ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးကို စင်ကြယ်စေရန်

ရှေးအခါကလည်းကောင်း၊ ယခုမျက်မှောက်နှင့် အနာဂတ်တွင်လည်းကောင်း၊ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးကို စင်ကြယ်အောင် စောင့်ထိန်းရန် အဖန်ဖန်ကြည့်ရှုဆင်ခြင်မှုဖြင့်သာ ပြီးမြောက်နိုင်သည်။

ထိုကြောင့် အဖန်တလဲလဲ ကြည့်ရှုဆင်ခြင်၍သာလျှင် ကိုယ်နှုတ်နှလုံးသုံးပါးကို စင်ကြယ်အောင် စောင့်ထိန်းပေအံ့ဟူ၍ လေ့ကျင့်အားထုတ်ရမည်ဟု ဆုံးမစကား မိန့်ကြားတော်မူပါသည်။

 

မန ၆၂: မဟာရာဟုလောဝါဒသုတ်

ဓာတ်လေးပါးဆင်ခြင်ပုံနှင့် အာနာပါနသတိပွားများနည်းကို ဟောကြားခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည်ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ဤသုတ်ကို ဟောတော်မူခြင်း ဖြစ်သည်။

မဟာရာဟုလောဝါဒသုတ်တွင် ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ရှင်ရာဟုလာအား ဓာတ်လေးပါးနှင့် အာနာပါနသတိ ပွားများနည်းကို ဟောကြားတော်မူသည်။

 

ခန္ဓာငါးပါးနှင့် ဆင်ခြင်ခြင်း: ဗုဒ္ဓမြတ်စွာက ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် “ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ်မဟုတ်” ဟု ပညာဖြင့် ဟုတ်မှန်စွာ ဆင်ခြင်ရှုရန် ဆုံးမသည်။

 

ဓာတ်လေးပါး ဆင်ခြင်ပုံ: ဓာတ်လေးပါး (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော) နှင့် အာကာသဓာတ်တို့ကို အတွင်းသန္တာန် (ခန္ဓာကိုယ်) နှင့် အပြင်သန္တာန်တွင် ဖြစ်ပေါ်ပုံကို ရှုပြီး၊ ၎င်းတို့သည် “ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ်မဟုတ်” ဟု ဆင်ခြင်ရှုရန် ညွှန်ကြားသည်။ ဤသို့ရှုခြင်းဖြင့် ဓာတ်တစ်ခုစီတွင် ငြီးငွေ့မှုဖြစ်ပြီး စွဲမက်ခြင်း ကင်းစင်မည်။

 

အာနာပါနသတိ ပွားများနည်း: အရှင်သာရိပုတ္တရာက အာနာပါနဘာဝနာကို ကြိမ်ဖန်များစွာ ပွားများရန် အကျိုးများကြောင်း ဆုံးမသည်။ ဗုဒ္ဓမြတ်စွာကလည်း ရှင်ရာဟုလာ၏ မေးမြန်းမှုအရ အာနာပါနသတိဖြင့် ဓာတ်လေးပါးကို ဆင်ခြင်ပြီး စိတ်ကို အာရုံတစ်ခုတည်း၌ တည်မနေစေရန် ဟောကြားသည်။

 

အကျိုးအာနိသင်: အာနာပါနသတိ ပွားများခြင်းဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ ဖြစ်ပေါ်ပြီး ပျက်စီးစေလိုခြင်း၊ ညှဉ်းဆဲလိုခြင်း၊ မမွေ့လျော်ခြင်း၊ ထိပါးလိုခြင်းတို့ ကင်းပျောက်မည်။ ထို့ပြင် အသုဘသညာ ပွားများလျှင် တပ်မက်ခြင်း (ရာဂ) ကင်းမည်၊ အနိစ္စသညာ ပွားများလျှင် ငါဟူသော မာန်ကင်းမည်။

 

ဤသုတ်သည် ဓာတ်လေးပါးနှင့် အာနာပါနသတိကို ပွားများခြင်းဖြင့် စိတ်ကို သန့်စင်စေပြီး တပ်မက်မှု၊ မာန၊ မကောင်းသော စိတ်ထားများ ကင်းစင်ကာ ဉာဏ်အမြင်ရရှိရန် လမ်းညွှန်ထားသည်။

 

မန ၆၃: စူဠမာလုကျသုတ်

စူဠမာလုကျပုတ္တသုတ်သည် ဗုဒ္ဓမြတ်စွာက သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ရှင်မာလုကျပုတ္တအား ဟောကြားသော တရားဖြစ်သည်။ ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် လောကသည် မြဲသလား၊ မမြဲသလား စသည့် အယူဝါဒဆိုင်ရာ မေးခွန်းများကို ဖြေဆိုရန် ငြင်းဆိုပြီး, အကျင့်မြတ်ကို ကျင့်သုံးရန် အလေးပေးသည်။

 

မဖြေကြားသော မေးခွန်းများ: ဗုဒ္ဓမြတ်စွာသည် လောကသည် အမြဲတည်သလား၊ မတည်သလား၊ အဆုံးရှိသလား၊ မရှိသလား၊ အသက်နှင့် အတ္တတူညီသလား၊ သေပြီးနောက် ဖြစ်သလား၊ မဖြစ်သလား စသည့် မေးခွန်း ၉ ခုကို ဖြေကြားရန် ငြင်းဆိုသည်။ ဤမေးခွန်းများသည် အကျိုးစီးပွားနှင့် မသက်ဆိုင်ဘဲ၊ အကျင့်မြတ်ကို ကျင့်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် အထောက်အကူမပြုဟု ဆိုသည်။

 

ဥပမာ - အဆိပ်လူးမြှားစူးသူ: ဗုဒ္ဓမြတ်စွာသည် အဆိပ်လူးမြှားစူးသူတစ်ဦး၏ ဥပမာကို ပေးသည်။ မြှားစူးသူသည် မြှားပစ်သူ၊ လေးနှင့် မြှားအကြောင်းကို သိမှ မြှားနှုတ်မည်ဟု ဆိုပါက၊ မြှားမနှုတ်မီ သေလွန်ရနိုင်သည်။ ထိုနည်းတူ၊ လောကသဘောဆိုင်ရာ မေးခွန်းများကို သိရန်သာ အာရုံစိုက်နေပါက၊ အကျင့်မြတ်ကို ကျင့်ရန် အခွင့်အလမ်းမရှိဘဲ ဆင်းရဲဘဝတွင် နစ်မွန်းနေရမည်။

 

ဟောကြားသော တရားများ: ဗုဒ္ဓမြတ်စွာသည် သစ္စာလေးပါး—ဆင်းရဲတရား၊ ဆင်းရဲဖြစ်ကြောင်း၊ ဆင်းရဲချုပ်ရာ၊ နှင့် ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် (မဂ္ဂင်ရှစ်ပါး)—ကို ဟောကြားသည်။ ၎င်းတို့သည် အကျိုးစီးပွားနှင့် သက်ဆိုင်ပြီး၊ ဝဋ်ဆင်းရဲမှ ငြီးငွေ့ခြင်း၊ တပ်မက်မှု ကင်းခြင်း၊ နိဗ္ဗာန်သို့ ဦးတည်ရန် အထောက်အကူပြုသည်။

 

လမ်းညွှန်ချက်: ဗုဒ္ဓမြတ်စွာသည် မဟောကြားသည်ကို မဟောသည့်အတိုင်း၊ ဟောကြားသည်ကို ဟောသည့်အတိုင်း မှတ်သားကာ၊ အတွေးအမြင်များနေမည့်အစား အကျင့်မြတ်ကို လက်တွေ့ကျင့်သုံးရန် တိုက်တွန်းသည်။

 

သုံးသပ်ချက်: ဤသုတ်သည် ဗုဒ္ဓဘာသာ၏ လက်တွေ့ဆန်သော အဆုံးအမကို ပြသသည်။ လောကသဘောဆိုင်ရာ စူးစမ်းမှုများထက် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို နားလည်၍ ကျင့်သုံးရန် အလေးပေးသည်။ အဆိပ်လူးမြှားဥပမာသည် မလိုအပ်သော အတွေးများကို စွန့်လွှတ်ပြီး၊ ဆင်းရဲချုပ်ရာသို့ ဦးတည်သော အကျင့်မြတ်ကို အလျင်အမြန် ကျင့်ရန် သင်ကြားသည်။ ဤသုတ်သည် လူအများအား ကိလေသာမှ လွတ်မြောက်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်တစ်ခုဖြစ်သည်။

 

မန ၆၄: မဟာမာလုကျသုတ်

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား အောက်အဖို့ ရှိသော ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးကို အကျယ်ဟောတော်မူသည်။

 

အရိယာသူမြတ်တို့ကို မတွေ့ရ၍ ထိုသူတို့၏တရား၌ လိမ္မာယဉ်ကျေးခြင်းမရှိသည့် အကြားအမြင် နည်းသော ပုထုဇဉ်သည် သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမသ, ကာမစ္ဆန္ဒဗျာပါဒတို့ ဖိစီးထကြွသော စိတ်ရှိသည်ဖြစ်၍ နေ၏။ ဖြစ်ပေါ်လာသော ထိုတရားတို့မှ ထွက်မြောက်ကြောင်း ကိုလည်း ဟုတ်တိုင်းမှန်စွာမသိ။ ထိုသူ၏ စွမ်းအားရှိ၍ မပယ်ရသေးသော ထိုတရားငါးပါးသည် အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးမည်၏။

 

အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးကို ပယ်ရန်အကျင့် လမ်းသို့ မသက်ဝင်ဘဲ ထိုသံယောဇဉ်တို့ကို သိမြင်ပယ်သတ်နိုင်ဖွယ် အကြောင်းမရှိ။ အောက်အဖို့ရှိသော သံယောဇဉ်ငါးပါးကိုပယ်ရန် အကျင့်လမ်းစဉ်သို့ သက်ဝင်မှသာ ယင်းတို့ကို သိမြင်ပယ်သတ်နိုင်ဖွယ် အကြောင်းရှိ၏။ အောက်အဖို့ ရှိသော သံယောဇဉ်ငါးပါးကို ပယ်ကြောင်းအကျင့်ကို ဆက်လက်ဟောတော်မူ၏။

 

သံယောဇဉ်ငါးပါးကို ပယ်နိုင်သောအကျင့်ကို ကျင့်ရာတွင် အချို့က စိတ်တည်ကြည်မှု သမာဓိကို ရရှိကြပြီး အချို့က ပညာဖြင့် လွတ်မြောက်ခြင်း ပညာဝိမုတ္တိကို ရရှိကြသည်မှာ ဣန္ဒြေကွဲပြားခြားနားမှု ကြောင့် ဖြစ်၏ဟု မိန့်ကြားပါသည်။

 

ဤသုတ်သည် ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးကို ပယ်ရန် ဈာန်အကျင့်နှင့် ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်မှု၏ အရေးပါမှုကို အလေးပေးဖော်ပြသည်။ ဤအကျင့်လမ်းစဉ်သည် ကာမဘုံမှ လွတ်မြောက်ရေးနှင့် နိဗ္ဗာန်သို့ ဦးတည်ရာ၌ အဓိကကျသည်။ ဗုဒ္ဓမြတ်စွာ၏ ဤအဆုံးအမသည် အကျင့်မြတ်ကျင့်ကြံရာတွင် လက်တွေ့ကျသော လမ်းညွှန်ချက်တစ်ရပ်ဖြစ်သည်။

 

မန ၆၅: ဘဒ္ဒါလိသုတ်

ရှင်ဘဒ္ဒါလိအား အဆုံးအမနှင့် အကျင့်သိက္ခာဖြည့်ကျင့်ရန် ဟောကြားခြင်းဖြစ်သည်။

 

အချို့သောရဟန်းသည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမနှင့် အကျင့်သိက္ခာကို မဖြည့်ကျင့်ဘဲ အရိယာတို့၏ ဉာဏ်အမြင်ထူးကို ရရှိရန် မျှော်လင့်လျက် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၍ နေထိုင်၏။ ဉာဏ်အမြင်ထူးကို မရနိုင်။ ဤကားဖြစ်မြဲသဘောပင်ဖြစ်၏။

 

အချို့သောရဟန်းသည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမနှင့် အကျင့်သိက္ခာကို ဖြည့်ကျင့်လျက် အရိယာတို့၏ ဉာဏ်အမြင်ထူးကို ရရှိရန် မျော်လင့်လျက် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၍ နေထိုင်၏။ ဈာန်အဆင့်ဆင့်နှင့်တကွသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် တို့ကို ရရှိ၏။ ဤကားဖြစ်မြဲသဘောပင်ဖြစ်၏။

 

သတ္တဝါတို့ကိုယ်ကျင့်တရားဆုတ်ယုတ်၍ သူတော်ကောင်းတရား ကွယ်ပျောက်ချိန် နီးလာသောအခါ သိက္ခာပုဒ်တို့ များလာပြီး အနည်းငယ်သော ရဟန်းတို့သည်သာ အရဟတ္တဖိုလ်၌ တည်ကြ၏။ ဤသည်မှာ ဖြစ်မြဲသဘောပင်ဖြစ်၏။

 

ရဟန်းသံဃာ၌ အာသဝေါတရားလျှင် တည်ရာရှိသော ကျူးလွန်မှုအချို့ မပေါ်သေးမီ ဗုဒ္ဓမြတ်စွာသည် တပည့်ရဟန်းတို့အား သိက္ခာပုဒ်မပညတ်။ ကျူးလွန်မှုများ ဖြစ်ပေါ်လာမှသာလျှင် သိက္ခာပုဒ်ကို ပညတ်၏။

 

အချုပ်အားဖြင့် ဤသုတ်တွင် တစ်ထပ်တည်းသာစားခြင်း, ပုဂ္ဂိုလ်ခုနှစ်မျိုး, အကျင့်သိက္ခာ၌ ဖြည့်ကျင့်သူနှင့် မဖြည့်ကျင့်သူ, ဖိနှိပ်မှုပြုခြင်းနှင့် မပြုခြင်း, သိက္ခာပုဒ်နည်းခြင်းနှင့်များခြင်း, အာဇာနည်မြင်း ဥပမာ, မြတ်သောအလှူကို ခံထိုက်သောရဟန်း စသည်ဖြင့် မှတ်သားဖွယ်ရာများ ပါဝင်သည်။

 

ဘဒ္ဒါလိသုတ်သည် အကျင့်သိက္ခာ၏ အရေးပါမှုကို အလေးပေးဖော်ပြပြီး၊ သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်းဖြင့်သာ အရိယာဉာဏ်အမြင်ထူးနှင့် အာသဝက္ခယဉာဏ်သို့ ရောက်ရှိနိုင်ကြောင်း သင်ကြားထားသည်။ သံဃာ့အတွင်း အာသဝေါတရားများကို ထိန်းချုပ်ရန် သိက္ခာပုဒ်များ၏ လိုအပ်ချက်နှင့် ရဟန္တာ၏ ဂုဏ်တော်များကို ထင်ရှားစွာ ဖော်ပြထားသည်။ ဤသုတ်သည် ရဟန်းတို့အား သီလ၊ သမာဓိ၊ ပညာဖြင့် ကျင့်ကြံရန် လမ်းညွှန်သော အဆုံးအမဖြစ်သည်။

 

မန ၆၆: လဋုကိကောပမသုတ်

ဗုဒ္ဓမြတ်စွာသည် အင်္ဂတိုင်းမြောက်ပိုင်း အာပဏနိဂုံး၌ သီတင်းသုံးနေစဉ် ရှင်ဥဒါယီသည် ဗုဒ္ဓမြတ်စွာထံ ချဉ်းကပ်၍ ဗုဒ္ဓမြတ်စွာသည် ငါတို့၏ ဆင်းရဲမှုများစွာကိုပယ်၍ ချမ်းသာမှုများစွာကို ဆောင်ပေ၏။ အကုသိုလ်များစွာကိုပယ်၍ ကုသိုလ်များစွာကို ဆောင်ပေ၏ဟု တွေးမိကြောင်း လျှောက်ထားပါသည်။ ဗုဒ္ဓမြတ်စွာသည် အရှင်ဥဒါယီအား ဆုံးမဟောကြားတော်မူပါသည်။

 

အချုပ်အားဖြင့် ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ချမ်းသာကို ဆောင်သူဖြစ်ကြောင်းနှင့် မြဲမြဲခိုင်ခန့်သော အနှောင်အဖွဲ့ အားနည်းသော အနှောင်အဖွဲ့ ပုဂ္ဂိုလ်လေးမျိုး မှီဝဲအပ်သော မမှီဝဲအပ်သောချမ်းသာ တုန်လှုပ်တတ်သောတရား မတုန်လှုပ်တတ်သောတရား လွန်မြောက်ရမည့် တရားများကို မှတ်သားကြည်ညိုခွင့်ရမည်ဖြစ်သည်။

 

လဋုကိကောပမသုတ်သည် အနှောင်အဖွဲ့များကို ပယ်စွန့်ရန် နှင့် မှီဝဲအပ်သော ချမ်းသာ (ဈာန်မှရရှိသော ချမ်းသာ) ကို ဦးတည်ရန် အလေးပေးဖော်ပြသည်။ ပုထုဇဉ်ချမ်းသာသည် မမှီဝဲအပ်ဘဲ၊ ဈာန်မှရရှိသော ငြိမ်းအေးသော ချမ်းသာကိုသာ ပွားများအပ်သည်။ ဈာန်များသည် တဖြည်းဖြည်း တုန်လှုပ်မှု နည်းပါးလာပြီး၊ အမြင့်ဆုံးဖြစ်သော စတုတ္ထအရူပဈာန်ပင်လျှင် နိရောဓသမာပတ်သို့ လွန်မြောက်ရန် ပယ်စွန့်ရမည်ဖြစ်သည်။

 

ဤသုတ်သည် ကိလေသာနှင့် သံယောဇဉ်များမှ လွတ်မြောက်ရေး အတွက် ဈာန်အကျင့်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်ပြသထားပြီး၊ ဗုဒ္ဓ၏ တရားတော်သည် ဆင်းရဲမှုပယ်ကာ ကုသိုလ်နှင့် ချမ်းသာမှုကို ဆောင်ကြဉ်းပေးကြောင်း ထင်ရှားစွာ ဖော်ပြသည်။

 

မန ၆၇: စာတုမသုတ်

ရဟန်းတို့၏ ဘေးရန်လေးပါးကို ဟောကြားခြင်းဖြစ်သည်။

စာတုမရွာ သျှိသျှားတော၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ အမှူးရှိသော ရဟန်းငါးရာတို့သည် ဗုဒ္ဓမြတ်စွာအား ဖူးမြော်ရန် စာတုမရွာသို့ ရောက်လာကြ၏။

ထိုရဟန်းငါးရာတို့သည် ကျောင်းနေရဟန်းတို့နှင့် နှုတ်ဆက်စကားပြောဆိုပြီး အိပ်ရာနေရာခင်းခြင်း သပိတ်သင်္ကန်း သိမ်းဆည်းခြင်းများ ပြုလုပ်နေစဉ် ဆူညံနေကြလေ၏။

 

ဗုဒ္ဓမြတ်စွာသည် ထိုဆူညံသံများကို ကြားလျှင် ထိုရဟန်း ငါးရာတို့ကို နှင်ထုတ်တော်မူပါသည်။ သာကီဝင်မင်းသား များနှင့် သဟမ္ပတိဗြဟ္မာတို့ ဗုဒ္ဓမြတ်စွာထံ လာရောက်၍ ထိုရဟန်းငါးရာအား              

ကျေနပ်ပါမည့် အကြောင်း တောင်းပန်ကြလေသည်။

 

ရှင်မောဂ္ဂလာန်သည် ဗုဒ္ဓမြတ်စွာ လက်ခံတော်မူပြီးဖြစ်ကြောင်း သိရှိလျှင် ရဟန်းငါးရာကို ခေါ်ဆောင်ကာ ဗုဒ္ဓမြတ်စွာထံ ပြန်သွားလေသည်။

 

 ရဟန်းငါးရာ ပြန်ရောက်လာသောအခါ ဗုဒ္ဓမြတ်စွာက အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ကို ထိုရဟန်းငါးရာကို ငါနှင်ထုတ်စဉ် သင်တို့မည်သို့စိတ်ကူးသနည်းဟု မေးမြန်းတော်မူပါသည်။

 

ဗုဒ္ဓမြတ်စွာသည် ရဟန်းငါးရာကို နှင်ထုတ်၏။ ယခု ဗုဒ္ဓမြတ်စွာ ကြောင့်ကြကင်းလျက် မျက်မှောက်ချမ်းသာကို ခံစား၍နေလိမ့်မည်။မိမိလည်း ဗုဒ္ဓမြတ်စွာနည်းတူ နေတော့မည်ဟု စိတ်ကူးကြောင်း အရှင်သာရိပုတ္တရာက လျှောက်ထား၏။ ဗုဒ္ဓမြတ်စွာက အရှင်သာရိပုတ္တရာအား မျက်မှောက်ချမ်းသာစွာနေခြင်းကို ဆိုင်းငံ့ဦးလော့ဟု ဟန့်တားတော်မူပါသည်။

 

အရှင်မောဂ္ဂလာန်ကမူ ဗုဒ္ဓမြတ်စွာ ကြောင့်ကြမဲ့နေခဲ့သော် မိမိနှင့်အရှင်သာရိပုတ္တရာတို့နှစ်ပါး ရဟန်းသံဃာအပေါင်း ကို ရှေ့ဆောင်ရှေ့ရွက်ပြုမည်ဟု စိတ်ကူးမိကြောင်း လျှောက်ထားပါသည်။ ဗုဒ္ဓမြတ်စွာက ထိုလျှောက်ထားချက်ကို အနုမောဒနာပြုတော်မူပါသည်။

 

ထို့နောက် ဗုဒ္ဓမြတ်စွာက ရဟန်းတို့အား ဆုံးမစကား မိန့် ကြားတော်မူပါသည်။

စာတုမသုတ်သည် ရဟန်းတို့၏ ဘေးရန်လေးပါးဖြစ်သည့် အမျက်ဒေါသ၊ ဝမ်းရေးကို ကြောင့်ကြစိုက်ခြင်း၊ ကာမဂုဏ်ငါးပါး၊ မာတုဂါမ တို့ကို ပင်လယ်ထဲရှိ လှိုင်းတံပိုး၊ မိကျောင်း၊ ဝဲဂယက်၊ ငါးမန်းတို့ဖြင့် ဥပမာပြပြီး ရဟန်းတို့အား အကျင့်သိက္ခာဖြည့်ကျင့်ရန်နှင့် ဣန္ဒြေစောင့်စည်းရန် ဆုံးမထားသည်။

 

ဤသုတ်သည် ရဟန်းတို့၏ သီလ၊ သမာဓိ၊ ပညာဖြင့် ကျင့်ကြံရာတွင် အတားအဆီးဖြစ်စေသော ကိလေသာများကို သတိပြုရန်နှင့် ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် အကျင့်မြတ်ကို စွဲမြဲစွာ ကျင့်ကြံရန် လမ်းညွှန်သော အဆုံးအမဖြစ်သည်။

 

မန ၆၈: နဠကပါနသုတ်

ယုံကြည်မှုဖြင့် ရဟန်းပြုလာသူတို့အား နဠကပါလရွာ၌ ဟောကြားသော တရားဖြစ်သည်။

 

ကောသလတိုင်း နဠကပါနရွာ၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် အရှင်အနုရုဒ္ဓ အရှင်ဘဒ္ဒိယ အရှင်ကိမိလ စသော အမျိုးကောင်းသားများစွာတို့ ဗုဒ္ဓမြတ်စွာကို ရည်စူး၍ ယုံကြည်မှုသဒ္ဓါ အပြည့်အဝဖြင့် ရဟန်းဘောင်သို့ ဝင်လာကြ၏။

 

တစ်နေ့သ၌ ဗုဒ္ဓမြတ်စွာသည် ရဟန်းအပေါင်းခြံရံလျက် လွင်တီးခေါင်၌ သီတင်းသုံးစဉ် အမျိုးကောင်းသားတို့အား ရည်ရွယ်ကာ ဤသို့ ဟောတော်မူပါသည်။

 

နဠကပါနသုတ်သည် သဒ္ဓါဖြင့် ရဟန်းဘောင်ဝင်သူများအား အကျင့်မြတ်ကျင့်ကြံရန်နှင့် နီဝရဏတရားများမှ ကင်းလွတ်ရန် လမ်းညွှန်သည်။ ဗုဒ္ဓ၏ အာသဝကင်းမှုနှင့် ကွယ်လွန်သူတို့၏ သူတော်ကောင်းတရားများကို အောက်မေ့ဆင်ခြင်ရန် အလေးပေးဖော်ပြထားသည်။ ဤသုတ်သည် ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် သီလ၊ သမာဓိ၊ ပညာဖြင့် ကျင့်ကြံရန် လှုံ့ဆော်သော အဆုံးအမဖြစ်သည်။

ဤသုတ်၌ နီဝရဏဖိစီးခံရသူတို့အား ချမ်းသာကို မရကြောင်း၊ ဗုဒ္ဓမြတ်စွာသည် အာသဝေါတရားတို့ကို အကြွင်းမဲ့ ပယ်ပြီးဖြစ်ကြောင်းနှင့် ကွယ်လွန်သွားသော တပည့်သာဝကတို့၏ လားရာဂတိကို ဟောကြားခြင်း၏ ရည်ရွယ်ချက်တို့ကို မှတ်သားရမည်ဖြစ်သည်။

 

နဠကပါနသုတ်သည် သဒ္ဓါယုံကြည်မှုဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်သူများအား အကျင့်မြတ်၌ မွေ့လျော်ရန် နှင့် နီဝရဏတရားများမှ ကင်းလွတ်ရန် လမ်းညွှန်ထားသည်။ ဗုဒ္ဓမြတ်စွာ၏ အာသဝေါကင်းမှု နှင့် ကွယ်လွန်သူတို့၏ သူတော်ကောင်းတရားများကို အောက်မေ့ဆင်ခြင်ရန် အလေးပေးဖော်ပြထားသည်။ ဤသုတ်သည် ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် သီလ၊ သမာဓိ၊ ပညာဖြင့် ကျင့်ကြံရန် လှုံ့ဆော်သော အဆုံးအမဖြစ်သည်။

 

မန ၆၉: ဂေါလိယာနိသုတ်

ဂေါလိယာနိသုတ်သည် တောကျောင်းနေရဟန်းများအတွက် ကျင့်ဝတ် ၁၈ ပါးကို အလေးပေးဖော်ပြပြီး၊ ဂေါလိယာနိရဟန်း၏ လျော့ရဲသောအကျင့်ကို အကြောင်းပြု၍ သံဃာအလယ်တွင် လိမ္မာယဉ်ကျေးစွာ နေထိုင်ရန်နှင့် သီလ၊ သမာဓိ၊ ပညာဖြင့် အကျင့်မြတ်ကို စွဲမြဲကျင့်ကြံရန် လမ်းညွှန်သည်။ ဤကျင့်ဝတ်များသည် စျာန်၊ မဂ်၊ ဖိုလ်၊ ဝိမောက္ခတရားများ ရရှိရန် ဦးတည်ပြီး ရဟန်းတို့၏ စည်းကမ်းထိန်းသိမ်းမှုနှင့် သံဃာ့စည်းလုံးမှုကို အထောက်အကူပြုသည်။

 

အရှင်မောဂ္ဂလာန်သည် အရှင်သာရိပုတ္တရာအား ဤ ၁၈ပါး တို့ကို တောကျောင်းနေရဟန်းသည်သာ ဆောက်တည်ကျင့်ကြံ အားထုတ်သင့်ပါသလော။ ရွာနီးကျောင်းနေ ရဟန်းသည်လည်း ဆောက်တည် ကျင့်ကြံ အားထုတ်သင့်ပါသလောဟု မေး၏။

 

ဤကျင့်ဝတ် ၁၈ပါးကို တောကျောင်းရဟန်းသည်ပင် ကျင့်သုံးအပ်သေး၏။ ရွာကျောင်းရဟန်းကား ဆိုဖွယ်ရာ မရှိချေဟု မိန့်ပါ၏။

 

ဤသုတ်သည် ရဟန်းတို့၏ အကျင့်သိက္ခာကို ထိန်းသိမ်းရန်နှင့် သံဃာ့အလယ်တွင် စည်းကမ်းရှိစွာ နေထိုင်ရန် လမ်းညွှန်သော အဆုံးအမဖြစ်သည်။

 

မန ၇၀: ကီဋာဂိရိသုတ်

ဗုဒ္ဓမြတ်စွာသည် ရဟန်းများစွာတို့နှင့်အတူ ကာသိတိုင်းအတွင်း ဒေသစာရီ လှည့်လည်စဉ် ရဟန်းတို့အား ညစာစားခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ကျန်းမာဖျတ်လတ်၍ အနေအထိုင် ချမ်းသာမှုရှိကြောင်း ထို့ကြောင့် ရဟန်းများ ညစာစားခြင်းမှ ရှောင်ကြဉ်သင့်ကြောင်းမိန့်ကြားပါသည်။

 

ထို့နောက် ဗုဒ္ဓမြတ်စွာသည် ကီဋာဂီရိနိဂုံးသို့ ဆိုက်ရောက်၍ ထိုနိဂုံး၌ သီတင်းသုံးတော်မူ၏။ ထိုစဉ်က ကီဋာဂီရိနိဂုံး၌ အဿဇိပုနဗ္ဗသုကမည်သော ရဟန်းတို့ နေထိုင်လျက်ရှိ၏။ ဗုဒ္ဓမြတ်စွာနှင့်အတူ လိုက်ပါလာသော ရဟန်းအချို့သည် ထိုကျောင်းနေ ရဟန်းတို့အား ဗုဒ္ဓမြတ်စွာက ညစာစားခြင်းမှ ရှောင်ကြဉ်ရန် ဟောကြားပုံကို တစ်ဆင့်ပြောကြားကြ၏။

 

ကျောင်းနေရဟန်းတို့က နံနက်စော နေမွန်းတိမ်း ညနေစောင်း အားဖြင့်  တစ်နေ့သုံးကြိမ် စားကြသော်လည်း ကျန်းမာပေါ့ပါး၍ ချမ်းသာစွာ နေရခြင်းကို ကောင်းစွာ တွေ့မြင်ကြရ၏။ ထို့ကြောင့် လက်ငင်းအကျိုးကို စွန့်ပြီး နောင်မှရမည့်အကျိုးနောက်သို့ မလိုက်နိုင်ပါဟု ပြန်လည် ပြောဆိုကြ၏။

 

ထိုအကြောင်းကို ကြားသိ၍ ဗုဒ္ဓမြတ်စွာသည် ကျောင်းနေရဟန်းတို့ကို ခေါ်ယူဆုံးမလေ၏။ အကြင်ခံစားမှုကို ခံစားသော် အကုသိုလ်တိုးပွား၍ ကုသိုလ်ဆုတ်ယုတ်၏။ ထိုခံစားမှုကို ပယ်သင့်၏။ အကြင်ခံစားမှုကို ခံစားသော် အကုသိုလ်ဆုတ်ယုတ်၍ ကုသိုလ်တိုးပွား၏။ ထိုခံစားမှုကို ပြည့်စုံစေသင့်၏။

 

ရဟန္တာပုဂ္ဂိုလ်တို့သည် မေ့လျော့ရန် အကြောင်းမရှိသောကြောင့် ပြုဖွယ်ကိစ္စပြုပြီးဖြစ်သောကြောင့် ထိုသူတို့အား ပြုဖွယ်ကိစ္စကို မမေ့မလျော့ ပြုရမည်ဟု ငါမဟော။ သေက္ခပုဂ္ဂိုလ်အား ဤဘဝ၌ပင် ရဟန္တာဖြစ်အောင် ပြုဖွယ်ကိစ္စကို မမေ့မလျော့ ပြုရမည်ဟု ငါဟော၏။

ကီဋာဂိရိသုတ်သည် ညစာစားခြင်းမှ ရှောင်ကြဉ်ရန် နှင့် အကုသိုလ်ဆုတ်ယုတ်၍ ကုသိုလ်တိုးပွားစေသော အကျင့်များကို ပြည့်စုံစေရန် အလေးပေးဖော်ပြထားသည်။ ပုဂ္ဂိုလ်ခုနှစ်မျိုးကို ဖော်ပြပြီး၊ သေက္ခပုဂ္ဂိုလ်တို့သည် အရဟတ္တဖိုလ်သို့ ရောက်ရန် အဆင့်ဆင့် ကျင့်ကြံအားထုတ်မှု လိုအပ်ကြောင်း ညွှန်ပြထားသည်။ အဿဇိနှင့် ပုနဗ္ဗသုကတို့၏ လွဲမှားသော အကျင့်ကို ဆုံးမကာ၊ သဒ္ဓါ၊ သီလ၊ သမာဓိ၊ ပညာ ဖြင့် တရားကို သက်ဝင်ကျင့်သုံးရန် လှုံ့ဆော်ထားသည်။

 

ဤသုတ်သည် အကျင့်သိက္ခာ ထိန်းသိမ်းရန်၊ ပစ္စည်းအာမိသ ကို အလေးမပြုရန်နှင့် အရဟတ္တဖိုလ် သို့မဟုတ် အနာဂါမိဖိုလ် ရရှိရန် အဆင့်ဆင့် အားထုတ်ရန် လမ်းညွှန်သော အဆုံးအမဖြစ်သည်။

 

၅။ အနှစ်သာရ

ဘိက္ခုဝဂ်၏ အဓိက အနှစ်သာရမှာ ရဟန်းတော်များ လိုက်နာကျင့်သုံးရမည့် ကျင့်စဉ်များ၊ ရှောင်ကြဉ်ရမည့် အကြောင်းအရာများနှင့် ရောက်ရှိရမည့် ပန်းတိုင်များကို ညွှန်ပြထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် -

- မုသားရှောင်ကြဉ်ခြင်း

- သိက္ခာပုဒ်လိုက်နာခြင်း

- ကိလေသာပယ်ဖြတ်ခြင်း

- တရားအားထုတ်နည်းများ

- အရိယာဖြစ်ရေးအတွက် ကျင့်စဉ်များ စသည်တို့ ပါဝင်ပါသည်။

 

၆။ နိဂုံး

ဘိက္ခုဝဂ်သည် ရဟန်းတော်များအတွက် အဓိကကျသော ကျင့်စဉ်လမ်းညွှန်တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသည် မိမိ၏ တပည့်သာဝကများအား လိုအပ်သော တရားဓမ္မများကို အသေးစိတ် ဟောကြားထားခြင်းဖြစ်ပြီး၊ ယနေ့ခေတ်တွင်လည်း ရဟန်းရှင်လူ အပေါင်းတို့အတွက် လမ်းညွှန်ကောင်းတစ်ခု ဖြစ်ပါသည်။ ဤဝဂ်သည် သီလ၊ သမာဓိ၊ ပညာဖြင့် ကျင့်ကြံရန်၊ သံဃာ့စည်းကမ်းကို ထိန်းသိမ်းရန်နှင့် ဝိမုတ္တိသို့ ဦးတည်ရန် လမ်းညွှန်ပေးသည့် အရေးပါသော အဆုံးအမများကို စုစည်းဖော်ပြထားသည်။

 

၇။ မှတ်ချက်

ရဟန်းများနှင့် ဗုဒ္ဓဘာသာဝင်များအတွက် အကျိုးရှိမှု: ဤဝဂ်တွင် ပါဝင်သော သုတ်များသည် ရဟန်းတော်များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ၊ ဓမ္မအလေ့အကျင့်ရှိသော လူများအတွက်လည်း အကျိုးရှိစေပါသည်။ ဥပမာ၊ သတိပဋ္ဌာန်၊ အာနာပါနသတိ၊ ကိုယ်ကျင့်တရားနှင့် စိတ်ထိန်းသိမ်းမှုကျင့်စဉ်များသည် လူတိုင်းအတွက် လက်တွေ့ကျင့်သုံးနိုင်သည်။

 

နက်နဲကျယ်ဝန်းသော အဆုံးအမ: သုတ်တော်များ၏ အဆုံးအမသည် နက်နဲကျယ်ဝန်းပြီး၊ လက်တွေ့ကျင့်သုံးနိုင်သော နည်းလမ်းများကို ပြသထားပါသည်။ ဥပမာ၊ အလမ္ပာယသုတ် တွင် ကိုယ်ကျင့်တရားကို ဆန်းစစ်ရန်၊ မဟာရာဟုလောဝါဒသုတ် တွင် သတိပဋ္ဌာန်ကျင့်ကြံရန် လမ်းညွှန်ချက်များသည် လက်တွေ့ဘဝတွင် အသုံးချနိုင်သည်။

 

ဗုဒ္ဓဘာသာဝင်တိုင်း လေ့လာသင့်သော အခြေခံတရားများ: ဤဝဂ်တွင် ပါဝင်သော တရားတော်များသည် ဗုဒ္ဓဘာသာဝင်တိုင်း လေ့လာသင့်သော အခြေခံကျသော တရားတော်များဖြစ်ပါသည်။ ၎င်းတို့သည် သဒ္ဓါ၊ သီလသမာဓိ၊ ပညာတို့ကို ဖြည့်စွမ်းရန်နှင့် ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် လမ်းညွှန်ပေးသည်။

 

လက်တွေ့ဘဝတွင် အသုံးချနိုင်မှု: ဘိက္ခုဝဂ်သည် ရဟန်းများအတွက် အဓိကရည်ရွယ်ထားသော်လည်း၊ လူပုဂ္ဂိုလ်များအတွက် နေ့စဉ်ဘဝတွင် စိတ်ထိန်းသိမ်းမှု၊ ကိုယ်ကျင့်တရားနှင့် လူမှုဆက်ဆံရေးတွင် စည်းကမ်းရှိစွာ နေထိုင်ရန် လှုံ့ဆော်ပေးသည်။

 

ဝိမုတ္တိသို့ ဦးတည်ရန် လှုံ့ဆော်မှု: ဤဝဂ်သည် အာသဝတရားများမှ ကင်းလွတ်ရန်နှင့် အရဟတ္တဖိုလ်သို့ ရောက်ရန် အဆင့်ဆင့် ကျင့်ကြံမှုကို လမ်းညွှန်ပြီး၊ ဗုဒ္ဓဘာသာဝင်များအား နိဗ္ဗာန်သို့ ဦးတည်ရန် အားပေးသည်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ပရိဗ္ဗာဇကဝဂ်ကိုလေ့လာခြင်း

 

ပရိဗ္ဗာဇကဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ တတိယဝဂ် ဖြစ်သည်။ ပရိဗ္ဗာဇကဝဂ်၌ ဆယ်သုတ်ပါဝင်သည်။ ပါဝင်သော သုတ်များသည် ပရိဗိုဇ်တို့၏ မေးလျှောက်ချက်အရ ဗုဒ္ဓမြတ်စွာ ကဖြေကြားခြင်း၊ ပရိဗိုဇ်တို့၏ အယူအဆ အလေ့အကျင့်တို့ကို ဗုဒ္ဓမြတ်စွာက ပရိဗိုဇ်တို့အား ဝေဖန် ထောက်ပြချက်များ ဖြစ်နေသည်။ ထိုကြောင့်ပင် ဤဝဂ်ကို ပရိဗ္ဗာဇကဝဂ်ဟု အမည်ပေးထားခြင်း ဖြစ်မည်။

 

ပရိဗ္ဗာဇကဝဂ်၌ ပါဝင်သော သုတ်များမှာ -

၁။ တေဝိဇ္ဇဝစ္ဆသုတ်

၂။ အဂ္ဂိဝစ္ဆသုတ်

၃။ မဟာဝစ္ဆသုတ်

၄။ ဒီဃနခသုတ်

၅။ မာဂဏ္ဍီယသုတ်

၆။ သန္ဒကသုတ်

၇။ မဟာသကုလုဒါယီသုတ်

၈။ သမဏမုဏ္ဍိကသုတ်

၉။ စူဠသကုလုဒါယီသုတ်

၁၀။ ဝေခနသသုတ် တို့ဖြစ်၏။

ပရိဗ္ဗာဇကဝဂ်သည် ထေရဝါဒဗုဒ္ဓဘာသာ၏ ပါဠိထဲရင်း သုတ္တန်ပိဋကအတွင်းရှိ မဇ္ဈိမနိကာယ၏ မဇ္ဈိမပဏ္ဏာသ၏ တတိယဝဂ်ဖြစ်သည်။ “ပရိဗ္ဗာဇက” ဟူသော ပါဠိဝေါဟာရသည် “ရွှေ့ပြောင်းသူများ” သို့မဟုတ် “ရသေ့များ” ဟု အဓိပ္ပါယ်ရပြီး၊ ဗုဒ္ဓဘာသာမဟုတ်သော အိန္ဒိယရသေ့များ ကို ရည်ညွှန်းသည်။ ဤဝဂ်တွင် သုတ်ဆယ်ခု (မဇ္ဈိမနိကာယ၏ နံပါတ် ၇၁ မှ ၈၀) ပါဝင်ပြီး၊ ဤသုတ်များသည် ဗုဒ္ဓဘာသာမဟုတ်သော ရသေ့များနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားစကားများကို အဓိကထားဖော်ပြသည်။ မဇ္ဈိမနိကာယသည် “အလယ်အလတ်ရှည်လျားသော တရားစကားများစုစည်းမှု” ဟု အဓိပ္ပါယ်ရပြီး၊ သုတ် ၁၅၂ ခုပါဝင်ကာ၊ ဗုဒ္ဓမြတ်စွာဘုရားနှင့် တပည့်များက ဟောကြားခဲ့သော ဗုဒ္ဓဘာသာ၏ အဆုံးအမ၊ ကျင့်ဝတ်နှင့် တရားထိုင်ခြင်းဆိုင်ရာ အဆုံးအမများကို ဖော်ပြသည်။

 

ပရိဗ္ဗာဇကဝဂ်သည် ဗုဒ္ဓဘာသာမဟုတ်သော ရသေ့များနှင့် တရားစဉ်ဆက်များ၊ ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးမှုများနှင့် လွတ်မြောက်ရာလမ်းကို အဓိကထားဖော်ပြသည်။ ဤဝဂ်သည် ဗုဒ္ဓဘုရား၏ အဆုံးအမများကို အခြားဘာသာရေးအယူအဆများနှင့် နှိုင်းယှဉ်ပြသပြီး၊ သူတစ်ပါးအယူဝါဒများကို ဗုဒ္ဓဘာသာအမြင်ဖြင့် ဆန်းစစ်ပြသည်။ ဤသုတ်များသည် ဗုဒ္ဓဘာသာ၏ အခြေခံအဆုံးအမ များဖြစ်သည့် မဂ်လေးပါး၊ ရှင်းလင်းသောဉာဏ်နှင့် နိဗ္ဗာန်သို့ရောက်ရာလမ်းကို ရှင်းလင်းစွာ ဖော်ပြသည်။

 

ပရိဗ္ဗာဇကဝဂ်ရှိ သုတ်များသည် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သည့် အိန္ဒိယမြောက်ပိုင်းရှိ မဂဓ၊ ကောသလ၊ ဝေသာလီ စသည့် ဒေသများတွင် တည်ရှိသည်။ ဤတည်နေရာများသည် ဘီစီ ၅ ရာစုခန့်က ဗုဒ္ဓဘုရား၏ သာသနာပြုမှုဆိုင်ရာ သမိုင်းနှင့် ပထဝီဆိုင်ရာ အခြေအနေများကို ထင်ဟပ်စေသည်။ ဥပမာ၊ တေဝိဇ္ဇဝစ္ဆသုတ် (MN 71) နှင့် အဂ္ဂိဝစ္ဆသုတ် (MN 72) တို့သည် ဝေသာလီမြို့တွင် ဖြစ်ပေါ်ခဲ့ပြီး၊ ဤမြို့သည် ဘာသာရေးလှုပ်ရှားမှုများ၏ ဗဟိုချက်ဖြစ်သည်။ မဟာဝစ္ဆသုတ် (MN 73) လည်း ဝေသာလီတွင်ပင် တည်ရှိပြီး၊ ရသေ့ဝစ္ဆဂေါတသည် ဗုဒ္ဓဘုရားနှင့် ထဲထဲဝင်ဝင် ဆွေးနွေးခဲ့သည်။ ဒီဃနခသုတ် (MN 74) သည် ရာဇဂြိုဟ်မြို့ရှိ ဂိဇ္ဈကုဋ်တောင်ပေါ်တွင် ဖြစ်ပေါ်ခဲ့သည်။ မာဂဏ္ဍီယသုတ် (MN 75) သည် ကုရုဒေသ၌ တည်ရှိပြီး၊ သန္ဒကသုတ် (MN 76) သည် ကောသမ္ဗီမြို့တွင် ဖြစ်ပေါ်သည်။ မဟာသကုလုဒါယီသုတ် (MN 77)၊ စူဠသကုလုဒါယီသုတ် (MN 79)၊ ဝေခနသသုတ် (MN 80) တို့သည် သာဝတ္ထိမြို့တွင် တည်ရှိပြီး၊ သမဏမုဏ္ဍိကသုတ် (MN 78) သည်လည်း သာဝတ္ထိမြို့ရှိ ဇေတဝန်ကျောင်းတိုက်တွင် ဖြစ်ပေါ်သည်။

 

ဤတည်နေရာများသည် ဗုဒ္ဓဘုရား၏ ရသေ့များနှင့် ဆွေးနွေးမှုများသည် မြို့ပြဒေသများ၊ သစ်တောများနှင့် ကျောင်းတိုက်များတွင် ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့ကြောင်း ပြသသည်။ ဤဒေသများသည် ထိုခေတ်က အိန္ဒိယမြောက်ပိုင်း၏ ဘာသာရေးနှင့် ယဉ်ကျေးမှု ဗဟိုချက်များဖြစ်ပြီး၊ ဗုဒ္ဓဘုရားနှင့် အခြားဘာသာရေးခေါင်းဆောင်များ ဆုံတွေ့ဆွေးနွေးရာ နေရာများဖြစ်သည်။ ဤတည်နေရာများ၏ မတူကွဲပြားမှုသည် ဗုဒ္ဓဘုရား၏ သာသနာပြုမှုသည် ဒေသအသီးသီးတွင် ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည်ကို ထင်ရှားစေသည်။

 

ပရိဗ္ဗာဇကဝဂ်သည် သုတ်ဆယ်ခုပါဝင်သော စုစည်းမှုတစ်ခုဖြစ်ပြီး၊ သုတ်တစ်ခုစီသည် သီးခြားတရားစကားတစ်ခုဖြစ်သော်လည်း၊ ရသေ့များနှင့် ဆွေးနွေးမှုများကို အဓိကထားသည့် အကြောင်းအရာဖြင့် ဆက်စပ်နေသည်။ မဇ္ဈိမနိကာယသည် မူလပဏ္ဏာသ (သုတ် ၅၀ ပထမပိုင်း)၊ မဇ္ဈိမပဏ္ဏာသ (သုတ် ၅၀ အလယ်ပိုင်း)၊ ဥပရိပဏ္ဏာသ (သုတ် ၅၂ နောက်ဆုံးပိုင်း) ဟူ၍ ပဏ္ဏာသသုံးပိုင်းဖြင့် ဖွဲ့စည်းထားသည်။ မဇ္ဈိမပဏ္ဏာသတွင်၊ ပရိဗ္ဗာဇကဝဂ်သည် ဂဟပတိဝဂ် နှင့် ဘိက္ခုဝဂ် တို့ပြီးနောက် တတိယဝဂ်အဖြစ် တည်ရှိသည်။ ဝဂ်တစ်ခုစီတွင် သုတ်ဆယ်ခုပါဝင်ပြီး၊ ပရိဗ္ဗာဇကဝဂ်တွင် သုတ်နံပါတ် ၇၁ မှ ၈၀ ပါဝင်သည်။

 

သုတ်များသည် အရှည်အတို ကွဲပြားသော်လည်း၊ ဒီဃနိကာယ၏ ရှည်လျားသောသုတ်များနှင့် ခုဒ္ဒကနိကာယ၏ တိုတောင်းသောသုတ်များနှင့် နှိုင်းယှဉ်လျှင် “အလယ်အလတ်ရှည်လျား” ဟု သတ်မှတ်သည်။

 

ပရိဗ္ဗာဇကဝဂ်တွင် အောက်ပါ သုတ်ဆယ်ခုပါဝင်ပြီး၊ သုတ်တစ်ခုစီသည် သီးခြားအကြောင်းအရာ များကို ဖော်ပြသော်လည်း ရသေ့များနှင့် ဆွေးနွေးမှုများဖြင့် ဆက်စပ်နေသည်—

 

မန ၇၁: တေဝိဇ္ဇဝစ္ဆသုတ်

ဝစ္ဆဂေါတ္တပရိဗိုဇ်၏ မေးလျှောက်ချက်များကို ချန်လှပ်၍ ဗုဒ္ဓမြတ်စွာ၏ ဖြေကြားချက်များကိုသာ လိုရင်းထုတ်၍ ဖော်ပြပါမည်။

 

ရဟန်းဂေါတမသည် အလုံးစုံကိုသိ၏။ အလုံးစုံကိုမြင်၏။ သွားနေစဉ်ဖြစ်စေ ရပ်နေစဉ်ဖြစ်စေ အိပ်နေစဉ်ဖြစ်စေ နိုးနေစဉ်ဖြစ်စေ ငါ့အား ဉာဏ်အမြင်သည် အမြဲမပြတ် ရှေ့ရှုထင်၏ဟု ခြွင်းချက် မရှိသော ဉာဏ်အမြင်ကို ဝန်ခံ၏ဟု ပြောဆိုသူများသည် ငါမိန့်ကြားသည့်အတိုင်း အမှန်ကို ပြောဆိုသူများမဟုတ်။ ငါ့ကို မဟုတ်မမှန် စွပ်စွဲသူများသာ ဖြစ်၏။ ရဟန်းဂေါတမသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏ဟူ၍ ပြောဆိုသူများသည် ငါ့မိန့်ကြားသည့်အတိုင်း အမှန်ကို ပြောဆိုသူများ ဖြစ်၏။

 

လူတို့၏ သံယောဇဉ်ကို မပယ်မူ၍ သေပြီးနောက်ဝယ် ဆင်းရဲကုန်ခြင်းကို ပြုသည့်လူကား တစ်ယောက်မျှ မရှိချေ။ လူတို့၏ သံယောဇဉ်ကို မပယ်မူ၍ သေပြီးနောက် နတ်ပြည်သို့ ရောက်သည့် လူကား အရာမက များစွာရှိ၏။

 

သေပြီးနောက်ဝယ် ဆင်းရဲကုန်ခြင်းကိုပြုသည့် အာဇီဝကသည် တစ်ယောက်မျှ မရှိချေ။ ဤကမ္ဘမှ ကိုးဆယ့်တစ်ကမ္ဘာထက်ဝယ် တစ်ယောက်သော အာဇီဝကမှလွဲ၍ သေပြီးနောက် နတ်ပြည်သို့ ရောက်သော အခြားသော အာဇီဝက တစ်ယောက်မျှမမြင်။ ထိုတစ်ယောက်သော အာဇီဝကသည် လည်း ကမ္မဝါဒီ ကိရိယဝါဒီ (ကံနှင့်ကံ၏ အကျိုးကို ယုံကြည်သူ) ဖြစ်၏။ တိတ္ထိတို့၏ အကျင့်သည် နတ်ပြည်သို့ရောက်ခြင်းမှပင် ဆိတ်သုဉ်း၏။ ဟု ဖြေကြားတော်မူပါသည်။

 

ဤသုတ်တွင် ဗုဒ္ဓမြတ်စွာ၏ ဉာဏ်တော်နှင့်ပတ်သက်၍ ကိုယ်တော်တိုင်ဝန်ခံချက်နှင့် ကံကံ၏အကျိုးကို မယုံကြည်သူသည် နတ်ပြည်ကိုပင် မရောက်နိုင်ဟူသော ဖြေကြားချက်များသည် စိတ်ဝင်စားဖွယ်ကောင်းလှ၏။

 

မန ၇၂: အဂ္ဂိဝစ္ဆသုတ်

ရဟန္တာပုဂ္ဂိုလ်၏ လားရာကို မီးတောက်ဥပမာဖြင့် ဝစ္ဆဂေါတ္တပရိဗိုဇ်အား ဟောကြားခြင်းဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် လာရောက်မေးမြန်းသော ဝစ္ဆဂေါတ္တပရိဗိုဇ်အား ဖြေဆိုသည့်သုတ်ဖြစ်သည်။

 

ဤသုတ်တွင် မိစ္ဆာအယူဝါဒများ၊ ထိုအယူဝါဒများ၏ အပြစ်နှင့် ရဟန္တာပုဂ္ဂိုလ်၏ လားရာဂတိတို့ကို သိမှတ်ရမည် ဖြစ်သည်။

 

မန ၇၃: မဟာဝစ္ဆသုတ်

ဝစ္ဆဂေါတ္တပရိဗိုဇ်အား အကျဉ်းအားဖြင့် ကုသိုလ်အကုသိုလ်တို့ကို ဟောကြားခြင်းဖြစ်သည်။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် ဝစ္ဆဂေါတ္တပရိဗိုဇ်၏ တောင်းပန်ချက်အရ အကျဉ်းအားဖြင့် ကုသိုလ် အကုသိုလ်တို့ကို ဟောကြားခြင်းဖြစ်သည်။

 

ဤသုတ်တွင် ကုသိုလ်အကုသိုလ်တို့ကို အကျဉ်းအားဖြင့် သိရမည်။ ထို့ပြင် အကျင့်မြတ်၏ ပြီးပြည့်စုံမှုကိုလည်း သိရမည်။ ဘာသာခြားတို့ သာသနာ့ဘောင် ဝင်ရောက်ရာ၌ ပြုရမည့်လမ်းစဉ်ကို သိရမည်ဖြစ်၏။

 

မန ၇၄: ဒီဃနခသုတ်

ရာဇဂြိုဟ်ပြည် ဂိဇ္ဈိကုဋ်တောင် သူကရခတလှိုဏ်ဂူ၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် ဒီဃနခမည်သော ပရိဗိုဇ်သည် ဗုဒ္ဓမြတ်စွာထံ ချဉ်းကပ်၍ အယူဝါဒအားလုံးကို မနှစ်သက်ဟု ပြောဆိုလေ့ရှိပါသည်ဟု လျှောက်ထား၏။

 

အယူဝါဒနှင့်ပတ်သက်၍ ပြောဆိုလေ့ရှိသူ သုံးမျိုးရှိ၏။ အယူဝါဒအားလုံးကို နှစ်သက်၏ဟု ပြောဆိုလေ့ရှိသူများ အယူဝါဒအားလုံးကို မနှစ်သက်ဟု ပြောဆိုလေ့ရှိသူများ အယူဝါဒအချို့ကို နှစ်သက်၍ အချို့ကို မနှစ်သက်ဟု ပြောဆိုလေ့ရှိသူများ ဖြစ်၏။

 

ဤသို့ပြောဆိုလေ့ရှိသူ သုံးမျိုးတွင် အယူဝါဒအားလုံးကို နှစ်သက်၏ဟု ပြောဆိုလေ့ရှိသူများသည် စွဲငြိခြင်း ဖွဲနှောင်ခြင်း လွန်စွာ နှစ်သက်ခြင်း စွဲလမ်းခြင်းတို့နှင့် နီးစပ်၏။

 

အယူဝါဒအားလုံးကို မနှစ်သက်ဟု ပြောဆိုလေ့ရှိသူများသည် မစွဲငြိခြင်း မဖွဲ့နှောင်ခြင်း လွန်စွာ မနှစ်သက်ခြင်း မစွဲလမ်းခြင်းတို့နှင့် နီးစပ်၏။

 

အယူဝါဒအချို့ကို နှစ်သက်၍ အချို့ကို မနှစ်သက်ဟု ပြောဆိုလေ့ရှိသူများသည် နှစ်သက်သော အယူဝါဒအား စွဲငြိခြင်းစသည်တို့နှင့် နီးစပ်၍ မနှစ်သက်သော အယူသည် မစွဲငြိခြင်း စသည်တို့နှင့် နီးစပ်၏။

 

ဤသို့ပြောဆိုလေ့ရှိသူ သုံးမျိုးတွင် ဉာဏ်အမြော်အမြင်ရှိသူသည် မိမိနှင့် အယူဝါဒမတူ ကွဲပြားသူတို့နှင့် ငြင်းခုန်ပြောဆိုခြင်း ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်း ဖြစ်လာမည်ကို မြင်သဖြင့် မိမိအယူဝါဒကို စွန့်လွတ်၍ သူတပါးအယူဝါဒကို မစွဲလမ်းချေ။

 

ထို့နောက် ဆက်လက်၍ ခန္ဓာငါးပါး၏ သဘောအမှန်ကို ရှုမြင်ရန် ဟောကြား၏။ ဤကိုယ်သည် ရုပ်ဖြင့်ပြီး၏။ မဟာဘုတ်လေးပါးကို မှီ၍ ဖြစ်၏။ မိဘတို့၏ သုက်သွေးကြောင့်ဖြစ်၏။ ထမင်းမုန့်တို့ဖြင့် ပွားစီး၏။ အမြဲမတည်၊ ဖုံးဖိပေးရခြင်း ဆုပ်နယ်ရခြင်း ပြိုကွဲခြင်းသဘောရှိ၏။

 

ဤကိုယ်သည် မခိုင်မြဲ၊ ဆင်းရဲ၏။ အနာရောဂါသဖွယ်ဖြစ်၏။ မြားညှောင့်နှင့်တူ၏။ နာကျင်စေတတ်၏။ သူစိမ်းပြင်ပြင်ဖြစ်၏။ ပျက်စီးတတ်၏။ အနှစ်အသားမှ ဆိတ်သုဉ်း၏။ အစိုးမရဟူ၍ ရှုမြင်အပ်၏။ ဤသို့ ရှုမြင်သူအား ခန္ဓာကိုယ်၌ လိုချင်မှု တွယ်တာမှု အစဉ်လိုက်မှုသည် ကင်းပျောက်၏။

 

ဝေဒနာသည် သုခဝေဒနာ ဒုက္ခဝေဒနာ အဒုက္ခမသုခဝေဒနာ ဟူ၍ သုံးပါးရှိ၏။ ထိုသုံးပါးတို့တွင် သုခဝေဒနာကို ခံစားနေသောအခါ ကျန်ဝေဒနာနှစ်ပါးကို မခံစား။ ဒုက္ခဝေဒနာကို ခံစားနေသောအခါ ကျန်ဝေဒနာနှစ်ပါးကို မခံစား။ အဒုက္ခမသုခဝေဒနာကို ခံစားသောအခါ ကျန်ဝေဒနာနှစ်ပါးကို မခံစား။

 

ထိုဝေဒနာသုံးပါသည် မမြဲ။ ပြုပြင်ဖန်တီးအပ်သော သင်္ခတတရားဖြစ်၏။ ဤသို့ရှုမြင်သော အရိယတပည့်သည် ထိုဝေဒနာသုံးပါးတို့၌ ငြီးငွေ့၏။ ငြီးငွေ့သော် စွဲလမ်းမှုကင်း၏။ စွဲလမ်းမှုကင်းသော် ကိလေသာမှ လွတ်မြောက်၏။ လွတ်မြောက်ပြီးဟု သိသောဉာဏ်ဖြစ်၏။ ဤသို့ လွတ်မြောက်သည့်စိတ်ရှိသော ရဟန်းသည် တစ်စုံတစ်ဦးနှင့်မျှ ငြင်းခုံခြင်းမပြု။ လွဲမှားစွာ မသုံးသပ်ဘဲ လောကပြောရိုးပြောစဉ် ဝေါဟာရဖြင့်သာ ပြောဆို၏။

 

ဤသို့ ဗုဒ္ဓမြတ်စွာက ဒီဃနခပရိဗိုဇ်အား ဟောပြောနေစဉ်တွင် နောက်တော်မှနေ၍ ဗုဒ္ဓမြတ်စွာအား ယပ်ခပ်ပေးလျက်ရှိသော အရှင်သာရိပုတ္တရာ၏ စိတ်သည် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းဘဲ အာသဝေါတို့ လွတ်မြောက်သွားလေ၏။

ဒီဃနခအားလည်း သောတာပတ္တိမဂ်ဉာဏ်တည်းဟူသော ဓမ္မစက္ခု ဖြစ်ပေါ်လေ၏။

 

မန ၇၅: မာဂဏ္ဍီယသုတ်

ကာမချမ်းသာ၏ အပြစ်ကိုပြ၍ အမြတ်ဆုံးချမ်းသာကို ကုရုတိုင်း၌ ဟောကြားခြင်းဖြစ်သည်။ ကမ္မာဒမ္မနိဂုံး ဘာရဒွါဂေါတ္တပုဏ္ဏား၏ မီးတင်းကုတ်အတွင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် မာဂဏ္ဍိယပရိဗိုဇ်အား ဟောကြားတော်မူသည့်သုတ်ဖြစ်သည်။

 

မန ၇၆: သန္ဒကသုတ်

မြတ်သောအကျင့်မဟုတ်သော ကျင့်သုံးမှုလေးပါး သက်သာရာကို ရစေနိုင်သည့် အကျင့်လေးပါး တို့ကို အရှင်အာနန္ဒက သန္ဒကပရိဗိုဇ်အား ဟောကြားခြင်းဖြစ်သည်။

 

မြတ်သောအကျင့်မဟုတ်သော ကျင့်သုံးမှုလေးပါးဟူသည်

၁။ သေလျှင်ပြတ်၏ဟု ဆိုသောဝါဒ

၂။ ကောင်းမှု မကောင်းမှု မရှိဟုဆိုသောဝါဒ

၃။ အကြောင်းမရှိဟု ဆိုသောဝါဒ

၄။ လူမိုက်နှင့်လူလိမ္မာ အတူတူဆိုသောဝါဒ တို့ဖြစ်၏။

 

မန ၇၇: မဟာသကုလုဒါယီသုတ်

တပည့်တို့ ရိုသေလေးမြတ်သော ဆရာနှင့်ပတ်သက်၍ သကုလုဒါယီပရိဗိုဇ်ကို ဟောကြားခြင်း ဖြစ်သည်။

 

ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် ထင်ရှားသော ပရိဗိုဇ်တို့သည် မောရနိဝါပမည်သော ပရိဗိုဇ်ကျောင်း၌ နေထိုင်လျက်ရှိကြ၏။

 

တနေ့သ၌ ဗုဒ္ဓမြတ်စွာသည် မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ထွက်လာစဉ် အချိန်စောနေသဖြင့် ပရိဗိုဇ်ကျောင်းသို့ ကြွသွားလေသည်။

 

သကုလုဒါယီပရိဗိုဇ်သည် ဗုဒ္ဓမြတ်စွာအား ခရီးဦးကြိုကာ အယူဝါဒ အမျိုးမျိုးရှိသော ရသေ့ရဟန်းတို့ စုဝေးနေကြစဉ် စကားတရပ် ဖြစ်ပေါ်ခဲ့ကြောင်း လျှောက်ထားပါ၏။

 

ဗုဒ္ဓမြတ်စွာက မိမိအား တပည့်တို့က အရိုအသေ အလေး အမြတ်ပြုကြခြင်း၏ အကြောင်းငါးပါးကို ဟောကြားတော်မူရာ သကုလုဒါယီသည် လွန်စွာနှစ်သက်လေ၏။

 

ဤသုတ်၌ ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင်ဂိုဏ်းဆရာများနှင့် သူတို့၏ တပည့်သာဝကများ၏ အခြေအနေ,တပည့်တို့၏ ရိုသေလေးမြတ်ခြင်းခံရသော ဆရာနှင့်ပတ်သက်၍ သကုလုဒါယီ၏ ထင်မြင်ယူဆချက်နှင့် ဗုဒ္ဓမြတ်စွာ၏ ဟောကြား ချက်များကို သိရှိရမည် ဖြစ်သည်။

 

မန ၇၈: သမဏမုဏ္ဍိကသုတ်

ဥဂ္ဂမာန၏ ရဟန္တာအယူအဆနှင့်ပတ်သက်၍ ဗုဒ္ဓ၏ငြင်းပယ်ချက်များ ဖြစ်သည်။ ဥဂ္ဂမာနပရိဗိုဇ်သည် “မကောင်းမှုကို မပြုခြင်း မကောင်းသောစကားကို မပြောခြင်း မကောင်းသော အကြံကို မကြံခြင်း မကောင်းသော အသက်မွေးမှုကို မပြုခြင်းတို့နှင့် ပြည့်စုံသူသည် ရဟန္တာဖြစ်၏” ဟု ယူဆ ဟောပြော ပါသည်။

 

ဗုဒ္ဓဘုရားက ဤအယူမမှန်ကြောင်း ငြင်းပယ်ပြီး၊ ရဟန္တာဖြစ်ရန် မဂ်တရားဆယ်ပါးနှင့် ပြည့်စုံရမည်ဟု ဟောသည်။ မကောင်းသောအလေ့အကျင့်နှင့် အကြံများကို သမ္မပ္ပဓာန်လေးပါးဖြင့် ချုပ်ငြိမ်းရမည်။ ကိလေသာများကို ပယ်ရှင်းပြီး လွတ်မြောက်မှုရရှိသူသာ ရဟန္တာဖြစ်သည်။

 

မန ၇၉: စူဠသကုလုဒါယီသုတ်

အကြွင်းမရှိသော ဉာဏ်အမြင်၊ မြတ်သောအဆင်း၊ စင်စစ်ချမ်းသာသောလောက၊ ပြည့်စုံသောအကျင့် တို့နှင့် ပတ်သက်သော သကုလုဒါယီပရိဗိုဇ်၏ ဆရာစဉ်ဆက် လက်ခံယူဆခဲ့သည်များကို ဗုဒ္ဓမြတ်စွာ က ဝေဖန်သုံးသပ်ပြခြင်း ဖြစ်သည်။

 

သကုလုဒါယီသည် ထိုရှင်းလင်းဟောကြားချက်ကို လွန်စွာနှစ်သက်သဖြင့် မိမိအားရဟန်းပြုပေးရန် ဗုဒ္ဓမြတ်စွာကို တောင်းပန်သည်။ သူ့ပရိသတ်က ဟန့်တားနှောက်ယှက်မှုကြောင့် ပျက်ပြယ်သွားလေ သည်။

 

မန ၈၀: ဝေခနသသုတ်

ဝေခနသပရိဗိုဇ်အား မြတ်သောအဆင်း ကာမသုခ အနှောင်အဖွဲ့တို့မှ လွတ်မြောက်မှုတို့နှင့် ပတ်သက်၍ ဟောကြားခြင်းဖြစ်သည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် ဝေခနသပရိဗိုဇ်သည် ဗုဒ္ဓထံချဉ်းကပ်ပြီး အနီး၌ရပ််ကာ မြတ်သောအဆင်းတည်း မြတ်သောအဆင်းတည်းဟူ၍ မြွက်ဆို၏။ မြတ်သောအဆင်းဟူသည် အတ္တကို အမွမ်းတင်ခြင်း ဖြစ်၏။ အတ္တသည် ကြောင်မျက်ရွဲရတနာကဲ့သို့ အဆင်းရှိ၍ သေပြီးနောက်၌ ပျက်စီးချင်းမရှိပါဟု ဝေခနသကပြောဆို၏။

 

ပိုးစုန်းကြူးထက်နိမ့်ကျသော အဆင်းကိုပင် မြတ်သောအဆင်းဟု ဆို၏။ သို့သော် ထိုအဆင်းကိုလည်း ထင်ရှားစွာ သတ်မှတ်ညွှန်ပြခြင်း မပြုနိုင်ချေဟု ဗုဒ္ဓမြတ်စွာက မိန့်ဆို၏။

 

ဝေခနသပရိဗိုဇ်သည် သကုလုဒါယီပရိဗိုဇ်၏ တပည့်ဖြစ်သည်။ ဗုဒ္ဓနှင့်ယှဉ်ပြိုင်ပြောဆိုရာတွင် မိမိဆရာ ရှုံးခဲ့သည်ကို မကျေနပ်၍ သူကိုယ်တိုင်လာခြင်းဖြစ်သည်။

 

ဤသုတ်များတွင် ဗုဒ္ဓမြတ်စွာ၏ အဓိကဟောကြားချက်များသည် မိစ္ဆာအယူများကို ငြင်းပယ်ခြင်း၊ ခန္ဓာငါးပါး၏ မမြဲသဘောကို သိမြင်ခြင်း၊ ကုသိုလ်နှင့်အကုသိုလ်တရားများကို ခွဲခြားရှင်းပြခြင်း၊ လွတ်မြောက်ခြင်းသို့ရောက်ရန် အကျင့်မြတ်လမ်းစဉ်များကို ညွှန်ပြခြင်းတို့ဖြစ်သည်။ သုတ်တစ်ခုစီသည် တရားဓမ္မ၏ မတူညီသောရှုထောင့်များကို ဖော်ထုတ်ပြီး လွတ်မြောက်ရန် လမ်းညွှန်ပေးသည်။

 

ပရိဗ္ဗာဇကဝဂ်၏ အနှစ်သာရသည် ဗုဒ္ဓဘုရား၏ မတူကွဲပြားသော တရားစဉ်ဆက်နှင့် ဘာသာရေးအယူအဆများကို ထိတွေ့ဆွေးနွေးပြီး၊ လွတ်မြောက်ရာလမ်းသို့ လမ်းညွှန်နိုင်မှုတွင် တည်ရှိသည်။ ဤသုတ်များသည် ဗုဒ္ဓဘုရား၏ တရားစဉ်ဆက်ဆိုင်ရာ မေးခွန်းများကို ငြင်းဆိုပြီး (ဥပမာ၊ အဂ္ဂိဝစ္ဆသုတ်)၊ မဂ်လေးပါး၊ မဂ္ဂဋ္ဌင်္ဂိကလမ်း၊ သတိပဋ္ဌာန်နှင့် ပညာကို ပွားများခြင်းကို အလေးပေးသည်။ ဤဆွေးနွေးမှုများသည် ဗုဒ္ဓဘုရား၏ သင်ကြားပုံတွင် ပရိသတ်၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်အောင် သင်ကြားနိုင်မှုကို ပြသသည်။ များသောအားဖြင့် တင်းကျပ်သော အယူအဆများရှိသည့် ရသေ့များကို ၎င်းတို့၏ အယူအဆများကို မေးခွန်းထုတ်စေပြီး၊ သီလ၊ သမာဓိ၊ ပညာဖြင့် ဖွဲ့စည်းထားသော ဗုဒ္ဓဘာသာလမ်းစဉ်ကို လက်ခံစေသည်။

 

ဤဝဂ်၏ အဓိကအကြောင်းအရာမှာ ဗုဒ္ဓဘာသာလမ်းစဉ်၏ သာလွန်မှုဖြစ်ပြီး ၎င်းသည် ဒုက္ခ (ဆင်းရဲခြင်း) ၏ အကြောင်းရင်းနှင့် ၎င်း၏ရပ်တန့်မှုကို တိုက်ရိုက်ဖြေရှင်းပြီး၊ ဖြေရှင်းမရသော တရားစဉ်ဆက်ဆိုင်ရာ ဆွေးနွေးမှုများတွင် မပါဝင်ပေ။ ဤသုတ်များသည် ဉာဏ်ရည်ဖြင့် ဆွေးနွေးမှုထက် လက်တွေ့အတွေ့အကြုံဖြင့် သိမြင်နားလည်မှု၏ အရေးကြီးမှုကို အလေးပေးသည်။ ဗုဒ္ဓဘုရားသည် ရသေ့များအား ၎င်းတို့၏ အယူအဆများကို လက်တွေ့စမ်းသပ်ရန်နှင့် ဗုဒ္ဓဘာသာလမ်းစဉ်ကို ကိုယ်တိုင်ကျင့်သုံးရန် တိုက်တွန်းသည်။ ဤဝဂ်သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောများကို နားလည်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်သော လမ်းစဉ်ကို ကျင့်သုံးရန် လမ်းညွှန်ပေးသည်။

 

ပရိဗ္ဗာဇကဝဂ်သည် မဇ္ဈိမနိကာယ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ဗုဒ္ဓဘာသာမဟုတ်သော ရသေ့များနှင့် ဗုဒ္ဓဘုရား၏ ဆွေးနွေးမှုများမှတစ်ဆင့် လေးနက်သော ဉာဏ်အမြင်များကို ပေးစွမ်းသည်။ ဗုဒ္ဓဘုရားသည် ရသေ့များ၏ မေးခွန်းများကို တရားစဉ်ဆက်ဆိုင်ရာ ဆွေးနွေးမှုများမှ လွတ်မြောက်ရာလမ်းသို့ ပြန်လည်ဦးတည်စေသည်။ ဤသုတ်များသည် ဗုဒ္ဓဘာသာ၏ အဆုံးအမများ၏ ကျယ်ပြန့်မှုကို အတည်ပြုပြီး၊ မတူညီသော ပရိသတ်များကို ဖြေရှင်းနိုင်ပြီး၊ သီလ၊ သမာဓိ၊ ပညာဖြင့် ဖွဲ့စည်းထားသော နိဗ္ဗာန်သို့ရောက်ရာလမ်းကို အလေးပေးသည်။

 

ပရိဗ္ဗာဇကဝဂ်သည် ယနေ့ခေတ် ကျင့်သုံးသူများအတွက်လည်း ဆက်လက်သက်ဆိုင်နေပြီ တရားစဉ်ဆက်ဆိုင်ရာ သံသယများကို ဖြေရှင်းရန်နှင့် စည်းကမ်းရှိသော၊ သတိပဋ္ဌာန်ဖြင့် ဝိညာဉ်ရေးတိုးတက်မှုကို ပွားများရန် လမ်းညွှန်ပေးသည်။ လက်တွေ့အတွေ့အကြုံဖြင့် သိမြင်မှုနှင့် အကုသိုလ်အယူအဆများကို စွန့်လွှတ်ရန် အလေးပေးမှုသည် ဤဝဂ်ကို ဗုဒ္ဓဘာသာ၏ အဆုံးအမများကို နားလည်ရန် အချိန်မကုန်သော အရင်းအမြစ်တစ်ခု ဖြစ်စေသည်။ ဤဝဂ်သည် ဗုဒ္ဓဘုရား၏ သင်ကြားပုံတွင် လိုက်လျောညီထွေဖြစ်မှုနှင့် လက်တွေ့ကျသော အဖြေများဖြင့် ဖြေရှင်းနိုင်မှုကို ထင်ရှားစေသည်။

 

ပရိဗ္ဗာဇကဝဂ်သည် ဗုဒ္ဓဘုရား၏ သင်ကြားပုံနည်းလမ်းများကို လေ့လာရန် ကြွယ်ဝသော အရင်းအမြစ်တစ်ခုဖြစ်ပြီး၊ အထူးသဖြင့် သံသယရှိသူများနှင့် အခြားဘာသာရေးရသေ့များကို ဆွေးနွေးနိုင်မှုကို ပြသသည်။ ပညာရှင်များနှင့် ကျင့်သုံးသူများသည် ဤသုတ်များကို တရုတ်ဘာသာဖြင့် ရေးသားထားသော မဇ္ဈမအာဂမ (Majjhama Āgama) ကဲ့သို့သော အခြားဗုဒ္ဓဘာသာရိုးရာများနှင့် နှိုင်းယှဉ်လေ့လာခြင်းဖြင့် စာသားပြောင်းလဲမှုများကို စူးစမ်းနိုင်သည်။

ဤသုတ်များသည် ထိုခေတ်က အိန္ဒိယမြောက်ပိုင်း၏ ဘာသာရေးမတူကွဲပြားမှုကို ထင်ဟပ်စေပြီး၊ ဉာဏ်ရည်ဆိုင်ရာ ဆွေးနွေးမှုများကို ဖွင့်ပြသည်။ ယနေ့ခေတ်စာဖတ်သူများအတွက်၊ ဤအဆုံးအမများသည် မိမိ၏ယုံကြည်ချက်များကို ဝေဖန်ပိုင်းခြားရန်နှင့် လက်တွေ့ဉာဏ်ပညာကို ဦးစားပေးရန် အားပေးသည်။ ပရိဗ္ဗာဇကဝဂ်ကို ဆက်လက်လေ့လာရန်အတွက် ၎င်း၏ ကျင့်ဝတ်ဆိုင်ရာ မူဘောင်များ၊ တရားထိုင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် ဗုဒ္ဓဘုရား၏ ရသေ့များအား ပေးသော စိတ်ပိုင်းဆိုင်ရာ ဉာဏ်အမြင်များကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။


++++++++++++++++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ရာဇဝဂ်ကို လေ့လာခြင်း

 

၁။ အဓိပ္ပါယ်

ရာဇဝဂ်သည် ပါဠိစာပေတွင် ထေရဝါဒဗုဒ္ဓဘာသာ၏ သုတ္တန်ပိဋကအတွင်းရှိ မဇ္ဈိမနိကာယ (မဇ္ဈိမပဏ္ဏာသ) ၏ တတိယဝဂ်ဖြစ်သည်။ “ရာဇဝဂ်” ဟူသော အမည်သည် “ရာဇာ” (ဘုရင်) နှင့် “ဝဂ်” (အစုအဝေး) ဟူသော စကားလုံးများမှ ဆင်းသက်လာပြီး ဘုရင်များ၊ အုပ်ချုပ်သူများနှင့် သက်ဆိုင်သော သုတ်များကို စုစည်းထားသည့် အပိုင်းတစ်ခုဖြစ်သည်။ ဤဝဂ်တွင် ဘုရင်များ၊ ခေါင်းဆောင်များနှင့် ဆက်စပ်သော တရားတော်များနှင့် သွန်သင်ချက်များ ပါဝင်သည်။

 

၂။ တည်နေရာ

ရာဇဝဂ်သည် မဇ္ဈိမနိကာယ၏ မဇ္ဈိမပဏ္ဏာသ (သုတ် ၅၁-၁၀၀) တွင် တတိယဝဂ်အဖြစ် တည်ရှိသည်။ မဇ္ဈိမနိကာယသည် သုတ္တန်ပိဋက၏ ဒုတိယပိဋကျဖြစ်ပြီး အလယ်အလတ်ရှည်လျားသော သုတ်များကို စုစည်းထားသည်။ ရာဇဝဂ်တွင် သုတ် ၁၀ သုတ် (သုတ် ၈၁-၉၀) ပါဝင်ပြီး ဤသုတ်များသည် ဘုရင်များ၊ အုပ်ချုပ်ရေးနှင့် ဓမ္မသဘောတရားများကို အဓိကထား ဖော်ပြထားသည်။

 

၃။ တည်ဆောက်ပုံ

ရာဇဝဂ်သည် သုတ် ၁၀ သုတ်ပါဝင်ပြီး အောက်ဖော်ပြပါ သုတ်များဖြစ်သည်-

၁။ ဃဋိကာရသုတ်

၂။ ရဋ္ဌပါလသုတ်

၃။ မဃဒေဝသုတ်

၄။ မဓုရသုတ်

၅။ ဗောဓိရာဇကုမာရသုတ်

၆။ အင်္ဂုလိမာလသုတ်

၇။ ပိယဇာတိကသုတ်

၈။ ဗာဟိတိကသုတ်

၉။ ဓမ္မစေတိယသုတ်

၁၀။ ကဏ္ဏကတ္ထလသုတ်

 

ဤသုတ်များသည် အုပ်ချုပ်ရေး၊ တရားဓမ္မ၊ ကိုယ်ကျင့်တရားနှင့် လူမှုရေးဆိုင်ရာ သွန်သင်ချက်များကို ဖော်ပြထားပြီး ဘုရင်များ၊ မင်းသားများနှင့် လူထုခေါင်းဆောင်များနှင့် ဆက်စပ်မှုရှိသည်။ သုတ်တစ်ခုစီသည် သီးခြားအကြောင်းအရာတစ်ခုကို အဓိကထား ဖော်ပြထားသော်လည်း အားလုံးသည် ဓမ္မသဘောတရားကို ဗဟိုပြု ဆက်စပ်နေသည်။

 

၄။ ပါဝင်သောအကြောင်းအရာ

ရာဇဝဂ်တွင် ပါဝင်သော သုတ်များ၏ အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်-

+++

မန ၈၁: ဃဋိကာရသုတ်

ကဿပမြတ်စွာဘုရားလက်ထက်က အိုးထိန်းသည် ဃဋိကာရအကြောင်းကို ဟောကြားခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် ရဟန်းသံဃာများစွာတို့နှင့်အတူ ကောသလတိုင်းအတွင်း ဒေသစာရီလှည့်လည် တော်မူစဉ် တစ်ခုသောအရပ်၌ ရှေးအခါက ဝေဂဠိင်္ဂရွာကြီးနှင့် ကဿပမြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းတော်ကြီးရှိခဲ့ကြောင်းမိန့်တော်မူပါသည်။

 

ဝေဂဠိင်္ဂရွာကြီးသည် လူဦးရေထူထပ်များပြား၏။ ထိုရွာကြီးကို အမှီပြု၍ ကဿပမြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့၏။ ထိုရွာမှ အိုးထိန်းသည် ဃဋိကာရသည် ကဿပမြတ်စွာဘုရား၏ မြတ်သောအလုပ်အကျွေးဖြစ်၏။ ဃဋိကာရသည် သူငယ်ချင်းဇောတိပါလ လုလင်ကို ကဿပဘုရား ထံသွား၍ ဖူးမြင်ရန်ဖိတ်ခေါ်၏။ အကြိမ်ကြိမ်ငြင်းဆန်နေသည့်ကြားမှ ဖိတ်ခေါ်သည့်အတွက် ကျောင်းတော်သို့ လိုက်ပါလေသည်။ မြတ်စွာဘုရားထံမှ တရားနာကြားပြီးနောက် ဇောတိပါလ လုလင် ရဟန်းပြုလေ၏။

 

ဃဋိကာရသည် မျက်မမြင်မိဘနှစ်ပါး လုပ်ကျွေးနေရသဖြင့် ရဟန်းမပြုနိုင်ပေ။ ကဿပမြတ်စွာဘုရား သည် ကာသိတိုင်း ဗာရာဏသီပြည်သို့ ကြွရောက်စဉ် ကိကီမင်းကြီးက မြတ်စွာဘုရား ကာသိတိုင်း၌ ဝါဆိုတော်မူပါ။ မြတ်စွာဘုရားနှင့် သံဃာတော်များအား ဆွမ်းလုပ်ကျွေးလိုပါသည်ဟု လျှောက်၏။ ကဿပမြတ်စွာဘုရားသည် ကိကီမင်းကြီး၏ လျှောက်ထားချက်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်၏။

 

ဝေဂဠိင်္ဂရွာမှ အိုးထိန်းသည် ဃဋိကာရ၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်မိန့်ကြားလေသည်။ အိုးထိန်းသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်၏။ မကောင်းမှုတို့မှ ရှောင်ကြဉ်၏။ ရတနာသုံးပါးတို့၌ ခိုင်မြဲသော ယုံကြည်မှုနှင့်ပြည့်စုံ၏။ အရိယာတို့နှစ်သက်သော သီလနှင့် ပြည့်စုံ၏။ သစ္စာလေးပါး၌ ယုံမှားခြင်းကင်း၏။

 

ထမင်းတနပ်သာစား၏ မေထုန်မှ ရှောင်ကြဉ်၏။ ရွှေငွေကို မကိုင် မြေကြီးကို မတူးဖြို။ ကမ်းပြိုသောမြေ ကြွက်ကျစ်စာမြေတို့ကို သယ်ဆောင်၍ အိုးခွက်များ ပြုလုပ်၏။ စားသောက်ဖွယ်တို့ဖြင့် ဖလှယ်၏။ အောက်အဖို့ရှိသော သံယောဇဉ်ငါးပါး ကုန်ပြီးဖြစ်၍ ဗြဟ္မာဘုံ၌ပင် ဘဝဇာတ်ငြိမ်းမည့်သူဖြစ်၏။

 

ကဿပမြတ်စွာဘုရားကလည်း ဃဋိကာရအိမ်မှ ထမင်း ဟင်းတို့ကို အိုးမှ ကိုယ်တော်တိုင် ခပ်ယူ သုံးဆောင်တော်မူသည်။ ကဿပမြတ်စွာဘုရားသည် မိမိသီတင်းသုံးရာကျောင်းမှာ မိုးမလုံသဖြင့် ရဟန်းတို့ကို စေလွတ်လိုက်၏။ ဃဋိကာရ၏ အလုပ်တဲမှ သက်ငယ်မြက်များကို ခွာယူ၍ မိမိ သီတင်းသုံးရာ ကျောင်းကို မိုးစေတော်မူသည်။

 

မြတ်စွာဘုရားနှင့် ဤမျှအကျွမ်းတဝင်ရှိသော ဃဋိကာရကား အရတော်ပေစွဟု မင်းကြီးက ချီးကျူးလေသည်။ သလေးဆန် လှည်းငါးရာတိုက်နှင့် ဟင်းချက်စရာတို့ကိုလည်း ဃဋိကာရအိမ်သို့ ပို့လေသည်။ ဃဋိကာရက လက်မခံဘဲ မင်းကြီးထံပြန်ပို့လေသည်။ ထိုဃဋိကာရ၏ သူငယ်ချင်း ဇောတိပါလသည် ငါဘုရား ဖြစ်လာ၏ဟု မိန့်တော်မူပါသည်။

 

မန ၈၂: ရဋ္ဌပါလသုတ်

အရှင်ရဋ္ဌပါလ ရဟန်းပြုလာခြင်းနှင့် ရဟန်းပြုရခြင်း၏ အကြောင်းရင်းကို ကောရဗျမင်းအား ဟောကြားချက်များ ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာ ကုရုတိုင်းအတွင်း ဒေသစာရီလှည့်လည်စဉ် ထုလ္လကောဋိကနိဂုံး၌ လာရောက်ဖူးမြော်ကြ သူတို့အား တရားဟောတော်မူ၏။ ရဋ္ဌပါလသည် တရားနာပြီးနောက် မိဘများထံ ရဟန်းပြုခွင့် မရအရ တောင်းခံ၏။ ရဟန်းပြုပြီးနောက် ရဟန်းတရားကို ပြင်းထန်စွာ အားထုတ်သဖြင့် မကြာမီ ရဟန္တာဖြစ်လေ၏။

 

အရှင်ရဋ္ဌပါလ မင်းဥယျာဉ်၌ သီတင်းသုံးနေစဉ် ကောရဗျမင်း လာရောက်တွေ့ဆုံ၍ ရဟန်းပြုရခြင်း အကြောင်းရင်းကို မေးမြန်းလေသည်။ အိုခြင်း, နာခြင်း, စည်းစိမ်ပျက်စီးခြင်း, ဆွေမျိုးပျက်စီးခြင်း, ဟူသော ပျက်စီးခြင်းလေးပါးတွင် တစ်ပါးပါးကြောင့် ရဟန်းပြုကြ၏။ ထိုလေးပါးသော ပျက်စီးခြင်း တို့တွင် တစ်ပါးမျှပင် ရှင်ရဋ္ဌပါလအား မရှိပါ။ သို့ပါလျက် မည်သည့်အကျိုးကို မျှော်ကာ ရဟန်းပြု လာပါသနည်းဟု ကောရဗျမင်းက မေး၏။

ဗုဒ္ဓမြတ်စွာ ဟောကြားသော တရားညွှန်းလေးပါးကို သိမြင်၍ ရဟန်းပြုခဲ့ခြင်းဖြစ်ကြောင်း အရှင်ရဋ္ဌပါလက ဖြေပါသည်။ ထိုတရားညွှန်းလေးပါးကား ….

(၁) လူအပေါင်းသည် အိုခြင်းသေခြင်းတို့၏ ဆွဲငင်မှုကို ခံနေရသောကြောင့် အမြဲမတည်။

(၂) လူအပေါင်းသည် ခိုကိုးရာမရှိ အားထားရာမရှိ။

(၃) လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာမရှိ။ ပစ္စည်းအားလုံးကို စွန့်ခွာသွားရမည်သာ ဖြစ်၏။

(၄) လူအပေါင်းသည် အလိုမပြည်နိုင်။ အမြဲယုတ်လျော့နေသည်သာဖြစ်၏။ ရောင့်ရဲခြင်းမရှိ။ တဏှာ၏ ကျေးကျွန်ဖြစ်၏။

ကောရဗျမင်းက သိလိုသဖြင့် အရှင်ရဋ္ဌပါလသည် အကျယ်တဝင့် ဟောပြပါသည်။

 

လူတို့သည် ငယ်ရွယ်နုပျိုရာမှ တဖြေးဖြေး အိုမင်းလာသော် ငယ်ရွယ်စဉ်က ကိုယ်၏ အစွမ်းတို့သည် လည်း အမြဲမတည် ယိုယွင်းလာပြီး အိုမင်းမစွမ်းဖြစ်လာရ၏။ ထို့ကြောင့် လူတို့သည် အိုခြင်း သေခြင်းသို ဆွဲငင်ခံနေရသောကြောင့် အမြဲမတည်ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူ၏။

 

ပြင်းထန်သည့် အနာရောဂါ ဝေဒနာကို ခံစားရသော် မိမိတဦးတည်းသာလျှင် ကြိတ်မှိတ်ခံစားနေရပြီး အနားရှိသော ဆွေမျိုးသားချင်းတို့က ဘာမျှလုပ်မပေးနိုင်။ ထို့ကြောင့် လူတို့သည် ခိုကိုးရာမရှိ အးထားရာ မရှိဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူပါသည်။

 

ရှိသမျှသော စည်းစိမ်တို့သည် သေသည့်အခါ ထားရစ်ခဲ့ရမည်။ ထို့ကြောင့် လူတို့သည် ကိုယ်ပိုင်ဥစ္စာ မရှိ။ ပစ္စည်းအားလုံးကို စွန့်ခွာ၍ ဘဝတစ်ပါးသို့ သွားရသည်သာဖြစ်၏ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူ ပါသည်။

 

ကုရုတိုင်း တစ်ခုလုံး ပိုင်သော်လည်း မင်းစည်းစိမ်ဖြင့် မရောင့်ရဲနိုင်ဘဲ နိုင်ငံငယ်များကို တိုက်ခိုက် သိမ်းပိုက်မည်သာဖြစ်၏။ ထို့ကြောင့် လူတို့သည် အလိုမပြည့်နိုင်။ အမြဲပင် နောက်ထပ်လိုချင် နေမည်ဖြစ်၏။ ရောင့်ရဲခြင်းမရှိ။ တဏှာ၏ ကျေးကျွန်သာ ဖြစ်နေရ၏ဟု အကျယ်တဝင့် ရှင်းပြပါသည်။

 

မန ၈၃: မဃဒေဝသုတ်

မဃဒေဝမင်းကြီးအကြောင်းကို ပြန်ပြောင်းဟောကြားခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် မိထိလာပြည် မဃဒေဝသရက်ဥယျာဉ်၌ သီတင်းသုံးစဉ် မဃဒေဝမင်းကြီး အကြောင်းကို ပြန်ပြောင်း၍ ဟောကြား တော်မူပါသည်။

 

ရှေးအခါက မိထိလာပြည်ဝယ် တရားစောင့်၍ တရားနှင့်အညီ မင်းပြုသည့် မဃဒေဝမင်းသည် ရှိခဲ့၏။ ဥပုသ်သီတင်းစောင့်၏။ မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူများ ပေါက်လာသည့်အခါ အိမ်ရှေ့မင်းသားအား ထီးနန်းလွဲအပ်ကာ ရသေ့ရဟန်းအဖြစ်ဖြင့် မဃဒေဝသရက်ဥယျာဉ်၌ နေထိုင် လေသည်။

 

မဃဒေဝမင်းကြီးသည် သတ္တဝါအားလုံးအပေါ်၌ အကန့်အသတ်မရှိ ပြန့်ပြောမြင့်မြတ်သော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာစိတ်တို့ဖြင့် ဖြန့်၍နေ၏။ မဃဒေဝမင်းကြီးသည် ကလေးသူငယ်အဖြစ်ဖြင့် အနှစ်ရှစ်သောင်းလေးထောင် အိမ်ရှေ့မင်းအဖြစ်ဖြင့် အနှစ်ရှစ်သောင်းလေးထောင် ပြည့်ရှင်မင်း အဖြစ်ဖြင့် အနှစ်ရှစ်သောင်းလေးထောင် ရသေ့ရဟန်းအဖြစ်ဖြင့် အနှစ်ရှစ်သောင်းလေးထောင်နေပြီး ကွယ်လွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

 

မဃဒေဝမင်းကြီး၏ သားတော်မှစ၍ ရှစ်သောင်းလေးထောင်သော မင်းတို့သည် မဃဒေဝမင်းကြီး နည်းတူပင် မိမိတို့ခေါင်း၌ ဆံပင်ဖြူပေါက်သောအခါ သားတော်ကြီးအား နိုင်ငံကိုလွဲအပ်၍ ရသေ့ ရဟန်း ဝတ်ပြီး ဗြဟ္မာ့ဝိဟာရတရားလေးပါးကို ပွားများကာ မဃဒေဝဥယျာဉ်၌ နေထိုင်ခဲ့ကြ၏။

 

ထိုရှစ်သောင်းလေးထောင်သော မင်းတို့တွင် နေမိမင်းသည် နောက်ဆုံးဖြစ်၏။ တာဝတိံသာနတ်ပြည် မှ နတ်တို့က နေမိမင်းအား ဖူးမြင်လိုကြ၏။ သိကြားမင်းသည် မာတလိနတ်သားကို စေလွှတ်၍ နေမိမင်းအား တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်စေပါသည်။ မင်းကြီး၏ဆန္ဒအရ နတ်ဘုံ အပါယ်ဘုံများသို့ ပို့ဆောင်ပေးပြီးနောက် တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်ပါသည်။ ထို့နောက် လူ့ပြည်သို့ ပြန်လည်ပို့ပေးပါသည်။

 

နေမိမင်း၏ သားတော် ကဠာရဇနကမင်းသည်ကား ဦးခေါင်း၌ ဆံပင်ဖြူကို တွေ့သော်လည်း တောထွက်၍ ရသေ့ရဟန်းမပြုသဖြင့် ရှေးအစဉ်အလာကျင့်ဝတ်မှာ ပြတ်တောက်သွားလေ၏။

 

မဃဒေဝမင်းကြီးသည် ငါဘုရားပင်တည်း။ မဃဒေဝမင်းကြီးဘဝဖြင့် ငါထားခဲ့သည့် ကျင့်ဝတ်သည် ကိလေသာကုန်ခန်း ဆင်းရဲချုပ်ငြိမ်းခြင်းအတွက် မဖြစ်။ ဗြဟ္မာ့ပြည်သို့ ရောက်ရန်အတွက်သာ ဖြစ်၏။

 

ယခုငါဘုရားထားခဲ့သည့် အရိယာမဂ်တည်းဟူသော ကျင့်ဝတ်သည်သာ ကိလေသာချုပ်ငြိမ်းရန် ဉာဏ်ဖြင့်ထိုးထွင်း သိမြင်ခြင်းအတွက် ဖြစ်၏။ သင်တို့သည် ထိုကျင့်ဝတ်ကို ဆက်လက်လိုက်နာ ကျင့်သုံးကြကုန်လော့။ ကျင့်ဝတ်ကို ဖြတ်တောက်သူများ မဖြစ်ကြကုန်လင့်ဟု ဟောကြားပါသည်။

 

မန ၈၄: မဓုရသုတ်

အမျိုးလေးပါးနှင့် ပတ်သက်၍ မဓုရမင်း၏ မေးမြန်းချက်ကို အရှင်မဟာကစ္စည်း ဟောကြားသော တရားဖြစ်သည်။

 

အရှင်မဟာကစ္စည်းသည် အကြားအမြင်များ၍ ဆန်းကြယ်စွာ တရားဟောတတ်၏။ မဓုရာပြည်အနီး နွားမြေရင်းတော၌ သီတင်းသုံးနေ၏။

 

အဝန္တိမင်း၏မြေး မဓုရာမင်းသည် အရှင်မဟာကစ္စည်းထံ မေးလျှောက်၏။ ပုဏ္ဏားမျိုးသာမြတ်၏။ တပါးသောအမျိုး ယုတ်၏။ ပုဏ္ဏားမျိုးသာ ဖြူစင်၏။ တပါးသောအမျိုးသည် မည်ညစ်၏။ ပုဏ္ဏားများ သည် စင်ကြယ်၏။ တပါးသူတို့သည် မစင်ကြယ်။ ပုဏ္ဏားများသည် ဗြဟ္မာ၏ ခံတွင်းမှ ပေါက်ဖွားသော သားရင်းများဖြစ်၏ဟု ပုဏ္ဏားတို့က ပြောဆိုကြပါသည်။ ပုဏ္ဏားတို့ ဤသို့ ပြောဆိုကြ သည်ကို အရှင်ဘုရား မည်သို့ ပြောပါမည်နည်း။

 

ထိုသို့ပြောဆိုကြသော ပုဏ္ဏားတို့၏ စကားသည် အသံမျှသာဖြစ်၏။ အမျိုးလေးပါးတွင် မည်သည့် အမျိုးဖြစ်စေ တယောက်သောသူသည် ပစ္စည်းဥစ္စာနှင့်ပြည့်စုံကြွယ်ဝ၏။ ထိုသူကို အမျိုးလေးပါး တို့က ရိုသေကျိုးနွံကြသည်ပင်ဖြစ်၏။ သို့ဖြစ်၍ အမျိုးလေးပါးသည် ထူးခြားမှုမရှိပေ။

 

အမျိုးလေးပါးတွင် မည်သည့်အမျိုးဖြစ်စေ၊ တယောက်သောသူသည် မကောင်းမှုပြု၏။ ထိုသူသည် သေလွန်သောအခါ အပါယ်ငရဲသို့ ကျရောက်မည်ပင်ဖြစ်၏။ သို့ဖြစ်၍ အမျိုးလေးပါးသည် ထူးခြားမှု မရှိပေ။

 

အမျိုးလေးပါးတွင် မည်သည့်အမျိုးပင်ဖြစ်စေ၊ တစ်ယော်ကသောသူသည် ရာဇဝတ်မှု ကျူးလွန်ခဲ့သော် ပြစ်ဒဏ်တစ်မျိုးမျိုးကို ခံရမည်သာ ဖြစ်၏။ သို့ဖြစ်၍ အမျိုးလေးပါးသည် ထူးခြားမှု မရှိပေ။

 

အမျိုးလေးပါးတွင် မည်သည်အမျိုးဖြစ်စေ တစ်ယောက်သော သူသည် ရဟန်းဘောင်သို့ ဝင်၍ အကျင့်မတ်ကို ကျင့်သုံးနေ၏။ ထိုရဟန်းကို အမျိုးလေးပါးလုံးကပင် ရှိခိုးခြင်း ခရီးဦးကြိုခြင်း ပစ္စည်းလေးပါး ထောက်ပံ့ခြင်းတို့ ပြုကြမည်ဖြစ်၏။ အမျိုးအမည်ပညတ်ပျောက်၍ ရဟန်းအဖြစ် ရောက်သွားသောကြောင့် ဖြစ်ပါ၏။ သို့ဖြစ်၍ အမျိုးလေးပါးသည် ထူးခြားမှုမရှိပေ။

 

ဤသို့အရှင်မဟာကစ္စည်းက မိန့်ကြားလျှင် မဓုရမင်းသည် လွန်စွာ နှစ်သက်သဖြင့် ရတနာသုံးပါးနှင့် တကွ အရှင်ဘုရားအား ကိုးကွယ်ဆည်းကပ်ပါ၏ဟု လျှောက်၏။ ငါ့အား မကိုးကွယ်မဆည်းကပ်နှင့် မြတ်စွာဘုရားကိုသာ ကိုးကွယ် ဆည်းကပ်ပါဟု အရှင်မဟာကစ္စည်းက မိန့်၏။ မြတ်စွာဘုရား ဘယ်မှာ သီတင်းသုံးသနည်း ယူဇနာတရာဝေးသောအရပ်၌ သီတင်းသုံးသည်ဖြစ်စေ မြတ်စွာဘုရား အား သွားရောက်ဖူးမြောက်ပါမည်။ မြတ်စွာဘုရားကား ပရိနိဗ္ဗာန်ပြုတော်မူပြီ။ ထိုပရိနိဗ္ဗာန်ပြုတော် မူပြီးသော မြတ်စွာဘုရားကိုပင် ကိုးကွယ်ဆည်းကပ်ပါ၏ဟု လျှောက်၏။

ဤသုတ်သည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးမှ ဟောကြားခြင်းဖြစ်သည်။

 

မန ၈၅: ဗောဓိရာဇကုမာရသုတ်

တောထွက်သည်မှစ၍ ပင်ပန်းစွာကျင့်ကြံအားထုတ်ခဲ့ပုံ ဉာဏ်အမြင်ထူးရခဲ့ပုံ ဓမ္မစကြာ ဟောတော်မူသည် အထိ ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်ကို ကိုယ်တိုင်ပြန်လည် ဟောပြခြင်းဖြစ်သည်။ တရားအားထုတ်သူ၏ အင်္ဂါငါးပါးကိုလည်း ဟောကြားထားသည်။

 

ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့အနီး ပဲစင်းငုံတော၌ သီတင်းသုံးနေစဉ် ဗောဓိမင်းသား၏ ကောကနဒ နန်းပြသာဒ်ဖွင့်ပွဲသို့ ဗုဒ္ဓမြတ်စွာ ကြွရောက်တော်မူသည်။

 

ချမ်းသာနှင့်ရင်းနှီးခြင်းဖြင့် ချမ်းသာကိုမရနိုင်။ဆင်းရဲဒုက္ခ နှင့် ရင်းနှီးမှသာ ချမ်းသာသုခကို ရနိုင်၏ဟု တွေးမိကြောင်း ဗောဓိမင်းသားက လျှောက်ထား၏။ ဘုရားမဖြစ်မီက ဤသို့ပင် တွေးမိ၍ ပင်ပန်းစွာ ကျင့်ကြံအားထုတ်ခဲ့ပုံ ဉာဏ်အမြင်ထူးကို ရရှိခဲ့ပုံတို့ကို ပြန်ပြောင်းဟောပြပါသည်။

 

အေးချမ်းရာနိဗ္ဗာန်ကိုရှာရန် အကြံဖြစ်သဖြင့် အရွယ်ကောင်းချိန်မှာပင် ရဟန်းပြုခဲ့၏။ ကာလာမအနွယ်ဝင် အာဠာရ ရသေ့နှင့် ရာမ၏သား ဥဒကရသေ့တို့၏ အကျင့်များကို ကျင့်သုံးခဲ့ရာ နေဝသညာနာသညာယတနဈာန်ကို ရခဲ့သည်။သို့သော်လည်း ထိုအကျင့်များဖြင့် ဆင်းရဲငြိမ်းမှုကို မရ နိုင်ဟု သိ၍ နိဗ္ဗာန်ကိုရှာလျက် မဂဓတိုင်းအတွင်း လှည့်လည်ခဲ့ရာ ဥရုဝေလတော သေနာနိဂုံးသို့ ရောက်ခဲ့၏။ ကမ္မဋ္ဌာန်းအားထုတ်ရန် ကြံရွယ်ပြီး ထိုအရပ်၌ နေထိုင်ခဲ့၏။

 

ငါ၏စိတ်ဝယ် ရေထဲ၌ချထားသော ထင်းစိုတုံးဥပမာ ကုန်းပေါ်၌ချထားသော ထင်းစိုတုံးဥပမာ ကုန်းပေါ်၌ချထားသော သစ်ခြောက်တုံးဥပမာဟူသော ဥပမာသုံးရပ်ပေါ်လာ၏။

 

ကိုယ်အားဖြင့်လည်းကောင်း စိတ်အားဖြင့်လည်းကောင်း ကာမဂုဏ်တို့မှ ကင်းဆိတ်၍ နေထိုင်ကာ မိမိအတွင်းသန္တာန်၌ ကိလေသာအဆီအစေးကို ပယ်ပြီးသော ရဟန်းပုဏ္ဏား တို့သည်သာ လုံ့လစိုက်ထုတ်မှုကြောင့် ဖြစ်ပေါ်သည့် ခါးသီးသောဝေဒနာကို ခံစားရသည်ဖြစ်စေ မခံစားရသည်ဖြစ် စေ အတုမဲ့မြင့်မြတ်သောဉာဏ်အမြင်ကို ရရှိရန် ထိုက်တန်ကြောင်း စဉ်းစားဆင်ခြင်မိ၏။

 

ထို့နောက် ငါသည် မိမိစိတ်ကို နှိပ်ကွပ်လိုသဖြင့် သွားကိုကြိတ်၍ လျှာဖြင့်အာစောက်ကို ထောက်ကာ အကုသိုလ်စိတ် ကို ကုသိုလ်စိတ်ဖြင့် ဖိနှိပ်ညှစ်ခဲ့၏။လက်ကတီးကြားမှ ချွေးများ တဒီးဒီး ယိုစီး ကျခဲ့၏။

 

တဖန် ထွက်သက်ဝင်သက်မရှိသော(အသက်မရှူသော) ဈာန်ကို ဝင်စားလိုသဖြင့် ပါးစပ်နှင့် နှာခေါင်းပေါက်တို့ကို ပိတ်လိုက်ရာ လွန်ကဲပြင်းထန်သော အသံသည် ဖြစ်၏။ လွန်ကဲပြင်းထန်သော လေသည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ ဦးခေါင်း၌ လွန်ကဲပြင်းထန်သော ကိုက်ခဲခြင်းဖြစ်ပေါ်လာ၏။ လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွရစ် မွှေကုန်၏။ကိုယ်၌လည်း လွန်ကဲပြင်းထန် သော ပူလောင်ခြင်း ဖြစ်ပေါ်လာ၏။

 

တစ်လက်ဖက်မျှသော ပဲနောက်ရည် ပဲပိစပ်ရည်တို့ဖြင့် မျှတနေခဲ့၏။ငါ၏ကိုယ်သည် အလွန်ပိန်၍ ယခင်က အလွန်စင်ကြယ်ဖြူဖွေးသော အသားအရေသည် များစွာ ပျက်စီးခဲ့၏။

 

အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားခဲ့ကုန်သော အတိတ်ကာလက သမဏဗြဟ္မဏအားလုံးတို့သည် ဤခံ စားခြင်းလောက်သာလျှင် ဖြစ်၏။ ဤခံစားခြင်းထက် မပိုလွန်။ အနာဂတ်ကာလ၌လည်း ထို့အတူဖြစ်၏။ပစ္စုပ္ပန်ကာလ၌လည်း ထို့အတူဖြစ်၏။

 

ငါသည် ဤမျှ ဆင်းရဲပင်ပန်းသော အကျင့်ဖြင့် ဉာဏ်အမြင်ထူးကို မရရှိသဖြင့် အခြားကျင့်စဉ်ကို ရှာကြံ စဉ်းစား၏ ။ထိုအကျင့်ကို အားထုတ်နိုင်ရန် ပကတိအစားအစာများ ကို စားသုံးခဲ့၏။ထိုအခါ ငါ့အားလုပ်ကျွေးနေကြသော ရဟန်းငါးဦးတို့သည် ငါ့ထံမှ ထွက်ခွာသွားကြလေသည်။

 

ငါသည် ပကတိအစားအစာများကို မှီဝဲခြင်းဖြင့် မိမိကိုယ် ကို အားဖြည့်ပြီး ဈာန်အဆင့်ဆင့်နှင့်တကွ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ်တို့ကို ရရှိ ခဲ့၏။ယင်းသို့ ရရှိသောအခါ မိမိရရှိသည့် နက်နဲသောတရားကို သတ္တဝါတို့ သိနိုင်မည်မဟုတ်သဖြင့် တရားမဟောဘဲ ကြောင့်ကြမဲ့ နေရန် အကြံဖြစ်ပေါ်၏။

 

သို့သော်လည်း သဟမ္ပတိဗြဟ္မာက တောင်းပန်သည့်အပြင် တရားကိုသိမြင်နိုင်မည့်သူများ ရှိကြောင်းကိုလည်း ဗုဒ္ဓ စက္ခုဖြင့် မြင်သောကြောင့် ပဉ္စဝဂ္ဂီတို့ကို တရားဟောရန် ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ ခရီးထွက်ခဲ့၏။ လမ်းခရီးတွင် ဥပကတက္ကတွန်းနှင့်တွေ့၍ ငါသည် ဇိနအမည်ရှိ၍ ငါ့အား ဆရာမရှိကြောင်း ဖြေခဲ့၏။

 

မိဂဒါဝုန်တောသို့ ရောက်သောအခါ ပဉ္စဝဂ္ဂီတို့သည် ဉာဏ် အမြင်ထူးကို ငါရရှိပြီဆိုခြင်းကို မယုံကြည်ကြသဖြင့် မကျိုးမနွံနေခဲ့ကြ၏။သို့သော်လည်း နောက်ဆုံးတွင် ပဉ္စဝဂ္ဂီ တို့သည် ငါ့စကားကို လက်ခံလာကြပြီး ငါဟောကြားသော တရားကို နာယူကြရာ မကြာမီ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကြလေ၏။

 

ယင်းသို့ ဗုဒ္ဓမြတ်စွာ ဆင်းရဲငြိမ်းအေးရေးတရားကို ကိုယ်တော်တိုင် ရှာဖွေတွေ့ရှိခဲ့ပုံကို ဟောကြားသောအခါ ဗောဓိ မင်းသားက ဤသို့ မေးလျှောက်ပြန်၏။

 

မြတ်စွာဘုရားကဲ့သို့သော ဆရာကိုရသော ရဟန်းသည် အရဟတ္တဖိုလ်ကို မည်မျှသော အချိန်ကာလဖြင့် မျက်မှောက်ပြုနိုင်ပါမည်နည်း။

 

ကမ္မဋ္ဌာန်းအားထုတ်သူတို့အတွက် အင်္ဂါငါးပါးရှိ၏။ မြတ်စွာဘုရား၏ ဗောဓိဉာဏ်၌ယုံကြည်ခြင်း, အနာရောဂါကင်း ၍ကျန်းမာခြင်း,ဟန်ဆောင်မှု လှည့်စားမှုမရှိခြင်း,အကုသိုလ်တရားတို့ကိုပယ်၍ ကုသိုလ်တရားများကို ပြည့်စုံစေရန် ထက်သန်သောလုံ့လရှိခြင်း,ဆင်းရဲကုန်ခန်းခြင်းသို့ ရောက်စေနိုင်သည့် ထိုးထွင်းဉာဏ်နှင့်ပြည့်စုံခြင်းတို့ ဖြစ် ၏။

ထိုအင်္ဂါငါးပါးနှင့် ပြည့်စုံသောရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆရာကိုရသည်ရှိသော် ခုနစ်နှစ် ခုနစ်လ ခုနစ်ရက် ညနေပိုင်းဆုံးမသော် နံနက်ပိုင်းတွင် နံနက်ပိုင်း ဆုံးမသော် ညနေပိုင်းတွင် တရားထူးကို ရနိုင်၏ဟု ဟောတော်မူပါသည်။

 

မန ၈၆: အင်္ဂုလိမာလသုတ်

အင်္ဂုလိမာလအား ဆုံးမတော်မူခြင်းဖြစ်သည်။ အောင်ခြင်းရှစ်ပါးတွင် တစ်ခုအပါအဝင်ဖြစ်သော အင်္ဂုလိမာလကို အောင်နိုင်ခြင်းနှင့် ပရိတ်ကြီးဆယ့်တစ်သုတ်မှ အင်္ဂုလိမာလပရိတ် စတင်ပုံတို့ကို ဖော်ပြထားသည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် ကောသလတိုင်းအတွင်း၌ အင်္ဂုလိမာလမည်သော လူဆိုးကြီးတစ်ယောက် ပေါ်ပေါက်နေသည်။ အင်္ဂုလိမာမ၏ ရန်ကြောင့် ရွာနိဂုံးဇနပုဒ်အချို့ပင် ပျက်သုဉ်းသွားကြ၏။ အင်္ဂုလိမာလသည် လူတို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး ထိုလူတို့၏ လက်ချောင်းများကိုဖြတ်၍ ပန်းကုံးသဖွယ် သီကုံးကာ လည်ပင်း၌ ဆွဲထား၏။ တစ်နေ့သ၌ ဗုဒ္ဓမြတ်စွာသည် ဆွမ်းကိစ္စပြီးသောအခါ အင်္ဂုလိမာလရှိရာအရပ်သို့ ဦးတည်၍ ခရီးထွက်တော် မူလေသည်။

 

နွားကျောင်းသား ဆိတ်ကျောင်းသားစသူတို့သည် ဗုဒ္ဓမြတ်စွာကို မြင်ကြလျှင် သတိပေးပြောဆိုကြ၏ ဗုဒ္ဓမြတ်စွာသည် သုံးကြိမ်တိုင်အောင် သတိပေးပြောဆိုသော ထိုသူတို့အား မည်သို့မျှ တုံ့ပြန်ခြင်း မပြုဘဲ ခရီးကိုသာ ဆက်လက်ကြွတော်မူသည်။

 

အင်္ဂလိမာလသည် တစ်ပါးတည်း အေးဆေးတည်ငြိမ်စွာ ကြွလာသော ဗုဒ္ဓမြတ်စွာကို အဝေးမှ လှမ်း၍ မြင်သော် ဗုဒ္ဓမြတ်စွာ၏ နောက်မှ လိုက်လေသည်။ ဗုဒ္ဓမြတ်စွာသည် ပကတိအတိုင်း ကြွသွားသော မိမိအား အင်္ဂုလိမာလအစွမ်းကုန်် လိုက်သော်လည်း မမှီစေရန် တန်ခိုးဖြင့် ဖန်တီးထားလေသည်။

အင်္ဂုလိမာလသည် ဆင်မြင်းများကိုပင် အမှီလိုက်နိုင်ပါလျက် ပကတိအတိုင်း ကြွသွားသော ဗုဒ္ဓအား အမှီမလိုက်နိုင်ဘဲ ဖြစ်နေသောအခါ လွန်စွာအံ့ဩလှသဖြင့် ရဟန်း ရပ်လော့ဟု ဆို၏။ အင်္ဂုလိမာလ ငါသည် ရပ်နေ၏ သင်လည်း ရပ်လော့ဟု ဗုဒ္ဓမြတ်စွာက ပြန်၍ မိန့်ကြား၏။

 

အင်္ဂုလိမာလသည် ဤရဟန်းကား သွားလာနေလျက်နှင့်ပင် ငါရပ်နေ၏ဟု ပြောဆို၏။ အကြောင်းထူး တစ်စုံတစ်ခု ရှိတန်ရာ၏ဟု စဉ်းစားကာ အဘယ်သို့လျှင် သင်သည် ရပ်နေပြီး ကျွန်ုပ်သည် ရပ်မနေပါသနည်းဟု မေးလေသည်။

 

အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း အလုံးစုံသော သတ္တဝါတို့ အပေါ်ဝယ် လက်နက်ကို စွဲကိုင်ခြင်း မပြုတော့ဘဲ ပစ်ချထားပြီးဖြစ်၏။ သင်သည်ကား သတ္တဝါအားလုံးတို့အပေါ်ဝယ် သတ်ဖြတ်ညှင်းဆဲ ခြင်းမှ စောင့်စည်းမှုမရှိ။ ထို့ကြောင့် ငါသည် ရပ်နေသူဖြစ်၍ သင်သည် ရပ်မနေသူဖြစ်၏။

 

ဗုဒ္ဓမြတ်စွာ၏ အဖြေစကားကို ကြားရသောအခါ အင်္ဂုလိမာလသည် လွန်စွာထိတ်လန့်လျက် ကျွန်ုပ်သည် မကောင်းမှုကို စွန့်ပယ်ပါတော့အံ့ဟု လျှောက်၏။ လက်နက်များကို ချောက်ကမ်းပါးထဲသို့ ပစ်ချလိုက်ပြီး မိမိအား ရဟန်းပြုပေးရန် တောင်းပန်သည်။ ဗုဒ္ဓမြတ်စွာသည် အင်္ဂုလိမာလအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်စေတော်မူသည်။

 

ထို့နောက် ဗုဒ္ဓမြတ်စွာသည် အင်္ဂုလိမာလအား နောက်လိုက် ရဟန်းအဖြစ်ဖြင့် ခေါ်ဆောင်ကာ သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူသည်။ ထိုအချိန်တွင် ပြည်သူလူထုများစွာတို့သည် ကောသလမင်း၏ နန်းတော်တံခါးဝ၌ စုဝေးကြပြီး အင်္ဂုလိမာလကို နှိမ်နင်းပေးရန် ကောသလမင်းကြီးအား အော်ဟစ် တောင်းဆိုကြ၏။ ယင်းတောင်းဆိုချက်အရ ကောသလမင်းကြီးသည် မြင်းငါးရာဖြင့် သာဝတ္ထိမြို့တွင်းမှထွက်၍ ဗုဒ္ဓမြတ်စွာအား ဖူးမြင်ရန် ဇေတဝန်ကျောင်းတော်သို့ ဝင်လေသည်။

 

ကောသလမင်းကြီးသည် အရှင်အင်္ဂုလိမာလထံ ချဉ်းကပ်၍ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားသည်။ အရှင်အင်္ဂုလိမာလကား ဓုတင်အကျင့်များကို ဆောက်တည်ထားပြီးဖြစ်၍ မင်းကြီး၏ ဖိတ်ကြားချက်ကို လက်မခံဘဲ ငြင်းပယ်လိုက်သည်။ ကောသလမင်းကြီးလည်း ဗုဒ္ဓမြတ်စွာအား အင်္ဂုလိမာလကဲ့သို့ ကြမ်းကြုတ်ရက်စက်သူ တစ်ဦးကို တုတ်ဓား လက်နက်မဆောင်ဘဲ လိမ္မာယဉ်ကျေးအောင် ဆုံးမနိုင်သည့်အတွက် ချီးကျူးစကား လျှောက်ထားပြီး နန်တော်သို့ ပြန်လေသည်။

 

အရှင်အင်္ဂုလိမာလသည် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွစဉ် သားမဖွားနိုင်၍ ဒုက္ခခံစားနေရသော မိန်းမတစ်ယောက်ကို တွေ့မြင်၍ သနားကြင်နာခြင်း ပြင်းစွာဖြစ်ပေါ်လာသောကြောင့် ဆွမ်းခံရာမှ ပြန်လာသောအခါ ဗုဒ္ဓမြတ်စွာအား ထိုအကြောင်းကို လျှောက်လေသည်။

 

အရှင်အင်္ဂုလိမာလသည် နံနက်ကတွေ့မြင့်ခဲ့ရသော မိန်းမရှိရာသို့သွား၍ ဗုဒ္ဓမြတ်စွာ သင်ကြားပေးသော သစ္စာစကားကို မြွက်ဆို၏။ ယင်းသို့ မြွက်ဆိုသည်နှင့်တပြိုင်နက် ထိုမိန်းမအား ချမ်းသာစွာ ဖွားမြင်ခြင်းသည် ဖြစ်လေ၏။ ထို့နောက် အရှင်အင်္ဂုလိမာလသည် မကြာမီ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလေသည်။

 

တစ်နေ့သ၌ အရှင်အင်္ဂုလိမာလသည် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွလေသည်။ ထိုအခါ တစ်ပါးသောအရပ်သို့ ရည်ရွယ်၍ ပစ်လိုက်သော ခဲ တုတ် ဓားတို့သည် အရှင်အင်္ဂုလိမာလ ကိုယ်ပေါ်သို့ ကျကုန်၏။ ဦးခေါင်းကြွ သပိတ်ကွဲ သင်္ကန်းဆုတ်ပြတ်ကာ ဗုဒ္ဓမြတ်စွာထံသို့ သွားလေသည်။

 

ဗုဒ္ဓမြတ်စွာသည် အရှင်အင်္ဂုလိမာလကို မြင်လျှင် သူတော်ကောင်း သည်းခံလော့။ သင်သည် နှစ်ပေါင်း ထောင်များစွာ ငရဲ၌ခံစားရမည့် ကံ၏ အကျိုးကို ယခုမျက်မှောက်ဘဝ၌ ခံစားရချေ၏ဟု မိန့်ကြား၏။

 

အရှင်အင်္ဂုလိမာလသည် ဗုဒ္ဓမြတ်စွာ၏ ဩဝါဒကို ခံယူပြီး ဝိမုတ္တိသုခကို ခံစားနေလေသည်။ မိမိသည် ဗုဒ္ဓမြတ်စွာအားတွေ့ဆုံရသဖြင့် ရဟန်းအဖြစ်သို့ရောက်ကာ အကုသိုလ်တရားတို့မှ လွတ်မြောက်ခဲ့ပုံများ ကိုလည်း ထုတ်ဖော်မြွက်ဟ၍ မကြာခဏ ဥဒါန်းကျူးရင့်လေသည်။

 

မန ၈၇: ပိယဇာတိကသုတ်

ချစ်ခြင်းကြောင့် ဆင်းရဲမှု ဖြစ်ပေါ်ပုံကို ဟောကြားခြင်း ဖြစ်သည်။

သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် သူကြွယ်တစ်ယောက်သည် ချစ်လှစွာသောသား သေဆုံးသွားသဖြင့် အလုပ်လည်းမလုပ်နိုင် ထမင်းလည်းမစားနိုင်ဘဲ နေ့စဉ် သုဿာန်သွားကာ ငိုကြွေးနေလေသည်။

 

တစ်နေ့သ၌ ထိုသူကြွယ်သည် ဗုဒ္ဓမြတ်စွာထံသို့ သွားလေရာ ဗုဒ္ဓမြတ်စွာက အကြောင်းစုံ မေးမြန်းပြီးလျှင် ချစ်ခြင်းကြောင့် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းများ ဖြစ်ပေါ်လာမြဲဖြစ်ကြောင်း မိန့်တော်မူပါသည်။ သူကြွယ်သည် ထိုစကားကို ကျေနပ်နှစ်သက်ခြင်း မရှိချေ။ ချစ်ခြင်းကြောင့် နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းများသာ ဖြစ်ပေါ်ပါ၏ဟု လျှောက်ထားပြီး နေရာမှ ထသွားလေသည်။ ထိုသူကြွယ်သည် ဗုဒ္ဓမြတ်စွာ သီတင်းသုံးရာအရပ်မှ မနီးမဝေးတွင် ကြွေအန်ကစားနေကြသော ကစားသမားများကို ပြောပြသည်။ ယင်းအကြောင်းအရာသည် သာဝတ္ထိပြည်၌ အဆင့်ဆင့် ပျံ့နှံ့၍ ကောသလမင်းကြီး၏ နန်းတော်တွင်း သို့ပင် ဆိုက်ရောက်သွားလေသည်။

 

ကောသလမင်းကြီးသည် ထိုအကြောင်းကိုကြားသိ၍ မလ္လိကာမိဖုရားကြီးအား တဆင့်ပြောပြရာ မိဖုရားကြီးက ဗုဒ္ဓမြတ်စွာ ဟောကြားသည့်အတိုင်းသာ မှန်ကန်ကြောင်း ထောက်ခံပြောဆိုသည်။ မင်းကြီးသည် ထိုစကားကို မကျေနပ်သဖြင့် ကြိမ်းမောင်းလေသည်။

 

ထိုအခါ မိဖုရားကြီးက မင်းကြီးသင်အလွန်ချစ်မြတ်နိုးသည့် ဝဇီရာမင်းသမီးသည် ဝါသဘခတ္တိယာမင်းသမီး ဝိဋဋူဘ စစ်သူကြီးတို့ သေဆုံးသွားခဲ့သော်လည်း ကာသိတိုင်း ကောသလတိုင်းတို့ ပျက်စီးသွားခဲ့သော်လည်းကောင်း သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်း ပြင်းစွာ ပူပန်ခြင်းများ ဖြစ်မည်မဟုတ်ပါလောဟု မေးလေ၏။ ထိုသို့ ဖြစ်ခဲ့သော် ငါ့အား ပူဆွေးခြင်း စသည်တို့သည် မလွဲမသွေ ဖြစ်ရာ၏ဟု ဖြေကြားလေ၏။

 

မင်းကြီး ဗုဒ္ဓမြတ်စွာသည် ဤအကြောင်းကို ရည်ရွယ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း စသည်တို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်ကြောင်း ဟောကြားခြင်း ဖြစ်ပါ၏။

 

ဤသို့ မလ္လိကာမိဖုရားက ပြောကြားသောအခါ ကောသလမင်းကြီးသည် လွန်စွာကျေနပ်၍ ပါးစပ်ကို ဆေးကြောပြီး ဗုဒ္ဓမြတ်စွာ ရှိရာအရပ်သို့ လက်အုပ်ချီကာ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿဟု သုံးကြိမ် မြွက်ဆိုလေသည်။

 

မန ၈၈: ဗာဟိတိကသုတ်

ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့ဖွယ်အကျင့် ချီးမွမ်းဖွယ် အကျင့်များနှင့် ပတ်သက်၍ ကောသလမင်း အမေးကို အရှင်အာနန္ဒာကဖြေဆိုခြင်း ဖြစ်သည်။

 

သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် အရှင်အာနန္ဒာသည် အစိရဝတီမြစ်ကမ်း၌ ကောသလမင်းကြီးမေးသည့် မေးခွန်းများကို ဤသို့ ဖြေကြားလေသည်။

 

ဗုဒ္ဓမြတ်စွာသည် ပညာရှိသော ရဟန်းပုဏ္ဏားတို့ အပြစ်တင်ဖွယ်ဖြစ်သော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အကြံအစည်မျိုးကို မပြုကျင့်တော့ပါ။

 

ပညာရှိ ရဟန်းပုဏ္ဏားတို့ အပြစ်တင်ဖွယ်ဖြစ်သော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အကြံအစည် ဟူသည် အပြစ်ရှိသော အမူအကျင့်မျိုး ဆင်းရဲခြင်းနှင့်တကွဖြစ်သော ဆင်းရဲသည့်အကျိုးကို ဖြစ်စေ သော အမူအကျင့်မျိုုး ဖြစ်၏။

 

ထိုကဲ့သို့သော အကျင့်မျိုးဟူသည် မိမိဆင်းရဲစေရန် သူတပါးဆင်းရဲစေရန် နှစ်ဦးလုံးဆင်းရဲစေရန် ဖြစ်သည့်အပြင် ထိုပုဂ္ဓိုလ်အား အကုသိုလ်တရား တိုးပွား၍ ကုသိုလ်တရား ဆုတ်ယုတ်ခြင်း သဘောရှိသည့် အမူအကျင့်မျိုး ဖြစ်သည်။

 

ထိုအကျင့်မျိုးသည် ပညာရှိသော ရဟန်းပုဏ္ဏားတို့အပြစ်တင်ဖွယ်ဖြစ်သော အမူအကျင့်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်၍ ကုသိုလ်တရားတို့နှင့် ပြည့်စုံတော် မူ၏။

 

ပညာရှိသော ရဟန်းပုဏ္ဏားတို့ အပြစ်တင်ဖွယ် မရှိသော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အကြံအစည်တို့ဟူသည် ကောင်းသောအမူအကျင့်မျိုးဖြစ်၏။ အပြစ်မရှိသော အမူအကျင့်မျိုး ဖြစ်၏။ ဆင်းရဲမရှိသော အမူအကျင့်မျိုး ဖြစ်၏။ ချမ်းသာသောအကျိုးကို ဖြစ်စေတတ်သည့် အမူအကျင့်မျိုးဖြစ်၏။

 

မိမိဆင်းရဲရန် သူတပါးဆင်းရဲရန် နှစ်ဦးလုံးဆင်းရဲရန် မဖြစ်သည့်အပြင် ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားသည့်သဘောရှိသည့် အမူအကျင့်မျိုးသည် ပညာရှိသော ရဟန်း ပုဏ္ဏားတို့ အပြစ်တင်ဖွယ်မရှိသော အမူအကျင့်မျိုး ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်၍ ကုသိုလ်တရားတို့နှင့် လည်း ပြည့်စုံတော်မူ၏။

 

ဗုဒ္ဓမြတ်စွာသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်ခြင်းကိုသာလျှင် ချီးမွမ်းသည်မဟုတ်။ အလုံးစုံသော ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကိုသာလျှင် ချီးမွမ်းသည်မဟုတ်။

 

အရှင်အာနန္ဒာ၏ အဖြေစကားများကို ကြားရသောအခါ ကောသလမင်းသည် လွန်စွာကျေနပ်နှစ်သက်၍ ဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို အရှင်အာနန္ဒာအား လှူဒါန်းလေသည်။ အရှင်အာနန္ဒာသည် ဗုဒ္ဓမြတ်စွာအား အကြောင်းစုံ လျှောက်ထားကာ ထိုအဝတ်အထည်ကို လှူဒါန်းလေသည်။

 

 

မန ၈၉: ဓမ္မစေတိယသုတ်

ဗုဒ္ဓမြတ်စွာအား ကောသလမင်းကြီးက အလေးအနက် အရိုအသေပြုခြင်း၏ အကြောင်းရင်းကို လျှောက်ထားခြင်း ဖြစ်သည်။

 

(၁) အနှစ်သုံးလေးဆယ်တိုင်အောင် ဗြဟ္မစရိယအကျင့်ကို ကျင့်ပြီး နောက်ကာလ၌ ကာမဂုဏ် ငါးပါးဖြင့် ပျော်ပါးနေသည့် ရဟန်းပုဏ္ဏားအချို့ကို တွေ့မြင်ရပါသည်။ ဤသာသနာ၌ကား အသက်ထက်ဆုံး ဗြဟ္မစရိယအကျင့်ကိုသာ ကျင့်သုံးနေကြသည့် ရဟန်းများကို တွေ့မြင် ရပါ၏။ ဤသာသနာမှအပ၌ ဤမျှ ပြည့်စုံစင်ကြယ်သော အကျင့်မြတ်ကို မတွေ့ရပါ။

 

(၂) အမျိုးလေးပါး ဆွေမျိုးသားချင်း အဆွေခင်ပွန်းတို့အချင်းချင်း ငြင်းခုံကြပါ၏။ ဤသာသနာ၌ကား ညီညွတ်ဝမ်းမြောက်စွာဖြင့် တသားတည်းဖြစ်လျက် အချင်းချင်း ငြင်းခုံကြပါ၏။ ဤသာသနာ၌ကား ညီညွတ်ဝမ်းမြောက်စွာဖြင့် တသားတည်းဖြစ်လျက် အချင်းချင်း ချစ်ခင်သောမျက်စီဖြင့် ကြည့်ရှုနေကြသော ရဟန်းများကို တွေ့မြင်ရပါသည်။

 

(၃) ကြုံလှီဖျော့တော့၍ အရိုးပြိုင်းပြိုင်းထသော ကိုယ်ရှိသော ရဟန်းပုဏ္ဏားတို့ကို တွေ့မြင်ရပါသည်။ သူတို့သည် အကျင့်မြတ်၌ ပျော်မွေ့ဟန်မတူပါ။ ဖုံးကွယ်ထားသော မကောင်းမှုများလည်း ရှိဟန်တူပါသည်။ မေးမြန်းသည့်အခါ မျိုးရိုးလိုက်သော ရောဂါရှိခြင်းကြောင့် ဤသို့ ဖြစ်နေကြောင်း ဖြေဆိုကြပါသည်။ ဤသာသနာ၌ကား ရွှင်လန်းတက်ကြွလျက် အလွန်ပျော်မွေ့ကာ ပြည့်ဖြိုးသော ဣန္ဒြေရှိ၍ ကြောင့်ကြမဲ့ နေထိုင်ကြသော ရဟန်းတို့ကို တွေ့မြင်ရပါသည်။ တရားထူးတရားမြတ်ကို တဆင့်ပြီးတဆင့် တိုးတက် သိမြင်သောကြောင့်သာ ယင်းသို့ ပျော်ရွှင်စွာ နေထိုင်ကြခြင်းဖြစ်သည်ဟု ထင်ပါသည်။

 

(၄) တပည့်တော်သည် ဘိသိက်ခံထားသည့် မင်းမျိုးဖြစ်၍ သတ်ခြင်း သိမ်းပိုက်ခြင်း နှင်ထုတ်ခြင်း စသည် ပြစ်ဒဏ်ပေးပိုင်ခွင့် ရှိပါသည်။ သို့ပါသော်လည်း တပည့်တော်တရား ဆုံးဖြတ်ရာ၌ ထိုင်နေစဉ် ပရိသတ်သည် စကားပြောဆိုကြပါသည်။ တပည့်တော် တားမြစ်သော်လည်း မရပါ။ မြတ်စွာဘုရား တရားဟောတော်မူသော အခါ၌ကား ချောင်းဟန့်သံ ချေဆတ်သံမျှပင် မရှိသော ရဟန်းပရိသတ်ကို တွေ့မြင်ရပါသည်။ ဤသာသနာမှအပ၌ ဤမျှလိမ္မာယဉ်ကျေးသော ပရိသတ်ကို မတွေ့မြင်ရပါ။

 

(၅) အချို့သော မင်းပုဏ္ဏားသူကြွယ် ရဟန်းတို့သည် မြတ်စွာဘုရားအား ဝါဒတင်ရန် ရည်ရွယ်လျက် ပြဿနာမေးခွန်းများကို ကြိုတင်၍ ပြင်ဆင်ထားကြပါသည်။ သို့သော်လည်း ထိုသူတို့သည် မြတ်စွာဘုရားထံရောက်၍ မြတ်စွာဘုရားက တရားစကား ဟောပြောလိုက်သောအခါ ကျေနပ်နှစ်သက်မှုကို ရသွားကြသဖြင့် ဝါဒတင်ရန်မဆိုထားဘိ ကြိုတင်ပြင်ဆင်ထားသည့် ပြဿနာများပင် မမေးကြတော့ပါ။

 

(၆) ဣသိဒတ္ထနှင့် ပုရာဏတို့သည် တပည့်တော်ပေးသော ထမင်းရိက္ခာကိုစား၍ ယာဉ်ရထားကို စီးနေသူများ ဖြစ်ပါသည်။ သို့သော်လည်း သူတို့သည် မြတ်စွာဘုရားအား ရိုသေတုပ်ဝပ်ခြင်း ပြုကြသကဲ့သို့ တပည့်တော်အား ရိုသေတုတ်ဝပ်ခြင်း မပြုကြပါ။

 

(၇) မြတ်စွာဘုရားသည် မင်းမျိုးဖြစ်၍ တပည့်တော်သည်လည်း မင်းမျိုးဖြစ်ပါ၏။ မြတ်စွာဘုရားသည် ကောသလတိုင်းသားဖြစ်၍ တပည့်တော်သည်လည်း ကောသလတိုင်းသာ ဖြစ်ပါ၏။ မြတ်စွာဘုရားသည် သက်တော်ရှစ်ဆယ်ရှိ၍ တပည့်တော်လည်း အသက်ရှစ်ဆယ် ရှိပါပြီ။

 

မြတ်စွာဘုရားသည် ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော ပုဂ္ဂိုလ်ဖြစ်၏။ တရားတော်သည် ကောင်းစွာ ဟောကြားအပ်သော တရားတော်ဖြစ်၏။ တပည့်သံဃာအပေါင်းသည် ကောင်းစွာ ကျင့်ကြံသော သံဃာဖြစ်၏ဟု တပည့်တော်အား အနုမာနဉာဏ်ဖြစ်ပေါ်ခဲ့ပါသည်။

 

ကောသလမင်းကြီးသည် ဤသို့လျှောက်ထားပြီး ထွက်ခွာသွားလေ၏။ ဗုဒ္ဓမြတ်စွာသည် ရဟန်းတို့ကို ခေါ်၍ ဤသို့ မိန့်တော်မူပါသည်။

 

“တရား၌ ရိုသေမြတ်နိုးမှုများကို သင်ယူကြကုန်လော့။ အဖန်တလဲလဲ လေ့ကျက်ကြကုန်လော့။ ဆောင်ထားကြကုန်လော့။ တရား၌ ရိုသေမြတ်နိုးမှုတို့သည် အကျိုးစီးပွားနှင့်စပ်ကုန်၏။ မြတ်သော အကျင့်၏ အဦးအစဖြစ်ကုန်၏။”

 

မန ၉၀: ကဏ္ဏကတ္ထလသုတ်

သဗ္ဗညုတဉာဏ်, အမျိုးလေးပါးတို့၏ တရားအားထုတ်ခြင်း၌ ထူးခြားမှု, နတ်ဗြဟ္မာတို့ လူ့ပြည် ပြန်လာခြင်းတို့နှင့် ပတ်သက်သော ကောသလမင်းကြီး၏ အမေးကို ဖြေကြားခြင်း ဖြစ်သည်။

 

တရားအလုံးစုံကို သိမြင်၍ အကြွင်းမဲ့ဉာဏ်အမြင်ကို ဝန်ခံနိုင်သော ရဟန်းပုဏ္ဏားသည် မရှိ ယင်းသို့ ဝန်ခံနိုင်သော အကြောင်းလည်းမရှိ။ ဤသို့ ငါဘုရားမဆို။

 

တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကို သိနိုင်မြင်နိုင်သော ရဟန်းပုဏ္ဏားသည် မရှိ။ ယင်းသို့ သိမြင်နိုင်သော အကြောင်းယုတ္တိသည်လည်း မရှိ။ ဤသို့ ငါဘုရားဆို၏။ (တစ်ခုတည်းသော စိတ်ဖြင့်၎င်းး တစ်ခုတည်းသော ဝီထိစိတ်အစဉ်ဖြင့်၎င်း ပစ္စုပ္ပန် အတိတ် အနာဂတ် အားလုံးကို မသိမြင်နိုင်ဟု ဆိုလို၏။)

 

ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်သူတို့၏ အင်္ဂါတို့သည် မြတ်စွာဘုရား၏ ဗောဓိဉာဏ်၌ သက်ဝင် ယုံကြည်ခြင်း အနာရောဂါကင်းခြင်း ကောက်ကျစ်လှည့်စားမှု မရှိခြင်း လုံ့လဝီရိယရှိခြင်း ပညာနှင့် ပြည့်စုံခြင်းဟူ၍ ငါးပါးရှိ၏။

 

ထိုအမျိုးလေးပါးတို့သည် ဤအင်္ဂါငါးပါးနှင့် ပြည့်စုံခဲ့သော် ဤအရာ၌ ထိုသူတို့အား ရှည်မြင့်စွာသော ကာလပတ်လုံး အကျိုးစီးပွား ဖြစ်ခြင်း ချမ်းသာခြင်းငှာ ဖြစ်ပေရာ၏။ ထိုသူတို့အကြား ကွဲပြားခြားနားမှုမရှိ။ ထိုအင်္ဂါငါးပါးနှင့် မပြည့်စုံ သူတို့သည် ထိုအင်္ဂါငါးပါးနှင့် ပြည့်စုံသူတို့ ရောက်နိုင်သောအရာ ဌာနသို့ ရောက်ရှိရန် အကြောင်းမရှိပေ။

 

လူတို့ မျက်စိဖြင့် မမြင်နိုင်သော နတ်ဗြဟ္မာတို့ရှိ၏။ ထိုနတ်ဗြဟ္မာတို့တွင် စေတသိကဒုက္ခရှိသော အရိယာမဖြစ်သေးသော နတ်ဗြဟ္မာတို့သည် လူ့ပြည်သို့ ပြန်ရောက်လာကြ၏။ စေတသိကဒုက္ခ မရှိသော အရိယာဖြစ်သော နတ်တို့သည် ဤလူ့ပြည်သို့ ပြန်မလာကြ။

+++

ရာဇဝဂ်၏ အနှစ်သာရမှာ အုပ်ချုပ်သူများ၊ ဘုရင်များနှင့် ခေါင်းဆောင်များအတွက် ဓမ္မသဘောတရားဖြင့် အုပ်ချုပ်ရန် လမ်းညွှန်ချက်များ ပေးထားခြင်းဖြစ်သည်။ ဤဝဂ်သည် တရားမျှတမှု၊ ကျင့်ဝတ်နှင့် သတိပညာဖြင့် အုပ်ချုပ်ရေးကို အလေးပေးထားသည်။ ထို့အပြင် လူထုနှင့် အုပ်ချုပ်သူများအကြား ဆက်ဆံရေးတွင် ကရုဏာ၊ သမာဓိနှင့် ဓမ္မသဘောတရားကို ထိန်းသိမ်းရန် သင်ကြားပေးသည်။ အင်္ဂုလိမာလသုတ်ကဲ့သို့ သုတ်များတွင် လူတစ်ဦး၏ အပြောင်းအလဲနှင့် ကိုယ်ကျင့်တရားဖြင့် ပြန်လည်ပြုပြင်နိုင်မှုကိုလည်း ဖော်ပြသည်။ ရာဇဝဂ်သည် တရားဓမ္မကျင့်ကြံခြင်း၊ သံသရာမှ လွတ်မြောက်ရေး၊ သီလဆောက်တည်မှု၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားများကို အဓိကထားဖော်ပြသည်။ မင်းဧကရာဇ်များ၊ ရဟန်းများ၊ သာမန်လူများ၏ ဘဝအခြေအနေများကို အခြေခံ၍ ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ချက်များကို တင်ပြထားသည်။ ဤသုတ်များသည် လူသားတို့၏ ဘဝသဘောတရားကို နားလည်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်ပေးသည်။

 

ရာဇဝဂ်သည် အုပ်ချုပ်ရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်များကို ဖော်ပြထားသော အရေးပါသော ဝဂ်တစ်ခုဖြစ်သည်။ ၎င်းသည် အုပ်ချုပ်သူများအား ဓမ္မသဘောတရားဖြင့် အုပ်ချုပ်ရန်နှင့် လူထုအကျိုးကို ဦးစားပေးရန် လမ်းညွှန်ပြီး လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် သတိပညာကို မြှင့်တင်ရန် အားပေးသည်။ ဤဝဂ်သည် ဗုဒ္ဓဘာသာ၏ လူမှုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆုံးအမများကို ထင်ရှားစွာ ဖော်ပြထားသည်။

 

ရာဇဝဂ်သည် ဗုဒ္ဓဘာသာ၏ အဓိကသွန်သင်ချက်များဖြစ်သော သီလ၊ သမာဓိ၊ ပညာ ကို မီးမောင်းထိုးပြထားပြီး၊ မင်းဧကရာဇ်များနှင့် သာမန်လူများအကြား ဆွေးနွေးမှုများမှတစ်ဆင့် တရားဓမ္မကျင့်ကြံရန် လှုံ့ဆော်သည်။ ဤအခန်းသည် လူသားတို့၏ ဘဝဒုက္ခများကို ကျော်လွှားရန်နှင့် သံသရာမှ လွတ်မြောက်ရန် လမ်းညွှန်ပေးသည့် အရေးပါသော သုတ်များဖြစ်သည်။

ရာဇဝဂ်ရှိ သုတ်များသည် ဗုဒ္ဓဘာသာတရားဓမ္မကို လူအမျိုးမျိုးအလွှာများနှင့် ဆက်စပ်ပြီး ဖော်ပြထားသည်။ မင်းဧကရာဇ်များ၊ ရဟန်းများ၊ သာမန်လူများ၏ ဘဝအခြေအနေများကို အခြေခံထားသောကြောင့် ဤသုတ်များသည် လူတိုင်းအတွက် သက်ဆိုင်ပြီး လက်တွေ့ကျသော သွန်သင်ချက်များဖြစ်သည်။ သုတ်များသည် ဗုဒ္ဓဘာသာ၏ အဓိကအဆိုအမိန့်များဖြစ်သည့် သတိပဋ္ဌာန်၊ သစ္စာလေးပါး၊ အရိယမဂ္ဂင်ရှစ်ပါး စသည်တို့နှင့် ဆက်စပ်နေသည်။


++++++++++++++++++++++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ဗြဟ္မဏဝဂ်ကို လေ့လာခြင်း

 

၁။ အဓိပ္ပါယ်

ဗြဟ္မဏဝဂ်သည် ဗုဒ္ဓဘာသာ၏ ပါဠိထေရဝါဒ သုတ္တန်ပိဋကတ်တွင် မဇ္ဈိမနိကာယ (မဇ္ဈိမပဏ္ဏာသ) ၏ ပဉ္စမမြောက်ဝဂ်ဖြစ်သည်။ “ဗြဟ္မဏဝဂ်” ဟူသော အမည်သည် ဗြဟ္မဏလူတန်းစားနှင့် ဆက်နွှယ်သော အကြောင်းအရာများကို အဓိကထား ဆွေးနွေးထားသည့် သုတ္တန်များစုစည်းရာ အပိုင်းဖြစ်သည်။ ဤဝဂ်တွင် ဗြဟ္မဏတို့၏ ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများ၊ ဇာတ်စဉ်သဘောတရားနှင့် ဗုဒ္ဓဘာသာ၏ အဆုံးအမများကို နှိုင်းယှဉ်ဖွင့်ဆိုထားသည်။

 

၂။ တည်နေရာ

ဗြဟ္မဏဝဂ်သည် မဇ္ဈိမနိကာယ၏ မဇ္ဈိမပဏ္ဏာသ (သုတ်ပေါင်း ၅၀ ပါဝင်သော အလယ်အလတ်သုတ်များ) တွင် ပဉ္စမဝဂ်အဖြစ် တည်ရှိသည်။ မဇ္ဈိမနိကာယသည် သုတ္တန်ပိဋကတ်၏ ဒုတိယပိဋကဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို အလယ်အလတ်အရှည်ဖြင့် စုစည်းထားသည်။

 

၃။ တည်ဆောက်ပုံ

ဗြဟ္မဏဝဂ်တွင် သုတ် ၁၀ ခုပါဝင်ပြီး တစ်ခုစီသည် ဗြဟ္မဏတို့၏ အယူအဆများ၊ လူမှုစံနှုန်းများနှင့် ဗုဒ္ဓဘာသာတရားတော်များကို ဆက်စပ်ဖွင့်ဆိုထားသည်။ သုတ်များသည် ဗုဒ္ဓမြတ်စွာဘုရားနှင့် ဗြဟ္မဏပုဏ္ဏားများ၊ အခြားလူတန်းစားများနှင့် ဆွေးနွေးငြင်းခုံမှုများကို တင်ပြထားသည်။ တရားတော်များသည် တရားဓမ္မကို အဓိကထား၍ ဗြဟ္မဏတို့၏ အယူဝါဒများကို ပြန်လည် ဆန်းစစ်ပြသည်။

 

 

၄။ ပါဝင်သောအကြောင်းအရာ

ဗြဟ္မဏဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ ငါးခုမြောက် နှင့် နောက်ဆုံးဝဂ် ဖြစ်သည်။ ဆယ်သုတ်ပါဝင်၍ ပါဝင်သောသုတ်များသည် ဗြဟ္မဏပုဏ္ဏားတို့၏ မေးမြန်းချက်များကို ဖြေဆိုခြင်းနှင့် ဗြဟ္မဏတို့နှင့်ပတ်သက်၍ ဟောကြားချက်များဖြစ်၏။

 

ဤဝဂ်တွင် ဗြဟ္မဏတို့၏ ဇာတ်စဉ်သဘောတရား၊ ယဇ်ပူဇော်ခြင်း၊ ဓလေ့ထုံးတမ်းများနှင့် ဗုဒ္ဓဘာသာ၏ သီလ၊ သမာဓိ၊ ပညာတို့ကို နှိုင်းယှဉ်ဖွင့်ဆိုထားသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဗြဟ္မဏတို့၏ အယူအဆများကို ဉာဏ်ပညာဖြင့် ချေပပြီး တရားဓမ္မကို အမှန်တရားအဖြစ် ထင်ရှားစေသည်။ သုတ်များတွင် လူမှုရေးတရားမျှတမှု၊ ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာဖွံ့ဖြိုးရေးကို အလေးပေးထားသည်။

 

ဗြဟ္မဏဝဂ်၌ ပါဝင်သောသုတ်များမှာ -

၁။ ဗြဟ္မာယုသုတ်

၂။ သေလသုတ်

၃။ အဿလာယနသုတ်

၄။ ဃောဋမုခသုတ်

၅။ စင်္ကီသုတ်

၆။ ဧသုကာရီသုတ်

၇။ ဓနဉ္ဇာနီသုတ်

၈။ ဝါသေဋ္ဌသုတ်

၉။ သုဘသုတ်

၁၀။ သင်္ဂါရဝသုတ် တို့ဖြစ်သည်။

 

၁။ ဗြဟ္မာယုသုတ်

ဗြဟ္မာယုသုတ်သည် မဇ္ဈိမနိကာယ၊ ဗြဟ္မဏဝဂ်၏ ပထမသုတ်ဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်သတင်းနှင့် အပြုအမူများ၏ မှန်ကန်မှုကို စစ်ဆေးရန် ဗြဟ္မဏပုဏ္ဏားကြီး ဗြဟ္မာယုမှ ဥတ္တရလုလင်ကို စေလွှတ်ခြင်းအကြောင်း ဖော်ပြသည်။

 

ဥတ္တရလုလင်သည် ဗုဒ္ဓဘုရားထံတွင် ခုနစ်လကြာ လိုက်လံစုံစမ်းပြီး၊ ဘုရား၏ သွားလာပုံ၊ မြို့ရွာအတွင်း နေထိုင်ပုံ၊ ဆွမ်းခံပုံ၊ ဆွမ်းစားပုံ၊ အနုမောဒနာပြုပုံ၊ တရားဟောပုံတို့ကို လေ့လာသည်။ ထို့နောက် ဗြဟ္မာယုပုဏ္ဏားထံ ပြန်လည်အစီရင်ခံသည်။ ဗြဟ္မာယုကိုယ်တိုင်လည်း ဗုဒ္ဓဘုရားထံ လာရောက်မေးမြန်းပြီး၊ ဘုရား၏ ဂုဏ်ပုဒ်များကို အတည်ပြုသည်။

 

ဤသုတ်တွင် ဗုဒ္ဓဘုရားသည် မဟာပုရိသ လက္ခဏာ ၃၂ ပါးနှင့် ပြည့်စုံသူဖြစ်ကြောင်း၊ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ပြည့်စုံသူဖြစ်ကြောင်း ထင်ရှားစေသည်။ ဗြဟ္မာယုပုဏ္ဏားသည် ဗုဒ္ဓဘုရား၏ တရားဓမ္မကို လေးစားယုံကြည်ပြီး၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူတစ်ဦးဖြစ်လာလေသည်။

 

အနှစ်သာရ: ဤသုတ်သည် ဗုဒ္ဓဘုရား၏ ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာကို ဖော်ထုတ်ပြီး၊ ဗြဟ္မဏတို့၏ အယူအဆများကို ဉာဏ်ပညာဖြင့် ဆန်းစစ်ကာ တရားဓမ္မ၏ အမှန်တရားကို ထင်ရှားစေသည်။

 

၂။ သေလသုတ်

သေလသုတ်သည် မဇ္ဈိမနိကာယ၊ ဗြဟ္မဏဝဂ်၏ ဒုတိယသုတ်ဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာဘုရား အင်္ဂုတ္တရာပထတိုင်း အာပဏနိဂုံးသို့ ရောက်ရှိစဉ်၊ သေလပုဏ္ဏားက ဗုဒ္ဓဘုရားသည် မဟာပုရိသ လက္ခဏာ ၃၂ ပါးနှင့် ပြည့်စုံသူဟုတ်မဟုတ် စစ်ဆေးရန် လာရောက်ခြင်းအကြောင်း ဖော်ပြသည်။

 

သေလပုဏ္ဏားသည် ဗုဒ္ဓဘုရား၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများနှင့် တရားဟောပုံကို စူးစမ်းလေ့လာပြီး၊ ဗုဒ္ဓဘုရားနှင့် တိုက်ရိုက်ဆွေးနွေးသည်။ ဗုဒ္ဓဘုရားသည် သေလပုဏ္ဏားအား သီလ (သီလ)၊ သမာဓိ (သမဓိ)၊ ပညာ (ပညာ) တို့၏ အရေးပါမှုကို ဟောကြားပြီး၊ ဇာတ်စဉ် (ဇာတိ) သည် လူသားတန်ဖိုးကို သတ်မှတ်ရာတွင် အဓိကမဟုတ်ဘဲ၊ ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာသာ အဓိကဖြစ်ကြောင်း ရှင်းပြသည်။ သေလပုဏ္ဏားသည် ဗုဒ္ဓဘုရား၏ ဟောကြားချက်ကို အံ့သြလေးစားပြီး၊ တရားဓမ္မကို လက်ခံယုံကြည်ကာ ဗုဒ္ဓဘာသာသို့ ဝင်ရောက်သည်။

 

အနှစ်သာရ: ဤသုတ်သည် ဗုဒ္ဓဘုရား၏ ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာကို ဖော်ထုတ်ပြီး၊ ဗြဟ္မဏတို့၏ ဇာတ်စဉ်အယူအဆကို ချေပပြီး၊ တရားဓမ္မ၏ တရားမျှတမှုနှင့် လူသားအားလုံးအတွက် သက်ဆိုင်မှုကို ထင်ရှားစေသည်။ ၎င်းသည် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် လူသားတန်ဖိုးကို မြှင့်တင်ရန် လှုံ့ဆော်သည်။

 

၃။ အဿလာယနသုတ်

အဿလာယနသုတ်သည် မဇ္ဈိမနိကာယ၊ ဗြဟ္မဏဝဂ်၏ တတိယသုတ်ဖြစ်ပြီး၊ ဗြဟ္မဏလုလင် အဿလာယနသည် ဗြဟ္မဏမျိုးရိုးသည် ဗြဟ္မာကြီးမှ ဆင်းသက်လာပြီး အမြတ်ဆုံးဖြစ်သည်ဟူသော အယူအဆကို ဗုဒ္ဓမြတ်စွာဘုရားထံ တင်ပြပြီး ငြင်းဆိုခြင်းအကြောင်း ဖော်ပြသည်။

 

အဿလာယနသည် ဗြဟ္မဏတို့၏ ဇာတ်စဉ်အယူအဆကို ခိုင်မာစွာ ယုံကြည်ထားပြီး၊ ဗုဒ္ဓဘုရားထံသို့ လာရောက်ပြီး ဤအယူကို ဆွေးနွေးသည်။ ဗုဒ္ဓဘုရားသည် အဿလာယန၏ အယူအဆကို အချက် ၈ ချက်ဖြင့် ဉာဏ်ပညာဖြင့် ငြင်းပယ်သည်။ ဤအချက်များတွင် လူမှုရေးတရားမျှတမှု၊ ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာဖွံ့ဖြိုးမှုကို အလေးပေးပြီး၊ ဇာတ်စဉ်သည် လူသားတန်ဖိုးကို သတ်မှတ်ရာတွင် အဓိကမဟုတ်ကြောင်း ရှင်းပြသည်။ အဿလာယနသည် ဗုဒ္ဓဘုရား၏ ဉာဏ်ပညာနှင့် တရားဓမ္မကို လေးစားယုံကြည်ကာ တရားလမ်းစဉ်ကို လက်ခံသည်။

 

အနှစ်သာရ: ဤသုတ်သည် ဗြဟ္မဏတို့၏ ဇာတ်စဉ်အယူအဆကို ဉာဏ်ပညာဖြင့် ချေပပြီး၊ လူမှုရေးတရားမျှတမှုနှင့် ကိုယ်ကျင့်တရားကို အလေးပေးသည်။ ဗုဒ္ဓဘာသာ၏ တရားဓမ္မသည် လူသားအားလုံးအတွက် တရားမျှတသော လမ်းစဉ်ဖြစ်ကြောင်း ဖော်ထုတ်သည်။

 

၄။ ဃောဋမုခသုတ်

ဃောဋမုခသုတ်သည် မဇ္ဈိမနိကာယ၊ ဗြဟ္မဏဝဂ်၏ စတုတ္ထသုတ်ဖြစ်ပြီး၊ ဗြဟ္မဏပုဏ္ဏား ဃောဋမုခသည် တရားစောင့်ထိန်းသော ရဟန်းမရှိဟု ယူဆပြီး အရှင်ဥဒေနထံ လာရောက်ငြင်းဆိုခြင်းအကြောင်း ဖော်ပြသည်။

 

ဃောဋမုခပုဏ္ဏားသည် ဗုဒ္ဓဘာသာရဟန်းများသည် တရားဓမ္မကို စောင့်ထိန်းနိုင်စွမ်းမရှိဟု ယူဆထားသည်။ အရှင်ဥဒေနသည် ဤအယူအဆကို ချေပရန်၊ ပုဂ္ဂိုလ် ၄ မျိုး (တရားကျင့်သူ၊ တရားမကျင့်သူ၊ အာသဝရှိသူ၊ အာသဝမရှိသူ) နှင့် ပရိသတ် ၂ မျိုး (တရားနာသူ၊ တရားမနာသူ) ကို ရှင်းပြသည်။ ဤရှင်းပြချက်တွင် ဗုဒ္ဓဘာသာ၏ တရားဓမ္မသည် ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာဖြင့် လူသားတန်ဖိုးကို မြှင့်တင်ပြီး၊ ဇာတ်စဉ်အယူအဆထက် သီလ၊ သမာဓိ၊ ပညာတို့ကို အလေးပေးကြောင်း ထင်ရှားစေသည်။

 

ဃောဋမုခပုဏ္ဏားသည် အရှင်ဥဒေန၏ ရှင်းပြချက်ကို နာယူပြီး၊ ဗုဒ္ဓတရားဓမ္မကို လေးစားယုံကြည်ကာ သူ၏ မူလအယူအဆကို ပြန်လည်သုံးသပ်သည်။

 

အနှစ်သာရ: ဤသုတ်သည် ဗြဟ္မဏတို့၏ ရဟန်းများအပေါ် မတိကျသော အယူအဆကို ဉာဏ်ပညာဖြင့် ချေပပြီး၊ ဗုဒ္ဓဘာသာ၏ တရားဓမ္မ၏ လက်တွေ့သဘောနှင့် ကိုယ်ကျင့်တရားကို ဖော်ထုတ်သည်။ ၎င်းသည် လူမှုရေးတရားမျှတမှုနှင့် သီလ၊ သမာဓိ၊ ပညာတို့၏ အရေးပါမှုကို အလေးပေးသည်။

 

 

၅။ စင်္ကီသုတ်

စင်္ကီသုတ်သည် မဇ္ဈိမနိကာယ၊ ဗြဟ္မဏဝဂ်၏ ပဉ္စမသုတ်ဖြစ်ပြီး၊ ဗြဟ္မဏလုလင် ကာပဋိကသည် ဝေဒကျမ်းလာစကားသာမှန်ကန်သည်ဟူသော အယူအဆကို ယုံကြည်ထားပြီး၊ ဗုဒ္ဓမြတ်စွာဘုရားထံ လာရောက်ဆွေးနွေးငြင်းဆိုခြင်းအကြောင်း ဖော်ပြသည်။

 

ကာပဋိကလုလင်သည် ဝေဒကျမ်းများကို တစ်ဖက်သတ်ယုံကြည်မှုသည် အမှန်တရားကို ဖော်ထုတ်ရာတွင် လုံလောက်သည်ဟု ယူဆသည်။ ဗုဒ္ဓဘုရားသည် ဤအယူအဆကို ချေပရန်၊ အမှန်တရားကို သိရှိရန် တဆင့်ကြားမှီခိုမှုထက် ကိုယ်တိုင်ထိုးထွင်းသိမြင်မှုသည် ပို၍အရေးကြီးကြောင်း ရှင်းပြသည်။ ဗုဒ္ဓဘုရားသည် တရားဓမ္မကို ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်ရန်နှင့် သီလ (ကိုယ်ကျင့်တရား)၊ သမာဓိ (စိတ်တည်ငြိမ်မှု)၊ ပညာ (ဉာဏ်ပညာ) တို့၏ အရေးပါမှုကို အလေးပေးဖော်ပြသည်။

 

ဤသုတ်တွင် ဗုဒ္ဓဘုရားသည် ဝေဒကျမ်းများအပေါ် မှီခိုမှုသည် ဉာဏ်ပညာမရှိသည့် အယူဖြစ်ကြောင်း၊ အမှန်တရားကို ကိုယ်တိုင်ထိုးထွင်းသိမြင်ရန် လိုအပ်ကြောင်း ဟောကြားသည်။ ကာပဋိကလုလင်သည် ဗုဒ္ဓဘုရား၏ ရှင်းပြချက်ကို နာယူပြီး၊ တရားဓမ္မကို လေးစားယုံကြည်ကာ၊ သူ၏ မူလအယူအဆကို ပြန်လည်သုံးသပ်သည်။

 

အနှစ်သာရ: ဤသုတ်သည် ဗြဟ္မဏတို့၏ ဝေဒကျမ်းများအပေါ် တစ်ဖက်သတ်မှီခိုမှုကို ဉာဏ်ပညာဖြင့် ဆန်းစစ်ပြီး ဗုဒ္ဓတရားဓမ္မ၏ ဝိပဿနာဉာဏ်ဖြင့် အမှန်တရားကို ကိုယ်တိုင်ရှာဖွေရန် လှုံ့ဆော်သည်။ ၎င်းသည် သီလ၊ သမာဓိ၊ ပညာတို့၏ အရေးပါမှုကို ထင်ရှားစေပြီး၊ လူမှုရေးတရားမျှတမှုကို အလေးပေးသည်။

 

၆။ ဧသုကာရီသုတ်

ဧသုကာရီသုတ်သည် ပုဏ္ဏားတို့၏ လုပ်ကျွေးခြင်းလေးမျိုးနှင့်ကိုယ်ပိုင်ဥစ္စာလေးမျိုး သတ်မှတ်ချက်ကို လက်ခံနိုင်ဖွယ်မရှိကြောင်း ဗုဒ္ဓမြတ်စွာက ဧသုကာရီပုဏ္ဏားအား ရှင်းပြခြင်းဖြစ်သည်။

 

ဧသုကာရီသုတ်သည် မဇ္ဈိမနိကာယ၊ ဗြဟ္မဏဝဂ်၏ ဆဋ္ဌမသုတ်ဖြစ်ပြီး၊ ဗြဟ္မဏပုဏ္ဏား ဧသုကာရီသည် ဗြဟ္မဏတို့၏ လုပ်ကျွေးခြင်း ၄ မျိုးနှင့် ကိုယ်ပိုင်ဥစ္စာ ၄ မျိုးဆိုင်ရာ ဇာတ်စဉ်အခြေခံ သတ်မှတ်ချက်များကို ဗုဒ္ဓမြတ်စွာဘုရားထံ တင်ပြပြီး ဆွေးနွေးခြင်းအကြောင်း ဖော်ပြသည်။

 

ဧသုကာရီပုဏ္ဏားသည် ဗြဟ္မဏတို့၏ အယူအဆအရ လူမှုအဆင့်အတန်းများကို ဇာတ်စဉ်အလိုက် ခွဲခြားပြီး၊ လုပ်ကျွေးခြင်း (အလုပ်အကိုင်) နှင့် ဥစ္စာပိုင်ဆိုင်မှုများကို သတ်မှတ်ထားသည်ဟု တင်ပြသည်။ ဤသတ်မှတ်ချက်များသည် ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ စသည့် ဇာတ်စဉ်လေးမျိုးအပေါ် အခြေခံထားပြီး လူမှုရေးခွဲခြားမှုများကို ဖြစ်ပေါ်စေသည်။

 

ဗုဒ္ဓဘုရားသည် ဤအယူအဆကို ငြင်းပယ်ပြီး၊ လူသားတန်ဖိုးနှင့် လူမှုရေးတရားမျှတမှုသည် ဇာတ်စဉ်အပေါ် မူတည်မည်မဟုတ်ဘဲ၊ သီလ (ကိုယ်ကျင့်တရား)၊ သမာဓိ (စိတ်တည်ငြိမ်မှု)၊ ပညာ (ဉာဏ်ပညာ) တို့ဖြင့်သာ သတ်မှတ်ရမည်ဟု ရှင်းပြသည်။ ဗုဒ္ဓဘုရားသည် လူမှုအဆင့်အတန်းများကို ဇာတ်စဉ်ဖြင့် ခွဲခြားသတ်မှတ်ခြင်းသည် မတရားဖြစ်ပြီး၊ ကုသိုလ်တရားများကို ကျင့်သုံးခြင်းနှင့် ဉာဏ်ပညာဖွံ့ဖြိုးမှုကိုသာ ဦးစားပေးရမည်ဟု ဟောကြားသည်။

 

ဧသုကာရီပုဏ္ဏားသည် ဗုဒ္ဓဘုရား၏ ရှင်းပြချက်ကို နာယူပြီး၊ ဇာတ်စဉ်အခြေခံ ခွဲခြားမှုများကို ပြန်လည်သုံးသပ်ကာ၊ ဗုဒ္ဓတရားဓမ္မကို လေးစားယုံကြည်သည်။

 

အနှစ်သာရ: ဤသုတ်သည် ဗြဟ္မဏတို့၏ ဇာတ်စဉ်အခြေခံ လူမှုရေးသတ်မှတ်ချက်များကို ဉာဏ်ပညာဖြင့် ချေပပြီး၊ ဗုဒ္ဓတရားဓမ္မ၏ တရားမျှတမှုကို ဖော်ထုတ်သည်။ ၎င်းသည် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် လူသားတန်ဖိုးကို မြှင့်တင်ရန်နှင့် လူမှုရေးတရားမျှတမှုကို အလေးပေးသည်။

 

၇။ ဓနဉ္ဇာနီသုတ်

ဓနဉ္ဇာနီသုတ်သည် မည်သူ့ကိုအကြောင်းပြု၍ဖြစ်စေ မကောင်းမှုမပြုသင့်ကြောင်း အရှင်သာရိပုတ္တရာက ဓနဉ္ဇာနီပုဏ္ဏားအား ဟောခြင်းဖြစ်သည်။

 

ဓနဉ္ဇာနီသုတ်သည် မဇ္ဈိမနိကာယ၊ ဗြဟ္မဏဝဂ်၏ သတ္တမသုတ်ဖြစ်ပြီး၊ ဗြဟ္မဏပုဏ္ဏား ဓနဉ္ဇာနီသည် ဗုဒ္ဓမြတ်စွာဘုရားထံ လာရောက်ပြီး၊ ဗြဟ္မဏတို့၏ ယဇ်ပူဇော်ခြင်းနှင့် အိမ်ထောင်သည်ဘဝတရားကို တင်ပြဆွေးနွေးခြင်းအကြောင်း ဖော်ပြသည်။

 

ဓနဉ္ဇာနီပုဏ္ဏားသည် ဗြဟ္မဏတို့၏ အယူအဆအရ ယဇ်ပူဇော်ခြင်းနှင့် အိမ်ထောင်သည်ဘဝ၏ တရားဓမ္မကို အဓိကထားပြီး၊ ၎င်းတို့သည် လူသားတန်ဖိုးနှင့် ကုသိုလ်ရရှိမှုကို ဖြစ်ပေါ်စေသည်ဟု ယုံကြည်သည်။ ဗုဒ္ဓဘုရားသည် ဤအယူအဆကို ချေပပြီး၊ ယဇ်ပူဇော်ခြင်းနှင့် အိမ်ထောင်သည်ဘဝထက် သီလ (ကိုယ်ကျင့်တရား)၊ သမာဓိ (စိတ်တည်ငြိမ်မှု)၊ ပညာ (ဉာဏ်ပညာ) တို့သည် ကုသိုလ်တရားနှင့် လွတ်မြောက်မှုကို ဖြစ်ပေါ်စေသည်ဟု ရှင်းပြသည်။

 

အနှစ်သာရ: ဤသုတ်သည် ဗြဟ္မဏတို့၏ ယဇ်ပူဇော်ခြင်းနှင့် အိမ်ထောင်သည်ဘဝအပေါ် မှီခိုမှုကို ဉာဏ်ပညာဖြင့် ချေပပြီး၊ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် လူသားတန်ဖိုးနှင့် လွတ်မြောက်မှုကို မြှင့်တင်ရန် ဗုဒ္ဓတရားဓမ္မ၏ တရားမျှတမှုကို ဖော်ထုတ်သည်။

 

၈။ ဝါသေဋ္ဌသုတ်

ဝါသေဋ္ဌသုတ်သည် ဝါသေဋ္ဌနှင့်ဘာရဒွါဇ ပုဏ္ဏားလုလင်နှစ်ယောက်တို့ ဗြဟ္မာဖြစ်ကြောင်း အငြင်းပွားရာမှ ဗုဒ္ဓမြတ်စွာက အမျိုးဇာတ်ခြားနားမှုနှင့် ဗြဟ္မဏမည်ပုံကို ရှင်းပြသည်။

 

ဤသုတ်တွင် ဗြဟ္မဏတို့၏ ဇာတ်စဉ်အလိုက် လူမှုအဆင့်အတန်းသတ်မှတ်ခြင်းနှင့် ဗုဒ္ဓဘုရား၏ တရားမျှတသော အဆုံးအမများကို နှိုင်းယှဉ်ထင်ရှားစေသည်။

 

ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့သည် ဗြဟ္မဏတို့၏ အယူအဆအရ ဗြဟ္မဏမျိုးရိုးသည် အမြင့်ဆုံးဖြစ်ပြီး၊ အခြားဇာတ်စဉ်များထက် သာလွန်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘုရားထံ လာရောက်ပြီး၊ ဤအယူအဆကို တင်ပြဆွေးနွေးသည်။ ဗုဒ္ဓဘုရားသည် ဇာတ်စဉ်အလိုက် ခွဲခြားမှုသည် လူသားတန်ဖိုးကို သတ်မှတ်ရာတွင် အဓိကမဟုတ်ကြောင်း ရှင်းပြသည်။ ၎င်းအစား သီလ (ကိုယ်ကျင့်တရား)၊ သမာဓိ (စိတ်တည်ငြိမ်မှု)၊ ပညာ (ဉာဏ်ပညာ) တို့သည် လူသားတန်ဖိုးနှင့် ကုသိုလ်တရားများကို ဖြစ်ပေါ်စေသည်ဟု ဟောကြားသည်။

 

ဗုဒ္ဓဘုရားသည် ဗြဟ္မဏတို့၏ အယူအဆကို ဉာဏ်ပညာဖြင့် ချေပပြီး၊ လူသားအားလုံးသည် ဇာတ်စဉ်မခွဲခြားဘဲ တရားဓမ္မကို ကျင့်သုံးရန် တန်းတူအခွင့်အရေးရှိကြောင်း ဖော်ပြသည်။

 

အနှစ်သာရ: ဤသုတ်သည် ဗြဟ္မဏတို့၏ ဇာတ်စဉ်အခြေခံ လူမှုရေးခွဲခြားမှုကို ဉာဏ်ပညာဖြင့် ချေပပြီး၊ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် လူသားတန်ဖိုးကို မြှင့်တင်ရန်နှင့် လူမှုရေးတရားမျှတမှုကို အလေးပေးသည်။ ၎င်းသည် ဗုဒ္ဓတရားဓမ္မ၏ တရားမျှတမှုနှင့် လူသားအားလုံးအတွက် သက်ဆိုင်မှုကို ဖော်ထုတ်သည်။

 

၉။ သုဘသုတ်

သုဘသုတ်သည် လူဝတ်ကြောင်နှင့် ရဟန်းတို့၏ ကုသိုလ်နှင့်ပတ်သက်၍ ပုဏ္ဏားတို့၏ ထင်မြင် ယူဆချက်ကို သုဘလုလင်က မေးလျှောက်သဖြင့် ဗုဒ္ဓမြတ်စွာက မှတ်ချက် ပေးခြင်းဖြစ်သည်။ ပုဏ္ဏားတို့က လူဝတ်ကြောင်သည်သာ ကုသိုလ်ရ။ ရဟန်းသည် ကုသိုလ်မရ။ လူဝတ်ကြောင်၏ ကုသိုလ် သည် အကျိုးကြီး၍ ရဟန်း၏ကုသိုလ်သည် အကျိုးမကြီးဟု ယူဆကြသည်။

 

သုဘလုလင်သည် ဗြဟ္မဏတို့၏ အယူအဆအရ၊ ဝေဒကျမ်းများကို လေ့လာပြီး ယဇ်ပူဇော်ခြင်းသည် ကုသိုလ်တရားနှင့် လွတ်မြောက်မှုကို ဖြစ်ပေါ်စေသည်ဟု ယုံကြည်သည်။ ဗုဒ္ဓမြတ်စွာသည် ဤအယူအဆကို ငြင်းပယ်ပြီး၊ ဝေဒကျမ်းများနှင့် ယဇ်ပူဇော်ခြင်းထက် သီလ (ကိုယ်ကျင့်တရား)၊ သမာဓိ (စိတ်တည်ငြိမ်မှု)၊ ပညာ (ဉာဏ်ပညာ) တို့သည် ကုသိုလ်တရားနှင့် လွတ်မြောက်မှုအတွက် အဓိကဖြစ်ကြောင်း ရှင်းပြသည်။

 

ဗုဒ္ဓမြတ်စွာသည် သုဘလုလင်အား သီလစောင့်ထိန်းရန်၊ စိတ်တည်ငြိမ်မှုအတွက် တရားထိုင်ရန်နှင့် အမှန်တရားကို ထိုးထွင်းသိမြင်ရန် ဉာဏ်ပညာဖွံ့ဖြိုးရန် ဟောကြားသည်။ ဤတရားကျင့်စဉ်များသည် ဇာတ်စဉ်မခွဲခြားဘဲ လူသားအားလုံးအတွက် သက်ဆိုင်ကြောင်း ဖော်ပြသည်။ သုဘလုလင်သည် ဗုဒ္ဓမြတ်စွာ၏ ရှင်းပြချက်ကို နာယူပြီး၊ ဗြဟ္မဏတို့၏ ဝေဒကျမ်းနှင့် ယဇ်ပူဇော်ခြင်းအပေါ် မှီခိုမှုကို ပြန်လည်သုံးသပ်ကာ၊ ဗုဒ္ဓတရားဓမ္မကို လေးစားယုံကြည်သည်။

 

အနှစ်သာရ: ဤသုတ်သည် ဗြဟ္မဏတို့၏ ဝေဒကျမ်းနှင့် ယဇ်ပူဇော်ခြင်းအပေါ် တစ်ဖက်သတ်မှီခိုမှုကို ဉာဏ်ပညာဖြင့် ချေပပြီး သီလ၊ သမာဓိ၊ ပညာတို့ဖြင့် လူသားတန်ဖိုးနှင့် လွတ်မြောက်မှုကို မြှင့်တင်ရန် ဗုဒ္ဓတရားဓမ္မ၏ တရားမျှတမှုကို ဖော်ထုတ်သည်။

 

၁၀။ သင်္ဂါရဝသုတ်

သင်္ဂါရဝသုတ် (မဇ္ဈိမနိကာယ် MN 100) တွင် သင်္ဂါရဝလုလင်၏ မေးမြန်းချက်အရ မြတ်စွာဘုရားက တရားထူးရရှိသူများ၏ အယူဝါဒနှင့် ကျင့်စဉ်များကို သုံးမျိုးခွဲခြားဖော်ပြထားသည်။ ၎င်းတို့မှာ တဆင့်ကြား (သုတမယဉာဏ်)၊ ကြံစည်စဉ်းစား (စိန္တာမယဉာဏ်) နှင့် ထိုးထွင်းသိမြင် (ဘာဝနာမယဉာဏ်) ဟူ၍ ဖြစ်သည်။

 

ဘုရားရှင်က ဤသုံးမျိုးသော ကျင့်စဉ်များသည် တရားထူးရရှိရန် လမ်းကြောင်းများဖြစ်ကြောင်း ဟောကြားပြီး၊ သင်္ဂါရဝလုလင်အား အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောများကို နားလည်စေရန် လမ်းညွှန်ပေးသည်။ ဤသုတ်သည် တရားရရှိရန် နည်းလမ်းများ၏ ကွဲပြားမှုကို ဖော်ပြပြီး အဆုံးစွန်အားဖြင့် နိဗ္ဗာန်သို့ ရောက်ရှိရန် ရည်ရွယ်သည်။

 

၅။ အနှစ်သာရ

ဗြဟ္မဏဝဂ်၏ အနှစ်သာရမှာ ဗြဟ္မဏတို့၏ ဇာတ်စဉ်အယူအဆနှင့် ဓလေ့ထုံးတမ်းများကို ဉာဏ်ပညာဖြင့် ပြန်လည်ဆန်းစစ်ပြီး တရားဓမ္မကို လူသားအားလုံးအတွက် တရားမျှတသော လမ်းစဉ်အဖြစ် တင်ပြထားခြင်းဖြစ်သည်။ ဤဝဂ်သည် လူမှုရေးအဆင့်အတန်းများကို ကျော်လွန်ပြီး သီလ၊ သမာဓိ၊ ပညာတို့ဖြင့် လူသားတန်ဖိုးကို မြှင့်တင်ရန် သင်ကြားပေးသည်။

 

၆။ နိဂုံး

ဗြဟ္မဏဝဂ်သည် ဗုဒ္ဓဘာသာနှင့် ဗြဟ္မဏအယူဝါဒများအကြား ဆွေးနွေးမှုများမှတစ်ဆင့် ဗုဒ္ဓဘာသာ၏ တရားမျှတမှုနှင့် ဉာဏ်ပညာကို ထင်ရှားစေသည်။ ဤဝဂ်သည် လူမှုရေးအဆင့်အတန်းများကို ကျော်လွန်ပြီး တရားဓမ္မကို လက်တွေ့ကျင့်သုံးရန် လှုံ့ဆော်သည်။

 

၇။ မှတ်ချက်

ဤဝဂ်သည် ဗြဟ္မဏတို့၏ အယူအဆများကို ဆန်းစစ်ရုံသာမက၊ ဗုဒ္ဓဘာသာ၏ အဆုံးအမများကို လူသားအားလုံးအတွက် လက်တွေ့အသုံးချနိုင်သော နည်းလမ်းများအဖြစ် ဖော်ပြထားသည်။ သုတ်များသည် ဉာဏ်ပညာနှင့် ကရုဏာကို အခြေခံ၍ လူမှုရေးတရားမျှတမှုကို အလေးပေးသည်။


++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 
 
 

Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page