20 hours ago
20 hours ago
2 days ago
2 days ago
2 days ago
3 days ago
3 days ago
3 days ago
3 days ago
3 days ago
3 days ago
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မူလပရိယာဝဂ်ကို လေ့လာခြင်း
၁။ အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition)
မဇ္ဈိမနိကာယ်သည် သုတ္တန္တပိဋက၏ ဒုတိယမြောက် နိကာယ်တစ်ခုဖြစ်သည်။ "မဇ္ဈိမ" ဟူသော ပါဠိစကားလုံးသည် "အလယ်အလတ်" ဟု အဓိပ္ပါယ်ရပြီး၊ ပမာဏအားဖြင့် မရှည်လွန်း မတိုလွန်း အလယ်အလတ်မျှဖြစ်သည့် သုတ်တို့ကို ပေါင်းစုထားခြင်းကြောင့် မဇ္ဈိမနိကာယ်ဟု ခေါ်သည်။ စုစုပေါင်း သုတ် ၁၅၂ သုတ်ပါဝင်ပြီး၊ ၎င်းတို့သည် မြတ်စွာဘုရားနှင့် အဓိကတပည့်တော်များဖြစ်သည့် အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ စသည်တို့၏ ဟောကြားချက်များဖြစ်သည်။ မူလပဏ္ဏာသသည် မဇ္ဈိမနိကာယ်၏ ပထမပိုင်းဖြစ်ပြီး၊ "ပဏ္ဏာသ" ဟူသည်မှာ "သုတ် ၅၀" ကို ဆိုလိုသည်။ ဤမူလပဏ္ဏာသကို ဝဂ် ၅ ခုခွဲထားရာ၊ မူလပရိယာဝဂ်သည် ၎င်း၏ ပထမဝဂ်ဖြစ်ပြီး သုတ် ၁၀ သုတ်ပါဝင်သည်။ "မူလပရိယာဝဂ်" ဟူသော အမည်သည် ပထမသုတ်ဖြစ်သော "မူလပရိယာသုတ်" (Root of All Things) မှ ဆင်းသက်လာပြီး၊ ၎င်းသည် ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများကို စတင်ဖော်ပြသည့် အစဖြစ်သည်။ ဤဝဂ်ကို လေ့လာခြင်းသည် ဗုဒ္ဓ၏ တရားတော်များကို နားလည်ရန် အဓိကသော့ချက်တစ်ခုဖြစ်ပြီး၊ ဉာဏ်ပညာနှင့် သီလကို ပေါင်းစပ်ဖော်ပြထားသည်။ ဤသုတ်များသည် လောကီအမြင်များကို ကျော်လွှားကာ လောကုတ္တရာအဆင့်သို့ တက်လှမ်းရန် လမ်းညွှန်ပေးသည်။
၂။ တည်နေရာ (Location)
မဇ္ဈိမနိကာယ်သည် ပါဠိတိပိဋကအတွင်း သုတ္တန္တပိဋက၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ဒိဃနိကာယ် (ရှည်လျားသောတရားတော်များ) နောက်တွင် ဒုတိယမြောက်နေရာယူထားသည်။ ထို့နောက် သံယုတ္တနိကာယ် ၊ အင်္ဂုတ္တရနိကာယ် ၊ နှင့် ခုဒ္ဒကနိကာယ်တို့ ဆက်လက်တည်ရှိသည်။ မူလပဏ္ဏာသသည် မဇ္ဈိမနိကာယ်ကို သုံးပိုင်းခွဲထားရာ ပထမပိုင်းဖြစ်ပြီး၊ သုတ် ၁ မှ ၅၀ အထိ ပါဝင်သည်။ ဤမူလပဏ္ဏာသအတွင်း မူလပရိယာဝဂ်သည် ပထမဆုံးဝဂ်ဖြစ်ပြီး၊ သုတ် ၁ (မူလပရိယာသုတ်) မှ သုတ် ၁၀ (သတိပဋ္ဌာနသုတ်) အထိ စီစဉ်ထားသည်။ ဤဝဂ်သည် ဗုဒ္ဓဘာသာ၏ အစောပိုင်း ဟောကြားချက်များကို ကိုယ်စားပြုပြီး၊ သာသနာတော်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဤသုတ်များကို အိန္ဒိယမြေတွင် ဟောကြားခဲ့ပြီး၊ အချို့သော နောက်ခံဇာတ်လမ်းများတွင် သာဝတ္ထိမြို့ (Sāvatthi)၊ ရာဇဂြိုဟ်မြို့ (Rājagaha)၊ ကောသမ္ဗီမြို့ (Kosambī) စသည့် နေရာများကို ဖော်ပြထားသည်။ ဥပမာ၊ ဘယဘေရဝသုတ်တွင် ဗုဒ္ဓဘုရား၏ တောထဲတရားအားထုတ်မှုကို ဖော်ပြရာ သီတင်းသုံးရာ နေရာတစ်ခုကို ဖော်ပြထားသည်။ ဤဝဂ်သည် မဇ္ဈိမနိကာယ်၏ အစဖြစ်သည့်အလျောက်၊ တရားတော်များကို စတင်လေ့လာသူများအတွက် အခြေခံအကျဆုံး အပိုင်းတစ်ခုဖြစ်သည်။
၃။ ဖွဲ့စည်းပုံ (Structure)
မူလ ပရိယာယဝဂ်၌ ဆယ်သုတ်ပါဝင်သည်။
၁။ မူလပရိယာယသုတ်
၂။ သဗ္ဗာသဝသုတ်
၃။ ဓမ္မဒါယာဒသုတ်
၄။ ဘယဘေရဝသုတ်
၅။ အနင်္ဂဏသုတ်
၆။ အာကင်္ခေယျသုတ်
၇။ ဝတ္ထသုတ်
၈။ သလ္လေခသုတ်
၉။ သမ္မာဒိဋ္ဌိသုတ်
၁၀။ မဟာသတိပဋ္ဌာနသုတ်တို့ဖြစ်သည်။
ဤသုတ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိပြီး၊ ဗုဒ္ဓ၏ တရားတော်များကို စနစ်တကျ တင်ပြထားသည်။ ဥပမာ၊ ပထမသုတ်ဖြစ်သော မူလပရိယာသုတ်သည် သဘာဝလောက၏ အခြေခံသဘောတရားများကို ဖော်ပြခြင်းဖြင့် စတင်ပြီး၊ နောက်ဆုံးသုတ်ဖြစ်သော သတိပဋ္ဌာနသုတ်သည် လက်တွေ့ကျင့်သုံးရန် လမ်းညွှန်ချက်ဖြင့် အဆုံးသတ်သည်။ ဤဖွဲ့စည်းပုံသည် လေ့လာသူများအား ကျိုးကြောင်းဆက်စပ်စွာ နားလည်နိုင်စေရန် ကူညီပေးသည်။
၄။ အကြောင်းအရာ (Content)
၁။ မူလပရိယာယသုတ်
မဇ္ဈိမ-၁-ပါ-၁၊ ဋ္ဌ-ပ-အုပ်-၁၊ ပရိယတ္တိ၌မှီသောမာနကို ပယ်ခြင်းငှာ ဟောတော်မူသောသုတ် ဖြစ်၏၊ ဓာတ်ကြီး ၄ ပါး ပုဂ္ဂိုလ်သတ္တဝါ စသည်၌ အမှန်ကို မသိခြင်း၊ သိခြင်း အကျယ်ဟောထား၏။
ပုထုဇဉ် သေက္ခ အသေက္ခတို့သည် အရာအားလုံး၏ အတွင်းသရုပ်မှန်ကို အပြည့်အဝ ဝေဘန်ပိုင်းခြား၍ မသိနိုင်။ မြတ်စွာဘုရားသည်သာ အပြည့်အဝ ဝေဘန်ပိုင်းခြား၍ သိနိုင်ကြောင်း ဟောကြားခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်းရှိ အင်ကြင်းပင်ရင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား တရားအားလုံးတို့၏ အကြောင်းရင်းဒေသနာကို ဟောတော်မူသည်။
ဤသုတ်၌ မြေမှစ၍ နိဗ္ဗာန်အထိ နှစ်ဆယ့်လေးပါးသော တရားတို့၌ ပုထုဇဉ်တို့ မှားယွင်းစွာ မှတ်ထင် နှစ်သက်ကြပုံ သေက္ခပုဂ္ဂိလ်တို့ မှန်ကန်စွာ သိမြင်ကြပုံ ရဟန္တာပုဂ္ဂိုလ်တို့ မှန်ကန်စွာ သိမြင်ကြပုံ အကြောင်းလေးမျိုး မြတ်စွာဘုရားတို့ မှန်ကန်စွာ သိမြင်ပုံ အကြောင်းနှစ်မျိုး ပါဝင်သည်။
ဤသုတ်တွင် မြတ်စွာဘုရား၊ ရဟန္တာ၊ အရဟတ္တဖိုလ် မရသေးသောရဟန်း နှင့် အသိအမြင်မရှိသော ပုထုဇဉ် တို့၏ အမြင်ခြားနားပုံကို ဖော်ပြထားပါသည်။ ဤသုတ်သည် နက်နဲလွန်းသဖြင့် အခြားသုတ်များ လေ့လာပြီးမှ ဖတ်ရူသင့်ပါသည်။
၂။ သဗ္ဗာသဝသုတ်
ဤသုတ်၏ အဓိကရည်ရွယ်ချက်ကား အာသဝေါတရားတို့ကို မည်သို့မည်ပုံ နှိမ်နင်းအောင်မြင် နိုင်ကြောင်း ပြညွှန်ရန်ပင်ဖြစ်သည်။ သင်္ခါရတို့ကို ပညာဖြင့် ဆင်ခြင်သုံးသပ် နိုင်သောသူသာလျှင် အာသဝေါတရားတို့ကို ဖျက်ဆီးနိုင်ကြောင်း၊ ကာမ၊ ဘဝ၊ ဝိဘဝတဏှာနောက်သို့ လိုက်ပါ နစ်မျော နေသူတို့အဖို့ အာသဝေါတရားမှ မည်သို့မျှ ကင်းလွတ်နိုင်မည်မဟုတ်ကြောင်း ဤသုတ်ဖြင့် ဘုရားမြတ်စွာက ညွှန်ပြခဲ့သည်။
အာသဝပယ်ကြောင်း ခုနှစ်ပါးကို ဟောခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား အာသဝအားလုံးကို ပိတ်ကြောင်း သဗ္ဗသံဝရဒေသနာကို ဟောကြားတော်မူသည်။
သံသရာလည်စေတတ်သော အာသဝတို့ ကုန်ခန်းစေရန် နည်းခုနှစ်မျိုးကို ဟောကြားထားပါသည်။
အာသဝတရား ၇ ပါး
အာသဝတို့သည်..
၁။ ဉာဏ်အမြင်အားဖြင့်ပယ်အပ်သော အာသဝ။
၂။ စောင့်စည်းခြင်းဖြင့်ပယ်အပ်သော အာသဝ။
၃။ မှီဝဲသုံးဆောင်ခြင်းဖြင့်ပယ်အပ်သော အာသဝ။
၄။ သည်းခံခြင်းဖြင့်ပယ်အပ်သော အာသဝ။
၅။ ရှောင်ကျဉ်ခြင်းဖြင့်ပယ်အပ်သော အာသဝ။
၆။ဖျောက်ဖျက်ခြင်းဖြင့်ပယ်အပ်သော အာသဝ။
၇။ ပွားများခြင်းဖြင့်ပယ်အပ်သော အာသဝ။
၁။ နှလုံးမသွင်းသင့်သော တရားနှင့် နှလုံးမသွင်းသင့်သောတရားတိုကို သိမြင်ခြင်းအားဖြင့်လည်း အာသဝတို့ကို ပယ်၏။
၂။ မျက်စိ,နား,နှာ,လျာ,ကိုယ်,စိတ်ဟူသော ဣန္ဒြေခြောက်ပါးကို ဉာဏ်ဖြင့် သင့်တင့်စွာဆင်ခြင်၍ စောင့်စည်းခြင်းဖြင့်လည်း အာသဝတို့ကို ပယ်၏။
၃။ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ မှီဝဲခြင်းဖြင့်လည်း အာသဝတို့ကိုပယ်၏။
၄။ အချမ်း, အပူ, ဆာလောင်ခြင်း, မွတ်သိပ်ခြင်း, မှက်, ခြင်, ယင်, လေ, နေပူ, မြွေကင်းတို့၏ အထိအတွေ့၊ မကောင်းသဖြင့် ပြောဆိုသောစကား၊ မကောင်းသဖြင့် ရောက်လာသောစကား၊ မိမိကိုယ်၌ ဖြစ်ပေါ်လာသည့် အသက်ပါသွားလောက်အောင် ပြင်းထန်သော ရောဂါ ဝေဒနာတို့ကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ သည်းခံခြင်းဖြင့်လည်း အာသဝတို့ကို ပယ်၏။
၅။ ကြမ်းတမ်းသော ဆင် မြင်း နွား မြွေ သစ်ငုတ် ခလုပ် ဆူးငြောင့် ချောက် ကမ်းပါး မစင်မြောင်း ရေဆိုးမြောင်း မသင့်လျော်သောနေရာ ယုတ်မာသောမိတ်ဆွေတို့ကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ ရှောင်ရှားခြင်းဖြင့်လည်း အာသဝတို့ကို ပယ်၏။
၆။ မိမိစိတ်၌ ဖြစ်ပေါ်လာသည့် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်တို့ကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ ပွားများခြင်းအားဖြင့်လည်း အာသဝတို့ကို ပယ်၏။
၇။ ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ပွားများခြင်းအားဖြင့်လည်း အာသဝတို့ကို ပွယ်၏။
ဤသို့လျှင် ခုနှစ်ပါးသော နည်းလမ်းတို့ဖြင့် အာသဝတို့ကို ပယ်ပြီးသော ရဟန်းသည် အာသဝခပ်သိမ်းကို တားဆီးပိတ်ဆို့လျက် နေသော ရဟန်းမည်၏။ တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ် နှောင်ကြိုးကို ဖြေချွတ်ပြီးသူ၊ မာနကို ကောင်းစွာ သိမြင်၍ ဝဋ်ဒုက္ခကို ကုန်ဆုံးအောင် ပြုပြီးသူ မည်၏။
၃။ ဓမ္မဒါယာဒသုတ်
အာမိသအမွေထက် ဓမ္မအမွေကိုသာ ခံယူကြရန် ဗုဒ္ဓမြတ်စွာ၏ တိုက်တွန်းခြင်းနှင့် ဗုဒ္ဓမြတ်စွာ၏ ဝိဝေကကို အတုယူကြရန် အရှင်သာရိပုတ္တရာ၏ တိုက်တွန်းခြင်းတို့ဖြစ်သည်။
ဤသုတ်ကို နှစ်ကန့် ကန့်ထားသည်။ ပထမအကန့်တွင် ဘုရားမြတ်စွာသည် နိဒါန်းအနေဖြင့် အာမိသဒါယာဒနှင့် ဓမ္မဒါယာဒ ဘိက္ခုနှစ်မျိုးအကြောင်းကို ရှင်းလင်းပြထားသည်။ အာမိသဒါယာဒဘိက္ခု ဟူသည်ကား တရားကျင့်သုံးရန်အတွက် ဆွမ်းဘောဇဉ် စသည်တို့ကို ခုံမင်သောရဟန်း ဖြစ်သည်။ ရောင့်ရဲခြင်းနှင့် စိတ်တည်ငြိမ်ခြင်းသည် ကိလေသာအညစ်တရားတို့ကို သုတ်သင်ရှင်းလင်းပစ်နိုင်ခြင်း ကြောင့် ဘုရားမြတ်စွာက ဓမ္မဒါယာဒဘိက္ခုကိုသာလျှင် ချီးကျူး၏။
ဒုတိယအကန့်တွင်၊ ရှင်သာရိပုတြာက ဆိတ်သုဉ်းရာအရပ်၌ တဦးတည်းနေကာ ဈာန်ကျင့်သုံးခြင်းကို သွန်သင်ညွှန်ကြားခဲ့၏။ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော တရားတို့ကို ပယ်ရှားရန်နှင့် မဂ္ဂင်ရှစ်ပါးကို ရှင်းလင်းခဲ့ရုံမက နိဗ္ဗာန်ရောက်ရာရောက်ကြောင်း ကျင့်စဉ်ကိုလည်း ဤသုတ်တွင် ဖော်ထုတ်ထားသည်။
၄။ ဘယဘေရဝသုတ်
ဘယဘေရဝသုတ်ကို ဇာဏုဿာဏိပုဏ္ဏားကို အကြောင်းပြု၍ ဘုရားမြတ်စွာသည် ဟောကြားတော် မူခဲ့သည်။ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းသည် မည်သို့သော အကြောင်းများကြောင့် ဖြစ်ပေါ်လာကြောင်း ဘုရားမြတ်စွာက ဤသုတ်၌ ရှင်းလင်းဖော်ပြခဲ့သည်။
၅။ အနင်္ဂဏသုတ်
အနင်္ဂဏသုတ်သည် ဘုရားမြတ်စွာ ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သောသုတ်မဟုတ်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ ဟောပြောခဲ့သောသုတ် ဖြစ်သည်။ ဤသုတ်တွင် အာဇီဝကဂိုဏ်းသား ပဏ္ဍုပုတ္တ အကြောင်းကိုလည်း ဖော်ပြထားသည်။ ဤသုတ်ကို မဇ္ဈိမနိကာယ်တွင် ထည့်သွင်းထားရသည့်အကြောင်းမှာ ဘုရားမြတ်စွာကိုယ်တော်တိုင် ဟောကြားတော်မူသော ဒေသနာတော် မဟုတ်စေကာမူ ဘုရားမြတ်စွာကိုယ်တော်တိုင်၏ သဘောတူညီချက်အရ ညွှန်ပြသောသုတ် ဖြစ်သောကြောင့်ဖြစ်သည်။
၆။ အာကင်္ခေယျသုတ်
တောင့်တတိုင်း ပြည့်လိုပါက သီလဖြည့်ကျင့်၍ သမထဝိပဿနာကို ပွားများသင့်ကြောင်း ဟောကြားခြင်း ဖြစ်သည်။
အာကင်္ခေယျသုတ်တွင် ဘုရားမြတ်စွာက ရဟန်းတို့အား သီလနှင့်ပါတိမောက်များကို လေးစားလုံခြုံစွာ စောင့်ထိန်းသင့်ကြောင်း နှိုးဆော်တိုက်တွန်းထားသည်။ သူတထူး၏စိတ်ကို သိလိုခြင်း၊ ကျော်စောလိုခြင်း၊ သတင်းပျံ့နှံ့လိုခြင်း စသည့် ဂုဏ်ပကာသနတို့ကို ရဟန်းတို့သည် တောင့်တလိုကောင်း တောင့်တမိကြပေလိမ့်မည်။ သို့သော် ဤသို့ စိတ်နှလုံးမပိုက်သင့်ချေ။ ကိုယ့်ကိုယ်ကို ချိုးနှိမ် ချုပ်တည်းကာ အကျင့်သိက္ခာတို့ကိုသာလျှင် သစ္စာရှိစွာ စောင့်ထိန်းသင့်ကြောင်း ဘုရားမြတ်စွာက ဤသုတ်ဖြင့် ညွှန်ကြားသတိပေးခဲ့သည်။
အာကင်္ခေယျသုတ်၌..
၁။ ချစ်သား၊ သီတင်းသုံးဖော်တို့သည် ချစ်ခင်သောမျက်စိဖြင့် ကြည့်ရှုခြင်း၊ မေတ္တာပို့ပေးခြင်း၊ အလေးပြုခြင်း၊ ချီးမွမ်းခြင်းကို အလိုရှိလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၂။ ပစ္စည်းလာဘ်ပေါများခြင်းကို အလိုရှိလျှင် သီလကို ကောင်းစွာဖြည့်ကျင့်ရမယ်။
၃။ မိမိအား ပစ္စည်းလှူသူတို့ကို အကျိုးများစေလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၄။ မိမိကို အောင်းမေ့သော ဆွေမျိုးပြိတ္တာတို့ကို အကျိုးများစေလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၅။ ကုသိုလ်၌ ပျင်းရိခြင်း၊ ကာမဂုဏ် ၌ မွေ့လျော်ခြင်းတို့ကို ပယ်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၆။ ကြောက်လန့်ခြင်း၊ ကြောက်ဖွယ်အာရုံကို ပယ်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၇။ ရူပဈာန် ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၈။ အရူပဈာန်ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၉။ သောတာပန်တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၁၀။ သကဒါဂါမ်တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၁၁။ အနာဂါမ်တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၁၂။ ပုဗ္ဗေနိဝါသနုဿတိ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ဣဒ္ဓိဝိဓဟူသော လောကီ အဘိညာငါးပါးရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
၁၃။ အာသဝက္ခယဉာဏ်ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်ဟု ဟော၏။ ဋီကာ၌ သီလထောမန သုတ်တွင် သီလအကျိုး ၁၇ ပါးဟု ဆို၏။
အမြွက်အားဖြင့် သာသနာ၌ အမျိုးကောင်းသာတို့ ဆောက်တည်ရာ သီလတည်း။ သီလ အပြင်မရှိ။ ထို့ကြောင့် သီလအကျိုး ကုန်စင်အောင် အဘယ်သူ ဟောနိုင်အံ့နည်း။ သတ္တဝါတို့ ကိလေသာအညစ်အကြေး စင်ကြယ်အောင် မြစ်ကြီး ငါးစင်ရေ မတတ်နိုင်။ သီလရေစင် တတ်နိုင်၏။ သတ္တဝါတို့ ကိလေသာ အပူငြိမ်းအောင် မိုးသက်လေညင်း စန္ဒကူး ရွှေ ပုလဲသွယ် မြ ပတ္တမြား မတတ်နိုင်။ သီလ အအေးဓာတ် တတ်နိုင်၏။ သီလနှင့် တူသော နံ့သာမရှိ။ လေအောက် လေထက် အတူမွှေး၏။ သီလသည် နတ်ပြည်တက်လို လျှင် စောင်းတန်း၊ နိဗ္ဗာန်ဝင်လိုလျှင် တံခါး။ သီလဆင်သော ရဟန်းသည် ပုလဲ ပတ္တမြား တန်ဆာဆင်သော ပြည့်ရှင်မင်းထက် တင့်တယ်၏။ သီလသည် အတ္တာနုဝါဒဘေး စသည်ကို ဖျက်ဆီး၍ ကျော်စေခြင်း, ဝမ်းမြောက်ခြင်းတို့ကို ဖြစ်စေနိုင်၏။ ဤကား လောကီ၊ လောကုတ္တရာဂုဏ်အလုံးစုံတို့၏ အမြစ်ရင်း အပြစ်ကင်းသော သီလ၏ အကျိုးအမြွက်တည်း။ (ဝါ-ဖလပစ္စုပဋ္ဌာန် အမြွက်တည်း)
၇။ ဝတ္ထသုတ်
ဝတ္ထသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် သတ္တမမြောက်သုတ် ဖြစ်သည်။စိတ်ကို အဝတ်ပိုင်းဖြင့် ဥပမာပြု၍ ဟောကြားခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီ တင်းသုံးနေစဉ် စိတ်၏ ညစ်နွမ်းပုံ ဖြူစင်ပုံများကို အဝတ် ပိုင်းဖြင့် ဥပမာပြု၍ ဟောကြားတော်မူသည်။
အလွန်ညစ်နွမ်းသည့် အဝတ်စကို ဆေးရောင်အမျိုးမျိုးဖြင့် မည်သို့ပင်ဆိုးသော်လည်း အရောင်အဆင်းမကောင်း သည်သာဖြစ်၏။ ထို့အတူပင် ပင်ကိုယ်စိတ်သည် အကုသို လ်တရားဆိုးတို့ဖြင့် ညစ်ညူးနေခဲ့သော် အပါယ်ဒုဂ္ဂတိသို့ သာ လားရာရှိ၏။
ဖြူဖွေးစင်ကြယ်သော အဝတ်စကို အရောင်အမျိုးမျိုးဖြင့် ဆိုသော် ကောင်းသောအရောင်အဆင်း ဖြစ်ရာ၏။ထို့အ တူပင် ပင်ကိုယ်စိတ်သည် အကုသိုလ်တရားဆိုးတို့ဖြင့် ညစ်ညူးခြင်း မရှိခဲ့သော် သုဂတိဘုံဘဝသို့သာ လားရာရှိ ၏။
စိတ်ညစ်ညူးကြောင်းတရားတို့ကား---
သူတပါးစည်းစိမ်ကို ရှေးရှုကြံစည်ခြင်း အဘိဇ္ဈာ
မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ဝိသမလောဘ
သူတပါးပျက်ဆီးစေလိုခြင်း ဗျာပါဒ
အမျက်ထွက်ခြင်း ကောဓ
ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ
ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း မက္ခ
ဂုဏ်ပြိုင်ခြင်း ပဠာသ
ငြူစူခြင်း ဣဿာ
ဝန်တိုခြင်း မစ္ဆရိယ
လှည့်ပတ်ခြင်း မာယာ
စဉ်းလခြင်း သာဌေယျ
စိတ်ခက်ထန်ခြင်း ထမ္ဘ
ချုပ်ချယ်ခြင်း သာရမ္ဘ
မောက်မာခြင်း မာန
အလွန်မောက်မာခြင်း အတိမာန
မာန်ယစ်ခြင်း မဒ
သတိမေ့လျော့ခြင်း ပမာဒ တို့ဖြစ်၏။
မိမိသန္တာန်၌ စိတ်ညစ်ညူးကြောင်း အကုသိုလ်တရားများ ရှိသည်ကိုသိလျင် ထိုတရားဆိုးများကို စွန့်ပယ်ရန် အား ထုတ်ရာ၏။
စိတ်၏အညစ်အကြေးဖြစ်သော ကိလေသာတို့ကို အပိုင်း လိုက် အပိုင်းလိုက်အားဖြင့် စွန့်ပယ်ပြီးသူသည် ဘုရား တရား သံဃာတို့၌ ဉာဏ်ဖြင့်သက်ဝင်သည်ဖြစ်၍ တရားသဘောအသိကို ရရှိ၏။ တရားသဘောနှင့်စပ်သော ဝမ်းမြောက်မှုကို ရရှိ၏။ ဝမ်းမြောက်သူအား နှစ်သက်ခြင်းပီတိ သည် ဖြစ်၏။နှစ်သက်သောစိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏။ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် စိတ်ချမ်းသာမှုကို ခံစားရ၏။ချမ်းသာခြင်းရှိသူ၏ စိတ်သည် တည်ကြည်လာ ၏။
ဤသို့ သီလ သမာဓိ ပညာရှိသော ရဟန်းသည် ဟင်းလျာ များစွာတို့နှင့် သလေးဆွမ်းကို စားသုံးစေကာမူ ယင်းသို့ စားသုံးခြင်းဖြင့် ထိုရဟန်းအား စျန်မဂ်ဖိုလ်၏ အန္တရာယ် မဖြစ်တော့ချေ။
စိတ်ညစ်ညူးကြောင်းတရားများ ကင်းစင်သော် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် အရပ် ဆယ်မျက်နှာလုံးရှိ သတ္တဝါတို့အပေါ် ၌ ဖြန့်၍ နေရာ၏။
ထို့နောက် ကမ္မဋ္ဌာန်းတရားကို အားထုတ်၍ ရဟန္တာဖြစ် အောင် ကျင့်ကြံအားထုတ်ရာ၏။
ဤသို့ ရဟန္တာဖြစ်လာ သောရဟန်းကို အတွင်းသန္တာန်၌ ဖြစ်သည့် အညစ်အကြေးတို့ကို အကျင့်ဖြင့်သာ စင်ကြ ယ်စေသူဟူ၍ ဆိုအပ်၏။
၈။ သလ္လေခသုတ်
သလ္လေခ ဆိုသည်မှာ ကိလေသာများ ခေါင်းပါးအောင် ခြစ်ထုတ်ဖယ်ရှားသည့် အကျင့် ဖြစ်သည်။ လူတို့သည် မိမိတို့၏ စိတ်ကို ဆုံးမမည်ဆိုပါက သလ္လေခသုတ်ကို နာယူကျင့်သုံးသင့်သည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အရှင်မဟာစုန္ဒ၏ မေးလျှောက်ချက်အရ မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးသည် ခန္ဓာငါးပါး၌ ဖြစ်ပေါ်လာ၏။ ဤခန္ဓာငါးပါးသည် ငါမဟုတ် ငါ့ဟာမဟုတ် ငါ့အတ္တ မဟုတ်ဟူ၍ ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုမြင်သူအား ထိုမိစ္ဆာအယူတို့ကို ပယ်စွန့်နိုင်၏ဟု ဖြေကြားတော်မူပါသည်။
ရူပဈာန်တို့သည် ကိလေသာခေါင်းပါးကြောင်း အကျင့်မဟုတ်။ မျက်မှောက် ချမ်းသာစွာနေကြောင်းသာ ဖြစ်၏။ အရူပဈာန်တို့သည် ကိလေသာခေါင်းပါးကြောင်း အကျင့်အဟုတ် ငြိမ်းအေးသော နေခြင်းသာ ဖြစ်၏။
(ဈာန်သမာပတ်ကိုရသော်လည်း ယင်းကို အခြေခံ၍ ဝိပဿနာကို ဆက်လက်အားမထုတ်လျှင် ကိလေသာခေါင်းပါးမှု မဖြစ်နိုင်။ ဝိပဿနာကို ဆက်လက်အားထုတ်မှ ကိလေသာ ခေါင်းပါးနိုင်၏။ ထို့ကြောင့် ဤသို့ ဟောကြားရခြင်းဖြစ်၏။)
ကိလေသာခေါင်းပါးကြောင်းအကျင့်မှာ သူတစ်ပါးတို့သည် ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းမှုတို့ကို ပြုကြသော်လည်း ငါတို့သည် ထိုမကောင်းမှုဟူသမျှတို့ကို မပြုသူများ ဖြစ်ကုန်အံ့ဟု စိတ်ဖြင့် မကောင်းမှုတို့မှ ရှောင်ကြဉ်ခြင်းပင် ဖြစ်၏။
ကုသိုလ်တရားတို့၌ စိတ်အကြံဖြစ်ခြင်းမျှပင် အကျိုးများလှ၏။ နှုတ်ဖြင့်မြွက်ဟပြောဆိုခြင်း ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းတို့၌ ပြောဖွယ်ရာမရှိတော့ပြီ။
ကုသိုလ်တရားတို့၌ စိတ်အကြံဖြစ်ခြင်းမျှပင် အကျိုးများလှ၏။ နှုတ်ဖြင့်မြွက်ဟ ပြောဆိုခြင်း ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းတို့၌ ပြောဖွယ်ရာမရှိတော့ပြီ။
ကုသိုလ်တရားတို့၌ စိတ်အကြံဖြစ်ခြင်းမျှပင် အကျိုးများလှ၏။ နှုတ်ဖြင့်မြွက်ဟပြောဆိုခြင်း ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းတို့၌ ပြောဖွယ်ရာမရှိတော့ပြီ။
ကုသိုလ်တရားတို့ကို ပြုခြင်းသည် အကုသိုလ်တရားတို့ကို ရှောင်လွှဲခြင်းပင် ဖြစ်၏။ အကုသိုလ်တရားတို့သည် အောက်အဖို့သို့ ရောက်စေတတ်၏ဩ။ ကုသိုလ်တရားတို့သည် အထက်အဖို့သို့ ရောကစေတတ်၏။ အကုသိုလ်ကို ရှောင်ကြဉ်၍ ကုသိုလ်ပြုသူသည် အထက်အဖို့သို့ ရောက်ရန်သာ ဖြစ်၏။
မိမိကိုယ်တိုင် ယဉ်ကျေးလိမ္မာခြင်းမရှိသူ ငြိမ်းအေးခြင်း မရှိသူသည် သူတစ်ပါးကို ယဉ်ကျေးလိမ္မာ စေလိမ့်မည် ငြိမ်းအေးစေလိမ့်မည်ဟု မျှော်လင့်ဖွယ်မရှိ။
မိမိကိုယ်တိုင် ယဉ်ကျေးလိမ္မာသူ ငြိမ်းအေးသူသာလျှင် သူတစ်ပါးကို ယဉ်ကျေးလိမ္မာစေနိုင်လိမ့်မည်။ ငြိမ်းအေးမှု ရရှိစေနိုင်လိမ့်မည်ဟု မျှော်လင့်ဖွယ်ရှိ၏။
ညှင်းဆဲနှိပ်စက်တတ်သူအား မညှင်းဆဲ မနှိပ်စက်ခြင်းသည် ငြိမ်းအေးရန် အလိုငှာ ဖြစ်လေ၏။
ကိလေသာခေါင်းပါးကြောင်းအကျင့်၊ ကုသိုလ်စိတ်ဖြစ်စေရန်အကြောင်း၊ ရှောင်လွဲရန်နည်းလမ်း၊ အထက်အဖို့သို့ ရောက်ရန်နည်းလမ်းနှင့် ငြိမ်းအေးရန်နည်းလမ်းတို့ကို ဟောကြားခဲ့ပြီးဖြစ်၏။ အကျိုးလိုလားသော ဆရာပြုလုပ်ထိုက်သောကိစ္စကို ငါပြုခဲ့ပြီ။ သင်တို့ ရှုမှတ်ပွားများကြလော့ မမေ့မလျော့ကြလင့်ဟု ဟောကြားတော်မူပါသည်။
၉။ သမ္မာဒိဋ္ဌိသုတ်
မှန်သောအမြင် သမ္မာဒိဋ္ဌိ ရှိသူဖြစ်ကြောင်းကို ဟောသောသုတ် ဖြစ်သည်။ အရှင်သာရိပုတ္တရာက ရဟန်းတို့အား ဟောခြင်းဖြစ်သည်။
သမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိနှင့် လောကုတ္တရာ သမ္မာဒိဋ္ဌိဟူ၍ နှစ်မျိုးရှိသည်။ ထိုတွင် ကမ္မသကတာဉာဏ်နှင့် သစ္စာနုလောမိကဉာဏ်သည် လောကီသမ္မာဒိဋ္ဌိ မည်၏။ မဂ်ဖိုလ်တို့နှင့် ယှဉ်သော ပညာသည် လောကုတ္တရာ သမ္မာဒိဋ္ဌိမည်၏။
ပုဂ္ဂိုလ်သည် ပုထုဇဉ်ပုဂ္ဂိုလ် သေက္ခပုဂ္ဂိုလ် အသေက္ခပုဂ္ဂိုလ်ဟူ၍ သုံးမျိုးရှိသည်။ ထိုတွင်လည်း ပုထုဇဉ်သည် သာသနာပပုထုဇဉ်နှင့် သာသနာတွင်းပုထုဇဉ်ဟူ၍ နှစ်မျိုးရှိသည်။
ယင်းတွင် ကမ္မဝါဒီဖြစ်သော သာသနာပ ပုထုဇဉ်သည် ကမ္မသကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသူဖြစ်၏။ သစ္စာနုလောမိက သမ္မာဒိဋ္ဌိနှင့်ကား ပြည့်စုံသူ မဖြစ်နိုင်ချေ။ သာသနာတွင်း ပုထုဇဉ်သည် နှစ်မျိုးလုံး ဖြစ်နိုင်သည်။ သေက္ခပုဂ္ဂိုလ်သည် ခိုင်မြဲသော နိယတသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသူဖြစ်၏။
ဤသုတ်၌ လောကုတ္တရာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မှန်သော အမြင်ရှိသူဟု ဆိုပါသည်။
၁၀။ မဟာသတိပဋ္ဌာနသုတ်
သတိပဋ္ဌာန်လေးပါးကို အကျယ် ဟောကြားခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ကုရုတိုင်း ကမ္မာသဒမ္မနိဂုံး၌ သီတင်းသုံးစဉ် ရဟန်းတို့အား ဤမဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်။
သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ရခြင်းငိုကြွေးမည်တမ်းရခြင်းတို့ကို လွန်မြောက်နိုင်ရန် ကိုယ်စိတ်ဆင်းရဲများ ချုပ်ငြိမ်းရန် အရိယာမဂ်ကို နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အတွက် တစ်ကြောင်းတည်းသော ခရီးလမ်းကား သတိပဋ္ဌာန်လေးပါးတို့ပင် ဖြစ်၏။
သတိပဋ္ဌာန်လေးပါးဟူသည် အချုပ်အားဖြင့်
၁။ ကာယာနုပဿနာသတိပဋ္ဌာန်
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်
၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်
၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်တို့ဖြစ်၏။
ကာယာနုပဿနာ သတိပဋ္ဌာန်တွင် ရုပ်အပေါင်းကို ဆင်ခြင်ခြင်း တဆယ့်လေးပါးရှိသည်။
• ထွက်သက်ဝင်သက်ကို ရှုဆင်ခြင်ခြင်းအပိုင်း
• ဣရိယာပုတ်ကို ဆင်ခြင်ခြင်းအပိုင်း
• သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း
• စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းခြင်းအပိုင်း
• ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း
• သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်းတို့ ဖြစ်သည်။
ဝေဒနာနုပဿနာသတိပဋ္ဌာန်တွင် ဝေဒနာကိုဆင်ခြင်ခြင်း ကိုးပါးရှိသည်။
စိတ္တာနုပဿနာသတိပဋ္ဌာန်တွင် စိတ်ကိုဆင်ခြင်ခြင်း ငါးပါးရှိသည်။
ဓမ္မာနုပဿနာသတိပဋ္ဌာန်တွင် သဘောတရားကို ဆင်ခြင်ခြင်း ငါးပါးရှိသည်။
• နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း
• ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း
• အာယတနတဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း
• ဗောဇ္ဈင်ခုနှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း
• သစ္စာလေးပါးကို ဆင်ခြင်ခြင်းအပိုင်းတို့ဖြစ်သည်။
(မဟာသတိပဋ္ဌာနသုတ်သည် ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်တွင်လည်း ပါရှိသည်။)
၅။ အနှစ်သာရ (Essence)
မူလပရိယာဝဂ်၏ အနှစ်သာရသည် ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများဖြစ်သော သတိ၊ သမ္မာဒိဋ္ဌိ၊ ကိလေသာပယ်ရှင်းမှု၊ နှင့် နိဗ္ဗာန်သို့ ဦးတည်ရာ လမ်းကြောင်းကို ဖော်ထုတ်ရန်ဖြစ်သည်။ ဤဝဂ်သည် ဉာဏ်ပညာ (ပညာ) နှင့် သီလကို ပေါင်းစပ်ထားပြီး، လောကီသဘောတရားများကို ကျော်လွှားကာ လောကုတ္တရာအဆင့်သို့ တက်လှမ်းရန် လမ်းညွှန်ပေးသည်။ ဥပမာ၊ မူလပရိယာသုတ်သည် မှားယွင်းသောအမြင်များကို ဖယ်ရှားပြီး သမ္မာဒိဋ္ဌိကို တည်ဆောက်ရန် ကူညီသည်။ သဗ္ဗာသဝသုတ်နှင့် သလ္လေခသုတ်တို့သည် ကိလေသာများကို ပယ်ရှင်းရန် နည်းလမ်းများ ပေးထားပြီး၊ ဘယဘေရဝသုတ်သည် စိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် သတိပဋ္ဌာနသုတ်သည် တရားအားထုတ်မှု၏ အဓိကအုတ်မြစ်အဖြစ် ထင်ရှားပြီး၊ သတိတရား ၄ ပါးကို လက်တွေ့အကျင့်သုံးရန် လမ်းဖွင့်ပေးသည်။ ဤဝဂ်၏ အနှစ်သာရသည် လူသားတို့၏ စိတ်ကို သန့်စင်စေပြီး၊ ဒုက္ခမှ လွတ်မြောက်ရန် လမ်းကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားခြင်းဖြစ်သည်။ ၎င်းသည် အရိယမဂ်ဖိုလ်၏ အစဖြစ်သော သမ္မာဒိဋ္ဌိမှ စတင်ကာ၊ နိဗ္ဗာန်သို့ ဦးတည်သည့် လမ်းကို ဖြည်းဖြည်းချင်း ဖော်ဆောင်ပေးသည်။
၆။ နိဂုံး (Conclusion)
မူလပရိယာဝဂ်ကို လေ့လာခြင်းဖြင့် ဗုဒ္ဓ၏ တရားတော်များကို စနစ်တကျနားလည်နိုင်ပြီး၊ လက်တွေ့ဘဝတွင် ကျင့်သုံးရန် အခွင့်အလမ်းရရှိသည်။ ဤဝဂ်သည် ဉာဏ်အမြင်ဖွင့်ရန်၊ ကိလေသာများကို ထိန်းချုပ်ရန်၊ နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် အခြေခံအုတ်မြစ်ကို ပေးစွမ်းသည်။ သုတ်တစ်ခုစီသည် တရားအားထုတ်သူများအတွက် လမ်းညွှန်ချက်တစ်ခုစီဖြစ်ပြီး၊ အထူးသဖြင့် သတိပဋ္ဌာနသုတ်သည် တရားထိုင်ခြင်းနှင့် ဉာဏ်အမြင်ဖွင့်ခြင်းအတွက် အဓိကကျသည်။ ဤဝဂ်သည် သာသနာတော်၏ အစောပိုင်းအဆင့်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ မြတ်ဗုဒ္ဓ၏ သာဝကများအား တရားဓမ္မကို နားလည်စေရန်နှင့် လက်တွေ့ကျင့်သုံးစေရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ဤဝဂ်ကို လေ့လာခြင်းသည် ဗုဒ္ဓဘာသာတရားတော်၏ အနက်အဓိပ္ပါယ်ကို နက်ရှိုင်းစွာ သိရှိနိုင်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။ အကယ်၍ ဤသုတ်များကို လေ့လာပြီး လက်တွေ့ကျင့်သုံးပါက၊ စိတ်၏တည်ငြိမ်မှု၊ ဉာဏ်အမြင်ပွင့်မှု နှင့် ဒုက္ခမှ လွတ်မြောက်မှုကို ရရှိနိုင်မည်ဖြစ်သည်။
၇။ မှတ်ချက် (Remarks)
မူလပရိယာဝဂ်ကို လေ့လာရာတွင် ပါဠိမူရင်းနှင့် ဘာသာပြန်များကို တွဲဖက်လေ့လာရန် အကြံပြုပါသည်။ ပါဠိမူရင်းသည် တရားတော်၏ မူလအဓိပ္ပါယ်ကို ထိန်းသိမ်းထားပြီး၊ ဘာသာပြန်များက နားလည်ရလွယ်ကူစေသည်။ သုတ်တစ်ခုချင်းစီ၏ နောက်ခံအကြောင်းအရာကို သိရှိထားခြင်းဖြင့် ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်သည်။ ဥပမာ၊ ဘယဘေရဝသုတ်သည် ဗုဒ္ဓ၏ ကိုယ်တွေ့အဖြစ်အပျက်များကို အခြေခံထားပြီး၊ အရှင်ဗြဟ္မလိကို ဟောကြားထားခြင်းဖြစ်သည်။ သတိပဋ္ဌာနသုတ်သည် တရားထိုင်ရန် လက်တွေ့လမ်းညွှန်ပေးထားပြီး၊ ၎င်း၏ ကျင့်သုံးနည်းများကို အသေးစိတ်လေ့လာရန် လိုအပ်သည်။ ထို့ပြင် ဤဝဂ်ကို လေ့လာသူများအနေဖြင့် သုတ်တစ်ခုစီကို အကြိမ်များစွာ ဖတ်ရှုပြီး၊ ၎င်းတို့၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်ရန် အကြံပြုပါသည်။ ဤဝဂ်သည် သီအိုရီနှင့် လက်တွေ့ နှစ်မျိုးလုံးအတွက် အဖိုးတန်သည့်အလျောက်၊ လေ့လာသူများအနေဖြင့် စိတ်ရှည်လက်ရှည်ဖြင့် ချဉ်းကပ်သင့်သည်။ အကယ်၍ ဤသုတ်များကို နားလည်ပြီး အကျင့်သုံးနိုင်ခဲ့ပါက၊ ဗုဒ္ဓဘာသာ၏ အဓိကရည်ရွယ်ချက်ဖြစ်သော ဒုက္ခမှ လွတ်မြောက်မှုကို ရရှိနိုင်မည်ဖြစ်သည်။
---
Ashin Sundara(23.3.2025)
+++++++++++++++++++++++++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသကို လေ့လာခြင်း
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသသည် ပါဠိပိဋကတ်တွင် ဗုဒ္ဓဘာသာ၏ အဓိက သုတ္တန်စုစည်းမှုတစ်ခု ဖြစ်ပြီး မူလပဏ္ဏာသမှာ ၎င်း၏ ပထမပိုင်းဖြစ်သည်။ ၎င်းတွင် ဝဂ် ၅ ခုပါဝင်ပြီး အောက်တွင် ဝဂ်တစ်ခုစီ၏ အနှစ်ချုပ်နှင့် သုံးသပ်ချက်ကို ဖော်ပြထားသည်။
မဇ္ဈိမနိကာယ်သည် သုတ္တန်ပိဋက၏ ဒုတိယအစုဖြစ်သည်။ မရှည်လွန်းမတိုလွန်း အလယ်အလတ်မျှ ဖြစ်သည်။ မရှည်လွန်းမတိုလွန်း အလယ်အလတ်မျှဖြစ်သည့် သုတ်တို့ကို စုပေါင်းထားခြင်းကြောင့် မဇ္ဈိမနိကာယ်ဟု ခေါ်သည်။ ၁၅၂ သုတ်ပါဝင်သည်။ မဇ္ဈိမနိကာယ်ကို ပဏ္ဏာသသုံးခုဖြင့် ဖွဲ့စည်းထားသည်။ မူလပဏ္ဏာသ၊ မဇ္ဈိမပဏ္ဏာသ၊ ဥပရိပဏ္ဏာသတို့ဖြစ်သည်။ ပဏ္ဏာသဟူသည် ငါးဆယ်ဟု အဓိပ္ပါယ်ရ၏။ ပဏ္ဏာသတစ်ခုလျှင် သုတ်ငါးဆယ်စီရှိသည်။ နောက်ဆုံးဖြစ်သော ဥပရိပဏ္ဏာသ၌ ၅၂ သုတ် ဖြစ်နေသည်။ ပဏ္ဏာသ သုံးကျမ်းဟုလည်း ခေါ်ကြသည်။
မဇ္ဈိမနိကာယ်၌ ပါဝင်သော သုတ်တို့သည် အများအားဖြင့် ပါဝင်သော အကြောင်းအရာကို အကျဉ်းခေါင်းစဉ်မျှ ဖော်ပြခြင်းမဟုတ်ဘဲ အဓိပ္ပါယ် ရှင်းလင်းချက် အပြည့်အစုံဖြင့် ဟောကြားထားသည်။
အချို့သုတ်များ၌ ဗုဒ္ဓမြတ်စွာက အကျဉ်းမျှသာ ဟောသည်ကို အရှင်မဟာကစ္စည်းစသော မထေရ်ကြီးတစ်ပါးပါးက အကျယ်ဝေဖန် ဟောကြားထားသည်။ သို့ဖြစ်၍ မဇ္ဈိမနိကာယ်လာ သုတ်တို့သည် ဝေယျာကရဏဒေသနာများ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သုတ်အသီးသီးကို ဟောကြားရာ၌ အကြောင်းလေးမျိုးကို အခြေခံ၍ ဟောကြားလေ့ရှိကြောင်း အဋ္ဌကထာ၌ ဖွင့်ပြသည်။ သုတ္တနိက္ခေပဟုခေါ်သည်။
အချို့သုတ်များကို တစ်စုံတစ်ယောက်၏ တိုက်တွန်းတောင်းပန်ခြင်းမရှိဘဲ ဗုဒ္ဓမြတ်စွာက မိမိအလိုဆန္ဒဖြင့် ဟောကြားခဲ့သည်။ အချို့သုတ်များကို နာကြားမည့်သူ၏ အလိုအဇ္ဈာသယ အားလျော်စွာ ဟောကြားခဲ့ခြင်းဖြစ်သည်။ အချို့သုတ်များကို တစ်စုံတစ်ယောက်၏ မေးလျှောက်ချက်အရ ဟောကြားခဲ့ခြင်းဖြစ်သည်။ အချို့သုတ်များကို အကြောင်းထူးကိစ္စတစ်ရပ် ဖြစ်ပေါ်လာခြင်းကြောင့် ဟောကြားခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမနိကာယ်လာသုတ်များသည် ယေဘုယျအားဖြင့် ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ဟောကြားချက်များဖြစ်သည်။ သာဝကကြီးများ ဟောကြားသည့် သုတ်အချို့လည်း ပါဝင်သည်။ ထိုသုတ်များကို ဗုဒ္ဓမြတ်စွာက ထပ်ဆင့် အတည်ပြုထားသည်။ မဓုရသုတ်၊ ဃောဋမုခသုတ်၊ ဂေါပက မောဂ္ဂလာနသုတ်တို့သည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီးနောက်မှ သာဝကများ ဟောကြားခဲ့သည့် သုတ်များဖြစ်သည်။
၁။ မူလပရိယာယဝဂ်
ဤဝဂ်တွင် သုတ္တန် ၁၀ ခုပါဝင်ပြီး ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများကို နက်ရှိုင်းစွာ ဖော်ပြထားသည်။ အထူးသဖြင့် မူလပရိယာယသုတ်သည် အရာအားလုံး၏ အခြေခံသဘောတရား (ဓာတ် ၄ ပါး၊ ခန္ဓာ ၅ ပါး၊ အာယတန ၁၂ စသည်) နှင့် ၎င်းတို့ကို တွယ်ကပ်မှုမှ လွတ်မြောက်ရန် နည်းလမ်းကို ရှင်းပြသည်။ ဤဝဂ်သည် တရားအားထုတ်သူများအတွက် အသိဉာဏ်ဖွင့်ပေးရန် ရည်ရွယ်သည်။
ဤဝဂ်သည် ဗုဒ္ဓဘာသာ၏ အခြေခံဒဿနကို နားလည်ရန် အလွန်အရေးကြီးသည်။ ၎င်းသည် လောကီနှင့် လောကုတ္တရာ အယူအဆများကို ပိုင်းခြားစိတ်ဖြာပြီး အမှန်တရားကို သိမြင်ရန် ဉာဏ်ရှင်းလင်းမှု လိုအပ်ကြောင်း အလေးပေးသည်။ သို့သော် သုတ်အချို့သည် နက်ရှိုင်းသော အဓိပ္ပာယ်များပါဝင်သဖြင့် ဝိပဿနာတရားအားထုတ်မှုနှင့် ပေါင်းစပ်လေ့လာရန် လိုအပ်သည်။
၁။ မူလပရိယာယသုတ်
မဇ္ဈိမ-၁-ပါ-၁၊ ဋ္ဌ-ပ-အုပ်-၁၊ ပရိယတ္တိ၌မှီသောမာနကို ပယ်ခြင်းငှာ ဟောတော်မူသောသုတ် ဖြစ်၏၊ ဓာတ်ကြီး ၄ ပါး ပုဂ္ဂိုလ်သတ္တဝါ စသည်၌ အမှန်ကို မသိခြင်း၊ သိခြင်း အကျယ်ဟောထား၏။
ပုထုဇဉ် သေက္ခ အသေက္ခတို့သည် အရာအားလုံး၏ အတွင်းသရုပ်မှန်ကို အပြည့်အဝ ဝေဘန်ပိုင်းခြား၍ မသိနိုင်။ မြတ်စွာဘုရားသည်သာ အပြည့်အဝ ဝေဘန်ပိုင်းခြား၍ သိနိုင်ကြောင်း ဟောကြားခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်းရှိ အင်ကြင်းပင်ရင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား တရားအားလုံးတို့၏ အကြောင်းရင်းဒေသနာကို ဟောတော်မူသည်။
ဤသုတ်၌ မြေမှစ၍ နိဗ္ဗာန်အထိ နှစ်ဆယ့်လေးပါးသော တရားတို့၌ ပုထုဇဉ်တို့ မှားယွင်းစွာ မှတ်ထင် နှစ်သက်ကြပုံ သေက္ခပုဂ္ဂိလ်တို့ မှန်ကန်စွာ သိမြင်ကြပုံ ရဟန္တာပုဂ္ဂိုလ်တို့ မှန်ကန်စွာ သိမြင်ကြပုံ အကြောင်းလေးမျိုး မြတ်စွာဘုရားတို့ မှန်ကန်စွာ သိမြင်ပုံ အကြောင်းနှစ်မျိုး ပါဝင်သည်။
ဤသုတ်သည် သတ္တဝါများ၏ အယူအဆများနှင့် သဘောတရားများကို ခွဲခြမ်းစိတ်ဖြာထားသည်။ ဗုဒ္ဓမြတ်စွာသည် ဓာတ်ကြီးလေးပါး (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော)၊ အာယတနများ (အဆင့်ဆင့်သော သဘောတရားများ) နှင့် အရာအားလုံးကို “အတ္တ” (မိမိကိုယ်ကို) ဟု အထင်မှားယူဆပုံကို ဝေဖန်ထောက်ပြသည်။ အရိယသူတော်စင်များသည် ဤအယူအဆများမှ လွတ်မြောက်ပြီး အမှန်တရားကို သိမြင်ပုံကို ဖော်ပြသည်။ ဤသုတ်သည် ဗုဒ္ဓဝါဒ၏ အခြေခံသဘောတရားများကို နက်ရှိုင်းစွာ ဖွင့်ဆိုထားသည်။
၂။ သဗ္ဗာသဝသုတ်
ဤသုတ်၏ အဓိကရည်ရွယ်ချက်ကား အာသဝေါတရားတို့ကို မည်သို့မည်ပုံ နှိမ်နင်းအောင်မြင် နိုင်ကြောင်း ပြညွှန်ရန်ပင်ဖြစ်သည်။ သင်္ခါရတို့ကို ပညာဖြင့် ဆင်ခြင်သုံးသပ် နိုင်သောသူသာလျှင် အာသဝေါတရားတို့ကို ဖျက်ဆီးနိုင်ကြောင်း၊ ကာမ၊ ဘဝ၊ ဝိဘဝတဏှာနောက်သို့ လိုက်ပါ နစ်မျော နေသူတို့အဖို့ အာသဝေါတရားမှ မည်သို့မျှ ကင်းလွတ်နိုင်မည်မဟုတ်ကြောင်း ဤသုတ်ဖြင့် ဘုရားမြတ်စွာက ညွှန်ပြခဲ့သည်။
အာသဝပယ်ကြောင်း ခုနှစ်ပါးကို ဟောခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား အာသဝအားလုံးကို ပိတ်ကြောင်း သဗ္ဗသံဝရဒေသနာကို ဟောကြားတော်မူသည်။
ဤသုတ်တွင် အာသဝ (ကိလေသာများဖြစ်သော ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ) များကို ပယ်ရှင်းနည်းကို ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာသည် အာသဝများကို ဖြစ်ပေါ်စေသော အကြောင်းများနှင့် ၎င်းတို့ကို ပယ်ရှင်းရန် နည်းလမ်းခုနစ်မျိုးကို ဖော်ပြသည်။ ၎င်းတို့မှာ သိမြင်ခြင်း (ဒဿန)၊ ထိန်းသိမ်းခြင်း (သံဝရ)၊ ရှောင်ကြဉ်ခြင်း (ပရိဝဇ္ဇန)၊ ဖယ်ရှားခြင်း (ဝိနောဒန)၊ ပွါးများခြင်း (ဘာဝနာ)၊ ထိန်းသိမ်းခြင်း (ပဋိသင်္ခါန)၊ နှင့် အာရုံပြုခြင်း (မနသိကာရ) တို့ဖြစ်သည်။ ဤသုတ်သည် ကိလေသာမှ လွတ်မြောက်ရန် လက်တွေ့ကျသော နည်းလမ်းများကို ညွှန်ပြသည်။
၃။ ဓမ္မဒါယာဒသုတ်
အာမိသအမွေထက် ဓမ္မအမွေကိုသာ ခံယူကြရန် ဗုဒ္ဓမြတ်စွာ၏ တိုက်တွန်းခြင်းနှင့် ဗုဒ္ဓမြတ်စွာ၏ ဝိဝေကကို အတုယူကြရန် အရှင်သာရိပုတ္တရာ၏ တိုက်တွန်းခြင်းတို့ဖြစ်သည်။
ဤသုတ်ကို နှစ်ကန့် ကန့်ထားသည်။ ပထမအကန့်တွင် ဘုရားမြတ်စွာသည် နိဒါန်းအနေဖြင့် အာမိသဒါယာဒနှင့် ဓမ္မဒါယာဒ ဘိက္ခုနှစ်မျိုးအကြောင်းကို ရှင်းလင်းပြထားသည်။ အာမိသဒါယာဒဘိက္ခုဟူသည်ကား တရားကျင့်သုံးရန်အတွက် ဆွမ်းဘောဇဉ် စသည်တို့ကို ခုံမင်သောရဟန်း ဖြစ်သည်။ ရောင့်ရဲခြင်းနှင့် စိတ်တည်ငြိမ်ခြင်းသည် ကိလေသာအညစ်တရားတို့ကို သုတ်သင်ရှင်းလင်းပစ်နိုင်ခြင်းကြောင့် ဘုရားမြတ်စွာက ဓမ္မဒါယာဒဘိက္ခုကိုသာလျှင် ချီးကျူး၏။
ဒုတိယအကန့်တွင်၊ ရှင်သာရိပုတြာက ဆိတ်သုဉ်းရာအရပ်၌ တဦးတည်းနေကာ ဈာန်ကျင့်သုံးခြင်းကို သွန်သင်ညွှန်ကြားခဲ့၏။ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော တရားတို့ကို ပယ်ရှားရန်နှင့် မဂ္ဂင်ရှစ်ပါးကို ရှင်းလင်းခဲ့ရုံမက နိဗ္ဗာန်ရောက်ရာရောက်ကြောင်း ကျင့်စဉ်ကိုလည်း ဤသုတ်တွင် ဖော်ထုတ်ထားသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ရဟန်းများအား တရားဓမ္မကို “အမွေခံသူ” အဖြစ် လက်ခံကျင့်သုံးရန် တိုက်တွန်းသည်။ တရားဓမ္မကို လောဘ၊ ဒေါသ၊ မောဟများမှ ကင်းစင်စွာ ကျင့်သုံးရန် ညွှန်ပြသည်။ ရဟန်းများသည် လောကီအကျိုးများကို မမျှော်လင့်ဘဲ၊ တရားဓမ္မကို စင်ကြယ်စွာ ထိန်းသိမ်း ကျင့်သုံးရမည်ဟု ဆိုသည်။ ဤသုတ်သည် ရဟန်းတို့၏ ကျင့်ဝတ်နှင့် စိတ်သဘောကို အလေးပေးဖော်ပြသည်။
၄။ ဘယဘေရဝသုတ်
ဘယဘေရဝသုတ်ကို ဇာဏုဿာဏိပုဏ္ဏားကို အကြောင်းပြု၍ ဘုရားမြတ်စွာသည် ဟောကြားတော် မူခဲ့သည်။ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းသည် မည်သို့သော အကြောင်းများကြောင့် ဖြစ်ပေါ်လာကြောင်း ဘုရားမြတ်စွာက ဤသုတ်၌ ရှင်းလင်းဖော်ပြခဲ့သည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ဘယဘေရဝ (အကြောက်တရားနှင့် ထိတ်လန့်မှု) များကို ကျော်လွှားနည်းကို ဟောကြားသည်။ ရဟန်းများအား သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ပြည့်စုံပြီး၊ သတိပဋ္ဌာန်ကို ကျင့်သုံးခြင်းဖြင့် အကြောက်တရားများကို ဖယ်ရှားနိုင်ကြောင်း ရှင်းပြသည်။ ဤသုတ်သည် စိတ်ကို တည်ငြိမ်စေပြီး ကိလေသာများကို ထိန်းချုပ်ရန် လမ်းညွှန်ပြသည်။
၅။ အနင်္ဂဏသုတ်
အနင်္ဂဏသုတ်သည် ဘုရားမြတ်စွာ ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သောသုတ်မဟုတ်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ ဟောပြောခဲ့သောသုတ် ဖြစ်သည်။ ဤသုတ်တွင် အာဇီဝကဂိုဏ်းသား ပဏ္ဍုပုတ္တ အကြောင်းကိုလည်း ဖော်ပြထားသည်။ ဤသုတ်ကို မဇ္ဈိမနိကာယ်တွင် ထည့်သွင်းထားရသည့်အကြောင်းမှာ ဘုရားမြတ်စွာကိုယ်တော်တိုင် ဟောကြားတော်မူသော ဒေသနာတော် မဟုတ်စေကာမူ ဘုရားမြတ်စွာကိုယ်တော်တိုင်၏ သဘောတူညီချက်အရ ညွှန်ပြသောသုတ် ဖြစ်သောကြောင့်ဖြစ်သည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် အာသဝများကို ဖြစ်ပေါ်စေသော အကြောင်းလေးမျိုးကို ဖော်ပြသည်။ ၎င်းတို့မှာ ကာမဂုဏ်၊ ဒိဋ္ဌိ၊ သီလဗ္ဗတပရာမာသ၊ နှင့် အဝိဇ္ဇာတို့ဖြစ်သည်။ ဤအကြောင်းများကို ပယ်ရှင်းရန် သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရန် ညွှန်ပြသည်။ ဤသုတ်သည် သဗ္ဗာသဝသုတ်နှင့် ဆက်စပ်နေပြီး၊ ကိလေသာများကို အကြောင်းရင်းခံဖယ်ရှားရန် အလေးပေးသည်။
၆။ အာကင်္ခေယျသုတ်
တောင့်တတိုင်း ပြည့်လိုပါက သီလဖြည့်ကျင့်၍ သမထဝိပဿနာကို ပွားများသင့်ကြောင်း ဟောကြားခြင်း ဖြစ်သည်။
အာကင်္ခေယျသုတ်တွင် ဘုရားမြတ်စွာက ရဟန်းတို့အား သီလနှင့်ပါတိမောက်များကို လေးစားလုံခြုံစွာ စောင့်ထိန်းသင့်ကြောင်း နှိုးဆော်တိုက်တွန်းထားသည်။ သူတထူး၏စိတ်ကို သိလိုခြင်း၊ ကျော်စောလိုခြင်း၊ သတင်းပျံ့နှံ့လိုခြင်း စသည့် ဂုဏ်ပကာသနတို့ကို ရဟန်းတို့သည် တောင့်တလိုကောင်း တောင့်တမိကြပေလိမ့်မည်။ သို့သော် ဤသို့ စိတ်နှလုံးမပိုက်သင့်ချေ။ ကိုယ့်ကိုယ်ကို ချိုးနှိမ် ချုပ်တည်းကာ အကျင့်သိက္ခာတို့ကိုသာလျှင် သစ္စာရှိစွာ စောင့်ထိန်းသင့်ကြောင်း ဘုရားမြတ်စွာက ဤသုတ်ဖြင့် ညွှန်ကြားသတိပေးခဲ့သည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် လူတို့၏ ဆန္ဒများနှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် မဖြစ်နိုင်ကြောင်း ဟောကြားသည်။ လောကီအကျိုးများသည် အနိစ္စဖြစ်ပြီး၊ တည်မြဲသော ပျော်ရွှင်မှုကို မပေးနိုင်ကြောင်း ရှင်းပြသည်။ တရားဓမ္မကို ကျင့်သုံးပြီး နိဗ္ဗာန်သို့ ဦးတည်ရန် တိုက်တွန်းထားသည်။ ဤသုတ်သည် လောကီဆန္ဒများမှ လွတ်မြောက်ရန် အရေးကြီးကြောင်း ဖော်ပြသည်။
၇။ ဝတ္ထသုတ်
ဝတ္ထသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် သတ္တမမြောက် သုတ်ဖြစ်သည်။ စိတ်ကို အဝတ်ပိုင်းဖြင့် ဥပမာပြု၍ ဟောကြားခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီ တင်းသုံးနေစဉ် စိတ်၏ ညစ်နွမ်းပုံ ဖြူစင်ပုံများကို အဝတ် ပိုင်းဖြင့် ဥပမာပြု၍ ဟောကြားတော်မူသည်။
အလွန်ညစ်နွမ်းသည့် အဝတ်စကို ဆေးရောင်အမျိုးမျိုးဖြင့် မည်သို့ပင်ဆိုးသော်လည်း အရောင်အဆင်းမကောင်း သည်သာဖြစ်၏။ထို့အတူပင် ပင်ကိုယ်စိတ်သည် အကုသိုလ်တရားဆိုးတို့ဖြင့် ညစ်ညူးနေခဲ့သော် အပါယ်ဒုဂ္ဂတိသို့သာ လားရာရှိ၏။
ဖြူဖွေးစင်ကြယ်သော အဝတ်စကို အရောင်အမျိုးမျိုးဖြင့် ဆိုးသော် ကောင်းသောအရောင်အဆင်း ဖြစ်ရာ၏။ထို့အတူပင် ပင်ကိုယ်စိတ်သည် အကုသိုလ်တရားဆိုးတို့ဖြင့် ညစ်ညူးခြင်း မရှိခဲ့သော် သုဂတိဘုံဘဝသို့သာ လားရာရှိ ၏။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ရဟန်းများအား ၎င်းတို့၏ ကိုယ်ကျင့်သီလကို သန့်စင်စေရန် ဟောကြားသည်။ ရဟန်းတစ်ဦးသည် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ပြည့်စုံမှသာ တရားဓမ္မကို စင်ကြယ်စွာ ကျင့်သုံးနိုင်မည်ဟု ဆိုသည်။ ဤသုတ်သည် ရဟန်းတို့၏ ကျင့်ဝတ်နှင့် စိတ်သဘာကို သန့်စင်ရန် လမ်းညွှန်ပြသည်။
၈။ သလ္လေခသုတ်
သလ္လေခ ဆိုသည်မှာ ကိလေသာများ ခေါင်းပါးအောင် ခြစ်ထုတ်ဖယ်ရှားသည့် အကျင့် ဖြစ်သည်။ လူတို့သည် မိမိတို့၏ စိတ်ကို ဆုံးမမည်ဆိုပါက သလ္လေခသုတ်ကို နာယူကျင့်သုံးသင့်သည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အရှင်မဟာစုန္ဒ၏ မေးလျှောက်ချက်အရ မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးသည် ခန္ဓာငါးပါး၌ ဖြစ်ပေါ်လာ၏။ ဤခန္ဓာငါးပါးသည် ငါမဟုတ် ငါ့ဟာမဟုတ် ငါ့အတ္တ မဟုတ်ဟူ၍ ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုမြင်သူအား ထိုမိစ္ဆာအယူတို့ကို ပယ်စွန့်နိုင်၏ဟု ဖြေကြားတော်မူပါသည်။
ရူပဈာန်တို့သည် ကိလေသာခေါင်းပါးကြောင်း အကျင့်မဟုတ်။ မျက်မှောက် ချမ်းသာစွာနေကြောင်းသာ ဖြစ်၏။ အရူပဈာန်တို့သည် ကိလေသာခေါင်းပါးကြောင်း အကျင့်အဟုတ် ငြိမ်းအေးသော နေခြင်းသာ ဖြစ်၏။
(ဈာန်သမာပတ်ကိုရသော်လည်း ယင်းကို အခြေခံ၍ ဝိပဿနာကို ဆက်လက်အားမထုတ်လျှင် ကိလေသာခေါင်းပါးမှု မဖြစ်နိုင်။ ဝိပဿနာကို ဆက်လက်အားထုတ်မှ ကိလေသာ ခေါင်းပါးနိုင်၏။ ထို့ကြောင့် ဤသို့ ဟောကြားရခြင်းဖြစ်၏။)
ကိလေသာခေါင်းပါးကြောင်းအကျင့်မှာ သူတစ်ပါးတို့သည် ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းမှုတို့ကို ပြုကြသော်လည်း ငါတို့သည် ထိုမကောင်းမှုဟူသမျှတို့ကို မပြုသူများ ဖြစ်ကုန်အံ့ဟု စိတ်ဖြင့် မကောင်းမှုတို့မှ ရှောင်ကြဉ်ခြင်းပင် ဖြစ်၏။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် လောကီဘဝ၏ ဆင်းရဲဒုက္ခကို “သလ္လ” (မြှား) ဟု ဥပမာပြုပြီး ရှင်းပြသည်။ ကိလေသာများသည် စိတ်ကို ဒုက္ခပေးသကဲ့သို့၊ ၎င်းတို့ကို ပယ်ရှင်းရန် သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရန် ညွှန်ပြသည်။ ဤသုတ်သည် သံသရာဆင်းရဲမှ လွတ်မြောက်ရန် လမ်းညွှန်ပြသည်။
၉။ သမ္မာဒိဋ္ဌိသုတ်
မှန်သောအမြင် သမ္မာဒိဋ္ဌိ ရှိသူဖြစ်ကြောင်းကို ဟောသောသုတ် ဖြစ်သည်။ အရှင်သာရိပုတ္တရာက ရဟန်းတို့အား ဟောခြင်းဖြစ်သည်။
သမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိနှင့် လောကုတ္တရာ သမ္မာဒိဋ္ဌိဟူ၍ နှစ်မျိုးရှိသည်။ ထိုတွင် ကမ္မသကတာဉာဏ်နှင့် သစ္စာနုလောမိကဉာဏ်သည် လောကီသမ္မာဒိဋ္ဌိ မည်၏။ မဂ်ဖိုလ်တို့နှင့် ယှဉ်သော ပညာသည် လောကုတ္တရာ သမ္မာဒိဋ္ဌိမည်၏။
ပုဂ္ဂိုလ်သည် ပုထုဇဉ်ပုဂ္ဂိုလ် သေက္ခပုဂ္ဂိုလ် အသေက္ခပုဂ္ဂိုလ်ဟူ၍ သုံးမျိုးရှိသည်။ ထိုတွင်လည်း ပုထုဇဉ်သည် သာသနာပပုထုဇဉ်နှင့် သာသနာတွင်းပုထုဇဉ်ဟူ၍ နှစ်မျိုးရှိသည်။
ယင်းတွင် ကမ္မဝါဒီဖြစ်သော သာသနာပ ပုထုဇဉ်သည် ကမ္မသကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသူဖြစ်၏။ သစ္စာနုလောမိက သမ္မာဒိဋ္ဌိနှင့်ကား ပြည့်စုံသူ မဖြစ်နိုင်ချေ။ သာသနာတွင်း ပုထုဇဉ်သည် နှစ်မျိုးလုံး ဖြစ်နိုင်သည်။ သေက္ခပုဂ္ဂိုလ်သည် ခိုင်မြဲသော နိယတသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသူဖြစ်၏။
ဤသုတ်၌ လောကုတ္တရာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မှန်သော အမြင်ရှိသူဟု ဆိုပါသည်။
ဤသုတ်တွင် အရှင်သာရိပုတ္တရာသည် “သမ္မာဒိဋ္ဌိ” (မှန်ကန်သောအမြင်) ၏ သဘောကို ရှင်းပြသည်။ သမ္မာဒိဋ္ဌိသည် သစ္စာလေးပါး၊ ကံ၊ ပဋိစ္စသမုပ္ပါဒ်၊ နှင့် အာသဝများကို သိမြင်ခြင်းဖြစ်သည်။ ဤသုတ်သည် မဂ္ဂင်ရှစ်ပါး၏ ပထမအချက်ဖြစ်သော သမ္မာဒိဋ္ဌိကို နက်ရှိုင်းစွာ ဖွင့်ဆိုထားပြီး၊ မှန်ကန်သောအမြင်ဖြင့် နိဗ္ဗာန်သို့ ဦးတည်ရန် ညွှန်ပြသည်။
၁၀။ မဟာသတိပဋ္ဌာနသုတ်
သတိပဋ္ဌာန်လေးပါးကို အကျယ် ဟောကြားခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ကုရုတိုင်း ကမ္မာသဒမ္မနိဂုံး၌ သီတင်းသုံးစဉ် ရဟန်းတို့အား ဤမဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်။
သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ရခြင်းငိုကြွေးမည်တမ်းရခြင်းတို့ကို လွန်မြောက်နိုင်ရန် ကိုယ်စိတ်ဆင်းရဲများ ချုပ်ငြိမ်းရန် အရိယာမဂ်ကို နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အတွက် တစ်ကြောင်းတည်းသော ခရီးလမ်းကား သတိပဋ္ဌာန်လေးပါးတို့ပင် ဖြစ်၏။
ဤသုတ်သည် သတိပဋ္ဌာန်လေးပါး (ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မ) ကို အသေးစိတ် ဖွင့်ဆိုထားသည်။ ဗုဒ္ဓမြတ်စွာသည် သတိပဋ္ဌာန်ကို ကျင့်သုံးခြင်းဖြင့် ကိလေသာများကို ပယ်ရှင်းပြီး နိဗ္ဗာန်သို့ ရောက်ရန် လမ်းညွှန်သည်။ ဤသုတ်သည် ကမ္မဋ္ဌာန်းအားထုတ်မှု၏ အခြေခံဖြစ်ပြီး၊ ဗုဒ္ဓဝါဒ၏ အဓိကတရားတစ်ခုအဖြစ် သတ်မှတ်ခံရသည်။
သုံးသပ်ချက်
မူလပရိယာယဝဂ်ရှိ သုတ် ၁၀ ခုသည် ဗုဒ္ဓဝါဒ၏ အဓိကသဘောတရားများဖြစ်သော သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သတိပဋ္ဌာန၊ ကိလေသာပယ်ရှင်းနည်းများကို အကျယ်ဖွင့်ဆိုထားသည်။ ၎င်းတို့သည် လောကီဘဝ၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောများကို ထောက်ပြပြီး၊ သံသရာဆင်းရဲမှ လွတ်မြောက်ရန် လမ်းညွှန်သည်။ ရဟန်းများအတွက် ကျင့်ဝတ်၊ စိတ်သဘောသန့်စင်မှု၊ တရားကျင့်စဉ်တို့ကို အလေးပေးထားသည်။
ဤသုတ်များသည် ဝိပဿနာဉာဏ်ဖြင့် လေ့လာကျင့်သုံးရန် လိုအပ်ပြီး၊ ဗုဒ္ဓဘာသာကျင့်စဉ်၏ အခြေခံအုတ်မြစ်အဖြစ် အရေးပါသည်။ တရားအားထုတ်သူများသည် ဤသုတ်များကို လေ့လာပြီး သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးခြင်းဖြင့် နိဗ္ဗာန် သို့ ဦးတည်နိုင်သည်။
++++++++
၂။ သီဟနာဒဝဂ်
ဤဝဂ်တွင် သုတ္တန် ၁၀ ခုပါဝင်ပြီး ဗုဒ္ဓဘုရား၏ တရားဟောမှုကို "သိဂါလံ" (ခြင်္သေ့ဟောက်သံ) နှင့် နှိုင်းယှဉ်ထားသည်။ ဤသုတ်များသည် သံသရာ၏ ဆင်းရဲဒုက္ခ၊ ကိလေသာများကို ပယ်ရှင်းနည်းနှင့် နိဗ္ဗာန်သို့ ရောက်ရန် လမ်းကြောင်းကို ရှင်းပြသည်။ အထူးသဖြင့် မဟာသီဟနာဒသုတ်သည် ဗုဒ္ဓ၏ ဉာဏ်အမြင်နှင့် တရားဓမ္မ၏ ထူးခြားမှုကို ဖော်ပြသည်။
ဤဝဂ်သည် ဗုဒ္ဓဘာသာ၏ ယုံကြည်ချက်နှင့် ကျင့်စဉ်များကို ခိုင်မာစေရန် ရည်ရွယ်သည်။ ၎င်းသည် တရားဓမ္မကို ယုံကြည်စိတ်ချမှုနှင့် ကိုယ်ကျင့်သိက္ခာကို အလေးပေးသည်။
၁၁။ စူဠသီဟနာဒသုတ်
ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သောစကားကို ဗုဒ္ဓမြတ်စွာ မိန့်ကြားတော်မူခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောကြားတော်မူသည်။
ဤသာသနာ၌သာလျှင် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာတို့ရှိသည်။ တစ်ပါးသော အယူဝါဒတို့၌ ဆိတ်သုဉ်း၏။ ဘုရား၌ ကြည်ညိုခြင်း၊ တရား၌ကြည်ညိုခြင်း၊ သီလကို ဖြည့်ကျင့်ခြင်း၊ သီတင်းသုံးဖော်အချင်းချင်း ချစ်ခင်မြတ်နိုးခြင်းဟူသော တရားလေးပါးကို ဤသာသနာ၌ ထင်ရှား တွေ့မြင်ရသောကြောင့်ဖြစ်၏။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ဗုဒ္ဓဝါဒ၏ ထူးခြားမှုကို “ခြင်္သေ့ဟောက်သံ” အဖြစ် ဖော်ပြသည်။ ဗုဒ္ဓဝါဒသည် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် နိဗ္ဗာန်သို့ ဦးတည်သည့် တရားဖြစ်ကြောင်း ရှင်းပြသည်။ အခြားဘာသာရေးအယူအဆများနှင့် နှိုင်းယှဉ်ပြီး၊ ဗုဒ္ဓဝါဒ၏ သူတော်စင်အဆင့်များ (သောတာပန်၊ သကဒါဂါမိ၊ အနာဂါမိ၊ အရဟတ်) ကို အလေးပေးဖော်ပြသည်။ ဤသုတ်သည် ဗုဒ္ဓဝါဒ၏ တရားဓမ္မကို ယုံကြည်စိတ်ချစွာ ကျင့်သုံးရန် တိုက်တွန်းသည်။
၁၂။ မဟာသီဟနာဒသုတ်
မဟာသီဟနာဒသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် ဆယ့်နှစ်ခု မြောက်သုတ်ဖြစ်သည်။ သုနက္ခတ္တကို အကြောင်းပြု၍ ကြက်သီးထဖွယ် လောမဟံသနပရိယာယ ဒေသနာကို ဟောတော်မူခြင်း ဖြစ် သည်။
ဤသုတ်တွင် အရှင်သာရိပုတ္တရာသည် ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မကို “မဟာသီဟနာဒ” (မြတ်သောခြင်္သေ့ဟောက်သံ) အဖြစ် ချီးကျူးဖော်ပြသည်။ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်ပုဒ်များနှင့် တရားဓမ္မ၏ ထူးခြားမှုကို အသေးစိတ်ဖွင့်ဆိုသည်။ အထူးသဖြင့် အရိယသူတော်စင်များ၏ အဆင့်များနှင့် ၎င်းတို့၏ အာသဝပယ်ရှင်းမှုကို အလေးပေးထားသည်။ ဤသုတ်သည် ဗုဒ္ဓဝါဒ၏ တရားစစ်မှန်မှုကို ယုံကြည်စေရန် ရည်ရွယ်သည်။
၁၃။ မဟာဒုက္ခက္ခန္ဓသုတ်
ကာမဂုဏ်ငါးပါးသည် ဆင်းရဲတုံးကြီးသာဖြစ်ကြောင်း ဟောတော်မူပါသည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အယူတပါးရှိသော ပရိဗိုဇ်တို့ကို အကြောင်းပြု၍ ဟောကြားခြင်းဖြစ်ပါသည်။
မဟာဒုက္ခက္ခန္ဓသုတ်သည် ပရိဗိုဇ်တို့၏ တန်းညှိသည့် စကားကို အကြောင်းပြု၍ အာရုံငါးပါး ကာမဂုဏ်တရားနှင့် ခန္ဓာငါးပါးသည် ဆင်းရဲတုံးကြီးသာဖြစ်ကြောင်း အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့နှင့်တကွ အကျယ်တဝင့် ဟောသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ဒုက္ခက္ခန္ဓ (ဆင်းရဲဒုက္ခအစုအပုံ) ၏ သဘောကို အသေးစိတ်ဖွင့်ဆိုသည်။ ကာမဂုဏ်များ၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို ရှင်းပြပြီး၊ ၎င်းတို့တွင် တွယ်တာမှုကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ သံသရာဆင်းရဲ၏ အကြောင်းရင်းများနှင့် ၎င်းမှ လွတ်မြောက်ရန် မဂ္ဂင်ရှစ်ပါးကို ဖော်ပြသည်။ ဤသုတ်သည် လောကီဘဝ၏ ဆင်းရဲသဘောကို နက်ရှိုင်းစွာ ဖော်ပြသည်။
၁၄။ စူဠဒုက္ခက္ခန္ဓသုတ်
စူဠဒုက္ခက္ခန္ဓသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တို့တွင် တစ်ဆယ့်လေးခုမြောက်သုတ် ဖြစ်သည်။ ကာမဂုဏ်ငါးပါးသည် ဆင်းရဲတုံးအတိဖြစ်ကြောင်း ဟောကြားခြင်း ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေစဉ် မဟာနမ်သာကီဝင်မင်း၏ မေးလျှောက်ချက်ကို ဖြေကြားခြင်းဖြစ်သည်။
စူဠဒုက္ခက္ခန္ဓသုတ်သည် သာကီဝင်မင်းသား မဟာနာမ်ကို အကြောင်းပြု၍ ကာမဂုဏ်တို့၏ သာယာဖွယ်နည်း၍ ဆင်းရဲပင်ပန်းခြင်းများပုံကို ဟောသည်။ ထို့ပြင် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲခံ၍ ကျင့်ခြင်းဖြင့် ကံဟောင်းတို့ကို ချေဖျက်ပြီး ကံအသစ် မဖြစ်ခဲ့သော် ဒုက္ခကုန်ပြီဟူသော နိဂဏ္ဌတို့၏ အယူအဆကို နိဂဏ္ဌတို့နှင့် ဆွေးနွေးဝေဖန်ထားသည်ကို သာကီဝင်မဟာနာမ်အား ပြန်လည် ဟောပြထားသည်။
ဤသုတ်သည် မဟာဒုက္ခက္ခန္ဓသုတ်၏ အကျဉ်းချုပ်ပုံစံဖြစ်ပြီး၊ ဒုက္ခက္ခန္ဓ၏ သဘောကို ပိုမိုရိုးရှင်းစွာ ရှင်းပြသည်။ ဗုဒ္ဓမြတ်စွာသည် ကာမဂုဏ်များ၏ အန္တရာယ်နှင့် ၎င်းတို့၌ တွယ်တာမှုကို စွန့်လွှတ်ရန် တိုက်တွန်းသည့် ဂျိန်းဘာသာခေါင်းဆောင် မဟာဝီရ၏ အယူအဆများကို ဝေဖန်ပြီး၊ ဗုဒ္ဓဝါဒ၏ သစ္စာတရားကို အလေးပေးသည်။ ဤသုတ်သည် ဒုက္ခမှ လွတ်မြောက်ရန် သတိနှင့် ပညာကို အသုံးပြုရန် ညွှန်ပြသည်။
၁၅။ အနုမာနသုတ်
ဆိုဆုံးမခက်အောင် ပြုတတ်သောတရားများနှင့် ထိုတရားတို့အား ပယ်နည်းတို့ကို ဟောကြားသည်။ အရှင်မောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့ အနီးရှိ ဘေသကဠာ ဘေးမဲ့တော၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောကြားသည်။
အရှင်မဟာမောဂ္ဂလာန်က ပြောဆိုဆုံးမရန် ခက်ခဲသော ရဟန်းများ မဖြစ်စေရန် ဟောကြားထားသော သုတ်ဖြစ်သည်။ ဤသုတ်သည် ရဟန်းများအတွက်ပါမက အပေါင်းအသင်း အဖွဲ့အစည်း နှင့် နေထိုင်ရသော လူတို့တွင်လည်း လိုက်နာကျင့်သုံးသင့်သော အဆုံးအမ များ ပါဝင်ပါသည်။
ဤသုတ်တွင် အရှင်မဟာမောဂ္ဂလာနသည် ရဟန်းများအား ၎င်းတို့၏ စိတ်သဘောကို ကိုယ်တိုင်ဆန်းစစ်ရန် (အနုမာန) တိုက်တွန်းသည်။ ကိလေသာများဖြစ်သော မာန၊ ဒေါသ၊ မောဟတို့ကို သိမြင်ပြီး၊ ၎င်းတို့ကို ပယ်ရှားရန် သတိပဋ္ဌာန်နှင့် တရားကျင့်စဉ်ကို ညွှန်ပြသည်။ ဤသုတ်သည် ကိုယ့်ကိုယ်ကို ဆန်းစစ်ခြင်းဖြင့် စိတ်သန့်ရှင်းမှုကို ရရှိရန် အလေးပေးသည်။
၁၆။ စေတောခိလသုတ်
သာသနာတော်၌ ကြီးပွားစည်ပင်ခြင်းသို့ မရောက်နိုင်သော အကြောင်းတရားများနှင့် ရောက်နိုင်သော အကြောင်းတရားများကို ဟောတော်မူသည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတော်များအား ဟောကြားတော်မူသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် စိတ်ကို ညစ်ညမ်းစေသော “စေတောခိလ” (စိတ်၏ညစ်ညမ်းမှုငါးမျိုး) ကို ဖော်ပြသည်။ ၎င်းတို့မှာ ဗုဒ္ဓ၊ တရား၊ သံဃာကို သံသယဖြစ်ခြင်း၊ သီလမထိန်းသိမ်းခြင်း၊ နှင့် အဆွေခင်ပွန်းများနှင့် ရန်ဖြစ်ခြင်းတို့ဖြစ်သည်။ ဤညစ်ညမ်းမှုများကို ပယ်ရှားရန် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ကျင့်သုံးရန် ညွှန်ပြသည်။ ဤသုတ်သည် စိတ်သန့်ရှင်းမှုအတွက် အရေးကြီးသည်။
၁၇။ ဝနပတ္တသုတ်
ဝနပတ္တသုတ်သည် နေသင့်သောနေရာနှင့် မနေသင့်သော နေရာတို့ကို ဟောသည်။ ရှေးကထက် သတိ၊ သမာဓိအားကောင်း၍ အာသဝ၊ ယောဂတို့ ကုန်သည့်နေရာဖြစ်လျှင် ပစ္စည်းလေးပါး မပြည့်စုံသော်လည်း နေသင့်သော နေရာဖြစ်သည်။
မနေသင့်သော အရပ်ဒေသ မပေါင်းသင့်သော ပုဂ္ဂိုလ်နှင့် နေသင့်သော အရပ်ဒေသ ပေါင်းသင့်သော ပုဂ္ဂိုလ်တို့ကို ဟောကြားသည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော် မူစဉ် ရဟန်းတော်များအား ဟောကြားတော်မူသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ရဟန်းများအား တောအုပ်အတွင်း တရားအားထုတ်ရန် တိုက်တွန်းသည်။ “ဝနပတ္ထ” (တောအုပ်သို့ ဦးတည်ခြင်း) သည် ကိလေသာများမှ ကင်းဝေးပြီး သမာဓိရရှိရန် အထောက်အကူဖြစ်ကြောင်း ရှင်းပြသည်။ သတိပဋ္ဌာန်နှင့် ကမ္မဋ္ဌာန်းကျင့်စဉ်ကို အလေးပေးဖော်ပြပြီး၊ ရဟန်းများအား လောကီဘဝမှ ကင်းဝေးစွာ တရားအားထုတ်ရန် ညွှန်ပြသည်။
၁၈။ မဓုပိဏ္ဍိကသုတ်
မဓုပိဏ္ဍိကသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် တစ်ဆယ့်ရှစ်ခုမြောက်သုတ် ဖြစ်သည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ကိလေသာများကို “မဒ္ဓုပိဏ္ဍိက” (ပျားရည်လုံး) ဟု ဥပမာပြုပြီး၊ ၎င်းတို့၏ ယာယီသာယာမှုနှင့် အန္တရာယ်ကို ရှင်းပြသည်။ ကာမဂုဏ်များသည် ခဏတာ ပျော်ရွှင်မှုပေးသော်လည်း၊ ဒုက္ခဆင်းရဲသို့ ဦးတည်ကြောင်း ဖော်ပြသည်။ ဤသုတ်သည် ကိလေသာများမှ လွတ်မြောက်ရန် သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရန် တိုက်တွန်းသည်။
၁၉။ ဒွေဓာဝိတက္ကသုတ်
ဒွေဓာဝိတက္ကသုတ်သည် ဘုရားလောင်းဘဝ၌ မြတ်စွာဘုရားကိုယ်တိုင် အတွေးတို့ကို မည်သို့ ရင်ဆိုင်ခဲ့ရသည်ကို ဟောကြားထားသောသုတ် ဖြစ်ပါသည်။ ထိုအတွေးတို့မှာ ကာမနှင့်စပ်သော ကြံစည်ခြင်း၊ သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်းတို့ နှင့် ကာမမှ ထွက်မြောက်မှုနှင့်စပ်သော ကြံစည်ခြင်း၊ မသတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း တို့ဖြစ်ပါသည်။
ဒွေဓာဝိတက္ကသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် တစ်ဆယ့်ကိုးခုမြောက်သုတ် ဖြစ်သည်။ကြံစည်မှုများကို နှစ်မျိုးခွဲအပ်ကြောင်း ဟောကြား ခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် အနာထပိဏ်သဋ္ဌေး၏ ဇေတဝန်ကျောင်း၌ သီတင်းသုံး နေစဉ် ရဟန်းတို့အား ဟောတော်မူသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် စိတ်ထဲဖြစ်ပေါ်သော အကုသိုလ်နှင့် ကုသိုလ်ဝိတက္က (အတွေးများ) နှစ်မျိုးကို ရှင်းပြသည်။ အကုသိုလ်ဝိတက္ကများဖြစ်သော ကာမဝိတက္က၊ ဗျာပါဒဝိတက္က၊ ဝိဟိံသဝိတက္ကတို့ကို ပယ်ရှားပြီး၊ ကုသိုလ်ဝိတက္ကများဖြစ်သော နိက္ခန္တိဝိတက္က၊ အဗျာပါဒဝိတက္က၊ အဝိဟိံသဝိတက္ကတို့ကို ပွါးများရန် ညွှန်ပြသည်။ ဤသုတ်သည် စိတ်ကို ထိန်းချုပ်ပြီး ကုသိုလ်တရားများကို ဖြည့်ဆည်းရန် လမ်းညွှန်သည်။
၂၀။ ဝိတက္ကသဏ္ဌာနသုတ်
ဝိတက္ကသဏ္ဌာနသုတ်သည် မကောင်းသော စိတ်ကူးများ ရပ်တန့်သွားစေရန် အားထုတ်ပုံကို ဟောသည်။ ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် အကုသိုလ်ဝိတက္ကများကို ပယ်ရှားရန် နည်းလမ်းငါးမျိုးကို ဖော်ပြသည်။ ၎င်းတို့မှာ (၁) ကုသိုလ်အာရုံသို့ စိတ်ပြောင်းလဲခြင်း၊ (၂) အကုသိုလ်ဝိတက္က၏ အန္တရာယ်ကို ဆင်ခြင်ခြင်း၊ (၃) ဝိတက္ကကို မအာရုံမပြုခြင်း၊ (၄) ဝိတက္က၏ အကြောင်းကို ဆန်းစစ်ခြင်း၊ (၅) စိတ်ဖြင့် ဝိတက္ကကို ဖိနှိပ်ခြင်းတို့ဖြစ်သည်။ ဤသုတ်သည် စိတ်ကို သန့်ရှင်းစေရန် လက်တွေ့ကျသော နည်းလမ်းများကို ညွှန်ပြသည်။
သုံးသပ်ချက်
သီဟနာဒဝဂ်ရှိ ဤသုတ် ၁၀ ခုသည် ဗုဒ္ဓဝါဒ၏ ထူးခြားမှုနှင့် တရားဓမ္မ၏ စစ်မှန်မှုကို အလေးပေးဖော်ပြသည်။ ဒုက္ခက္ခန္ဓ၊ ကိလေသာများမှ လွတ်မြောက်ရန် နည်းလမ်းများ၊ စိတ်သန့်ရှင်းမှု၊ သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို အဓိကထားရှင်းပြထားသည်။ ဤသုတ်များသည် ရဟန်းများသာမက၊ လူတိုင်းအတွက် လောကီဆင်းရဲမှ လွတ်မြောက်ရန် လမ်းညွှန်ပြထားသည်။
++++++
၃။ ဩပမ္မဝဂ်
ဤဝဂ်တွင် သုတ္တန် ၁၀ ခုပါဝင်ပြီး ဥပမာများဖြင့် တရားဓမ္မကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ဥပမာများသည် နေ့စဉ်ဘဝမှ ဥပမာယူထားပြီး သဘာဝတရား၊ ကံတရား၊ အကျင့်သီလတို့၏ အရေးကြီးမှုကို သင်ကြားပေးသည်။ ဥပမာ၊ ရာဟုလဩဝါဒသုတ်သည် ရာဟုလာအား သင်ကြားပေးသည့် တရားများကို ဖော်ပြသည်။
ဤဝဂ်သည် ရှုပ်ထွေးသော တရားသဘောများကို ရိုးရှင်းသော ဥပမာများဖြင့် နားလည်လွယ်စေသည်။ ၎င်းသည် တရားဓမ္မကို လူထုအကြား ပိုမိုနီးကပ်စွာ ဖြန့်ဝေရန် ဗုဒ္ဓ၏ ဉာဏ်ပညာကို ထင်ရှားစေသည်။ သို့သော် ဥပမာများသည် ယဉ်ကျေးမှုနှင့် ခေတ်ကာလပေါ်မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရန် အနည်းငယ် စိန်ခေါ်မှုရှိနိုင်သည်။
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၏ ဩပမ္မဝဂ်တွင် ပါဝင်သော သုတ် ၁၀ ခု၏ အနှစ်ချုပ်ကို အောက်တွင် ဖော်ပြထားပါသည်။ ဤဝဂ်သည် ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မကို ဥပမာများဖြင့် ရှင်းလင်းစွာ ဖွင့်ဆိုထားပြီး၊ နားလည်လွယ်စေရန် ပုံပြင်များဖြင့်နှိုင်းယှဉ် အသုံးပြုထားသည်။
၂၁။ ကကစူပမသုတ်
ကကစူပမသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာပါဠိတော် ၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်တစ်ခုမြောက် သုတ်ဖြစ် သည်။မေတ္တာစိတ်ထားရန်နှင့် ဆိုဆုံးမလွယ်သူဖြစ်စေရန် ဟောကြားခြင်း ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အရှင်မောဠိယဖဂ္ဂုနကို အကြောင်းပြု၍ ရဟန်းတို့အား ဟောတော်မူသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် တရားဓမ္မကို “ကကစ” (လွှစာ) ဟု ဥပမာပြုပြီး၊ ၎င်းကို မှန်ကန်စွာ ကိုင်ဆောင်ရန် လိုအပ်ကြောင်း ရှင်းပြသည်။ တရားဓမ္မကို မဖြစ်မနေ ကျင့်သုံးရမည်ဖြစ်ပြီး၊ မမှန်ကန်စွာ နားလည်လျှင် အန္တရာယ်ဖြစ်ပေါ်နိုင်ကြောင်း သတိပေးသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် တရားကျင့်စဉ်ကို ပြည့်စုံစွာ လိုက်နာရန် ညွှန်ပြသည်။ ဤသုတ်သည် တရားဓမ္မ၏ တန်ဖိုးနှင့် မှန်ကန်သော ကျင့်စဉ်ကို အလေးပေးသည်။
၂၂။ အလဂဒ္ဒူပမသုတ်
အလဂဒ္ဒူပမသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်နှစ်ခု မြောက်သုတ် ဖြစ်သည်။ တရားစာပေသင်သူခြင်းကို မြွေဖမ်းခြင်းနှင့် ဥပမာပြု၍ ဟောကြားခြင်း ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အရိဋ္ဌရဟန်းကို အကြောင်းပြု၍ ဟောတော်မူ သည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် တရားဓမ္မကို “အလဂဒ္ဒ” (မြွေ) ဟု ဥပမာပြုသည်။ မြွေကို မဖြစ်မနေ မှန်ကန်စွာ ဖမ်းဆုပ်ရသကဲ့သို့၊ တရားဓမ္မကိုလည်း မှန်ကန်စွာ နားလည်ကျင့်သုံးရန် လိုအပ်သည်။ တရားဓမ္မသည် နိဗ္ဗာန်သို့ ရောက်ရန် ဖောတ်ကူးရာရေယာဉ်ကဲ့သို့ဖြစ်ပြီး၊ တွယ်တာစရာမဟုတ်ကြောင်း ရှင်းပြသည်။ ဤသုတ်သည် တရားဓမ္မ၏ ရည်ရွယ်ချက်ကို မှန်ကန်စွာ သိမြင်ရန် လမ်းညွှန်သည်။
၂၃။ ဝမ္မိကသုတ်
ဝမ္မိကသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်သုံးခုမြောက် သုတ်ဖြစ်သည်။
အနှစ်ချုပ်: နတ်သားတစ်ဦးက အရှင်ကုမာရကဿပထံ တောင်ပို့ပြဿနာတစ်ခုကို လျှောက်ထားပြီး ဗုဒ္ဓမြတ်စွာထံ မေးမြန်းရန် တောင်းဆိုသည်။ တောင်ပို့တွင် တံခါးကျည်၊ ဖား၊ လမ်းနှစ်ခွ၊ ဆပ်ပြာရေစစ်၊ လိပ်၊ စဉ်းနှီးတုံး၊ သားတစ်၊ နဂါးတို့ကို တွေ့ရပြီး နဂါးကို ရှိခိုးရန် ပုဏ္ဏားက ဆိုသည်။ ဗုဒ္ဓမြတ်စွာက ၎င်းတို့သည် ကိုယ်ခန္ဓာ၊ အဝိဇ္ဇာ၊ အမျက်၊ ယုံမှားမှု၊ နီဝရဏငါးပါး၊ ခန္ဓာငါးပါး၊ ကာမဂုဏ်၊ တပ်စွန်းမှု၊ ရဟန္တာတို့ကို ကိုယ်စားပြုကြောင်း ရှင်းပြသည်။
ဝမ္မိကသုတ်သည် ကိလေသာများကို အရိယာမဂ်ဖြင့် ပယ်ရှား၍ ရဟန္တာဖြစ်ရန် ကျင့်ကြံအားထုတ်မှု၏ အရေးပါမှုကို ဥပမာဖြင့် ဖော်ပြသည်။
၂၄။ ရထာဝိနီတသုတ်
ရထဝိနီတသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်လေးခုမြောက် သုတ် ဖြစ်သည်။ ဝိသုဒ္ဓိခုနစ်ပါးကို မြင်းရထားဖြင့် ဥပမာပြု၍ ဟောကြားသောသုတ်ဖြစ်သည်။ တရားကျင့်စဉ်သည် သီလမှ သမာဓိ၊ သမာဓိမှ ပညာသို့ အဆင့်ဆင့်တိုးတက်ပြီး နိဗ္ဗာန်သို့ ဦးတည်ကြောင်း ရှင်းပြသည်။ ဤသုတ်သည် ဗုဒ္ဓဝါဒ၏ တရားကျင့်စဉ်ဖြစ်သော သီလ၊ သမာဓိ၊ ပညာတို့၏ အစီအစဉ်ကို အလေးပေးဖော်ပြသည်။
၂၅။ နိဝါပသုတ်
နိဝါပသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်ငါးခုမြောက် သုတ်ဖြစ်သည်။ ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် အစာကျွေးခြင်းဥပမာဖြင့် ကိလေသာများကို ဖြည့်တင်းပေးသော အာရုံများကို ရှောင်ရှားရန် ရှင်းပြသည်။ တိရစ္ဆာန်များကို အစာကျွေးသကဲ့သို့၊ ကာမဂုဏ်များကို အာရုံပြုပါက ကိလေသာများ တိုးပွားသည်။ ထို့ကြောင့် အာရုံများကို ထိန်းချုပ်ပြီး ကိလေသာများကို အာဟာရပြတ်စေရမည်ဖြစ်သည်။
၂၆။ ပါသရာသိသုတ် (အရိယပရိယေသနသုတ်)
ပါသရာသိသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်ခြောက်ခု မြောက်သုတ် ဖြစ်သည်။ ကာမဂုဏ်ငါးပါးကို ကျော့ကွင်းစုဖြင့် ဥပမာပြု ၍ ဟောကြားခြင်းဖြစ်သည်။
ဤသုတ်သည် ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်နှင့် အမှန်တရားကို ရှာဖွေခြင်းကို အသေးစိတ်ဖော်ပြသည်။ “အရိယပရိယေသန” (မြတ်သောရှာဖွေခြင်း) ဟု ခေါ်ပြီး၊ ဗုဒ္ဓမြတ်စွာ၏ တောထွက်ခြင်း၊ ရဟန်းပြုခြင်း၊ ဒုက္ကရစရိယာကျင့်ခြင်း နှင့် ဘုရားဖြစ်ခြင်းတို့ကို ဖော်ပြသည်။ လောကီဆန္ဒများကို စွန့်လွှတ်ပြီး၊ သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို သိမြင်ရန် လမ်းညွှန်သည်။
၂၇။ စူဠဟတ္ထိပဒေါပမသုတ်
စူဠဟတ္ထိပဒေါပမသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်ခုနစ်ခုမြောက် သုတ်ဖြစ်သည်။ ဆင်ခြေရာကို ဥပမာပြု၍ ဟောကြားခြင်း ဖြစ်သည်။ ဆင်ခြေရာသည် အကြီးမားဆုံးဖြစ်သကဲ့သို့၊ ဗုဒ္ဓဝါဒ၏ တရားဓမ္မသည် အားလုံးကို အုပ်မိုးကြောင်း ရှင်းပြသည်။ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် သတိပဋ္ဌာန်ကို ကျင့်သုံးခြင်းဖြင့် နိဗ္ဗာန်သို့ ရောက်ရန် ညွှန်ပြသည်။ ဤသုတ်သည် ဗုဒ္ဓဝါဒ၏ ပြည့်စုံမှုကို ဖော်ပြသည်။
၂၈။ မဟာဟတ္ထိပဒေါပမသုတ်
သစ္စာလေးပါးကို ဆင်ခြေရာဖြင့် ဥပမာပြု၍ ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အရှင်သာရိပုတ္တရာက ရဟန်းတို့အား ဟောတော်မူသည်။ ဤသုတ်တွင် အရှင်သာရိပုတ္တရာသည် တရားဓမ္မကို “မဟာဟတ္ထိပဒ” (ဆင်ခြေရာကြီး) ဟု ဥပမာပြုပြီး၊ ၎င်း၏ ပြည့်စုံမှုကို ဖွင့်ဆိုသည်။ ဓာတ်ကြီးလေးပါး၊ အာယတနများ၊ သစ္စာလေးပါးနှင့် ပဋိစ္စသမုပ္ပါဒ်တို့ကို အသေးစိတ်ရှင်းပြပြီး၊ ဗုဒ္ဓဝါဒ၏ တရားဓမ္မသည် အရာအားလုံးကို ထည့်သွင်းဖော်ပြထားကြောင်း ဆိုသည်။ ဤသုတ်သည် ဗုဒ္ဓဝါဒ၏ နက်ရှိုင်းပြည့်စုံမှုကို အလေးပေးသည်။
၂၉။ မဟာသာရောပမသုတ်
မဟာသာရောပမသုတ်သည် အနှစ်ရှာသူကို ဥပမာပြု၍ ဟောသောသုတ်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေစဉ် သံဃာသင်းခွဲကာ ထွက်သွားသော အရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
သစ်ပင်တစ်ပင်၌ အခက်၊ အပွေး၊ အခွံ၊ အကာ၊ အနှစ်ဟူ၍ ငါးမျိုးရှိသကဲ့သို့ သာသနာတော်၌လည်း လာဘသက္ကာရသိလောက၊ သီလ၊ သမာဓိ၊ ဒိဗ္ဗစက္ခု၊ ဝိမုတ္တိဟူ၍ ငါးဆင့်ရှိကြောင်း ဝိမုတ္တိကို ရယူနိုင်မှ သာသနာတော်၏အနှစ်ကို ယူသည်မည်ကြောင်း ဟောသည်။
အခက်, အရွက်, အပွေး, အခွံ, အကာတို့ဖြင့် တင်းတိမ်ရောင့်ရဲမနေဘဲ အနှစ်ကို ရှာရန် အရေးကြီး၏။ သာသနာတော်၌လည်း လာဘ်လာဘ အကျော်အစော သီလ သမာဓိ ဒိဗ္ဗစက္ခုဉာဏ်တို့ဖြင့် တင်းတိမ် ရောင့်ရဲမနေဘဲ အာသဝက္ခယဉာဏ်ရရှိရန် အားထုတ်သင့်ကြောင်း ဟောတော်မူလိုရင်းဖြစ်သည်။
၃၀။ စူဠသာရောပမသုတ်
စူဠသာရောပမသုတ်သည် အနှစ်နှင့်တူသော တရားလေးပါးကို ဟောကြားသည့်သုတ် ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ပိလင်္ဂကောစ္ဆပုဏ္ဏား ရောက်လာပြီး ဒိဋ္ဌိဆရာကြီးခြောက်ဦးကဲ့သို့ တရားထူးကို သိပါသလားဟု မေးမြန်း၏။
သင့်မေးခွန်းကို ဖြေဆိုခြင်းဖြင့် အကျိုးရှိမည်မဟုတ် တရားနာလော့ဟု မိန့်တော်မူကာ အနှစ်ရှာဖွေခြင်း ဥပမာဖြင့် ဟောတော်မူပါသည်။
မဟာသာရောပမသုတ်၌ ဖော်ပြပြီးသည့်အတိုင်း ဖြစ်ပါသည်။
ဤသုတ်သည် မဟာသာရောပမသုတ်၏ အကျဉ်းချုပ်ပုံစံဖြစ်ပြီး၊ တရားဓမ္မကို “သာရ” (သစ်သားအူတိုင်) ဟု ဥပမာပြုပြီး ပိုမိုရိုးရှင်းစွာ ရှင်းပြသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် တရားကျင့်စဉ်ကို လိုက်နာရန်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် ညွှန်ပြသည်။ ဤသုတ်သည် တရားဓမ္မ၏ အဓိကသဘောကို အကျဉ်းချုပ် ဖော်ပြသည်။
သုံးသပ်ချက်
ဩပမ္မဝဂ်ရှိ ဤသုတ် ၁၀ ခုသည် ဗုဒ္ဓဝါဒ၏ တရားဓမ္မကို ဥပမာများဖြင့် နားလည်လွယ်ကူစွာ ဖွင့်ဆိုထားသည့် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် တရားကျင့်စဉ်ကို လိုက်နာရန်၊ ကိလေသာများကို ပယ်ရှားရန်၊ နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် အဓိကထားသည်။ ဤသုတ်များသည် ဗုဒ္ဓဝါဒ၏ ပြည့်စုံမှုနှင့် စစ်မှန်မှုကို ထင်ရှားစေပြီး၊ ရဟန်းများနှင့် လူတိုင်းအတွက် လမ်းညွှန်ဖြစ်သည်။
ဩပမ္မဝဂ်၏ အနှစ်သာရ: ဤဝဂ်ရှိ သုတ်ဆယ်ခုသည် ဥပမာများဖြင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကျင့်ကြံရန်၊ ကိလေသာများကို ပယ်ရှားရန်၊ ခန္ဓာငါးပါးကို မမြဲမှု၊ ဒုက္ခ၊ အနတ္တအဖြစ် သိမြင်ရန်နှင့် နိဗ္ဗာန်သို့ ရောက်ရန် မဂ်ရှစ်ပါးလမ်းစဉ်ကို ထူးခြားစွာ ရှင်းလင်းပြသထားသည်။
+++++++
၄။ မဟာယမကဝဂ်
မဟာယမကဝဂ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ၏ စတုတ္ထမြောက် ဝဂ်ဖြစ်သည်။ ဆယ်သုတ်ရှိသည်။ ပါဝင်သော ဆယ်သုတ်သည် နှစ်သုတ်တွဲများ ဖြစ်သည့်အပြင် ပဉ္စမမြောက်ဝဂ်သည်လည်း ဤဝဂ်နည်းတူဖြစ်၍ ရှေနောက်ကွဲစေရန် မဟာယမကဝဂ်ဟု အမည်ပေးခြင်း ဖြစ်မည်။
ဤဝဂ်တွင် သုတ္တန် ၁၀ ခုပါဝင်ပြီး ယမကသုတ်များသည် တရားအားထုတ်ရာတွင် တွဲဖက်ဆောင်ရွက်မှုနှင့် သံဃာ့အဖွဲ့အစည်း၏ အရေးကြီးမှုကို ဖော်ပြသည်။ မဟာဂေါဝိန္ဒသုတ်ကဲ့သို့ သုတ်များသည် ဗုဒ္ဓ၏ တပည့်များအကြား စည်းလုံးညီညွတ်မှုနှင့် သီလစောင့်ထိန်းရန် သင်ကြားပေးသည်။
ဤဝဂ်သည် သံဃာ့အဖွဲ့အစည်း၏ CONTAINED VALUE နှင့် လူမှုဆက်ဆံရေးတွင် သီလကို ထိန်းသိမ်းရန် အရေးကြီးကြောင်း ပြသသည်။ ၎င်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းသာမက အဖွဲ့အစည်းတစ်ခုလုံး၏ သာယာဝပြောမှုအတွက် တရားဓမ္မကို လက်တွေ့ကျင့်သုံးရန် လှုံ့ဆော်သည်။
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၏ မဟာယမကဝဂ်တွင် ပါဝင်သော သုတ် ၁၀ ခု၏ အနှစ်ချုပ်ကို အောက်တွင် ဖော်ပြထားပါသည်။ ဤဝဂ်သည် ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မကို ညီညွတ်စွာ လိုက်နာကျင့်သုံးရန် ဟောကြားထားသည်။ သုတ်များသည် သစ္စာတရားများ၊ ကိလေသာပယ်ရှင်းမှု နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်ပြထားသည်။
၃၁။ စူဠဂေါသိင်္ဂသုတ်
စူဠဂေါသိင်္ဂသုတ်သည် ညီညွတ်ချစ်ခင်စွာဖြင့် မမေ့မလျော့ အားထုတ်ကြသူများသည် တစ်လောကလုံး၏ အကျိုးစီးပွားအတွက် ကျင့်ကြံနေသူများဖြစ်ကြောင်း ဟောတော်မူသည့်သုတ် ဖြစ်ပါသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ဂေါသိင်္ဂတောင်ကုန်းတွင် ရဟန်းများအား တရားဓမ္မကို ဟောကြားသည်။ ရဟန်းများသည် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ကျင့်သုံးပြီး၊ ကိလေသာများကို ပယ်ရှားရန် ညွှန်ပြသည်။ သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို အလေးပေးဖော်ပြပြီး၊ ရဟန်းများ၏ စိတ်သန့်ရှင်းမှုနှင့် တရားကျင့်စဉ်ကို အာရုံပြုသည်။ ဤသုတ်သည် တရားကျင့်စဉ်၏ အခြေခံသဘောကို အကျဉ်းချုပ် ရှင်းပြသည်။
၃၂။ မဟာဂေါသိင်္ဂသုတ်
မဟာဂေါသိင်္ဂသုတ်သည် အင်ကြင်းတောကို တင့်တယ်စေမည့် ရဟန်းနှင့်ပတ်သက်၍ ဆွေးနွေးကြခြင်း ဖြစ်သည်။ အရှင်အာနန္ဒာက ဗဟုသုတများသောရဟန်း၊ အရှင်ရေဝတက ဝိပဿနာ အားထုတ်နေသောရဟန်း၊ အရှင်အနုရုဒ္ဓါက ဒိဗ္ဗစက္ခုအဘိဉာဉ် ရသောရဟန်း၊ အရှင်မဟာကဿပက ဓုတင်ဆောင်ရဟန်း၊ အရှင်သာရိပုတ္တရာက အဘိဓမ္မာကို ဆွေးနွေးသည့်ရဟန်း၊ အရှင်မောဂ္ဂလာန်က စိတ်ကိုလိုရာထားနိုင်သော ရဟန်းတို့သည် အင်ကြင်းတောကို တင့်တယ်စေမည့် ရဟန်းဖြစ်ကြောင်း တင်ပြကြ၏။
ထိုနောက်ဗုဒ္ဓမြတ်စွာက သင်တို့၏ အဖြေအားလုံးသည် ပရိယာယ်တစ်မျိုးစီအားဖြင့် မှန်ကန်ကြ၏။ သို့ရာတွင် ဆွမ်းစားပြီးသောအခါ ထက်ဝယ်ဖွဲ့ခွေ၌ ကိုယ်ကိုဖြောင့်စွာထားပြီး ကမ္မဋ္ဌာန်းအာရုံသို့ သတိကို ဖြစ်စေလျက် အာသဝေါတရားတို့မှ မလွတ်မြောက်သေးသမျှ ကာလပတ်လုံး ထက်ဝယ် ဖွဲ့ခွေခြင်းကို မဖျက်အံ့ဟု အဓိဋ္ဌာန်ပြုကာ ထိုင်နေသော ရဟန်းဖြင့် တင့်တယ်လိုက်ဖက်ပါ၏ဟု မိန့်တော်မူပါသည်။
ဤသုတ်သည် စူဠဂေါသိင်္ဂသုတ်၏ အသေးစိတ်ဖွင့်ဆိုမှုဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာသည် ရဟန်းများအား တရားကျင့်စဉ်၏ အဆင့်ဆင့်ကို ရှင်းပြသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ကျင့်သုံးရန်နှင့် အာသဝ (ကိလေသာ) များကို ပယ်ရှားရန် နည်းလမ်းများကို ဖော်ပြသည့် သတိပဋ္ဌာန်လေးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ နှင့် မဂ္ဂင်ရှစ်ပါးကို အသေးစိတ်ဖွင့်ဆိုပြီး နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်သည်။
၃၃။ မဟာဂေါပါလကသုတ်
ကြီးပွားထိုက်သောရဟန်း မကြီးပွားထိုက်သောရဟန်းတို့ကို နွားကျောင်းသားဥပမာဖြင့် ဟောကြားခြင်း ဖြစ်သည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် လောကီဘဝ၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို ရှင်းပြပြီး၊ ကာမဂုဏ်များမှ တွယ်တာမှုကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးခြင်းဖြင့် သံသရာဆင်းရဲမှ လွတ်မြောက်ရန် ညွှန်ပြသည်။ ဤသုတ်သည် လူအများနားလည်လွယ်သော တရားဖွင့်ဆိုမှုဖြစ်သည်။
၃၄။ စူဠဂေါပါလကသုတ်
နွားကျောင်းသား နှစ်မျိုးနှင့် ဥပမာပြု၍ ဆရာနှစ်မျိုးကို ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ဝဇ္ဇီတိုင်း ဥက္ကာစေလမြို့အနီး ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။
နွားကျောင်းသားသည် မလိမ္မာသော နွားကျောင်းသားနှင့် လိမ္မာသော နွားကျောင်းသားဟူ၍ နှစ်မျိုးရှိ၏။ ဆရာသည်လည်း ယုံကြည်ကိုးစားထိုက်သောဆရာနှင့် ယုံကြည်ကိုးစားခြင်းမထိုက်သောဆရာ ဟူ၍ နှစ်မျိုးရှိကြောင်း ဟောတော်မူလိုရင်းဖြစ်သည်။
ဤသုတ်သည် မဟာဂေါပါလကသုတ်၏ အကျဉ်းချုပ်ပုံစံဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာသည် ဂေါပါလကအား တရားဓမ္မကို ပိုမိုရိုးရှင်းစွာ ရှင်းပြသည်။ လောကီဘဝ၏ ဆင်းရဲဒုက္ခနှင့် ကိလေသာများမှ လွတ်မြောက်ရန် သတိပဋ္ဌာန် နှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရန် ညွှန်ပြသည်။ ဤသုတ်သည် တရားဓမ္မ၏ အဓိကသဘောကို အကျဉ်းချုပ် ဖော်ပြသည်။
၃၅။ စူဠသစ္စကသုတ်
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် သစ္စာလေးပါး (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ) ကို အကျဉ်းချုပ် ရှင်းပြသည်။ သတ္တဝါများ၏ ဆင်းရဲဒုက္ခ၏ အကြောင်းရင်းဖြစ်သော တဏှာ (ဆန္ဒ) ကို ဖော်ပြပြီး၊ ၎င်းကို ပယ်ရှားရန် မဂ္ဂင်ရှစ်ပါးကို ညွှန်ပြသည်။ ဤသုတ်သည် ဗုဒ္ဓဝါဒ၏ အခြေခံသစ္စာတရားများကို ရိုးရှင်းစွာ ဖွင့်ဆိုသည်။
အနှစ်သာရ: စူဠသစ္စကသုတ်သည် ခန္ဓာငါးပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို သိမြင်ရန်နှင့် အတ္တအယူကို စွန့်လွှတ်ပြီး ဒုက္ခမှ လွတ်မြောက်ရန် မဂ်ရှစ်ပါးလမ်းစဉ်ကို သင်ကြားထားသည်။
၃၆။ မဟာသစ္စကသုတ်
မဟာသစ္စကသုတ်သည် အရှင်ဂေါတမ၏ တပည့်တို့သည် စိတ်ပွားစီးရေးကိုသာ အားစိုက်၍ ကိုယ်ပွားစီးရေးကို အားမစိုက်ဘဲနေသည်ဟု စွပ်စွဲ ပြစ်တင်ရန်လာသော သစ္စကပရိဗိုဇ်ကို သင်သည် စိတ်ပွားစီးရေးကို မဆိုထားဘိ ကိုယ်ပွားစီးရေးကိုပင် မသိချေဟု မိန့်တော်မူပြီး ကိုယ်ပွားစီးရေး စိတ်ပွားစီးရေး တရားများကို ဟောကြားတော်မူပါသည်။
ဤသုတ်သည် စူဠသစ္စကသုတ်၏ အသေးစိတ်ဖွင့်ဆိုမှုဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာသည် သစ္စာလေးပါးကို နက်ရှိုင်းစွာ ရှင်းပြသည်။ ဒုက္ခသစ္စာ၏ အမျိုးမျိုး၊ သမုဒယသစ္စာ၏ အကြောင်းရင်းများ၊ နိရောဓသစ္စာ၏ နိဗ္ဗာန်သဘော၊ နှင့် မဂ္ဂသစ္စာ၏ ကျင့်စဉ်များကို အသေးစိတ်ဖော်ပြသည်။ ဤသုတ်သည် သစ္စာလေးပါး၏ ပြည့်စုံသော ရှင်းလင်းချက်ဖြစ်သည်။
၃၇။ စူဠတဏှာသင်္ခယသုတ်
စူဠတဏှာသင်္ခယသုတ်သည် မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိတော်၊ မဟာယမကဝဂ်ရှိ သုတ်ဖြစ်ပြီး ဗုဒ္ဓမြတ်စွာက သိကြားမင်း၏ တောင်းဆိုချက်အရ တဏှာကုန်ခန်းရာ လမ်းစဉ်ကို အကျဉ်းချုံး ရှင်းပြထားသော သုတ်ဖြစ်သည်။
အကြောင်းအချင်းအရာ:
သိကြားမင်းသည် ဗုဒ္ဓမြတ်စွာထံ ချဉ်းကပ်၍ “တဏှာကုန်ခန်းရာ လမ်းစဉ်တရားကို အကျဉ်းချုံး ဟောကြားပေးပါ” ဟု လျှောက်ထားသည်။ ဗုဒ္ဓမြတ်စွာက အောက်ပါအတိုင်း တိုတိုရှင်းရှင်း ဖြေကြားတော်မူသည်။
ဗုဒ္ဓမြတ်စွာ၏ ဖြေကြားချက်:
“သိကြားမင်း၊ ရဟန္တာဖြစ်မည့် ရဟန်းသည် ‘အလုံးစုံသော တရားကို ငါ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း၊ စွဲလမ်းခြင်းငှာ မထိုက်’ ဟူသော တရားစကားကို ကြားနာရသည်။
ထိုရဟန်းသည် ခန္ဓာငါးပါးအပါအဝင် တရားအားလုံးကို သိအောင် ကြိုးစားသည်။ သိသောအခါ ထိုတရားအားလုံးသည် ဒုက္ခချည်းဖြစ်ကြောင်း သိမြင်သည်။ ဒုက္ခဟု သိပြီးနောက်၊ ခံစားရသမျှ ဝေဒနာကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုပြီး ထပ်ကာထပ်ကာ အားထုတ်သည်။
ဤသို့ ရှုဖန်များလာသောအခါ၊ မည်သည့်တရားကိုမျှ မစွဲလမ်းတော့ဘဲ၊ နောက်ဆုံး၌ ရဟန္တာဖြစ်ကာ တဏှာကုန်ခန်း၍ နိဗ္ဗာန်သို့ လွတ်မြောက်သည်။”
အကျိုးဆက်:
သိကြားမင်းသည် ဤတရားကို နှစ်သက်လက်ခံပြီး ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို ချီးကျူးသည်။
အနှစ်သာရ:
စူဠတဏှာသင်္ခယသုတ်သည် ခန္ဓာငါးပါးနှင့် တရားအားလုံးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သိမြင်ပြီး၊ တဏှာကို စွဲလမ်းမှုမှ လွတ်ကင်းအောင် ရှုပွားကာ ရဟန္တာဖြစ်၍ နိဗ္ဗာန်သို့ ရောက်ရန် အခြေခံလမ်းစဉ်ကို အကျဉ်းချုံး သင်ကြားထားသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် တဏှာ (ဆန္ဒ) ၏ ဖျက်ဆီးနိုင်သော သဘောကို ရှင်းပြပြီး၊ ၎င်းကို ပယ်ရှားရန် နည်းလမ်းများကို ဖော်ပြသည်။ တဏှာသည် သံသရာဆင်းရဲ၏ အဓိကအကြောင်း ဖြစ်ကြောင်း ဆိုပြီး၊ သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးခြင်းဖြင့် တဏှာကို ချုပ်ငြိမ်းစေရန် ညွှန်ပြသည်။ ဤသုတ်သည် တဏှာပယ်ရှင်းမှု၏ အခြေခံသဘောကို အကျဉ်းချုပ် ဖော်ပြသည်။
၃၈။ မဟာတဏှာသင်္ခယသုတ်
ဤသုတ်သည် စူဠတဏှာသင်္ခယသုတ်၏ အသေးစိတ်ဖွင့်ဆိုမှုဖြစ်ပြီး၊ တဏှာကုန်ခန်းရေးကို အကျယ်ဟောတော်မူခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် တဏှာ၏ အမျိုးအစားများ (ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ) နှင့် ၎င်းတို့၏ အကျိုးဆက်များကို ရှင်းပြသည်။ တဏှာကို ချုပ်ငြိမ်းရန် ပဋိစ္စသမုပ္ပါဒ် (အကြောင်းတရားဆက်နွယ်မှု) ကို နားလည်ရန်နှင့် သတိပဋ္ဌာန်၊ မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရန် ညွှန်ပြသည်။ ဤသုတ်သည် တဏှာပယ်ရှင်းမှု၏ နက်ရှိုင်းသော ရှင်းလင်းချက်ဖြစ်သည်။
၃၉။ မဟာအဿပုရသုတ်
သမဏဗြဟ္မဏဖြစ်ကြောင်းများကို ဟောကြားသောသုတ် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ အင်္ဂတိုင်း အဿပုရနိဂုံး၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။ အချုပ်အားဖြင့် ဤသုတ်သည် သမဏဗြဟ္မဏ အမည်ခံထိုက်စေရန် ကျင့်ကြံအားထုတ်ရမည့် တရားများကို ဥပမာဥပမေယျများဖြင့် အကျယ်တဝင့် ဟောကြားသောသုတ် ဖြစ်ပါသည်။
ရဟန်းများသည် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ပြည့်စုံစွာ ကျင့်သုံးရန်နှင့် ကိလေသာများကို ပယ်ရှားရန် ညွှန်ပြသည်။ သတိပဋ္ဌာန်နှင့် ကမ္မဋ္ဌာန်းအားထုတ်မှု၏ အကျိုးကျေးဇူးကို အလေးပေးဖော်ပြပြီး၊ နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်သည်။ ဤသုတ်သည် တရားကျင့်စဉ်၏ ပြည့်စုံသော ရှင်းလင်းချက်ဖြစ်သည်။
၄၀။ စူဠအဿပုရသုတ်
ရဟန်းနှင့် သင့်လျော်သောအကျင့်ကို ကျင့်သူနှင့် ရဟန်းနှင့် သင့်လျော်သောအကျင့်ကို မကျင့်သူတို့ကို ခွဲခြားကာ ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ အင်္ဂတိုင်း အဿပုရနိဂုံး၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ကျင့်သုံးရန်နှင့် ကိလေသာများကို ပယ်ရှားရန် ညွှန်ပြသည်။ သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို အလေးပေးဖော်ပြပြီး၊ နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်သည်။
သုံးသပ်ချက်
မဟာယမကဝဂ်ရှိ ဤသုတ် ၁၀ ခုသည် ဗုဒ္ဓဝါဒ၏ အဓိကသဘောတရားများဖြစ်သော သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ တဏှာပယ်ရှင်းမှု၊ နှင့် သီလ၊ သမာဓိ၊ ပညာတို့ကို အလေးပေးဖော်ပြသည်။ ဂျိန်းဘာသာနှင့် အခြားအယူအဆများကို ဝေဖန်ရင်း၊ ဗုဒ္ဓဝါဒ၏ စစ်မှန်မှုကို ထင်ရှားစေသည်။ သစ္စာလေးပါးကို နားလည်ပြီး မဂ်ရှစ်ပါးဖြင့် ကျင့်ကြံကာ သံသရာဆင်းရဲမှ လွတ်မြောက်ရန် လမ်းညွှန်ထားသည်။
+++++++
၅။ စူဠယမကဝဂ်
စူဠယမကဝဂ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ၏ ပဉ္စမနှင့် နောက်ဆုံးဝဂ်ဖြစ်သည်။ ဤဝဂ်သည်လည်း စတုတ္ထဝဂ်ကဲ့သို့ပင်နှစ်သုတ်တွဲများဖြစ်၍ စတုတ္ထဝဂ်နှင့် တွဲလျက် ဖြစ်စေရန် စူဠယမကဝဂ်ဟု အမည်ပေးထားခြင်းဖြစ်မည်။ ဤဝဂ်၌ ဆယ်သုတ်ပါဝင်ပြီး မဟာယမကဝဂ်၏ အကြောင်းအရာများကို ဆက်လက် ဖြည့်စွမ်းထားသည်။ ၎င်းသည် သံဃာအတွင်း သင်ကြားရေးနှင့် တရားအားထုတ်မှုကို ပိုမိုသေးငယ်သော အကြောင်းအရာများဖြင့် ဖော်ပြသည်။ စူဠဂေါဝိန္ဒသုတ်ကဲ့သို့ သုတ်များသည် တရားဓမ္မကို ပိုမိုရိုးရှင်းစွာ ရှင်းပြသည်။
ဤဝဂ်သည် မဟာယမကဝဂ်ထက် ပိုမိုရိုးရှင်းသော သင်ကြားချက်များဖြင့် တရားဓမ္မကို လက်တွေ့ကျင့်သုံးရန် အားပေးသည်။ ၎င်းသည် သံဃာအတွင်း စည်းလုံးမှုနှင့် တရားအားထုတ်မှုကို ပိုမိုနီးကပ်စွာ ဆက်သွယ်ပေးသည်။
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၏ စူဠယမကဝဂ်တွင် ပါဝင်သော သုတ် ၁၀ ခု၏ အနှစ်ချုပ်ကို အောက်တွင် ဖော်ပြထားပါသည်။ ဤဝဂ်သည် “စူဠယမက” ဟူသော သဘောကို အခြေခံပြီး၊ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မကို လူအမျိုးမျိုးအတွက် ရိုးရှင်းစွာ ဖွင့်ဆိုထားသည်။ သုတ်များသည် သီလ၊ သမာဓိ၊ ပညာ၊ ကိလေသာပယ်ရှင်းမှု၊ နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်ပြထားသည်။
၄၁။ သာလေယျကသုတ်
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် သာလေယျကဂေါမဏိ (အိမ်ထောင်ဦးစီးတစ်ဦး) အား တရားဓမ္မကို ဟောကြားသည်။ လောကီဘဝ၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို ရှင်းပြပြီး၊ ကာမဂုဏ်များမှ တွယ်တာမှုကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ကျင့်သုံးပြီး သစ္စာလေးပါးကို သိမြင်ရန် ညွှန်ပြသည်။ ဤသုတ်သည် လူအများနားလည်လွယ်သော တရားဖွင့်ဆိုမှုဖြစ်သည်။
သာလေယျကသုတ်သည် ဒုစရိုက်ဆယ်ပါး၏ အကျိုးဆက်အဖြစ် အပါယ်ငရဲရောက်ရနိုင်ပုံနှင့် သုစရိုက်ဆယ်ပါး၏ အကျိုးဆက်အဖြစ် သုဂတိ (နတ်ပြည်၊ ဗြဟ္မာ့ပြည်) သို့မဟုတ် အာသဝက္ခယဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်ရနိုင်ပုံကို ရှင်းလင်းပြသထားသည်။ တရားမျှတစွာ ကျင့်ကြံခြင်း၏ အရေးပါမှုကို အလေးပေး သင်ကြားသည်။
၄၂။ ဝေရဉ္ဇကသုတ်
ဝေရဉ္ဇကသုတ်သည် ဗုဒ္ဓမြတ်စွာ၏ တရားနှင့် အရိယာဂုဏ်ကို စွပ်စွဲချက်များမှ ချေဖျက်ကာ ရှင်းလင်းပြသထားသည်။ ကာမဂုဏ်များကို ပယ်ရှား၍ ရာဂ၊ ဒေါသ၊ မောဟမှ ကင်းစင်ပြီး နိဗ္ဗာန်သို့ ရောက်ရန် မဂ်ရှစ်ပါးလမ်းစဉ်ကို အလေးပေး သင်ကြားသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ဝေရဉ္ဇမြို့မှ ပုဏ္ဏားများအား တရားဓမ္မကို ဟောကြားသည်။ သီလမပြည့်စုံသော ရဟန်းများ၏ အကျင့်ပျက်မှုကို ဝေဖန်ပြီး၊ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် စိတ်သန့်ရှင်းမှုကို ရရှိရန် ညွှန်ပြသည်။ သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးခြင်းဖြင့် ကိလေသာများကို ပယ်ရှားရန် တိုက်တွန်းသည်။ ဤသုတ်သည် ရဟန်းတို့၏ ကျင့်ဝတ်ကို အလေးပေးသည်။
၄၃။ မဟာဝေဒလ္လသုတ်
အရှင်သာရိပုတြာ နှင့် အရှင်မဟာကောဋ္ဌိကတို့ တရားဆွေးနွေးသော သုတ်ဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သိမှု ‘ပညာ’ နှင့် အထူးသိမှု ‘ဝိညာဏ်’ ဆက်စပ်ခြင်း၊ စျာန်၊ မှန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းအရင်း စသည်တို့ပါဝင်ပါသည်။
အရှင်ကောဋ္ဌိက၏ မေးခွန်းပေါင်း ၃၂ ခုကို အရှင်သာရိပုတ္တရာက ဖြေဆိုထားခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် အရှင်ကောဋ္ဌိကမေး၍ အရှင်သာရိပုတ္တရာက ဖြေဆိုသည်။
မဟာဝေဒလ္လသုတ်သည် ပညာ၊ ဝိညာဏ်၊ စျာန်၊ သမ္မာဒိဋ္ဌိ စသည့် တရားသဘောများကို နက်ရှိုင်းစွာ ဆွေးနွေးထားပြီး၊ သီလ၊ အရှင်သာရိပုတ္တရာ နှင့် မဟာကောဋ္ဌိကတို့၏ တရားဆွေးနွေးမှုမှတစ်ဆင့် ကိလေသာများမှ လွတ်မြောက်ရန် မဂ်ရှစ်ပါးလမ်းစဉ်၏ အရေးပါမှုကို အလေးပေး သင်ကြားသည်။ ဤသုတ်သည် ဗုဒ္ဓဘာသာတရားသဘောများကို နက်ရှိုင်းစွာ နားလည်လိုသူများအတွက် အရေးကြီးသော သုတ်တစ်ခုဖြစ်သည်။
၄၄။ စူဠဝေဒလ္လသုတ်
ဝိသာခ နှင့် ဓမ္မဒိန္နာ ဘိက္ခုနီမတို့ တရားဆွေးနွေးသောသုတ်ဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သက္ကာယ၊ ဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ်ခန္ဓာ)၊ အင်္ဂါရှစ်ပါး ရှိသော မဂ်၊ နိရောဓ သမာပတ် စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်ပါသည်။ “တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် ဓမ္မဒိန္နာသည် အမြတ်ဆုံး (ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းမဖြစ်သည်။ ဓမ္မဒိန္နာ ဘိက္ခုနီမသည် ဝိသာခသူဌေး၏ ဇနီးဟောင်းဖြစ်၍ ဝိသာခသည် အနာဂါမ်ဖြစ်သည်ဟု ဆိုပါသည်။
ဤသုတ်သည် မဟာဝေဒလ္လသုတ်၏ အကျဉ်းချုပ်ပုံစံဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာသည် ဝေဒလ္လပုဏ္ဏားအား တရားဓမ္မကို ပိုမိုရိုးရှင်းစွာ ရှင်းပြသည်။ ကာမဂုဏ်များ၏ အနိစ္စသဘောနှင့် တဏှာပယ်ရှင်းမှုကို အလေးပေးဖော်ပြပြီး၊ သတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရန် ညွှန်ပြသည်။ ဤသုတ်သည် တရားဓမ္မ၏ အဓိကသဘောကို အကျဉ်းချုပ် ဖော်ပြသည်။
၄၅။ စူဠဓမ္မသမာဒါနသုတ်
စူဠဓမ္မသမာဒါနသုတ်သည် တရားကျင့်စဉ်လေးမျိုးကို အကျဉ်းချုံး ဖော်ပြပြီး၊ ကိလေသာနှင့် ရောနှောသော ကျင့်စဉ်များကို ရှောင်ကြဉ်ကာ သီလ၊ သမာဓိ၊ ပညာဖြင့် စင်ကြယ်သော ကျင့်စဉ်ကို လိုက်နာရန် တိုက်တွန်းသည်။ ဤသုတ်သည် နိဗ္ဗာန်သို့ ဦးတည်သော မဂ်ရှစ်ပါးလမ်းစဉ်၏ အရေးပါမှုကို အလေးပေး သင်ကြားထားသည်။
ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။ ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ဓမ္မသမာဒါန၏ အမျိုးအစားများကို ရှင်းပြသည်။ ကိလေသာနှင့်ရောနှောသော ကျင့်စဉ်၊ ကိလေသာကင်းသော ကျင့်စဉ် နှင့် နိဗ္ဗာန်သို့ ဦးတည်သော ကျင့်စဉ်တို့ကို ဖော်ပြသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် စင်ကြယ်သော ကျင့်စဉ်ကို လိုက်နာရန် တိုက်တွန်းသည်။ ဤသုတ်သည် တရားကျင့်စဉ်၏ အမျိုးအစားများကို အကျဉ်းချုပ် ဖော်ပြသည်။
၄၆။ မဟာဓမ္မသမာဒါနသုတ်
တရားကျင့်သုံးခြင်းလေးမျိုးကို အကျယ်ဟောကြားခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောကြားတော်မူ၏။
ဤသုတ်သည် စူဠဓမ္မသမာဒါနသုတ်၏ အသေးစိတ်ဖွင့်ဆိုမှုဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာသည် ဓမ္မသမာဒါန၏ အမျိုးအစားများကို နက်ရှိုင်းစွာ ရှင်းပြသည်။ ကိလေသာနှင့်ရောနှောသော ကျင့်စဉ်များ၏ အန္တရာယ်နှင့် စင်ကြယ်သော ကျင့်စဉ်များ၏ အကျိုးကျေးဇူးကို ဖော်ပြသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် နိဗ္ဗာန်သို့ ဦးတည်သော ကျင့်စဉ်ကို အလေးပေးသည်။
၄၇။ ဝီမံသကသုတ်
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ဝီမံသက (ဆန်းစစ်သူ) များအား တရားဓမ္မကို ဆန်းစစ်ရန် နည်းလမ်းများကို ဟောကြားသည်။ တရားဓမ္မကို ယုံကြည်ရန် မျက်စိမှိတ်မယုံဘဲ၊ ကိုယ်တိုင်လေ့လာ၊ ဆန်းစစ်၊ ကျင့်သုံးပြီး အကျိုးသက်ရောက်မှုကို သိမြင်ရန် ညွှန်ပြသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် တရားဓမ္မကို စစ်မှန်ကြောင်း သိရှိနိုင်သည်ဟု ဆိုသည်။ ဤသုတ်သည် ဘာသာရေးနှင့် လူမှုဘဝတွင် မှန်ကန်သော ဆုံးဖြတ်ချက်ချရန် အရေးကြီးသော လမ်းညွှန်တစ်ခုဖြစ်သည်။
၄၈။ ကောသမ္ဗီသုတ်
သာရဏီယတရားခြောက်ပါးနှင့် အရိယဉာဏ်ခုနစ်ပါးကို ဟောကြားခြင်း ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေစဉ် အယူဝါဒကွဲပြား၍ ခိုက်ရန်ဖြစ်နေကြသည့် ရဟန်းတို့အား ဟောတော်မူသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာသည် ကောသမ္ဗီမြို့တွင် ရဟန်းများအကြား ဖြစ်ပေါ်သော အငြင်းပွားမှုကို ဖြေရှင်းပေးသည်။ သံဃာအတွင်း စည်းလုံးညီညွတ်မှု၏ အရေးကြီးမှုကို ဖော်ပြပြီး၊ သံဃဝိနည်းများနှင့်အညီ အငြင်းပွားမှုကို ဖြေရှင်းရန် ညွှန်ပြသည်။ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် စိတ်သန့်ရှင်းမှုကို ရရှိရန် တိုက်တွန်းသည်။ ဤသုတ်သည် သံဃာစည်းလုံးမှုကို အလေးပေးသည်။
၄၉။ ဗြဟ္မနိမန္တနိကသုတ်
ဗကဗြဟ္မာအား ဟောကြားသောတရားဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ဥက္ကဋ္ဌမြို့အနီးရှိ သုဘဂတောအုပ် အတွင်းရှိ အင်ကြင်းပင်ရင်း၌ သီတင်းသုံးနေစဉ် ဗြဟ္မာ့ပြည်သို့ ကြွတော်မူသည်။
ဗြဟ္မနိမန္တနိကသုတ်သည် ဗကဗြဟ္မာ၏ လွဲမှားသော အယူ (ဗြဟ္မာအဖြစ်သည် တည်မြဲပြီး အမြတ်ဆုံးဟူသော အယူ) ကို ချေဖျက်ပြီး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို သိမြင်ကာ နိဗ္ဗာန်သို့ ဦးတည်သော မဂ်ရှစ်ပါးလမ်းစဉ်ကို သင်ကြားသည်။ မာရ်နတ် (ကိလေသာ) ၏ ဟန့်တားမှုကို ချေပပြီး၊ ဗုဒ္ဓမြတ်စွာ၏ အသိဉာဏ်နှင့် တန်ခိုးစွမ်းပကား၏ သာလွန်မှုကို ထင်ရှားစေသည်။ ဤသုတ်သည် ဘဝစွဲလမ်းမှုကို စွန့်လွှတ်ပြီး နိဗ္ဗာန်သို့ ဦးတည်ရန် အရေးကြီးသော လမ်းညွှန်တစ်ခုဖြစ်သည်။ လောကီဘဝ၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို ရှင်းပြသည်။ သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရန် ညွှန်ပြပြီး၊ နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်သည်။
၅၀။ မာရတဇ္ဇနီယသုတ်
ရှင်မောဂ္ဂလာန်သည် မာရ်နတ်ကို ဆွေမျိုးစပ်၍ ဆုံးမခြင်းဖြစ်သည်။ ဤသုတ်တွင် အရှင်မဟာမောဂ္ဂလာနသည် မာရ်နတ်၏ လှည့်ဖျားမှုကို အောင်မြင်စွာ တွန်းလှန်ပုံကို ဖော်ပြသည်။ ဗုဒ္ဓမြတ်စွာသည် မာရ်နတ်၏ လှည့်ဖျားမှုများကို ကျော်လွှားရန် သတိပဋ္ဌာန်နှင့် ကမ္မဋ္ဌာန်းအားထုတ်မှုကို ညွှန်ပြသည်။ ကိလေသာများကို ပယ်ရှားပြီး၊ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် စိတ်သန့်ရှင်းမှုကို ရရှိရန် တိုက်တွန်းသည်။
သုံးသပ်ချက်
စူဠယမကဝဂ်ရှိ ဤသုတ် ၁၀ ခုသည် ဗုဒ္ဓဝါဒ၏ အဓိကသဘောတရားများဖြစ်သော သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သီလ၊ သမာဓိ၊ ပညာ၊ နှင့် ကိလေသာပယ်ရှင်းမှုကို အလေးပေးဖော်ပြသည်။ လူအမျိုးမျိုး၊ ရဟန်းများ၊ နတ်ဘုရားများအတွက် တရားဓမ္မကို ရိုးရှင်းစွာ ဖွင့်ဆိုထားပြီး သံဃာစည်းလုံးမှု၊ တရားဆန်းစစ်မှု၊ နှင့် မာရ်နတ်ကို အောင်နိုင်ရန် လမ်းညွှန်ပြထားသည်။ ဤသုတ်များသည် လောကီဆင်းရဲမှ လွတ်မြောက်ရန် လမ်းညွှန်ဖြစ်သည်။
++++++
စုပေါင်းသုံးသပ်ချက်
မူလပဏ္ဏာသ၏ ဝဂ် ၅ ခုသည် ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများ၊ ကျင့်စဉ်များနှင့် သံဃာ့အဖွဲ့အစည်း၏ အရေးကြီးမှုကို အလေးပေးသည်။ မူလပရိယာယဝဂ်သည် ဒဿနိကအဆင့်မြင့် သင်ကြားချက်များကို ဖော်ပြပြီး၊ သီဟနာဒဝဂ်သည် တရားဓမ္မကို ခိုင်မာစွာ ယုံကြည်မှုဖြစ်ပေါ်စေသည်။ ဩပမ္မဝဂ်သည် လူထုနားလည်လွယ်အောင် ဥပမာများဖြင့် သင်ကြားပြီး၊ ယမကဝဂ်နှစ်ခုသည် သံဃာ့စည်းလုံးမှုနှင့် တရားကျင့်စဉ်ကို အားပေးသည်။
ဤဝဂ်များသည် တရားဓမ္မကို နက်ရှိုင်းစွာ လေ့လာလိုသူများအတွက် မရှိမဖြစ်လိုအပ်ပြီး ဝိပဿနာအားထုတ်မှုနှင့် ပေါင်းစပ်လေ့လာပါက ပိုမိုထိရောက်မည်ဖြစ်သည်။
Ashin Sundara(4.5.2025)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိတော် ၂။ သီဟနာဒဝဂ် ၉။ ဒွေဓာဝိတက္ကသုတ်ကိုလေ့လာခြင်း
နိဒါန်း
ဒွေဓာဝိတက္ကသုတ်သည် ဘုရားလောင်းဘဝ၌ မြတ်စွာဘုရားကိုယ်တိုင် အတွေးတို့ကို မည်သို့ ရင်ဆိုင်ခဲ့ရသည်ကို ဟောကြားထားသောသုတ် ဖြစ်ပါသည်။ ထိုအတွေးတို့မှာ ကာမနှင့်စပ်သော ကြံစည်ခြင်း၊ သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်းတို့ နှင့် ကာမမှ ထွက်မြောက်မှုနှင့်စပ်သော ကြံစည်ခြင်း၊ မသတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း တို့ဖြစ်ပါသည်။
ကြံစည်ခြင်းသဘောသည် ဝိတက်တည်း။ ထို့ကြောင့် “ထိုထိုကြံစည်၊ ဝိတက်မည်ရှင့်”ဟု ဆိုခဲ့သည်။ ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း=စဉ်းစားခြင်း”ဟုလည်း ခေါ်ကြသည်။
(က) အာရုံကို ကြံကြောင်း ဖြစ်သော တရား။
(ခ) အာရုံကို ကြံတတ်သော တရား။
(ဂ) အာရုံကို ကြံခြင်းမျှ ဖြစ်သောတရား။
(ဃ) သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေ့ရှုတင်ပေးတတ်သော တရား။
(င) ဆုံးဖြတ်ကြောင်းဖြစ်သော ဝိတက် စသည်ဖြင့်လည်း အဓိပ္ပါယ်ဖွင့်ဆိုသေးသည်။
ဝိတက် ၂ မျိုး (ဘုရားရှင်တို့ သန္တာန်၌ ကြိမ်ဖန်များစွာ ဖြစ်သော ဝိတက် ၂ မျိုး)
(၁) ခေမဝိတက် - ဘေးကင်းခြင်းကို ပြုတတ်သော ကြံစည်ခြင်း။
(၂) ပဝိဝေကဝိတက် - ကိလေသာတို့မှ ကင်းဆိတ်ခြင်းနှင့်တကွဖြစ်သော ကြံစည်ခြင်း ဟူ၍ ၂ ပါး အပြားရှိ၏။ (ဣတိဝုတ်။ ၂၀၅။ ဣတိဝုတ်၊ ဋ္ဌ။ ၁၃၇-၄၁)။
ဝိတက် အုပ်စု ၂ စု
၁။ ကာမဝိတက် - ကာမဂုဏ်နှင့်စပ်၍ ကြံစည်ခြင်း၊ ဗျာပါဒဝိတက် - သတ်ဖြတ်လိုမှုနှင့် စပ်၍ ကြံစည်ခြင်း၊ ဝိဟိံသာဝိတက် - ညှဉ်းဆဲမှုနှင့် စပ်၍ ကြံစည်ခြင်း၊
၂။ နေက္ခမ္မဝိတက် - ကာမမှ လွတ်မြောက်မှု နှင့် စပ်သော ကြံစည်ခြင်း၊ အဗျာပါဒဝိတက် - မသတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ အဝိဟိံသာဝိတက် - မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း။ (မ၊၁။၁၆၁။) (မ၊မြန်၊၁။၁၆၅။)
ဤဝိတက်သည် ----
ကာမဝိတက် = ကာမနှင့်စပ်သော ကြံစည်ခြင်း (Thoughts of sensual desire)
ဗျာပါဒဝိတက် = သတ်ဖြတ်လိုမှုနှင့်စပ်သော ကြံစည်ခြင်း (Thoughts of ill-will)
ဝိဟိံသာဝိတက် = ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း (Thoughts of cruelty) ဟု ဆိုအပ်သော မကောင်း
ဝိတက် ၃-မျိုး၊
နေက္ခမ္မဝိတက် = ကာမမှလွတ်မြောက်မှုနှင့်စပ်သော ကြံစည်ခြင်း (Thoughts of renunciation)
အဗျာပါဒဝိတက် = မသတ်ဖြတ်လိုမှုနှင့်စပ်သော ကြံစည်ခြင်း (Thoughts of non-ill will)
အဝိဟိံသာဝိတက် = မညှဉ်းဆဲမှုနှင့်စပ်သော ကြံစည်ခြင်း (Thoughts of non-cruelty) ဟု အကောင်း ဝိတက် ၃-မျိုးအားဖြင့် ၆-မျိုးပြား၏။
တစ်နည်း ----
ဝိတက်သည် အကုသိုလ် (မိစ္ဆာ) ဝိတက် ၃ ပါး၊ ကုသိုလ် (သမ္မာ) ဝိတက် ၃ ပါး အားဖြင့် ၆ ပါး အပြားရှိ၏။
ထိုတွင် အကုသိုလ် (မိစ္ဆာ) ဝိတက် ၃ ပါး ဟူသော်ကား
(၁) ကာမဝိတက် = ဝတ္ထုကာမ, ကိလေသာကာမတို့နှင့် စပ်ယှဉ်သော ကြံစည်ခြင်း။
(၂) ဗျာပါဒဝိတက် = စိတ်ကို ဖျက်ဆီးတတ်, ဖောက်ပြန်ခြင်းသို့ ရောက်စေတတ်သော (ဒေါသ) တရားနှင့်စပ်ယှဉ်သော ကြံစည်ခြင်း။
(၃) ဝိဟိံသာဝိတက် = သတ္တဝါတို့ကို ညှဉ်းဆဲကြောင်းဖြစ်သော တရားနှင့်စပ်ယှဉ်သော ကြံစည်ခြင်းဟူ၍ ၃ ပါး ရှိ၏။
ကုသိုလ် (သမ္မာ) ဝိတက် ၃ ပါးဟူသော်ကား ----
(၁) နေက္ခမ္မဝိတက် = အလောဘစေတသိက်, ပဌမဈာန်, ကုသိုလ်စိတ် ၂၁ ပါး, နိဗ္ဗာန်ဟုဆို အပ်သော ထွက်မြောက်တတ်သောတရားနှင့် စပ်ယှဉ်သောကြံစည်ခြင်း။
(၂) အဗျာပါဒဝိတက် = မေတ္တာ (အဒေါသ) နှင့် စပ်ယှည်သော ကြံစည်ခြင်း။
(၃) အဝိဟိံသာဝိတက် = ကရုဏာနှင့် စပ်ယှဉ်သော ကြံစည်ခြင်း ဟူ၍ ၃ ပါး ရှိ၏။
ကာမနှင့် နေက္ခမ္မဝိတက်
ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ်အကြောင်းအရာ ကာမဂုဏ်အမူကိစ္စတို့ကို ကြံစည် စိတ်ကူးခြင်း။ ပစ္စည်းဥစ္စာ ရှာဖွေမူကို ကြံစည်စိတ်ကူးခြင်း စသော လောဘနှင့် မကင်းသော ကြံစည်စိတ်ကူးခြင်း “ကာမဝိတက်”ဟု ခေါ်သည်။ တောထွက်ဖို့၊ ရသေ့ရဟန်းပြုဖို့၊ လှူဒါန်းဖို့၊ ဥပုသ်သီလ ဆောက်တည်နေဖို့၊ တရားအားထုတ်ဖို့စသော လောဘတဏှာမှ လွတ်ကင်းသော ကြံစည်ခြင်းကို “နေက္ခမ္မဝိတက်”ဟု ခေါ်သည်။
ဗျာပါဒနှင့် အဗျာပါဒဝိတက်
ဗျာပါဒဟူသည် သူတစ်ပါးကို ပျက်စီးစေလို သေစေလိုသော ဒေါသတည်း။ ထိုဒေါသနှင့် ယှဉ်သော အကြံကို “ဗျာပါဒဝိတက်”ဟု ခေါ်၏။ အဗျာပါဒဟူသည် ဒေါသနှင့် ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာတည်း။ ထိုမေတ္တာနှင့် စပ်ယှဉ်သောအကြံ (သတ္တဝါအများကို ချမ်းသာစေလို ချမ်းသာအောင် ပြုလုပ်လိုသောအကြံ) များကို “အဗျာပါဒဝိတက်”ဟု ခေါ်သည်။
၀ိဟိံသာနှင့် အဝိဟိံသာဝိတက်
၀ိဟိံသာဟူသည် သူတစ်ပါးကို ညဉ်းဆဲလို နှိပ်စက်လိုသော ဒေါသတည်း။ ထိုဒေါသနှင့် ယှဉ်၍ ရိုက်ပုတ် သတ်ဖြတ်ဖို့ရန် ကြံစည်ခြင်း။ တစ်နည်းနည်းဖြင့် ဆင်းရဲဒုက္ခရောက်သွားအောင် ကြံစည်ခြင်းများကို “ဝိဟိံသာဝိတက်”ဟုခေါ်၏။ အဝိဟိံသာဟူသည် ထိုဝိဟိံသာ(ဒေါသ) ဆန့်ကျင်ဘက်ဖြစ်သော ကရုဏာတည်း။ ထိုကရုဏာနှင့် ယှဉ်၍ ဒုက္ခိတ သတ္တဝါများကို ဒုက္ခမှ ကယ်ဆယ်ဖို့ရန် ကြံစည်စိတ်ကူးခြင်း၊ တစ်နည်းနည်းအားဖြင့် ဒုက္ခမှလွတ်ကင်းအောင် ပြုရန် ကြံစည်ခြင်းကို “အဝိဟိံသာ ဝိတက်”ဟုခေါ်၏။ မကောင်းသော ဝိတက်များကို ရှောင်ရှား၍ ကောင်းသော ဝိတက် ၃-ပါးကိုသာ ဖြစ်စေအပ်ပါသည်။
ဘုရားရှင် ဝိတက်ကို ပယ်သတ်ခဲ့ပုံ
မြတ်စွာဘုရားရှင်သည် ဘုရားမဖြစ်မီ အလောင်းတော်ဘဝကပင် အရဟတ္တမဂ်ကို မရမီ (သစ္စာတရားကို) ထိုးထွင်း၍ မသိမြင်သေးသော ဘုရားလောင်းမျှသာ ဖြစ်နေသေးစဉ် “ငါသည်ကြံစည်ခြင်း “ဝိတက်” တို့ကို နှစ်မျိုး နှစ်မျိုး ပြု၍ နေရမူ ကောင်းပေမည်”ဟု စိတ်အကြံသည် ဖြစ်ပေါ်ခဲ့၏။ ထိုသို့ စိတ်ဖြစ်သည်နှင့်အညီ ဘုရားလောင်းသည်
• ကာမဝိတက် “ကာမနှင့်စပ်သောကြံစည်ခြင်း”၊ ဗျာပါဒဝိတက် “သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊” ဝိဟိံသာဝိတက်” ညှဉ်းဆဲလိုမှုနှင့်စပ်သော ကြံစည်ခြင်း”တို့ကို တစ်မျိုးပြုခဲ့၏။
• နေက္ခမ္မဝိတက် “ကာမမှထွက်မြောက်မှုနှင့်စပ်သော ကြံစည်ခြင်း”၊ အဗျာပါဒဝိတက် “မသတ်ဖြတ်လိုမှုနှင့်စပ်သောကြံစည်ခြင်း” အဝိဟိံသဝိတက် “မညှဉ်းဆဲမှုနှင့်စပ်သော ကြံစည်ခြင်း” တို့ကို ဒုတိယတစ်မျိုး ပြုခဲ့၏။
ဤသို့ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍ နေဆဲဖြစ်သော အချိန်ကာလ၌ ကာမနှင့်စပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာ၏။ “ငါ့အား ဤကာမနှင့် စပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာခဲ့ပြီ၊ ထိုကာမနှင့် စပ်သော ကြံစည်ခြင်း သည်ကား မိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှါ ဖြစ်၏။ ပညာကို တားမြစ်တတ်၏။ ပင်ပန်းဆင်းရဲခြင်းအဖို့လည်း ရှိ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင်” ဟု ခွဲခြား၍ သိလေသည်။
“မိမိဆင်းရဲ သူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှာ ဖြစ်၏” ဟူ၍ ဆင်ခြင်သော အခါ၌လည်း ငါ့အား (ကာမဝိတက်သည်) ချုပ်ခြင်းသို့ ရောက်၏။ “ရဟန်းတို့ ပညာကို တားမြစ်တတ်၏။ ပင်ပန်းဆင်းရဲခြင်းအဖို့လည်း ရှိ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင်” ဟူ၍ ဆင်ခြင်သော အခါ၌လည်း ငါ့အား (ကာမဝိတက်သည်) ချုပ်ခြင်းသို့ ရောက်၏ဟု မိန့်လေသည်။
ဒွေဓာဝိတက္ကသုတ္တ [ဒွေဓာဝိတက္က+သုတ္တ] ၊ ဒွေဓာဝိတက္ကသုတ်၊ ဝိတက်ကို ၂ဖို့ ၊ ၂စု ပြု၍ ဟောပြရာသုတ်။ (ကာမ, ဗျာပါဒ, ဝိဟိံသာ ဝိတက်တို့ ဖြစ်ပေါ်ခဲ့သော် အပြစ်သာ ဖြစ်၍ ယင်း ဝိတက်တို့ကို ပယ်ဖျောက်ဖို့ရန် နည်းလမ်းနှင့် နေက္ခမ္မ, အဗျာပါဒ, အဝိဟိံသာ ဝိတက်တို့ ဖြစ်ပေါ်မှသာ အကျိုးတရား ရရှိနိုင်၍ ထို ဝိတက်များကို ပွားများဖို့ရန် ကိုယ်တော်တိုင် ပွားများ အားထုတ်ခဲ့ပုံကို စံနမူနာပြု၍ တိုက်တွန်း ဟောပြရာသုတ်။) [မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသပါဠိ၊ ၂-ဝဂ်၊ ၉-သုတ်။ မ၊၁။၁၆၁-၇။ မ၊ဋ္ဌ၊၁။၃၈၃-၃၉၀။ ကာမသင်္ကပ္ပါဒယော ဒွေဓာဝိတက္ကသုတ္တေဝုတ္တာ ယေဝ။ မ၊ဋ္ဌ၊၄။၉၃။ (-မ၊ဋီ၊ ၂။၆၇။)]
မြတ်စွာဘုရားရှင် ဒွေဓာဝိတက္ကသုတ်ကိုဟောကြားတော်မူခြင်း
မြတ်စွာဘုရားရှင်သည် ဒွေဓာဝိတက္ကသုတ်၌ ရဟန်းတို့အား ယခုလို ဟောကြားတော်မူခဲ့ပါသည်။
“ရဟန်းတို့ ... ငါဘုရား ဘုရားမဖြစ်မီ (အရဟတ္တမဂ်မရမီ သစ္စာတရားကို ထိုးထွင်း မသိသေးသော ဘုရားလောင်း) (၂၉ နှစ်တောထွက် ၃၅ နှစ်ဘုရားဖြစ်။ ကြား ၆ နှစ်ကာလ ဘုရားအလောင်းတော် အချိန်) ဘုရားအလောင်းသာ ဖြစ်စဉ်အခါက “ကြံစည်ခြင်း ဝိတက်တို့ကို နှစ်စု နှစ်စု ခွဲ၍ နေရလျှင် ကောင်းမှာပဲ”လို့ စဉ်းစားခဲ့တယ်။ ရဟန်းတို့ .. အဲဒီလို စဉ်းစားပြီး ငါဘုရားဟာ
(၁) ကာမဝိတက် - ကာမ (ကာမဂုဏ်) နှင့်စပ်တဲ့ ကြံစည်ခြင်း
(၂) ဗျာပါဒဝိတက် - သတ်ဖြတ်လိုမှုနှင့် စပ်တဲ့ ကြံစည်ခြင်း
(၃) ဝိဟိံသာဝိတက် - ညှင်းဆဲမှုနှင့်စပ်တဲ့ ကြံစည်ခြင်း - စသည့် မကောင်းသော ဝိတက်စိတ် မိစ္ဆာဝိတက် (လောဘ၊ ဒေါသ၊ မောဟ) တို့ကို တစ်စုပြုထားခဲ့တယ်။
ထွက်မြောက်ရေးနှင့်စပ်သော ..
(၁) နေက္ခမ္မဝိတက် - ကာမ (ကာမဂုဏ်) မှ လွတ်မြောက်မှုနှင့်စပ်တဲ့ ကြံစည်ခြင်း
(၂) အဗျာပါဒဝိတက် - မသတ်ဖြတ်လိုမှုနှင့် စပ်တဲ့ ကြံစည်ခြင်း
(၃) အဝိဟိံသာဝိတက် - မညှင်းဆဲမှုနှင့်စပ်တဲ့ ကြံစည်ခြင်း - စသည့် ကောင်းသော ဝိတက်စိတ် သမ္မာဝိတက်၊ အလောဘ၊ အဒေါသ၊ အမောဟ၊ မေတ္တာ၊ ကရုဏာ) (ကုသိုလ်တရားအားလုံး ဈာန်၊ မဂ်ဖိုလ်) တို့ကို တစ်စု ခွဲခဲ့တယ်” ဟု မိန့်တော်မူပါသည်။
ဒါသည် မြတ်စွာဘုရားရှင်မို့သာလျှင် ဒီလိုခွဲခြားနိုင်ခြင်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သာ မဟုတ်ခဲ့လျှင် ကာမဂုဏ်တွေ ကာမဝိတက်တွေ ဗျာပါဒဝိတက်တွေ ဝိဟိံသဝိတက်တွေကြောင့် စိတ်ညစ်ညူးခဲ့ရသော သာကီဝင်မင်းသား မဟာနာမ်တောင် ဒီတရားတွေကို ဘယ်လိုပယ်ရမည် ဆိုတာ မြတ်စွာဘုရားရှင်ကို မေးလျှောက်ခဲ့ဘူးပါသည်။
မြတ်စွာဘုရားရှင် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သာကီဝင်မင်းသား မဟာနာမ်က --
”အသျှင်ဘုရား တပည့်တော်သည် ‘လိုချင်ခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း၊ ပြစ်မှားခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း၊ တွေဝေခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း’ ဟု မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို ကြာမြင့်စွာကပင် သိပါ၏၊ မြတ်စွာဘုရား တပည့်တော်သည် ‘လိုချင်ခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း၊ ပြစ်မှားခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း၊ ‘တွေဝေခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း’ဟု မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကိုသိပါသော်လည်း တပည့်တော်အား တစ်ရံတစ်ခါ လိုချင်မှုတရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါကုန်၏၊ ပြစ်မှားမှု တရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါကုန်၏၊ တွေဝေမှုတရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါကုန်၏၊ အသျှင်ဘုရား ‘ငါ၏အဇ္ဈတ္တသန္တာန်၌ အဘယ်တရားကို မပယ်ရသေးသောကြောင့် တစ်ရံ တစ်ခါ လိုချင်မှု ပြစ်မှားမှုတွေဝေမှု တရားတို့သည် (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါကုန်သနည်း’ဟု တပည့်တော်အားစိတ်အကြံဖြစ်မိပါသည်” ဟူ၍ လျှောက်၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် --
မဟာနာမ် သင်၏ သန္တာန်၌ လိုချင်မှု ပြစ်မှားမှု တွေဝေမှုတရားကိုသာလျှင် မပယ်ရသေးသောကြောင့် ယင်းတရားတို့သည် သင့်အား တစ်ရံတစ်ခါ စိတ်ကို ကုန်ခန်းစေ၍ တည်ကုန်၏။ မဟာနာမ် သင်၏ သန္တာန်၌ ထိုတရားသည် ပယ်ပြီးဖြစ်ငြားအံ့၊ သင်သည် အိမ်ရာတည်ထောင်၍ မနေရာ၊ ကာမတို့ကို မခံစားရာ။ မဟာနာမ် သင်၏ သန္တာန်၌ ထိုတရားကိုသာလျှင် မပယ်ရသေးသောကြောင့် သင်သည် အိမ်ရာတည်ထောင်၍ နေ၏၊ ကာမဂုဏ်တို့ကို ခံစား၏။
မဟာနာမ် ”ကာမတို့သည် သာယာဖွယ် နည်းပါးကုန်၏၊ ဆင်းရဲဒုက္ခများပြားကုန်၏၊ ပြင်းစွာပင်ပန်းမှု များပြားကုန်၏၊ ဤကာမတရားတို့၌ အပြစ်သည်သာ အလွန်များပြား၏” ဟု မြတ်စွာဘုရား၏ တပည့်သာဝကသည် ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် အကယ်၍ ကောင်းစွာ မြင်စေကာမူ ထိုသူသည် ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နှစ်သက်ခြင်း ချမ်းသာခြင်းရှိသော စျာန်ကို၊ သို့မဟုတ် ထိုစျာန်ထက် ငြိမ်သက်သော အခြားစျာန်မဂ်ကို မရငြားအံ့၊ ထိုသူသည်ကာမတို့၌ ပြန်လည်ခြင်း မရှိသူ မဖြစ်နိုင်သေးချေ။ မဟာနာမ် အကြင်အခါ၌ ”ကာမတို့သည်သာယာဖွယ် နည်းပါးကုန်၏၊ ဆင်းရဲဒုက္ခ များပြားကုန်၏၊ ပြင်းစွာပင်ပန်းမှု များပြားကုန်၏၊ ဤကာမတရားတို့၌ အပြစ်သည်သာ အလွန်များပြား၏” ဟု မြတ်စွာဘုရား၏ တပည့်သာဝကသည် ဤကာမကို ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ကောင်းစွာမြင်အံ့၊ ထိုသူသည် ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နှစ်သက်ခြင်း ချမ်းသာခြင်းရှိသော စျာန်ကို၊ သို့မဟုတ် ထိုစျာန်ထက်ငြိမ်သက်သော အခြားစျာန်မဂ်ကိုလည်း ရအံ့၊ ထိုအခါ ထိုသူသည် ကာမတို့၌ပြန်လည်ခြင်းမရှိသူ ဖြစ်၏။
“မဟာနာမ် ငါသည် (အရဟတ္တ) မဂ်ကို မရမီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိမြင်သေးသောဘုရားလောင်းမျှသာ ဖြစ်နေစဉ်ကလည်း ”ကာမတို့သည် သာယာဖွယ် နည်းပါးကုန်၏၊ ဆင်းရဲ ဒုက္ခများပြားကုန်၏၊ ပြင်းစွာပင်ပန်းမှု များပြားကုန်၏၊ ဤကာမတရားတို့၌ အပြစ်သည်သာ အလွန်များပြား၏” ဟု ဤကာမကိုဟုတ်တိုင်း မှန်စွာ မှန်ကန်သောပညာဖြင့် ကောင်းစွာ မြင်၏၊ ထိုငါသည်ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နှစ်သက်ခြင်း ချမ်းသာခြင်းရှိသောစျာန်ကို၊ သို့မဟုတ် ထိုစျာန်ထက်ငြိမ်သက်သော အခြားစျာန်မဂ်ကို မရသေးသမျှ ကာမတို့၌ပြန်လည်ခြင်း မရှိသူဟု ဝန်မခံခဲ့။ မဟာနာမ် အကြင်အခါ်၌ ”ကာမတို့သည် သာယာဖွယ် နည်းပါးကုန်၏၊ ဆင်းရဲဒုက္ခ များပြား ကုန်၏၊ ပြင်းစွာပင်ပန်းမှု များပြားကုန်၏၊ ဤကာမ တရားတို့၌ အပြစ်သည်သာ အလွန်များ ပြား၏” ဟု ငါသည် ကာမကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ကောင်းစွာ မြင်၏၊ ထိုငါသည် ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နှစ်သက်ခြင်း ချမ်းသာခြင်းရှိသော စျာန်ကို၊ သို့မဟုတ် ထိုစျာန်ထက် ငြိမ်သက်သော အခြား စျာန်မဂ်ကိုလည်း ရ၏၊ ထိုအခါ ငါသည် ကာမတို့၌ ပြန်လည်ခြင်း မရှိသူဟု ဝန်ခံခဲ့၏။” ထုတ်ဖော်ဟောကြားခဲ့ပါသည်။ [မန ၁၄: စူဠဒုက္ခက္ခန္ဓသုတ်]
မကောင်းသောကြံစည်မှုများ ပျောက်သွားအောင် ဆင်ခြင်ပုံ
ရဟန်းတို့ ဤသို့ မမေ့မလျော့သည်ဖြစ်၍ ကမ္မဋ္ဌာန်းအလုပ်ကို ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍ နေဆဲဖြစ်သော ငါ့အား တစ်ခါတစ်ရံ ကာမနှင့်စပ်သော ကြံစည်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤကာမဝိတက်သည် မိမိသူတစ်ပါး နှစ်ပါးလုံးကို ဆင်းရဲစေနိုင်၏။ အသိဉာဏ်ကို ပိတ်ပင်နိုင်၏။ ပင်ပန်းခြင်းသို့ ရောက်စေနိုင်၏။ ငြိမ်းချမ်းမှုကို မဖြစ်စေနိုင်ဟူ၍ ငါ သိမြင်ခဲ့၏။ ဤသို့ သိမြင်ခြင်းသည်ဖြစ်၍ ကာမဝိတက်၏ အပြစ်များကို ဆင်ခြင်းသော ငါ့အား ကာမဝိတက်သည် ပျောက်ပျက်သွား၏။ “ငါ့အားဤကာမနှင့် စပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာခဲ့ပြီ၊ ထိုကာမနှင့် စပ်သောကြံစည်ခြင်းသည်ကား မိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှါ ဖြစ်၏၊ ပညာကို တားမြစ်တတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့လည်း ရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင်” ဟု ငါသည် ခွဲခြား၍ သိ၏၊
ရဟန်းတို့ ‘မိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှါ ဖြစ်၏’ ဟူ၍ ဆင်ခြင်သောအခါ၌လည်း ငါ့အား (ကာမဝိတက်သည်) ချုပ်ခြင်းသို့ ရောက်၏၊ ‘ရဟန်းတို့ ပညာကို တားမြစ်တတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့လည်း ရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင်” ဟူ၍ဆင်ခြင်သော အခါ၌လည်း ငါ့အား (ကာမဝိတက်သည်) ချုပ်ခြင်းသို့ ရောက်၏၊ ရဟန်းတို့ ငါသည်ဖြစ်တိုင်း ဖြစ်တိုင်းသော ကာမနှင့်စပ်သောကြံစည်ခြင်းကို ပယ်စွန့်သည် သာတည်း၊ ပယ်နှုတ်သည်သာတည်း၊ ထို ကာမနှင့်စပ်သောကြံစည်ခြင်းကို ကုန်ဆုံးအောင် ပြုခဲ့သည်သာ လျှင်တည်း။
ကာမနှင့်စပ်သောကြံစည်ခြင်းတွေဆိုတာ ဘာတွေလည်းဆို စိတ်၏ အညစ်အကြေးများ ဆိုတဲ့ (ဥပက္ကိလေသာ)တွေဖြစ်ပါသည်။
စိတ်၏ အညစ်အကြေးများ (ဥပက္ကိလေသာ)
မြတ်စွာဘုရားရှင်က စိတ်ညစ်နွမ်းနေလို့ရှိရင် အခြေနေဆိုးတစ်ခုကို ရင်ဆိုင်ရလိမ့်မည်။ “စိတ္တေ သံကိလိဋ္ဌေ ဒုဂ္ဂတိ ပါဋိကင်္ခါ” ဒုဂ္ဂတိဆိုတာ အပါယ်ငရဲ အပါယ်ဆင်းရဲကို ရည်ညွှန်းသည့် စကားဖြစ်သော်လည်း “ဒုက္ခဿ ဂတိ ဒုဂ္ဂတိ” ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အပါယ်ငရဲကျတာ ဟာ ဒီထက်ပို၍ ပြင်းထန်သော ဆင်းရဲဒုက္ခဖြစ်ပါသည်။ သို့သော် စိတ်ညစ်နွမ်းနေလို့ရှိလျှင်တော့ အပါယ်ငရဲမကျတောင်မှ ဒုက္ခတွေ ကြုံတွေ့နိုင်ပါသည်။ ဒါကြောင့်မို့လို့ စိတ်တွေညစ်နွမ်းနေလျှင် ဒုက္ခကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုသို့ စိတ်ကို ညစ်နွမ်းစေတဲ့ တရားတွေသည် ..
၁။ Gross Defilements မနောဒုစရိတ (mental misconducts)
မကောင်းသောကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ဒုစရိုက်ဟုခေါ်ပါသည်။
(ဒု = မကောင်းသော၊ စရိတ = ကျင့်ကြံပြုလုပ်ခြင်းလို့ အဓိပ္ပါယ်ရပါသည်။ ခုဒီ မနောဒုစရိတ မှာ
အဘိဇ္ဈာ - သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်ခြင်း (covetousness)
ဗျာပါဒ - ပျက်စီးစေရန် ကြံစည်ခြင်း (ill-will)
မိစ္ဆာဒိဋ္ဌိ - မှားယွင်းသော အယူရှိခြင်း (Wrong-View) လို (၃) မျိုးရှိပြီး၊ မိစ္ဆာဒိဋ္ဌိ - မှားယွင်းသော အယူရှိခြင်း (Wrong-View) မှာလည်း (၃) မျိုးကွဲပြန်ပါသည်။ အဲဒါတွေက
၁။ နတ္ထိကဝါဒ (Nihilisam) - ကံ၏ အကျိုးကို ငြင်းပယ်ခြင်း
၂။ အကိရိယဝါဒ (Doctrine of Inaction) - ကံကို ငြင်းပယ်ခြင်း
၃။ အဟေတုကဝါဒ (Doctrine of Non-Causality) - အကြောင်းမဲ့ဝါဒ တို့ဖြစ်ပါသည်။
နံပါတ် ၂ က ..
၂။ Middling Defilements - မိစ္ဆာသင်္ကပ္ပ (Wrong thoughts)
အဲဒီမှာလည်း ..
၁။ ကာမဝိတက် - ကာမဂုဏ်အတွေးတွေ (thought of sensual desire)
၂။ ဗျာပါဒဝိတက် - ပျက်စီးစေလိုသော အတွေးတွေ (thought of ill-will)
၃။ ဝိဟိံသာဝိတက် - ညှင်းဆဲလိုသော အတွေးတွေ (thought of harmfulness)
တွေပဲဖြစ်ပါသည်။
နောက်တစ်ခုက
၃။ Subtle Defilements - သုခုမာ ဥပက္ကိလေသာ ဆိုသော
၁။ ဉာတဝိတက် - ဆွေရေး မျိုးရေး အတွေး (thought about relatives)
၂။ ဇနပဒဝိတက် - တိုင်းရေးပြည်ရေး အတွေး (thought about country)
၃။ အနဝညတ္တိပဋိသံယုတ္တ ဝိတက် - မထေမဲ့မြင် အပြုမခံလိုသည့် အတွေး (thought about reputation) တို့ပင်ဖြစ်ပါသည်။
၄။ Thoughts connected with Dhamma (ဓမ္မဝိတက္ကာ)
အဲဒီမှာတော့ 10 Corruptions of Insight (ဝိပဿနုပက္ကိလေသာ) တရား ၁၀ပါး ရှိပါသည်။
(၁) ဩဘာသော (illumination), (၂) ဉာဏ (knowledge), (၃) ပီတိ (rapture), (၄) ပဿဒ္ဓိ (tranquillity), (၅) သုခံ (pleasure), (၆) အဓိမောက္ခော (resolution), (၇) ပဂ္ဂဟော (exertion), (၈) ဥပဌာန (mindfulness), (၉) ဥပေက္ခာ (equanimity), (၁၀) နိကန္တိ (attachment) တို့ဖြစ်ပါသည်။
ဝိတက်အားလျော်စွာ စိတ်ညွတ်ပုံ
မြတ်စွာဘုရားရှင်က “ရဟန်းတို့ များစွာ ကြံစည်လေ့ရှိသော ဝိတက်အား လျော်စွာ စိတ်ညွတ်ခြင်းသည် ဖြစ်တတ်၏။ (များများကြံစည်သော အရာဘက်သို့ စိတ်ပါလာတတ်သည်ဟု ဆိုလိုပါသည်) ကာမဝိတက်ကို များစွာကြံစည်လေ့ရှိသော ရဟန်းအား ကာမဝိတက်အလို့ငှာ စိတ်သည် ညွတ်တတ်၏။ ဗျာပါဒဝိတက်ကို များစွာကြံစည်လေ့ရှိသော ရဟန်းအား ဗျာပါဒဝိတက်အလို့ငှာ စိတ်သည် ညွှတ်တတ်၏။ ဝိဟိံသာဝိတက်ကို များစွာကြံစည်လေ့ရှိသော ရဟန်းအား ဝိဟိံသာဝိတက်အလို့ငှာ စိတ်သည် ဖြစ်တတ်၏။” ဟု အဲဒီလို စိတ်၏ အညစ်အကြေးတွေကို မြတ်စွာဘုရားက ဆင်ခြင်ပွားများပါသည်။
ဘုရားအလောင်းတော်သည် မမေ့မလျော့ မပေါ့မဆ ပြင်းပြင်းထန်ထန် ထက်ထက်သန်သန် ကြိုးစားအားထုတ်နေစဉ် (ရံခါ) ကာမဝိတက် (ကာမဂုဏ်နှင့် စပ်တဲ့ ကြံစည်မှု) ဖြစ်ပေါ်လာ၏။ အဲဒီအခါ ဘုရားအလောင်းတော်ဟာ “ငါ့မှာ ဒီ ကာမဝိတက် ဖြစ်ပေါ်လာပြီ၊ ဒီကာမဝိတက်ဟာ မိမိ ဆင်းရဲကြောင်းလည်း ဖြစ်တယ်၊ သူတစ်ပါး ဆင်းရဲကြောင်းလည်းဖြစ်တယ်၊ ပညာဉာဏ်ကို နှောင့်ယှက် ဖျက်ဆီးတတ်တယ်၊ ပင်ပန်းကြောင်းလည်း ဖြစ်တယ်၊ နိဗ္ဗာန်သို့ မရောက်ကြောင်းလည်း ဖြစ်တယ်”လို့ သိ၏။ အဲဒီလို သိပြီး “ဒီကာမဝိတက်ဟာ မိမိဆင်းရဲကြောင်းလည်း ဖြစ်သည်၊ သူတစ်ပါး ဆင်းရဲကြောင်းလည်း ဖြစ်သည်၊ ပညာဉာဏ်ကို နှောင့်ယှက် ဖျက်ဆီးတတ်သည်၊ ပင်ပန်းကြောင်းလည်း ဖြစ်သည်၊ နိဗ္ဗာန် မရောက်ကြောင်းလည်း ဖြစ်သည်” ဟု ဆင်ခြင်လိုက်သောအခါ ဘုရားအလောင်းတော်၏ သန္တာန်မှာ အဲဒီကာမဝိတက် ချုပ်ပျောက်သွားတော့၏။ “ရဟန်းတို့ ... ကာမဝိတက် ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်း ငါဘုရားအလောင်းတော်ဟာ (အဲဒီလို ဆင်ခြင်၍ ဆင်ခြင်၍) ပယ်ခဲ့သည်ချည်း ဖြစ်တယ်” ဟု မိန့်တော်မူပါသည်။
အဲဒါကို မြတ်စွာဘုရားရှင်က ဂိရိမာနန္ဒသုတ်မှာ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေစဉ် အနာရောဂါကပ်ရောက်၍ ဆင်းရဲနေရသော အသျှင်ဂိရိမာနန္ဒအား အကြောင်းပြုလျက် အရှင်အာနန္ဒာမှ တရားဟောပေးဖို့ရန် လျှောက်ထားတောင်းပန်အပ်စဉ် မြတ်စွာဘုရားရှင်က သင်သည် ဂိရိမာနန္ဒရဟန်းအား သညာဆယ်မျိုးတို့ကို ဟောလျှင် သညာ ဆယ်မျိုးတို့ကို ကြားနာ ရသည်ရှိသော် ဂိရိမာနန္ဒရဟန်းအား ထိုအနာရောဂါသည် ခဏချင်း ငြိမ်းရာသည်ဟုဆို၍ သညာဆယ်ပါးတရားတော်ကို ဟောကြားတော်မူပါသည်။
“ထိုသညာဆယ်မျိုးတို့သည် အဘယ်နည်းဟူမူ - အနိစ္စသညာ၊ အနတ္တသညာ၊ အသုဘ သညာ၊ အာဒီနဝသညာ၊ ပဟာနသညာ၊ ဝိရာဂသညာ၊ နိရောဓသညာ၊ သဗ္ဗလောကေ အနဘိရတိ သညာ၊ သဗ္ဗသင်္ခါရေသု အနိစ္ဆာသညာ ‘သင်္ခါရအားလုံး၌ အလိုမရှိအပ်ဟူသော အမှတ်’၊ အာနာပါန ဿတိတို့တည်း။”
အဲဒီသညာဆယ်မျိုးထဲက ယခုသုတ်နှင့်သက်ဆိုင်သော ပဟာနသညာကိုဖော်ပြပေးပါ မည်။
“အာနန္ဒာ ပဟာနသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ‘ကာမဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ‘ဗျာပါဒဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ‘ဝိဟိံသာဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဖြစ်တိုင်း ဖြစ်တိုင်းသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင် ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ အာနန္ဒာ ဤတရားကို ပဟာနသညာဟု ဆိုအပ်၏” ဟု ဟောတော်မူခဲ့ပါသည်။
အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံမှ သညာဆယ်မျိုးတို့ကို သင်ယူ၍ အသျှင် ဂိရိမာနန္ဒအထံသို့ ချဉ်းကပ်ပြီးနောက် အသျှင်ဂိရိမာနန္ဒအား ဤသညာ ဆယ်မျိုးတို့ကို ဟော၏။ ထိုအခါ အသျှင်ဂိရိမာနန္ဒသည် ဤသညာဆယ်မျိုးတို့ကို ကြားနာရ၍ (သူ၏) ထိုအနာသည် တစ်ခဏချင်း ငြိမ်းအေးလေ၏၊ အသျှင်ဂိရိမာနန္ဒသည်လည်း ထိုအနာမှ ထမြောက်၏၊ အသျှင်ဂိရိမာနန္ဒ၏ ထိုအနာသည်လည်း အချင်းခပ်သိမ်း ပယ်အပ်ပြီးဖြစ်လေတော့သည်။ [အန ၁၀.၆၀: ဂိရိမာနန္ဒသုတ်]
နိဂုံး
ဤဒွေဓာဝိတက္ကသုတ်ကို လေ့လာရခြင်းအားဖြင့် အတွေးဆိုတာ မှန်ကန်စွာ တွေးတတ်ရင် မဂ္ဂင် ၈ ပါး အဝင် သမ္မာသင်္ကပ္ပ (မှန်ကန်သောအတွေး) ဖြစ်လို့ နိဗ္ဗာန်ရကြောင်း ဖြစ်သည်ဟု သိရှိရပြီး ဆန့်ကျင်ဘက် မှားမှားယွင်းယွင်း တွေးတဲ့ အတွေးတွေ ကျတော့ အပါယ်ငရဲ ကျစေတတ်သည်ဟု သိဖိုလိုပါတယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့အတွေးနဲ့ မှားယွင်းတဲ့အတွေး ဒီနှစ်ခုကို ခွဲခြားသိဖို့လိုပါသည်။
မှန်ကန်တဲ့ အတွေးကို မိမိရဲ့စိတ်ထဲမှာ ထူထောင်ပေးပြီး မှားယွင်းတဲ့အတွေးကို ဖယ်ရှားပစ်ဖို့ လိုပါသည်။ မှားယွင်းတဲ့အတွေးဆိုတာ အပြစ်ရှိတဲ့အတွေး။ ဆင်းရဲအကျိုးကို ထုတ်လုပ်တတ်တဲ့အတွေး အဲဒီအတွေးမျိုးကို ဖယ်ရှားရမည်ဖြစ်သည်။ မှန်ကန်တဲ့အတွေးတွေ တွေးတတ်ဖို့ ဒီဒွေဓာဝိတက္ကသုတ်မှာ ဟောကြားထားတာဖြစ်ပေမယ့် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေ မကောင်းတဲ့ အတွေးတွေကို ထိန်းချုပ်ဖို့ရန် ဒီလမ်းစဉ်အတိုင်း သွားရမှာဖြစ်ပါသည်။
ဒုက္ခတွေ ဘယ်က ရနေတာတုန်းဆိုရင် ဒီအတွေးတွေက ရနေတာ ဖြစ်ပါသည်။ နေ့စဉ်နဲ့အမျှ လူတွေက တွေးနေကြတာ။ အဲဒီအတွေးတွေကြောင့် ဒုက္ခရောက်နေကြတာ ဖြစ်တဲ့အတွက် အဲဒီမကောင်းတဲ့အတွေးတွေကို ဖယ်ရှားပစ်လိုက်နိုင်တာနဲ့ တစ်ပြိုင်နက် တဏှာကိုလည်း ပယ်ရှားနိုင်မည်။ သံယောဇင်တွေကိုလည်း ကင်းအောင်လုပ်နိုင်သွားမယ်။ မာနတွေကိုလည်း ဖယ်ရှားပစ်နိုင်မည်။ အဲဒီ တဏှာတွေ၊ မာနတွေ၊ သံယောဇဉ်တွေ ကင်းသွားပြီးဆိုရင် လူ့လောကမှာ ကြုံရတဲ့ ဒုက္ခမှန်သမျှ၊ သံသရာထဲမှာ ကြုံရတဲ့ ဒုက္ခမှန်သမျှ လုံးဝအဆုံးသတ်သွားပါလိမ့်မည်။
ဒါကြောင့် မိမိတို့အနေဖြင့် နေ့စဉ်နှင့်အမျှ မိမိတို့သန္တာန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ရဲ့အတွေးများ၊ “အတွေးမဲ့စိတ်၊ အတွေးနဲ့စိတ်” နှစ်ခုအနက် အတွေးနဲ့စိတ်တွေထဲက ထိုအတွေးတွေကို မှန်ကန်စွာ တွေးခြင်းဖြင့်လည်းကောင်း၊ မှားယွင်းတဲ့ အတွေးတွေကို ပယ်ရှား ထိန်းချုပ်ခြင်းဖြင့် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ကင်းမှာဖြစ်ပါတယ်လို့ သုံးသပ်ရင်း မြတ်စွာဘုရားရှင်၏ ဉာဏ်တော် (၁၀)ပါးအား ပူဇော်ရင်း နိဂုံးချုပ်အပ်ပါတယ်။
Ashin Sundara (26.3.2025)
Comments